Marcos 11

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ အ​နီး​သို့​ချဉ်း​ကပ်​မိ​၍ ဗက်​ဖာ​ဂေ​နှင့်​ဗေ​သ​နိ ရွာ​များ​အ​နီး​ရှိ​သံ​လွင်​တောင်​သို့​ရောက်​ကြ​၏။-
1 Jesus e seus discípulos aproximavam-se de Jerusalém e chegaram aos arredores de Betfagé e de Betânia, perto do monte das Oliveiras. Desse lugar Jesus enviou dois dos seus discípulos,
2 ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​နှစ်​ယောက် အား ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။ ရွာ​ထဲ​သို့​ဝင်​လျှင် ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး သေး​သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့် မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လံ​ထား​၏။-
2 dizendo-lhes: "Ide à aldeia que está defronte de vós e, logo ao entrardes nela, achareis preso um jumentinho, em que não montou ainda homem algum; desprendei-o e trazei-mo.
3 ကြိုး​ဖြေ​၍​မြည်း​ကို​ယူ​ခဲ့​ကြ​လော့။ အ​ကယ်​၍ လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့​အား အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြေ​သ​နည်း​ဟု​မေး​လျှင် ထို​မြည်း ကို​အ​ကျွန်ုပ်​တို့​သ​ခင်​အ​လို​ရှိ​ပါ​သည်။ ချက်​ချင်း ပြန်​ပို့​ပေး​ပါ​လိမ့်​မည်​ဟု​ပြော​ကြ​လော့'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။
3 E se alguém vos perguntar: Que fazeis?, dizei: O Senhor precisa dele, mas daqui a pouco o devolverá."
4 ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​သွား​၍ မြည်း က​လေး​တစ်​ကောင်​ကို​လမ်း​တွင်​အိမ်​တစ်​အိမ်​၏ တံ​ခါး​အ​နီး​မှာ​လံ​ထား​သည်​ကို​တွေ့​သ​ဖြင့် မြည်း​ကြိုး​ကို​ဖြေ​ကြ​၏။-
4 Indo eles, acharam o jumentinho atado fora, diante duma porta, na curva do caminho. Iam-no desprendendo,
5 လမ်း​မှာ​ရပ်​နေ​သူ​အ​ချို့​က ``မြည်း​ကြိုး​ကို အ​ဘယ်​ကြောင့်​ဖြေ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။
5 quando alguns dos que ali estavam perguntaram: "Ei, que estais fazendo? Por que soltais o jumentinho?"
6 တ​ပည့်​တော်​တို့​က​သ​ခင်​ယေ​ရှု​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ပြန်​ပြော​ကြ​သော​အ​ခါ ထို​သူ​တို့ သည်​မြည်း​ကြိုး​ကို​ဖြေ​ခွင့်​ပြု​ကြ​၏။-
6 Responderam como Jesus lhes havia ordenado; e deixaram-no levar.
7 တ​ပည့်​တော်​တို့​သည်​မြည်း​က​လေး​ကို​သ​ခင် ယေ​ရှု​ထံ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင် မြည်း​ကျော ပေါ်​မှာ​မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လွှမ်း​တင်​ကြ ၏။-
7 Conduziram a Jesus o jumentinho, cobriram-no com seus mantos, e Jesus montou nele.
8 ထို​နောက်​ကိုယ်​တော်​သည်​မြည်း​ကို​စီး​တော်​မူ​၏။ လူ​အ​များ​ပင်​မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လမ်း ပေါ်​မှာ​ဖြန့်​ခင်း​ကြ​၏။ အ​ချို့​သူ​များ​က​မူ​ကွင်း များ​မှ​ခုတ်​ယူ​ခဲ့​ကြ​သည့်​သစ်​ခက်​သစ်​ရွက်​များ ကို​လမ်း​မှာ​ဖြန့်​ခင်း​ကြ​၏။-
8 Muitos estendiam seus mantos no caminho; outros cortavam ramos das árvores e espalhavam-nos, pelo chão.
9 ကိုယ်​တော်​၏​ရှေ့​တော်​မှ​လည်း​ကောင်း၊ နောက်​တော် မှ​လည်း​ကောင်း၊ လိုက်​ပါ​ကြ​သူ​လူ​အ​ပေါင်း​တို့ က ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ လော့။ ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။-
9 Tanto os que precediam como os que iam atrás clamavam: "Hosana! Bendito o que vem em nome do Senhor!
10 တည်​လ​တ္တံ့​သော​ငါ​တို့​အ​ဖ​ဒါ​ဝိဒ်​၏​နိုင်​ငံ​တော် သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု ကြွေး​ကြော်​ကြ​၏။
10 O Bendito o Rei?.que vai começar, o reino de Davi, nosso pai! Hosana no mais alto dos céus!"
11 သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​တော် မူ​သော​အ​ခါ ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​လှည့်​လည်​ကြည့်​ရှု​တော်​မူ​၏။ ထို နောက်​နေ​ဝင်​ခါ​နီး​ပြီ​ဖြစ်​သ​ဖြင့် တ​ပည့်​တော်​တစ် ဆယ့်​နှစ်​ဦး​နှင့်​အ​တူ​ဗေ​သ​နိ​ရွာ​သို့​ကြွ​တော် မူ​၏။
11 Jesus entrou em Jerusalém e dirigiu-se ao templo. Aí lançou-os olhos para tudo o que o cercava. Depois, como já fosse tarde, voltou para Betânia com os Doze.
12 နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့ သည် ဗေ​သ​နိ​ရွာ​မှ​ပြန်​လာ​ကြ​စဉ်​ကိုယ်​တော် သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။-
12 No outro dia, ao saírem de Betãnia, Jesus teve fome.
13 အ​ရွက်​ဝေ​ဆာ​လျက်​ရှိ​သော​သင်္ဘော​သ​ဖန်း​ပင် ကို​အ​ဝေး​က​မြင်​တော်​မူ​လျှင် အ​သီး​တွေ့​လို တွေ့​ငြား​အ​ပင်​အ​နီး​သို့​ချဉ်း​ကပ်​တော်​မူ​၏။ သ​ဖန်း​သီး​ပေါ်​ချိန်​မ​ဟုတ်​၍​အ​ပင်​ပေါ်​တွင် အ​ရွက်​များ​သာ​တွေ့​တော်​မူ​၏။-
13 Avistou de longe uma figueira coberta de folhas e foi ver se encontrava nela algum fruto. Aproximou-se da árvore, mas só encontrou folhas pois não era tempo de figos.
14 ထို​အ​ခါ​ကိုယ်​တော်​က ``နောင်​အ​စဉ်​အ​ဆက် သင်​၏​အ​သီး​ကို​အ​ဘယ်​သူ​မျှ​မ​စား​စေ​ရ'' ဟု​သင်္ဘော​သ​ဖန်း​ပင်​အား​မိန့်​တော်​မူ​၏။
14 E disse à figueira: "Jamais alguém coma fruto de ti!" E os discípulos ouviram esta maldição.
15 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ဗိ​မာန်​တော် သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏ စား​ပွဲ​များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​များ​၏​ထိုင်​ခုံ​များ ကို​မှောက်​လှန်​ပစ်​တော်​မူ​၏။-
15 Chegaram a Jerusalém e Jesus entrou no templo. E começou a expulsar os que no templo vendiam e compravam; derrubou as mesas dos trocadores de moedas e as cadeiras dos que vendiam pombas.
16 ဗိ​မာန်​တော်​ကို​ဖြတ်​၍​ကုန်​ပစ္စည်း​သယ်​ဆောင် ရန် မည်​သူ့​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။-
16 Não consentia que ninguém transportasse algum objeto pelo templo.
17 ကိုယ်​တော်​က `` `ငါ​၏​အိမ်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့' ဟု​ကျမ်း စာ​လာ​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​သင်​တို့​သည် ထို​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ ပြီ​တ​ကား'' ဟု​လူ​တို့​အား​ဆုံး​မ​သွန်​သင်​တော် မူ​၏။
17 E ensinava-lhes nestes termos: "`Não está porventura escrito: A minha casa chamar-se-á casa de oração para todas as nações {Is 56,7}? Mas vós fizestes dela um covil de ladrões {Jr 7,11}.
18 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကြား​၍ ကိုယ်​တော်​ကို​သတ်​ရန်​နည်း​လမ်း ရှာ​ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ယင်း​သို့ သွန်​သင်​တော်​မူ​သည်​ကို​လွန်​စွာ​အံ့​သြ​လျက် ရှိ​ကြ​သော​ကြောင့် ထို​သူ​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​၏။
18 Os príncipes dos sacerdotes e os escribas ouviram-no e procuravam um modo de o matar. Temiam-no, porque todo o povo se admirava da sua doutrina.
19 နေ​စောင်း​လာ​သော​အ​ခါ​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​သည်​မြို့​မှ​ထွက်​သွား​ကြ​၏။
19 Quando já era tarde, saíram da cidade.
20 နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​၌ ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​သည်​လမ်း​တွင်​လျှောက်​သွား​ကြ စဉ် သင်္ဘော​သ​ဖန်း​ပင်​ကို​မြင်​ကြ​၏။ ထို​အ​ပင်​သည် အ​မြစ်​မှ​စ​၍​တစ်​ပင်​လုံး​ခြောက်​သွေ့​ညှိုး​နွမ်း လျက်​နေ​၏။-
20 No dia seguinte pela manhã, ao passarem junto da figueira, viram que ela secara até a raiz.
21 ပေ​တ​ရု​သည်​သ​တိ​ရ​၍ ``အ​ရှင်​ဘု​ရား၊ ကြည့် တော်​မူ​ပါ၊ အ​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သင်္ဘော​သ​ဖန်း ပင်​သည် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​ချေ​ပြီ'' ဟု လျှောက်​၏။
21 Pedro lembrou-se do que se tinha passado na véspera e disse a Jesus: "`Olha, Mestre, como secou a figueira que amaldiçoaste!"
22 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အား​ယုံ​ကြည် ကိုး​စား​ကြ​လော့။-
22 Respondeu-lhes Jesus: "Tende fé em Deus.
23 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား မိ​မိ စိတ်​နှ​လုံး​အ​တွင်း​တွင်​ယုံ​မှား​ခြင်း​မ​ရှိ​ဘဲ မိ​မိ ပြော​ဆို​သည်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​ယုံ​ကြည်​သော သူ​သည် ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ် ထဲ​သို့​ဆင်း​သက်​လော့' ဟု​ဆို​လျှင်​ထို​သူ​ဆို​သည် အ​တိုင်း​ဖြစ်​လိမ့်​မည်။-
23 Em verdade vos declaro: todo o que disser a este monte: Levanta-te e lança-te ao mar, se não duvidar no seu coração, mas acreditar que sucederá tudo o que disser, obterá esse milagre.
24 သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည် မိ​မိ​တို့​တောင်း​လျှောက်​သည့်​အ​ရာ​ကို​မု​ချ​ရ​မည် ဟု ယုံ​ကြည်​ကြ​လျှင်​တောင်း​လျှောက်​သ​မျှ​ကို ရ​ကြ​လိမ့်​မည်။-
24 Por isso vos digo: tudo o que pedirdes na oração, crede que o tendes recebido, e ser-vos-á dado.
25 သင်​တို့​သည်​ရပ်​လျက်​ဆု​တောင်း​သော​အ​ခါ သူ တစ်​ပါး​တို့​၏​အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​ရ ကြ​မည်။ သို့​မှ​သာ​လျှင်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော် မူ​သော​သင်​တို့​အ​ဖ​သည် သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-
25 E quando vos puserdes de pé para orar, perdoai, se tiverdes algum ressentimento contra alguém, para que também vosso Pai, que está nos céus, vos perdoe os vossos pecados. {
26 (သင်​တို့​သည်​သူ​တစ်​ပါး​၏​အ​ပြစ်​များ​ကို မ​ဖြေ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ သော​သင်​တို့​အ​ဖ​သည်​သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်)'' ဟု​တ​ပည့် တော်​တို့​အား​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။
26 Mas se não perdoardes, tampouco vosso Pai que está nos céus vos perdoará os vossos pecados.}"
27 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​တစ်​ဖန်​ရောက်​ရှိ​ကြ​ပြန်​၏။ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင်​စင်္ကြံ​ကြွ​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍၊-
27 Jesus e seus discípulos voltaram outra vez a Jerusalém. E andando Jesus pelo templo, acercaram-se dele os príncipes dos sacerdotes, os escribas e os anciãos,
28 ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ပြု​တော်​မူ​ပါ​သ​နည်း။ ထို အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား​အ​ဘယ်​သူ​အပ် နှင်း​ပါ​သ​နည်း'' ဟု​လျှောက်​ထား​မေး​မြန်း ကြ​၏။
28 e perguntaram-lhe: "Com que direito fazes isto? Quem te deu autoridade para fazer essas coisas?"
29 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​တစ်​ခု​မေး​မည်။ သင်​တို့​ဖြေ​ပြီး​မှ​ဤ​အ​မှု​အ​ရာ​များ​ကို အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ပြော​မည်။-
29 Jesus respondeu-lhes: "Também eu vos farei uma pergunta; respondei-ma, e dir-vos-ei com que direito faço essas coisas.
30 ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ယော​ဟန်​ပေး​သည်​မှာ​ဘု​ရား သ​ခင်​၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော။ လူ​တို့​၏ အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
30 O batismo de João vinha do céu ou dos homens? Respondei-me."
31 သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင်​ယော​ဟန်​ကို​သင် တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း​ဟု မေး​လိမ့်​မည်။-
31 E discorriam lá consigo: "Se dissermos: Do céu, ele dirá: Por que razão, pois, não crestes nele?
32 သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု​ငါ တို့​ဆို​မည်​လော'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။ (သူ​တို့​သည်​လူ​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို​ပ​ရော​ဖက်​ဟု​ယုံ​ကြည်​ကြ​သော ကြောင့်​တည်း။)-
32 Se, ao contrário, dissermos: Dos homens, tememos o povo." Com efeito, tinham medo do povo, porque todos julgavam ser João deveras um profeta.
33 သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု သ​ခင်​ယေ​ရှု​အား​ပြန်​လည်​လျှောက်​ထား​ကြ​၏။
33 Responderam a Jesus: "Não o sabemos." "E eu tampouco vos direi, disse Jesus, com que direito faço estas coisas."

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.