Marcos 11
Common Language Bible (MYA) vs ARA
1 ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ အနီးသို့ချဉ်းကပ်မိ၍ ဗက်ဖာဂေနှင့်ဗေသနိ ရွာများအနီးရှိသံလွင်တောင်သို့ရောက်ကြ၏။-
1 Quando se aproximavam de Jerusalém, de Betfagé e Betânia, junto ao monte das Oliveiras, enviou Jesus dois dos seus discípulos
2 ထိုအခါကိုယ်တော်သည်တပည့်တော်နှစ်ယောက် အား ``သင်တို့ရှေ့တွင်ရှိသောရွာသို့သွားကြလော့။ ရွာထဲသို့ဝင်လျှင် ဝင်ချင်းမည်သူမျှမစီးဘူး သေးသောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့် မည်။ ထိုမြည်းကိုကြိုးဖြင့်လံထား၏။-
2 e disse-lhes: Ide à aldeia que aí está diante de vós e, logo ao entrar, achareis preso um jumentinho, o qual ainda ninguém montou; desprendei-o e trazei-o.
3 ကြိုးဖြေ၍မြည်းကိုယူခဲ့ကြလော့။ အကယ်၍ လူတစ်စုံတစ်ယောက်ကသင်တို့အား အဘယ်ကြောင့် မြည်းကြိုးကိုဖြေသနည်းဟုမေးလျှင် ထိုမြည်း ကိုအကျွန်ုပ်တို့သခင်အလိုရှိပါသည်။ ချက်ချင်း ပြန်ပို့ပေးပါလိမ့်မည်ဟုပြောကြလော့'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။
3 Se alguém vos perguntar: Por que fazeis isso? Respondei: O Senhor precisa dele e logo o mandará de volta para aqui.
4 ထိုတပည့်တော်နှစ်ယောက်တို့သည်သွား၍ မြည်း ကလေးတစ်ကောင်ကိုလမ်းတွင်အိမ်တစ်အိမ်၏ တံခါးအနီးမှာလံထားသည်ကိုတွေ့သဖြင့် မြည်းကြိုးကိုဖြေကြ၏။-
4 Então, foram e acharam o jumentinho preso, junto ao portão, do lado de fora, na rua, e o desprenderam.
5 လမ်းမှာရပ်နေသူအချို့က ``မြည်းကြိုးကို အဘယ်ကြောင့်ဖြေကြသနည်း'' ဟုမေးကြ၏။
5 Alguns dos que ali estavam reclamaram: Que fazeis, soltando o jumentinho?
6 တပည့်တော်တို့ကသခင်ယေရှုမိန့်မှာတော်မူ သည့်အတိုင်းပြန်ပြောကြသောအခါ ထိုသူတို့ သည်မြည်းကြိုးကိုဖြေခွင့်ပြုကြ၏။-
6 Eles, porém, responderam conforme as instruções de Jesus; então, os deixaram ir.
7 တပည့်တော်တို့သည်မြည်းကလေးကိုသခင် ယေရှုထံတော်သို့ဆောင်ခဲ့ပြီးလျှင် မြည်းကျော ပေါ်မှာမိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။-
7 Levaram o jumentinho, sobre o qual puseram as suas vestes, e Jesus o montou.
8 ထိုနောက်ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။ လူအများပင်မိမိတို့၏ဝတ်လုံများကိုလမ်း ပေါ်မှာဖြန့်ခင်းကြ၏။ အချို့သူများကမူကွင်း များမှခုတ်ယူခဲ့ကြသည့်သစ်ခက်သစ်ရွက်များ ကိုလမ်းမှာဖြန့်ခင်းကြ၏။-
8 E muitos estendiam as suas vestes no caminho, e outros, ramos que haviam cortado dos campos.
9 ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ နောက်တော် မှလည်းကောင်း၊ လိုက်ပါကြသူလူအပေါင်းတို့ က ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ လော့။ ဘုရားသခင်၏နာမတော်နှင့်ကြွလာ သောအရှင်သည်မင်္ဂလာရှိစေသတည်း။-
9 Tanto os que iam adiante dele como os que vinham depois clamavam: Hosana! Bendito o que vem em nome do Senhor!
10 တည်လတ္တံ့သောငါတို့အဖဒါဝိဒ်၏နိုင်ငံတော် သည်မင်္ဂလာရှိစေသတည်း။ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြစေသတည်း'' ဟု ကြွေးကြော်ကြ၏။
10 Bendito o reino que vem, o reino de Davi, nosso pai! Hosana, nas maiores alturas!
11 သခင်ယေရှုသည်ယေရုရှလင်မြို့သို့ရောက်တော် မူသောအခါ ဗိမာန်တော်သို့ဝင်တော်မူ၍ခပ်သိမ်း သောအရာတို့ကိုလှည့်လည်ကြည့်ရှုတော်မူ၏။ ထို နောက်နေဝင်ခါနီးပြီဖြစ်သဖြင့် တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်အတူဗေသနိရွာသို့ကြွတော် မူ၏။
11 E, quando entrou em Jerusalém, no templo, tendo observado tudo, como fosse já tarde, saiu para Betânia com os doze.
12 နောက်တစ်နေ့၌ကိုယ်တော်နှင့်တပည့်တော်တို့ သည် ဗေသနိရွာမှပြန်လာကြစဉ်ကိုယ်တော် သည်ဆာလောင်မွတ်သိပ်တော်မူ၏။-
12 No dia seguinte, quando saíram de Betânia, teve fome.
13 အရွက်ဝေဆာလျက်ရှိသောသင်္ဘောသဖန်းပင် ကိုအဝေးကမြင်တော်မူလျှင် အသီးတွေ့လို တွေ့ငြားအပင်အနီးသို့ချဉ်းကပ်တော်မူ၏။ သဖန်းသီးပေါ်ချိန်မဟုတ်၍အပင်ပေါ်တွင် အရွက်များသာတွေ့တော်မူ၏။-
13 E, vendo de longe uma figueira com folhas, foi ver se nela, porventura, acharia alguma coisa. Aproximando-se dela, nada achou, senão folhas; porque não era tempo de figos.
14 ထိုအခါကိုယ်တော်က ``နောင်အစဉ်အဆက် သင်၏အသီးကိုအဘယ်သူမျှမစားစေရ'' ဟုသင်္ဘောသဖန်းပင်အားမိန့်တော်မူ၏။
14 Então, lhe disse Jesus: Nunca jamais coma alguém fruto de ti! E seus discípulos ouviram isto.
15 ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ သို့ရောက်ကြသောအခါ ကိုယ်တော်သည်ဗိမာန်တော် သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှာရောင်းဝယ်နေ သူတို့ကိုနှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ စားပွဲများနှင့်ချိုးငှက်ရောင်းသူများ၏ထိုင်ခုံများ ကိုမှောက်လှန်ပစ်တော်မူ၏။-
15 E foram para Jerusalém. Entrando ele no templo, passou a expulsar os que ali vendiam e compravam; derribou as mesas dos cambistas e as cadeiras dos que vendiam pombas.
16 ဗိမာန်တော်ကိုဖြတ်၍ကုန်ပစ္စည်းသယ်ဆောင် ရန် မည်သူ့ကိုမျှခွင့်ပြုတော်မမူ။-
16 Não permitia que alguém conduzisse qualquer utensílio pelo templo;
17 ကိုယ်တော်က `` `ငါ၏အိမ်တော်ကိုလူမျိုးတကာတို့ ဆုတောင်းရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့' ဟုကျမ်း စာလာသည်မဟုတ်လော။ သို့ရာတွင်သင်တို့သည် ထိုအိမ်တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြ ပြီတကား'' ဟုလူတို့အားဆုံးမသွန်သင်တော် မူ၏။
17 também os ensinava e dizia: Não está escrito:
18 ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကြား၍ ကိုယ်တော်ကိုသတ်ရန်နည်းလမ်း ရှာကြ၏။ လူပရိသတ်အပေါင်းတို့သည်ယင်းသို့ သွန်သင်တော်မူသည်ကိုလွန်စွာအံ့သြလျက် ရှိကြသောကြောင့် ထိုသူတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
18 E os principais sacerdotes e escribas ouviam estas coisas e procuravam um modo de lhe tirar a vida; pois o temiam, porque toda a multidão se maravilhava de sua doutrina.
19 နေစောင်းလာသောအခါကိုယ်တော်နှင့်တပည့် တော်တို့သည်မြို့မှထွက်သွားကြ၏။
19 Em vindo a tarde, saíram da cidade.
20 နောက်တစ်နေ့နံနက်စောစောအချိန်၌ ကိုယ်တော် နှင့်တပည့်တော်တို့သည်လမ်းတွင်လျှောက်သွားကြ စဉ် သင်္ဘောသဖန်းပင်ကိုမြင်ကြ၏။ ထိုအပင်သည် အမြစ်မှစ၍တစ်ပင်လုံးခြောက်သွေ့ညှိုးနွမ်း လျက်နေ၏။-
20 E, passando eles pela manhã, viram que a figueira secara desde a raiz.
21 ပေတရုသည်သတိရ၍ ``အရှင်ဘုရား၊ ကြည့် တော်မူပါ၊ အရှင်ဒဏ်ခတ်ခဲ့သောသင်္ဘောသဖန်း ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားချေပြီ'' ဟု လျှောက်၏။
21 Então, Pedro, lembrando-se, falou: Mestre, eis que a figueira que amaldiçoaste secou.
22 သခင်ယေရှုက ``ဘုရားသခင်အားယုံကြည် ကိုးစားကြလော့။-
22 Ao que Jesus lhes disse: Tende fé em Deus;
23 အမှန်အကန်သင်တို့အားငါဆိုသည်ကား မိမိ စိတ်နှလုံးအတွင်းတွင်ယုံမှားခြင်းမရှိဘဲ မိမိ ပြောဆိုသည်အတိုင်းဖြစ်လိမ့်မည်ဟုယုံကြည်သော သူသည် ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ် ထဲသို့ဆင်းသက်လော့' ဟုဆိုလျှင်ထိုသူဆိုသည် အတိုင်းဖြစ်လိမ့်မည်။-
23 porque em verdade vos afirmo que, se alguém disser a este monte: Ergue-te e lança-te no mar, e não duvidar no seu coração, mas crer que se fará o que diz, assim será com ele.
24 သို့ဖြစ်၍သင်တို့အားငါဆိုသည်ကား သင်တို့သည် မိမိတို့တောင်းလျှောက်သည့်အရာကိုမုချရမည် ဟု ယုံကြည်ကြလျှင်တောင်းလျှောက်သမျှကို ရကြလိမ့်မည်။-
24 Por isso, vos digo que tudo quanto em oração pedirdes, crede que recebestes, e será assim convosco.
25 သင်တို့သည်ရပ်လျက်ဆုတောင်းသောအခါ သူ တစ်ပါးတို့၏အပြစ်ဟူသမျှကိုဖြေလွှတ်ရ ကြမည်။ သို့မှသာလျှင်ကောင်းကင်ဘုံတွင်ရှိတော် မူသောသင်တို့အဖသည် သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်။-
25 E, quando estiverdes orando, se tendes alguma coisa contra alguém, perdoai, para que vosso Pai celestial vos perdoe as vossas ofensas.
26 (သင်တို့သည်သူတစ်ပါး၏အပြစ်များကို မဖြေလွှတ်လျှင် ကောင်းကင်ဘုံတွင်ရှိတော်မူ သောသင်တို့အဖသည်သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်)'' ဟုတပည့် တော်တို့အားပြန်လည်မိန့်ကြားတော်မူ၏။
26 [Mas, se não perdoardes, também vosso Pai celestial não vos perdoará as vossas ofensas.]
27 ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင် မြို့သို့တစ်ဖန်ရောက်ရှိကြပြန်၏။ ကိုယ်တော်သည် ဗိမာန်တော်တွင်စင်္ကြံကြွတော်မူစဉ် ယဇ်ပုရောဟိတ် ကြီးများ၊ ကျမ်းတတ်ဆရာများနှင့်ဘာသာရေး ခေါင်းဆောင်များသည်အထံတော်သို့ချဉ်းကပ်၍၊-
27 Então, regressaram para Jerusalém. E, andando ele pelo templo, vieram ao seu encontro os principais sacerdotes, os escribas e os anciãos
28 ``အရှင်သည်ဤအမှုအရာများကိုအဘယ် အခွင့်အာဏာနှင့်ပြုတော်မူပါသနည်း။ ထို အခွင့်အာဏာကိုအရှင့်အားအဘယ်သူအပ် နှင်းပါသနည်း'' ဟုလျှောက်ထားမေးမြန်း ကြ၏။
28 e lhe perguntaram: Com que autoridade fazes estas coisas? Ou quem te deu tal autoridade para as fazeres?
29 သခင်ယေရှုက ``သင်တို့အားငါတစ်ခုမေးမည်။ သင်တို့ဖြေပြီးမှဤအမှုအရာများကို အဘယ် အခွင့်အာဏာနှင့်ငါပြုသည်ကိုပြောမည်။-
29 Jesus lhes respondeu: Eu vos farei uma pergunta; respondei-me, e eu vos direi com que autoridade faço estas coisas.
30 ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးသည်မှာဘုရား သခင်၏အခွင့်အာဏာအရလော။ လူတို့၏ အခွင့်အာဏာအရလော၊ ငါ့အားဖြေကြား ကြလော့'' ဟုမိန့်တော်မူ၏။
30 O batismo de João era do céu ou dos homens? Respondei!
31 သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟု ငါတို့ဆိုလျှင်ယောဟန်ကိုသင် တို့အဘယ်ကြောင့်မယုံကြည်ကြသနည်းဟု မေးလိမ့်မည်။-
31 E eles discorriam entre si: Se dissermos: Do céu, dirá: Então, por que não acreditastes nele?
32 သို့ရာတွင်လူတို့၏အခွင့်အာဏာအရဟုငါ တို့ဆိုမည်လော'' ဟုအချင်းချင်းဆွေးနွေးကြ၏။ (သူတို့သည်လူပရိသတ်ကိုကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် ယောဟန်ကိုပရောဖက်ဟုယုံကြည်ကြသော ကြောင့်တည်း။)-
32 Se, porém, dissermos: dos homens, é de temer o povo. Porque todos consideravam a João como profeta.
33 သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု သခင်ယေရှုအားပြန်လည်လျှောက်ထားကြ၏။
33 Então, responderam a Jesus: Não sabemos. E Jesus, por sua vez, lhes disse: Nem eu tampouco vos digo com que autoridade faço estas coisas.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.