Lucas 24

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 တ​နင်္ဂ​နွေ​နေ့​မိုး​လင်း​စ​အ​ချိန်​၌​ထို​အ​မျိုး သ​မီး​တို့​သည် မိ​မိ​တို့​အ​သင့်​ပြင်​ဆင်​ထား​သော နံ့​သာ​ပေါင်း​ကို​ယူ​၍ အ​ခြား​သူ​များ​နှင့်​အ​တူ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။-
1 No primeiro dia da semana, bem cedo, as mulheres foram ao túmulo, levando as especiarias que haviam preparado,
2 သင်္ချိုင်း​ဂူ​ဝ​က​ကျောက်​တုံး​ကို​လှိမ့်​ဖယ်​ထား သည်​ကို​တွေ့​သ​ဖြင့်၊-
2 e viram que a pedra tinha sido afastada da entrada.
3 ဂူ​ထဲ​သို့​ဝင်​ကြ​၏။ သို့​ရာ​တွင်​အ​လောင်း​တော် ကို​မ​တွေ့​ရ​ကြ။-
3 Quando entraram no túmulo, não encontraram o corpo do Senhor Jesus.
4 ဤ​အ​ခြင်း​အ​ရာ​နှင့်​ပတ်​သက်​၍​စိတ်​ဇ​ဝေ​ဇ​ဝါ ဖြစ်​လျက်​နေ​ကြ​စဉ် ပြောင်​လက်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​သူ​လူ​နှစ်​ယောက်​သည်​သူ​တို့​၏ အ​ရှေ့​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၏။-
4 Enquanto estavam ali, perplexas, dois homens apareceram, vestidos com mantos resplandecentes.
5 အ​မျိုး​သ​မီး​များ​သည်​ကြောက်​ရွံ့​၍​ပျပ်​ဝပ် လျက်​နေ​ကြ​၏။ ထို​သူ​နှစ်​ယောက်​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​အ​သက်​ရှင်​သူ​ကို​သေ​သူ​များ ရှိ​ရာ​အ​ရပ်​တွင်​ရှာ​ကြ​သ​နည်း။-
5 As mulheres ficaram amedrontadas e se curvaram com o rosto em terra. Então os homens perguntaram: “Por que vocês procuram entre os mortos aquele que vive?
6 ကိုယ်​တော်​သည်​ဤ​အ​ရပ်​တွင်​မရှိ။ ရှင်​ပြန်​ထ​မြောက် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​မှာ​ရှိ တော်​မူ​ခဲ့​စဉ်​က၊-
6 Ele não está aqui. Ressuscitou! Lembrem-se do que ele lhes disse na Galileia:
7 `လူ​သား​သည်​အ​ပြစ်​ကူး​သူ​တို့​၏​လက်​သို့ အပ်​ခြင်း​ခံ​ရ​လိမ့်​မည်။ လက်​ဝါး​ကပ်​တိုင်​မှာ​တင် ၍​အ​သတ်​ခံ​ရ​လိမ့်​မည်။ ထို​နောက်​တ​တိ​ယ​နေ့​၌ သေ​ခြင်း​မှ​ရှင်ြုပန်​ထ​မြောက်​တော်​မူ​လိမ့်​မည်' ဟူ​၍ သင်​တို့​အား​ပြော​ကြား​ခဲ့​သည်​ကို​သ​တိ​ရ​ကြ လော့'' ဟု​ဆို​၏။
7 ‘É necessário que o Filho do Homem seja traído e entregue nas mãos de pecadores, seja crucificado e ressuscite no terceiro dia’”.
8 ထို​အ​ခါ​အ​မျိုး​သ​မီး​များ​သည်​ကိုယ်​တော် မိန့်​တော်​မူ​ခဲ့​သော​စ​ကား​များ​ကို​ပြန်​သ​တိ​ရ ၍၊-
8 Então lembraram-se dessas palavras de Jesus
9 သင်္ချိုင်း​တော်​မှ​မိ​မိ​တို့​အိမ်​သို့​ပြန်​ပြီး​လျှင်​တစ် ကျိပ်​တစ်​ပါး​နှင့်​တ​ပည့်​တော်​အ​ပေါင်း​တို့​အား ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​ပြော​ကြား ကြ​၏။-
9 e, voltando do túmulo, foram contar aos onze discípulos e a todos os outros o que havia acontecido.
10 တ​မန်​တော်​တို့​အား​ဤ​သို့​ပြော​ကြား​သူ​များ ကား​မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟန္န၊ ယာ​ကုပ်​၏​မိ​ခင် ဖြစ်​သူ​မာ​ရိ​မှ​စ​၍​အ​ခြား​သော​အ​မျိုး​သ​မီး များ​ဖြစ်​သ​တည်း။-
10 Maria Madalena, Joana, Maria, mãe de Tiago, e as outras mulheres que as acompanhavam relataram tudo aos apóstolos.
11 သူ​တို့​ပြော​ကြား​သည့်​စ​ကား​များ​သည်​တ​မန် တော်​တို့​အ​တွက်​ယုတ္တိ​မ​ရှိ​သော​ကြောင့်​တ​မန် တော်​တို့​သည်​မ​ယုံ​ကြ။-
11 Para eles, porém, a história pareceu absurda, e não acreditaram nelas.
12 သို့​ရာ​တွင်​ပေ​တ​ရု​သည်​သင်္ချိုင်း​တော်​သို့​ပြေး သွား​ပြီး​လျှင်​ငုံ့​၍​ကြည့်​၏။ ပိတ်​များ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တွေ့​ရ။ သူ​သည် ထို​အ​ခြင်း​အ​ရာ​ကို​အံ့​သြ​လျက်​အိမ်​သို့​ပြန် လေ​သည်။
12 Mas Pedro se levantou e correu até o túmulo. Abaixando-se, olhou atentamente para dentro e viu os panos de linho vazios; então voltou para casa, admirado com o que havia acontecido.
13 ထို​နေ့​၌​ပင်​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ဧ​မောက်​ဟု​ခေါ်​သော​ရွာ​သို့​သွား​ကြ​၏။ ထို​ရွာ သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခု​နစ်​မိုင်​ခန့်​ဝေး​၏။-
13 Naquele mesmo dia, dois dos seguidores de Jesus caminhavam para o povoado de Emaús, a onze quilômetros de Jerusalém.
14 ထို​သူ​နှစ်​ယောက်​တို့​သည်​ဖြစ်​ပျက်​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​ပြော​ဆို လျက်​လာ​ကြ​၏။-
14 No caminho, falavam a respeito de tudo que havia acontecido.
15 ယင်း​သို့​ပြော​ဆို​ဆွေး​နွေး​နေ​ကြ​စဉ်​သ​ခင် ယေ​ရှု​ကိုယ်​တော်​တိုင်​သူ​တို့​ထံ​သို့​ချဉ်း​ကပ် ၍​သူ​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၏။-
15 Enquanto conversavam e discutiam, o próprio Jesus se aproximou e começou a andar com eles.
16 သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြောင်း​တစ်​စုံ​တစ်​ခု ကြောင့်​ကိုယ်​တော်​မှန်း​မ​သိ​ကြ။-
16 Os olhos deles, porém, estavam como que impedidos de reconhecê-lo.
17 ကိုယ်​တော်​က ``သင်​တို့​သည်​ခ​ရီး​သွား​စဉ် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး နေ​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
17 Jesus lhes perguntou: “Sobre o que vocês tanto debatem enquanto caminham?”. Eles pararam, com o rosto entristecido.
18 သူ​တို့​အ​နက်​က​လော​ဖ​ဆို​သူ​က ``ယေ​ရု​ရှ​လင် မြို့​သို့​လာ​ရောက်​သော​ဧည့်​သည်​များ​အ​နက်​သင် တစ်​ဦး​တည်း​သာ​လျှင် ဤ​ရက်​များ​အ​တော​အ​တွင်း ၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ များ​အ​ကြောင်း​ကို​မ​သိ​ဘဲ​နေ​ပါ​သ​လော'' ဟု ဆို​၏။
18 Então um deles, chamado Cleopas, respondeu: “Você deve ser a única pessoa em Jerusalém que não sabe das coisas que aconteceram lá nos últimos dias”.
19 ကိုယ်​တော်​က ``အ​ဘယ်​အ​မှု​အ​ရာ​များ​နည်း'' ဟု​မေး​တော်​မူ​၏။
19 “Que coisas?”, perguntou Jesus. “As coisas que aconteceram com Jesus de Nazaré”, responderam eles. “Ele era um profeta de palavras e ações poderosas aos olhos de Deus e de todo o povo.
20 ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​ကြီး အ​ကဲ​များ​သည်​သူ့​အား​သေ​ဒဏ်​စီ​ရင်​ရန် ပိ​လတ်​မင်း​၏​လက်​သို့​အပ်​နှံ​ခဲ့​ကြ​၏။ လက် ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ခဲ့​ကြ​ပါ​၏။-
20 Mas os principais sacerdotes e outros líderes religiosos o entregaram para que fosse condenado à morte e o crucificaram.
21 ထို​အ​ရှင်​သည်​ဣသ​ရေ​လ​လူ​မျိုး​ကို​လွတ်​မြောက် စေ​တော်​မူ​မည့်​အ​ရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်​လင့် ခဲ့​ကြ​ပါ​၏။ အ​ဆို​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် ခဲ့​သည်​မှာ​ယ​ခု​သုံး​ရက်​ရှိ​ပါ​ပြီ။-
21 Tínhamos esperança de que ele fosse aquele que resgataria Israel. Isso tudo aconteceu há três dias.
22 ငါ​တို့​၏​အ​ပေါင်း​အဖော်​များ​ဖြစ်​သော​အ​မျိုး သ​မီး​အ​ချို့​တို့​သည်​နံ​နက်​စော​စော​သင်္ချိုင်း တော်​သို့​သွား​ခဲ့​ကြ​၏။-
22 “Algumas mulheres de nosso grupo foram até seu túmulo hoje bem cedo e voltaram contando uma história surpreendente.
23 သူ​တို့​သည်​အ​လောင်း​တော်​ကို​မ​တွေ့​ရ​ကြ​ပါ။ ကောင်း​ကင်​တ​မန်​များ​ကို​ရူ​ပါ​ရုံ​တွင်​မြင်​ရ ကြ​သည်​ဟု​ငါ​တို့​အား​ပြော​ကြား​ကြ​ပါ​၏။ ကောင်း​ကင်​တ​မန်​များ​က​သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​ပြော ကြ​သည်​ဟု​လည်း​ဆို​ကြ​၏။ သို့​ဖြစ်​၍​ငါ တို့​သည်​မိန်း​မော​တွေ​ဝေ​သွား​ကြ​ပါ​၏။-
23 Disseram que o corpo havia sumido e que viram anjos que lhes disseram que Jesus está vivo.
24 ငါ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည်​လည်း​သင်္ချိုင်း တော်​သို့​သွား​ကြ​ရာ​အ​မျိုး​သ​မီး​များ​ဖော် ပြ​ခဲ့​သည်​အ​တိုင်း​ပင်​တွေ့​မြင်​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ကို​မူ​ကား​မ​တွေ့​မ​မြင်​ရ​ကြ​ပါ'' ဟု​ဆို​ကြ​၏။
24 Alguns homens de nosso grupo correram até lá para ver e, de fato, tudo estava como as mulheres disseram, mas não o viram.”
25 ထို​အ​ခါ​ကိုယ်​တော်​က ``ပ​ရော​ဖက်​များ​ဟော ကြား​ခဲ့​သ​မျှ​ကို​ယုံ​ကြည်​ရန်​အ​လွန်​နှေး ကွေး​သော​အို​လူ​မိုက်​တို့၊-
25 Então Jesus lhes disse: “Como vocês são tolos! Como custam a entender o que os profetas registraram nas Escrituras!
26 မေ​ရှိ​ယ​သည်​ဘုန်း​အ​သ​ရေ​တော်​ကို​မ​ခံ​မ ယူ​မီ ဤ​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​ခံ​စား ရန်​လို​အပ်​သည်​မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော် မူ​၏။-
26 Não percebem que era necessário que o Cristo sofresse essas coisas antes de entrar em sua glória?”.
27 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မော​ရှေ​ကျမ်း​မှ အ​စ​ပြု​၍​ပ​ရော​ဖက်​ကျမ်း​အား​လုံး​တွင် ကိုယ်​တော်​အ​ကြောင်း​နှင့်​ပတ်​သက်​သည့်​ကျမ်း ပိုဒ်​များ​ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ရှင်​လင်း ၍​ပြ​တော်​မူ​၏။
27 Então Jesus os conduziu por todos os escritos de Moisés e dos profetas, explicando o que as Escrituras diziam a respeito dele.
28 ထို​သူ​တို့​သွား​သည့်​ရွာ​အ​နီး​သို့​ရောက်​ကြ လျှင်​ကိုယ်​တော်​သည်​ရှေ့​သို့​ဆက်​၍​သွား​မည့် ဟန်​ပြု​၏။-
28 Aproximando-se de Emaús, o destino deles, Jesus fez como quem seguiria viagem,
29 သို့​ရာ​တွင်​သူ​တို့​က ``ယ​ခု​မိုး​ချုပ်​စ​ပြု​ပါ​ပြီ။ နေ့​အ​ချိန်​ကုန်​ပါ​တော့​မည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​တည်း​ခို​ပါ'' ဟု​ဆို​၍​ကိုယ်​တော် အား​ဖိတ်​ခေါ်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် အ​တူ​တည်း​ခို​ရန်​လိုက်​သွား​တော်​မူ​၏။-
29 mas eles insistiram: “Fique conosco esta noite, pois já é tarde”. E Jesus foi para casa com eles.
30 စား​ပွဲ​တွင်​သူ​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​လျက် မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍​သူ​တို့​အား​ပေး တော်​မူ​၏။-
30 Quando estavam à mesa, ele tomou o pão e o abençoou. Depois, partiu-o e lhes deu.
31 ထို​အ​ခါ​၌​သူ​တို့​သည်​မျက်​စိ​ပွင့်​လာ​ကြ သ​ဖြင့်​ကိုယ်​တော်​မှန်း​သိ​ကြ​လေ​သည်။ သို့​ရာ တွင်​ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​မှောက်​မှ ကွယ်​ပျောက်​သွား​လေ​သည်။-
31 Então os olhos deles foram abertos e o reconheceram. Nesse momento, ele desapareceu.
32 သူ​တို့​က ``လမ်း​ခ​ရီး​တွင်​ကိုယ်​တော်​သည်​ငါ​တို့ အား​စ​ကား​ပြော​တော်​မူ​သော​အ​ခါ​၌​လည်း​ကောင်း၊ ကျမ်း​စာ​တော်​၏​အ​နက်​ကို​ဖွင့်​ပြ​တော်​မူ​သော အ​ခါ​၌​လည်း​ကောင်း၊ ငါ​တို့​၏​စိတ်​နှ​လုံး​တွင် မီး​လျှံ​ထ​သ​ကဲ့​သို့​ဖြစ်​နေ​ခဲ့​သည်​မ​ဟုတ် ပါ​လော'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
32 Disseram um ao outro: “Não ardia o nosso coração quando ele falava conosco no caminho e nos explicava as Escrituras?”.
33 သူ​တို့​သည်​ချက်​ချင်း​ထ​၍​ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ကြ​၏။ ထို​အ​ရပ်​တွင်​တစ်​ကျိပ်​တစ်​ပါး​နှင့် အ​ခြား​တ​ပည့်​တော်​များ​သည်​စု​ရုံး​လျက်​နေ ကြ​သည်​ကို​တွေ့​ကြ​၏။-
33 E, na mesma hora, levantaram-se e voltaram para Jerusalém. Ali, encontraram os onze discípulos e os outros que estavam reunidos com eles,
34 စု​ရုံး​လျက်​နေ​သော​သူ​တို့​က ``အ​ကယ်​ပင်​သ​ခင် ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ပေ​တ​ရု​အား​ကိုယ်​ထင်​ပြ​တော် မူ​ပြီ'' ဟု​ဆို​ကြ​၏။
34 que lhes disseram: “É verdade que o Senhor ressuscitou! Ele apareceu a Pedro!”.
35 ထို​နောက်​ထို​သူ​နှစ်​ယောက်​တို့​သည်​လမ်း​တွင် ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း ကောင်း၊ မုန့်​ကို​ဖဲ့​တော်​မူ​စဉ်​တွင်​ကိုယ်​တော်​မှန်း သိ​ရှိ​လာ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြ​၏။
35 Então os dois contaram como Jesus tinha aparecido enquanto andavam pelo caminho, e como o haviam reconhecido quando ele partiu o pão.
36 ထို​အ​ကြောင်း​အ​ရာ​များ​ကို​တ​ပည့်​တော်​နှစ်​ယောက် တို့​ပြော​ပြ​နေ​စဉ်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​အ​လယ် ၌​ပေါ်​လာ​တော်​မူ​၍ ``သင်​တို့​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
36 Enquanto contavam isso, o próprio Jesus apareceu entre eles e lhes disse: “Paz seja com vocês!”.
37 သူ​တို့​သည်​တစ္ဆေ​ခြောက်​သည်​ဟု​ထင်​မှတ်​သ​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​နေ​ကြ​၏။-
37 Eles se assustaram e ficaram amedrontados, pensando que viam um fantasma.
38 ကိုယ်​တော်​က ``အ​ဘယ်​ကြောင့်​ကြောက်​လန့်​နေ​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​ယုံ​မှား​သံ​သ​ယ​ဖြစ် နေ​ကြ​သ​နည်း။ ငါ​၏​လက်​များ၊ ခြေ​များ​ကို ကြည့်​ကြ​လော့။-
38 “Por que estão perturbados?”, perguntou ele. “Por que seu coração está cheio de dúvida?
39 သင်​တို့​မြင်​ရ​သူ​ကား​ငါ​ကိုယ်​တိုင်​ပင်​ဖြစ်​၏။ ငါ့ ကိုယ်​ကို​စမ်း​သပ်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​သည် အ​တိုင်း​ငါ့​မှာ​အ​သား​အ​ရိုး​များ​ရှိ​၏။
39 Vejam minhas mãos e meus pés. Sou eu mesmo! Toquem-me e vejam que não sou um fantasma, pois fantasmas não têm carne nem ossos e, como veem, eu tenho.”
40 ထို​နောက်​လက်​တော်​ခြေ​တော်​တို့​ကို​တ​ပည့်​တော် တို့​အား​ပြ​တော်​မူ​၏။-
40 Enquanto falava, mostrou-lhes as mãos e os pés.
41 သို့​ရာ​တွင်​သူ​တို့​သည်​အ​လွန်​အံ့​သြ​လျက်​နေ ကြ​သ​ဖြင့်​မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​မှာ​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-
41 Eles continuaram sem acreditar, cheios de alegria e espanto. Então Jesus perguntou: “Vocês têm aqui alguma coisa para comer?”.
42 သူ​တို့​သည်​ငါး​ကင်​တစ်​ပိုင်း​ကို​ပေး​ကြ​၏။
42 Eles lhe deram um pedaço de peixe assado,
43 ကိုယ်​တော်​သည်​ယူ​၍​သူ​တို့​၏​ရှေ့​တွင်​သုံး​ဆောင် တော်​မူ​၏။
43 e ele comeu diante de todos.
44 ထို​နောက်​ကိုယ်​တော်​က ``မော​ရှေ​၏​ပ​ညတ်​ကျမ်း၊ ပ​ရော​ဖက်​ကျမ်း​များ​နှင့်​ဆာ​လံ​ကျမ်း​တွင်​ငါ ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ထား​သည့် အ​မှု​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်​ဟူ​၍ သင် တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​ပြော​ခဲ့​၏။ ငါ ပြော​ခဲ့​သည့်​အ​တိုင်း​ယ​ခု​ဖြစ်​ပျက်​လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။
44 Em seguida, disse: “Enquanto ainda estava com vocês, eu lhes falei que devia se cumprir tudo que a lei de Moisés, os profetas e os salmos diziam a meu respeito”.
45 ထို​နောက်​တ​ပည့်​တော်​တို့​ကျမ်း​စာ​တော်​ကို​နား လည်​ကြ​စေ​ရန်​သူ​တို့​၏​အ​သိ​ဉာဏ်​ကို​ဖွင့်​တော် မူ​၏။-
45 Então ele lhes abriu a mente para que entendessem as Escrituras,
46 ကိုယ်​တော်​က ``ကျမ်း​စာ​တော်​တွင်​မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်။ ထို​နောက်​သုံး​ရက်​ကြာ သော်​သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​မည်။-
46 e disse: “Sim, está escrito que o Cristo haveria de sofrer, morrer e ressuscitar no terceiro dia,
47 နာ​မ​တော်​ကို​အ​မှီ​ပြု​၍​အ​ပြစ်​လွှတ်​ခြင်း​တ​ရား နှင့်​နောင်​တ​တ​ရား​ကို​လည်း ယေ​ရု​ရှ​လင်​မြို့​မှ အ​စ​ပြု​၍​လူ​မျိုး​တ​ကာ​တို့​အား​ဟော​ပြော ရ​မည်။-
47 e que a mensagem de arrependimento para o perdão dos pecados seria proclamada com a autoridade de seu nome a todas as nações, começando por Jerusalém.
48 သင်​တို့​အား​ထို​အ​ဖြစ်​အ​ပျက်​များ​နှင့် ပတ်​သက်​၍​မျက်​မြင်​သက်​သေ​များ​ဖြစ်​ကြ​၏။-
48 Vocês são testemunhas dessas coisas.
49 ငါ​၏​ခ​မည်း​တော်​က​တိ​ထား​တော်​မူ​ရာ​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​သက်​ရောက်​စေ​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မ​ယူ​ရ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​၌ စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
49 “Agora, envio a vocês a promessa de meu Pai. Mas fiquem na cidade até que sejam revestidos do poder do céu”.
50 ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​အား​ဗေ​သ​နိ​ရွာ သို့​ခေါ်​ဆောင်​သွား​တော်​မူ​ပြီး​လျှင်​လက်​တော်​ကို ချီ​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။-
50 Depois Jesus os levou a Betânia e, levantando as mãos para o céu, os abençoou.
51 ဤ​သို့​ကောင်း​ချီး​ပေး​တော်​မူ​စဉ်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ထံ​မှ​ထွက်​ခွာ​လျက်​ကောင်း​ကင် ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။-
51 Enquanto ainda os abençoava, deixou-os e foi elevado ao céu.
52 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​အား​ရှိ​ခိုး​ပြီး လျှင်​အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​သွား​၍။-
52 Então eles o adoraram e voltaram para Jerusalém cheios de grande alegria.
53 ဗိ​မာန်​တော်​တွင်​အ​မြဲ​မ​ပြတ်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​နေ​ကြ​၏။ ရှင်​လု​ကာ​ခ​ရစ်​ဝင်​ပြီး​၏။
53 E estavam sempre no templo, louvando a Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.