Lucas 24
Common Language Bible (MYA) vs NTLH
1 တနင်္ဂနွေနေ့မိုးလင်းစအချိန်၌ထိုအမျိုး သမီးတို့သည် မိမိတို့အသင့်ပြင်ဆင်ထားသော နံ့သာပေါင်းကိုယူ၍ အခြားသူများနှင့်အတူ သင်္ချိုင်းတော်သို့သွားကြ၏။-
1 No domingo bem cedo, as mulheres foram ao túmulo, levando os perfumes que haviam preparado.
2 သင်္ချိုင်းဂူဝကကျောက်တုံးကိုလှိမ့်ဖယ်ထား သည်ကိုတွေ့သဖြင့်၊-
2 Elas viram que a pedra tinha sido tirada da entrada do túmulo.
3 ဂူထဲသို့ဝင်ကြ၏။ သို့ရာတွင်အလောင်းတော် ကိုမတွေ့ရကြ။-
3 Porém, quando entraram, não acharam o corpo do Senhor Jesus
4 ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။-
4 e não sabiam o que pensar. De repente, apareceram diante delas dois homens vestidos com roupas muito brilhantes.
5 အမျိုးသမီးများသည်ကြောက်ရွံ့၍ပျပ်ဝပ် လျက်နေကြ၏။ ထိုသူနှစ်ယောက်က``သင်တို့သည် အဘယ်ကြောင့်အသက်ရှင်သူကိုသေသူများ ရှိရာအရပ်တွင်ရှာကြသနည်း။-
5 E elas ficaram com medo, e se ajoelharam, e encostaram o rosto no chão. Então os homens disseram a elas: — Por que é que vocês estão procurando entre os mortos quem está vivo?
6 ကိုယ်တော်သည်ဤအရပ်တွင်မရှိ။ ရှင်ပြန်ထမြောက် တော်မူပြီ။ ကိုယ်တော်သည်ဂါလိလဲပြည်မှာရှိ တော်မူခဲ့စဉ်က၊-
6 Ele não está aqui, mas foi ressuscitado. Lembrem que, quando estava na Galileia, ele disse a vocês:
7 `လူသားသည်အပြစ်ကူးသူတို့၏လက်သို့ အပ်ခြင်းခံရလိမ့်မည်။ လက်ဝါးကပ်တိုင်မှာတင် ၍အသတ်ခံရလိမ့်မည်။ ထိုနောက်တတိယနေ့၌ သေခြင်းမှရှင်ြုပန်ထမြောက်တော်မူလိမ့်မည်' ဟူ၍ သင်တို့အားပြောကြားခဲ့သည်ကိုသတိရကြ လော့'' ဟုဆို၏။
7 “O Filho do Homem precisa ser entregue aos pecadores, precisa ser crucificado e precisa ressuscitar no terceiro dia”.
8 ထိုအခါအမျိုးသမီးများသည်ကိုယ်တော် မိန့်တော်မူခဲ့သောစကားများကိုပြန်သတိရ ၍၊-
8 Então as mulheres lembraram das palavras dele
9 သင်္ချိုင်းတော်မှမိမိတို့အိမ်သို့ပြန်ပြီးလျှင်တစ် ကျိပ်တစ်ပါးနှင့်တပည့်တော်အပေါင်းတို့အား ထိုအကြောင်းအရာအလုံးစုံကိုပြောကြား ကြ၏။-
9 e, quando voltaram do túmulo, contaram tudo isso aos onze apóstolos e a todos os outros.
10 တမန်တော်တို့အားဤသို့ပြောကြားသူများ ကားမာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင် ဖြစ်သူမာရိမှစ၍အခြားသောအမျိုးသမီး များဖြစ်သတည်း။-
10 Essas mulheres eram Maria Madalena, Joana e Maria, mãe de Tiago. Estas e as outras mulheres que foram com elas contaram tudo isso aos apóstolos.
11 သူတို့ပြောကြားသည့်စကားများသည်တမန် တော်တို့အတွက်ယုတ္တိမရှိသောကြောင့်တမန် တော်တို့သည်မယုံကြ။-
11 Mas eles acharam que o que as mulheres estavam dizendo era tolice e não acreditaram.
12 သို့ရာတွင်ပေတရုသည်သင်္ချိုင်းတော်သို့ပြေး သွားပြီးလျှင်ငုံ့၍ကြည့်၏။ ပိတ်များမှတစ်ပါး အခြားအဘယ်အရာကိုမျှမတွေ့ရ။ သူသည် ထိုအခြင်းအရာကိုအံ့သြလျက်အိမ်သို့ပြန် လေသည်။
12 Porém Pedro se levantou e correu para o túmulo. Abaixou-se para olhar e viu somente os lençóis de linho e nada mais. Aí voltou para casa, admirado com o que havia acontecido.
13 ထိုနေ့၌ပင်တပည့်တော်နှစ်ယောက်တို့သည် ဧမောက်ဟုခေါ်သောရွာသို့သွားကြ၏။ ထိုရွာ သည်ယေရုရှလင်မြို့နှင့်ခုနစ်မိုင်ခန့်ဝေး၏။-
13 Naquele mesmo dia, dois dos seguidores de Jesus estavam indo para um povoado chamado Emaús, que fica a mais ou menos dez quilômetros de Jerusalém.
14 ထိုသူနှစ်ယောက်တို့သည်ဖြစ်ပျက်ခဲ့သမျှ သောအမှုအရာများအကြောင်းကိုပြောဆို လျက်လာကြ၏။-
14 Eles estavam conversando a respeito de tudo o que havia acontecido.
15 ယင်းသို့ပြောဆိုဆွေးနွေးနေကြစဉ်သခင် ယေရှုကိုယ်တော်တိုင်သူတို့ထံသို့ချဉ်းကပ် ၍သူတို့နှင့်အတူကြွတော်မူ၏။-
15 Enquanto conversavam e discutiam, o próprio Jesus chegou perto e começou a caminhar com eles,
16 သို့ရာတွင်သူတို့သည်အကြောင်းတစ်စုံတစ်ခု ကြောင့်ကိုယ်တော်မှန်းမသိကြ။-
16 mas alguma coisa não deixou que eles o reconhecessem.
17 ကိုယ်တော်က ``သင်တို့သည်ခရီးသွားစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေး နေကြသနည်း'' ဟုမေးတော်မူ၏။
17 Então Jesus perguntou: Eles pararam, com um jeito triste,
18 သူတို့အနက်ကလောဖဆိုသူက ``ယေရုရှလင် မြို့သို့လာရောက်သောဧည့်သည်များအနက်သင် တစ်ဦးတည်းသာလျှင် ဤရက်များအတောအတွင်း ၌ယေရုရှလင်မြို့တွင်ဖြစ်ပျက်သည့်အမှုအရာ များအကြောင်းကိုမသိဘဲနေပါသလော'' ဟု ဆို၏။
18 e um deles, chamado Cleopas, disse: — Será que você é o único morador de Jerusalém que não sabe o que aconteceu lá, nestes últimos dias?
19 ကိုယ်တော်က ``အဘယ်အမှုအရာများနည်း'' ဟုမေးတော်မူ၏။
19 — O que foi? — perguntou ele. Eles responderam: — O que aconteceu com Jesus de Nazaré. Esse homem era
20 ငါတို့၏ယဇ်ပုရောဟိတ်ကြီးများနှင့်အကြီး အကဲများသည်သူ့အားသေဒဏ်စီရင်ရန် ပိလတ်မင်း၏လက်သို့အပ်နှံခဲ့ကြ၏။ လက် ဝါးကပ်တိုင်မှာတင်၍သတ်ခဲ့ကြပါ၏။-
20 Os chefes dos sacerdotes e os nossos líderes o entregaram para ser condenado à morte e o crucificaram.
21 ထိုအရှင်သည်ဣသရေလလူမျိုးကိုလွတ်မြောက် စေတော်မူမည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့် ခဲ့ကြပါ၏။ အဆိုပါအမှုအရာများဖြစ်ပျက် ခဲ့သည်မှာယခုသုံးရက်ရှိပါပြီ။-
21 E a nossa esperança era que fosse ele quem iria libertar o povo de Israel. Porém já faz três dias que tudo isso aconteceu.
22 ငါတို့၏အပေါင်းအဖော်များဖြစ်သောအမျိုး သမီးအချို့တို့သည်နံနက်စောစောသင်္ချိုင်း တော်သို့သွားခဲ့ကြ၏။-
22 Algumas mulheres do nosso grupo nos deixaram espantados, pois foram de madrugada ao túmulo
23 သူတို့သည်အလောင်းတော်ကိုမတွေ့ရကြပါ။ ကောင်းကင်တမန်များကိုရူပါရုံတွင်မြင်ရ ကြသည်ဟုငါတို့အားပြောကြားကြပါ၏။ ကောင်းကင်တမန်များကသခင်ယေရှုသည် အသက်ရှင်လျက်ရှိတော်မူကြောင်းကိုပြော ကြသည်ဟုလည်းဆိုကြ၏။ သို့ဖြစ်၍ငါ တို့သည်မိန်းမောတွေဝေသွားကြပါ၏။-
23 e não encontraram o corpo dele. Voltaram dizendo que viram anjos e que estes afirmaram que ele está vivo.
24 ငါတို့အထဲမှလူအချို့တို့သည်လည်းသင်္ချိုင်း တော်သို့သွားကြရာအမျိုးသမီးများဖော် ပြခဲ့သည်အတိုင်းပင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်ကိုမူကားမတွေ့မမြင်ရကြပါ'' ဟုဆိုကြ၏။
24 Alguns do nosso grupo foram ao túmulo e viram que realmente aconteceu o que as mulheres disseram, mas não viram Jesus.
25 ထိုအခါကိုယ်တော်က ``ပရောဖက်များဟော ကြားခဲ့သမျှကိုယုံကြည်ရန်အလွန်နှေး ကွေးသောအိုလူမိုက်တို့၊-
25 Então Jesus lhes disse:
26 မေရှိယသည်ဘုန်းအသရေတော်ကိုမခံမ ယူမီ ဤသို့သောဒုက္ခဝေဒနာများကိုခံစား ရန်လိုအပ်သည်မဟုတ်ပါလော'' ဟုမိန့်တော် မူ၏။-
26 Pois era preciso que o
27 ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။
27 E começou a explicar todas as passagens das Escrituras Sagradas que falavam dele, iniciando com os livros de Moisés e os escritos de todos os Profetas .
28 ထိုသူတို့သွားသည့်ရွာအနီးသို့ရောက်ကြ လျှင်ကိုယ်တော်သည်ရှေ့သို့ဆက်၍သွားမည့် ဟန်ပြု၏။-
28 Quando chegaram perto do povoado para onde iam, Jesus fez como quem ia para mais longe.
29 သို့ရာတွင်သူတို့က ``ယခုမိုးချုပ်စပြုပါပြီ။ နေ့အချိန်ကုန်ပါတော့မည်။ သို့ဖြစ်၍အကျွန်ုပ် တို့နှင့်အတူတည်းခိုပါ'' ဟုဆို၍ကိုယ်တော် အားဖိတ်ခေါ်ကြ၏။ ကိုယ်တော်သည်သူတို့နှင့် အတူတည်းခိုရန်လိုက်သွားတော်မူ၏။-
29 Mas eles insistiram com ele para que ficasse, dizendo: — Fique conosco porque já é tarde, e a noite vem chegando. Então Jesus entrou para ficar com os dois.
30 စားပွဲတွင်သူတို့နှင့်အတူထိုင်တော်မူလျက် မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍သူတို့အားပေး တော်မူ၏။-
30 Sentou-se à mesa com eles, pegou o pão e deu graças a Deus. Depois partiu o pão e deu a eles.
31 ထိုအခါ၌သူတို့သည်မျက်စိပွင့်လာကြ သဖြင့်ကိုယ်တော်မှန်းသိကြလေသည်။ သို့ရာ တွင်ကိုယ်တော်သည်သူတို့၏မျက်မှောက်မှ ကွယ်ပျောက်သွားလေသည်။-
31 Aí os olhos deles foram abertos, e eles reconheceram Jesus. Mas ele desapareceu.
32 သူတို့က ``လမ်းခရီးတွင်ကိုယ်တော်သည်ငါတို့ အားစကားပြောတော်မူသောအခါ၌လည်းကောင်း၊ ကျမ်းစာတော်၏အနက်ကိုဖွင့်ပြတော်မူသော အခါ၌လည်းကောင်း၊ ငါတို့၏စိတ်နှလုံးတွင် မီးလျှံထသကဲ့သို့ဖြစ်နေခဲ့သည်မဟုတ် ပါလော'' ဟုအချင်းချင်းပြောဆိုကြ၏။
32 Então eles disseram um para o outro: — Não parecia que o nosso coração queimava dentro do peito quando ele nos falava na estrada e nos explicava as Escrituras Sagradas?
33 သူတို့သည်ချက်ချင်းထ၍ယေရုရှလင်မြို့သို့ ပြန်ကြ၏။ ထိုအရပ်တွင်တစ်ကျိပ်တစ်ပါးနှင့် အခြားတပည့်တော်များသည်စုရုံးလျက်နေ ကြသည်ကိုတွေ့ကြ၏။-
33 Eles se levantaram logo e voltaram para Jerusalém, onde encontraram os onze apóstolos reunidos com outros seguidores de Jesus.
34 စုရုံးလျက်နေသောသူတို့က ``အကယ်ပင်သခင် ဘုရားသေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည်ပေတရုအားကိုယ်ထင်ပြတော် မူပြီ'' ဟုဆိုကြ၏။
34 E os apóstolos diziam: — De fato, o Senhor foi ressuscitado e foi visto por Simão!
35 ထိုနောက်ထိုသူနှစ်ယောက်တို့သည်လမ်းတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်း ကောင်း၊ မုန့်ကိုဖဲ့တော်မူစဉ်တွင်ကိုယ်တော်မှန်း သိရှိလာကြောင်းကိုလည်းကောင်းပြောကြ၏။
35 Então os dois contaram o que havia acontecido na estrada e como tinham reconhecido o Senhor quando ele havia partido o pão.
36 ထိုအကြောင်းအရာများကိုတပည့်တော်နှစ်ယောက် တို့ပြောပြနေစဉ်သခင်ယေရှုသည်သူတို့၏အလယ် ၌ပေါ်လာတော်မူ၍ ``သင်တို့တွင်ငြိမ်သက်ခြင်းရှိ စေသတည်း'' ဟုမိန့်တော်မူ၏။
36 Enquanto estavam contando isso, Jesus apareceu de repente no meio deles e disse:
37 သူတို့သည်တစ္ဆေခြောက်သည်ဟုထင်မှတ်သဖြင့် ထိတ်လန့်တုန်လှုပ်နေကြ၏။-
37 Eles ficaram assustados e com muito medo e pensaram que estavam vendo um fantasma.
38 ကိုယ်တော်က ``အဘယ်ကြောင့်ကြောက်လန့်နေကြ သနည်း။ အဘယ်ကြောင့်ယုံမှားသံသယဖြစ် နေကြသနည်း။ ငါ၏လက်များ၊ ခြေများကို ကြည့်ကြလော့။-
38 Mas ele disse:
39 သင်တို့မြင်ရသူကားငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ ကိုယ်ကိုစမ်းသပ်ကြည့်ကြလော့။ သင်တို့မြင်သည် အတိုင်းငါ့မှာအသားအရိုးများရှိ၏။
39 Olhem para as minhas mãos e para os meus pés e vejam que sou eu mesmo. Toquem em mim e vocês vão crer, pois um fantasma não tem carne nem ossos, como vocês estão vendo que eu tenho.
40 ထိုနောက်လက်တော်ခြေတော်တို့ကိုတပည့်တော် တို့အားပြတော်မူ၏။-
40 Jesus disse isso e mostrou as suas mãos e os seus pés.
41 သို့ရာတွင်သူတို့သည်အလွန်အံ့သြလျက်နေ ကြသဖြင့်မယုံနိုင်သေးဘဲရှိကြစဉ်ကိုယ်တော် က ``သင်တို့မှာစားစရာတစ်စုံတစ်ခုရှိသလော'' ဟုမေးတော်မူ၏။-
41 Eles ainda não acreditavam, pois estavam muito alegres e admirados. Então ele perguntou:
42 သူတို့သည်ငါးကင်တစ်ပိုင်းကိုပေးကြ၏။
42 Eles lhe deram um pedaço de peixe assado,
43 ကိုယ်တော်သည်ယူ၍သူတို့၏ရှေ့တွင်သုံးဆောင် တော်မူ၏။
43 que ele pegou e comeu diante deles.
44 ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
44 Depois disse:
45 ထိုနောက်တပည့်တော်တို့ကျမ်းစာတော်ကိုနား လည်ကြစေရန်သူတို့၏အသိဉာဏ်ကိုဖွင့်တော် မူ၏။-
45 Então Jesus abriu a mente deles para que eles entendessem as Escrituras Sagradas
46 ကိုယ်တော်က ``ကျမ်းစာတော်တွင်မေရှိယသည် အသေခံတော်မူရမည်။ ထိုနောက်သုံးရက်ကြာ သော်သေခြင်းမှထမြောက်တော်မူမည်။-
46 e disse:
47 နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
47 E que, em nome dele, a mensagem sobre o arrependimento e o perdão dos pecados seria anunciada a todas as nações, começando em Jerusalém.
48 သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။-
48 Vocês são testemunhas dessas coisas.
49 ငါ၏ခမည်းတော်ကတိထားတော်မူရာကို သင်တို့အပေါ်မှာငါသက်ရောက်စေမည်။ သို့ ရာတွင်သင်တို့သည်ကောင်းကင်ကတန်ခိုးကို မခံမယူရမီတိုင်အောင် ယေရုရှလင်မြို့၌ စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။
49 E eu lhes mandarei o que o meu Pai prometeu. Mas esperem aqui em Jerusalém, até que o poder de cima venha sobre vocês.
50 ကိုယ်တော်သည်တပည့်တော်တို့အားဗေသနိရွာ သို့ခေါ်ဆောင်သွားတော်မူပြီးလျှင်လက်တော်ကို ချီ၍ကောင်းချီးပေးတော်မူ၏။-
50 Então Jesus os levou para fora da cidade até o povoado de Betânia. Ali levantou as mãos e os abençoou.
51 ဤသို့ကောင်းချီးပေးတော်မူစဉ်ကိုယ်တော်သည် တပည့်တော်တို့ထံမှထွက်ခွာလျက်ကောင်းကင် ဘုံသို့ယူဆောင်ခြင်းကိုခံတော်မူ၏။-
51 Enquanto os estava abençoando, Jesus se afastou deles e foi levado para o céu.
52 တပည့်တော်တို့သည်ကိုယ်တော်အားရှိခိုးပြီး လျှင်အလွန်ဝမ်းမြောက်ရွှင်လန်းစွာယေရုရှလင် မြို့သို့ပြန်သွား၍။-
52 Eles o adoraram e voltaram para Jerusalém cheios de alegria.
53 ဗိမာန်တော်တွင်အမြဲမပြတ်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။
53 E passavam o tempo todo no pátio do Templo, louvando a Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.