Lucas 22
Common Language Bible (MYA) vs NAA
1 ပသခါပွဲဟုနာမည်တွင်သောတဆေးမဲ့ မုန့်ပွဲတော်အခါကျရန်နီးကပ်လာ၏။-
1 Estava próxima a Festa dos Pães sem Fermento, chamada Páscoa.
2 ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်လူတို့ကိုကြောက်သောကြောင့် ကိုယ်တော် ကိုလျှို့ဝှက်စွာသတ်ရန်နည်းလမ်းရှာလျက်နေ ကြ၏။
2 Os principais sacerdotes e os escribas procuravam uma forma de matar Jesus; porque temiam o povo.
3 ထိုအခါစာတန်သည် တစ်ကျိပ်နှစ်ပါးအပါ အဝင်ဖြစ်သူရှကာရုတ်ဟုနာမည်တွင်သော ယုဒ၏စိတ်နှလုံးထဲသို့ဝင်လေ၏။-
3 Ora, Satanás entrou em Judas, chamado Iscariotes, que era um dos doze.
4 ထို့ကြောင့်သူသည်ယဇ်ပုရောဟိတ်ကြီးများ နှင့်ဗိမာန်တော်အစောင့်တပ်မှူးများထံသို့ သွား၍ ကိုယ်တော်အားအဘယ်နည်းဖြင့်သူတို့ လက်သို့အပ်ရမည်ကိုဆွေးနွေးတိုင်ပင်၏။-
4 Judas foi entender-se com os principais sacerdotes e os capitães sobre como lhes entregaria Jesus.
5 သူတို့သည်ဝမ်းမြောက်သဖြင့်ယုဒအား ငွေပေးရန်ကတိပြုကြ၏။-
5 Eles se alegraram e combinaram em lhe dar dinheiro.
6 ယုဒသည်သဘောတူသဖြင့်ပရိသတ်မသိ အောင်ကိုယ်တော်အားသူတို့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
6 Judas concordou e buscava uma boa ocasião para lhes entregar Jesus, longe da multidão.
7 တဆေးမဲ့မုန့်ပွဲတော်တွင်ပသခါသိုးငယ်ကို သတ်၍ပူဇော်ရာနေ့ရက်ကျရောက်လာ၏။-
7 Chegou o dia da Festa dos Pães sem Fermento, em que era necessário fazer o sacrifício do cordeiro pascal.
8 ကိုယ်တော်ကပေတရုနှင့်ယောဟန်တို့အား ``ငါ တို့စားရန်ပသခါပွဲညစာကိုသွား၍ပြင်ဆင် ကြလော့'' ဟုဆို၍စေလွှတ်တော်မူ၏။
8 Então Jesus enviou Pedro e João, dizendo:
9 သူတို့က ``အဘယ်အရပ်တွင်ပြင်ဆင်ရပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
9 Eles lhe perguntaram: — Onde o senhor quer que a preparemos?
10 ကိုယ်တော်က ``သင်တို့မြို့တွင်းသို့ဝင်မိလျှင်ရေ အိုးကိုထမ်းလာသူလူတစ်ယောက်သည်သင်တို့ အားကြိုဆိုလိမ့်မည်။ သူ့နောက်သို့လိုက်၍သူ ဝင်သောအိမ်ထဲသို့ဝင်ကြလော့။-
10 Jesus lhes explicou:
11 အိမ်ရှင်အား `တပည့်များနှင့်အတူပသခါပွဲ ညစာကိုငါစားရန်အခန်းကားအဘယ်နည်း' ဟုဆရာတော်ကစုံစမ်းခိုင်းကြောင်းပြောကြား ကြလော့။-
11 e digam ao dono da casa: “O Mestre pergunta: ‘Onde fica o aposento no qual comerei a Páscoa com os meus discípulos?’”
12 ထိုသူသည်အထက်ထပ်ရှိခင်းကျင်းထားသော အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်မှုကိုပြုကြလော့'' ဟုမိန့်တော်မူ၏။-
12 Ele lhes mostrará um espaçoso cenáculo mobiliado; ali façam os preparativos.
13 တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး နောက်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်းတွေ့ ရှိကြသဖြင့် ပသခါပွဲညစာကိုအသင့်ပြင် ဆင်ကြ၏။
13 E, indo, acharam tudo como Jesus lhes tinha dito e prepararam a Páscoa.
14 အချိန်ရောက်သောအခါကိုယ်တော်သည်တမန် တော်တို့နှင့်အတူစားပွဲတွင်ထိုင်တော်မူ၏။-
14 Chegada a hora, Jesus se pôs à mesa, e os apóstolos estavam com ele.
15 ကိုယ်တော်က ``ငါသည်အသေမခံရမီဤ ပသခါပွဲညစာကိုသင်တို့နှင့်အတူစား ရန်အလွန်အလိုရှိ၏။-
15 Então Jesus lhes disse:
16 သင်တို့အားငါဆိုသည်ကားပသခါပွဲကျင်းပ သည့်ရည်ရွယ်ချက်သည် ဘုရားသခင်၏နိုင်ငံတော် ၌အကောင်အထည်ပေါ်လာလိမ့်မည်။ ထိုအချိန် မတိုင်မီငါသည်ပသခါညစာကိုနောက်တစ် ဖန်စားလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
16 Pois eu lhes digo que nunca mais a comerei, até que ela se cumpra no Reino de Deus.
17 ထိုနောက်ကိုယ်တော်သည်စပျစ်ရည်ခွက်ကိုယူ ၍ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူပြီးလျှင် ``ဤစပျစ်ရည်ခွက်ကိုယူ ကြလော့။ အချင်းချင်းဝေ၍သောက်ကြလော့။-
17 E, pegando um cálice, depois de ter dado graças, disse:
18 သင်တို့အားငါဆိုသည်ကားယခုမှစ၍ ဘုရားသခင်၏နိုင်ငံမတည်မချင်းငါသည် စပျစ်ရည်ကိုနောက်တစ်ဖန်သောက်လိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
18 Pois eu digo a vocês que, de agora em diante, não mais beberei do fruto da videira, até que venha o Reino de Deus.
19 ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-
19 E, pegando um pão, tendo dado graças, o partiu e lhes deu, dizendo:
20 ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။
20 Do mesmo modo, depois da ceia, pegou o cálice, dizendo:
21 ``သို့ရာတွင်သတိပြုကြလော့။ ငါ့ကိုရန်သူ့ လက်သို့အပ်မည့်သူသည်ငါနှင့်အတူစားပွဲ မှာရှိ၏။-
21 — Mas eis que a mão do traidor está comigo à mesa.
22 လူသားသည်ဘုရားသခင်ခွဲခန့်ထားတော်မူ သည်အတိုင်းအသေခံရန်အမှန်ပင်သွားရ မည်။ သို့သော်လူသားကိုရန်သူလက်သို့အပ် သောသူသည်အမင်္ဂလာရှိ၏'' ဟုမိန့်တော် မူ၏။
22 Pois o Filho do Homem vai segundo o que está determinado, mas ai daquele por quem ele está sendo traído!
23 တပည့်တော်တို့သည်မိမိတို့အနက်အဘယ် သူသည်ဤအမှုကိုပြုလိမ့်မည်နည်းဟု အချင်းချင်းမေးမြန်းကြ၏။
23 Então começaram a perguntar entre si qual deles seria o que estava para fazer isso.
24 တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးဖြစ်သနည်းဟုအငြင်း ပွားကြ၏။-
24 Houve também entre eles uma discussão sobre qual deles parecia ser o maior.
25 ထိုအခါကိုယ်တော်က ``လောကီဘုရင်များသည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ်ကြ ၏။ အာဏာပိုင်များသည်လည်းမိမိတို့ကိုယ်ကို ကျေးဇူးရှင်များဟုအခေါ်ခံတတ်ကြ၏။-
25 Mas Jesus lhes disse:
26 သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် စေသင့်။ သင်တို့တွင်အကြီးမြတ်ဆုံးဖြစ်သူ သည်အသိမ်ငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ခေါင်းဆောင်ဖြစ်သူသည်အစေခံကဲ့သို့ဖြစ် ရမည်။-
26 Mas vocês não são assim; pelo contrário, o maior entre vocês seja como o menor; e aquele que dirige seja como o que serve.
27 စားပွဲထိုင်သူ၊ အစေခံသူတို့အနက်အဘယ်သူ သာ၍ကြီးမြတ်သနည်း၊ စားပွဲထိုင်သူမဟုတ် လော။ သို့ရာတွင်ငါသည်သင်တို့တွင်အစေခံသူ သဖွယ်ဖြစ်၏။
27 Pois qual é maior: aquele que está à mesa ou aquele que serve? Não é verdade que é aquele que está à mesa? Pois, no meio de vocês, eu sou como quem serve.
28 သင်တို့သည်ငါနှင့်အတူစုံစမ်းနှောင့်ယှက်မှု များကိုရင်ဆိုင်ခဲ့သူများဖြစ်ကြ၏။-
28 Vocês são os que têm permanecido comigo nas minhas tentações.
29 ခမည်းတော်သည်ငါ့အားအုပ်စိုးခွင့်ကိုပေး အပ်တော်မူသည်နည်းတူ ငါသည်လည်းသင် တို့အားအုပ်စိုးခွင့်ကိုပေး၏။-
29 E eu confio a vocês um reino, assim como o meu Pai confiou a mim,
30 သင်တို့သည်နိုင်ငံတော်တွင်ငါ၏စားပွဲ၌စား သောက်ရကြလိမ့်မည်။ ထို့အပြင်ပလ္လင်များ ပေါ်မှာထိုင်လျက်ဣသရေလတစ်ဆယ့်နှစ်နွယ် တို့အားအုပ်စိုးရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
30 para que comam e bebam à minha mesa no meu Reino; e vocês se assentarão em tronos para julgar as doze tribos de Israel.
31 သခင်ယေရှုက ``ရှိမုန်၊ ရှိမုန်၊ စပါးကိုလှေ့ သကဲ့သို့သင်တို့အားလုံးကိုစစ်ဆေးရန် စာတန်ကအခွင့်ရလေပြီ။-
31 — Simão, Simão, eis que Satanás pediu para peneirar vocês como trigo!
32 သို့ဖြစ်၍သင်၏ယုံကြည်ခြင်းခိုင်မြဲစေရန် ငါဆုတောင်းလေပြီ။ သင်သည်သတိတရား ပြန်လည်ရရှိသောအခါသင်၏ညီအစ်ကို များအားခွန်အားဖြည့်တင်းပေးရမည်'' ဟု မိန့်တော်မူ၏။
32 Eu, porém, orei por você, para que a sua fé não desfaleça. E você, quando voltar para mim, fortaleça os seus irmãos.
33 ပေတရုက ``အရှင်၊ အကျွန်ုပ်သည်ထောင်ထဲသို့ လည်းကောင်း၊ သေရွာသို့လည်းကောင်းကိုယ်တော် ရှင်နှင့်အတူလိုက်ရန်အသင့်ရှိပါ၏'' ဟု လျှောက်၏။
33 Porém Pedro respondeu: — Estou pronto para ir com o Senhor, tanto para a prisão como para a morte.
34 ကိုယ်တော်က ``ပေတရု၊ သင့်အားငါဆိုသည် ကားယနေ့ညကြက်မတွန်မီသင်သည်ငါ့ကို မသိဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့် မည်'' ဟုမိန့်တော်မူ၏။
34 Mas Jesus lhe disse:
35 ထိုနောက်ကိုယ်တော်က ``ငါသည်သင်တို့အား ငွေအိတ်၊ လွယ်အိတ်နှင့်ဖိနပ်ကိုမယူစေဘဲ စေလွှတ်ခဲ့၏။ ထိုအခါသင်တို့တွင်တစ်စုံ တစ်ရာချို့တဲ့မှုရှိခဲ့သလော'' ဟုတပည့်တော် တို့အားမေးတော်မူ၏။
35 A seguir, Jesus perguntou aos discípulos: Eles responderam: — Não faltou nada!
36 ကိုယ်တော်က ``ယခုမူကားငွေအိတ်၊ လွယ်အိတ် ရှိလျှင်ယူခဲ့ကြ။ ဋ္ဌားမရှိလျှင်အဝတ်ကို ရောင်း၍ဋ္ဌားကိုဝယ်ကြ။-
36 Então Jesus lhes disse:
37 သင်တို့အားငါဆိုသည်ကား `ထိုသူသည်ရာဇဝတ် မှုကူးလွန်သူများစာရင်းတွင်ပါဝင်ရ၏' ဟူ သောကျမ်းစကားအတိုင်းငါ၌ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော်ငါ၏အကြောင်းရေး သားထားသည့်ကျမ်းစကားအရဖြစ်ပျက် လျက်ရှိနေသောကြောင့်တည်း'' ဟုမိန့်တော်မူ၏။
37 Pois eu lhes digo que é preciso que se cumpra em mim o que está escrito: “Ele foi contado com os malfeitores.” Pois o que a mim se refere está sendo cumprido.
38 တပည့်တော်တို့က ``အရှင်၊ ကြည့်တော်မူပါ။ ဤ မှာဋ္ဌားနှစ်လက်ရှိပါ၏'' ဟုလျှောက်ကြ၏။
38 Então lhe disseram: — Senhor, aqui estão duas espadas! Jesus lhes respondeu:
39 ကိုယ်တော်သည်အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့် တော်တို့သည်နောက်တော်သို့လိုက်ကြ၏။-
39 E, saindo, Jesus foi, como de costume, para o monte das Oliveiras; e os discípulos o acompanharam.
40 ထိုအရပ်သို့ရောက်တော်မူလျှင်ကိုယ်တော် က ``သင်တို့သည်စုံစမ်းသွေးဆောင်ရာသို့ မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။
40 Chegando ao lugar escolhido, Jesus lhes disse:
41 ထိုနောက်တပည့်တော်တို့နှင့်ခဲတစ်ပစ်ခန့် ကွာသောအရပ်သို့ကြွတော်မူ၍ဒူးထောက် လျက်၊-
41 Ele, por sua vez, se afastou um pouco, e, de joelhos, orava,
42 ``အို အဖ၊ အလိုတော်ရှိလျှင်ဤဒုက္ခဝေဒနာ ခွက်ကိုဖယ်ရှားတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်၊ ကိုယ်တော်ရှင်၏အလို တော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆု တောင်းတော်မူ၏။-
42 dizendo:
43 ကောင်းကင်ဘုံမှကောင်းကင်တမန်တစ်ပါး သည်လာ၍ကိုယ်တော်ကိုအားပေးလေ၏။-
43 Então lhe apareceu um anjo do céu que o confortava.
44 ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။
44 E, estando em agonia, orava mais intensamente. E aconteceu que o suor dele se tornou como gotas de sangue caindo sobre a terra.
45 ကိုယ်တော်သည်ဆုတောင်းရာမှထ၍တပည့် တော်များရှိရာသို့ပြန်ကြွတော်မူသောအခါ သူတို့သည်ဝမ်းနည်းမောပန်းလျက်အိပ်ပျော် နေကြသည်ကိုမြင်တော်မူ၏။-
45 Levantando-se da oração, Jesus foi até onde os discípulos estavam, e os encontrou dormindo de tristeza.
46 ကိုယ်တော်က ``သင်တို့အဘယ်ကြောင့်အိပ်နေ ကြသနည်း။ ထကြလော့။ စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။
46 E disse:
47 ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်ပင် လူပရိသတ် တစ်စုရောက်လာ၏။ တပည့်တော်တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သူယုဒသည် ထိုသူတို့ကို ခေါင်းဆောင်၍လာ၏။ သူသည်သခင်ယေရှုအား နမ်းရှုပ်ရန်ချဉ်းကပ်၏။-
47 Enquanto Jesus ainda falava, eis que chegou uma multidão. E um dos doze, que se chamava Judas, vinha à frente deles e se aproximou de Jesus para o beijar.
48 သခင်ယေရှုက ``ယုဒ၊ သင်သည်နမ်းရှုပ်ခြင်း ဖြင့်လူသားအားရန်သူလက်သို့အပ်မည်လော'' ဟုမေးတော်မူ၏။
48 Jesus, porém, lhe disse:
49 တပည့်တော်တို့သည်အခြေအနေကိုမှန်းဆ မိကြသောအခါကိုယ်တော်အား ``အရှင်၊ အကျွန်ုပ် တို့သည်ဋ္ဌားဖြင့်ခုတ်ရမည်လော'' ဟုမေးလျှောက် ကြ၏။-
49 Os que estavam ao redor de Jesus, vendo o que estava por acontecer, perguntaram: — Senhor, devemos atacar com as espadas?
50 တပည့်တော်တစ်ယောက်သည်ယဇ်ပုရောဟိတ် မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုသူ ၏လက်ယာနားရွက်ပြတ်လေ၏။
50 Um deles golpeou o servo do sumo sacerdote e cortou-lhe a orelha direita.
51 ထိုအခါသခင်ယေရှုက ``တော်ပြီ'' ဟုမိန့်တော် မူ၏။ ကိုယ်တော်သည်ထိုသူ၏နားရွက်ကိုလက် တော်ဖြင့်တို့ထိတော်မူ၍အနာကိုပျောက်စေ တော်မူ၏။
51 Mas Jesus interveio, dizendo: E, tocando na orelha do homem, o curou.
52 ထိုနောက်သခင်ယေရှုကမိမိအားဖမ်းဆီးရန် ရောက်ရှိလာကြသည့်ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့်ဘာသာရေး ခေါင်းဆောင်များအား ``သင်တို့သည်ဋ္ဌားပြကိုဖမ်း သကဲ့သို့ငါ့ကိုဖမ်းရန်ဋ္ဌားများ၊ တုတ်များနှင့် လာကြသလော။-
52 Então Jesus disse aos principais sacerdotes, capitães do templo e anciãos que vieram prendê-lo:
53 ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်မှာရှိစဉ်သင် တို့သည်အဘယ်ကြောင့်မဖမ်းဆီးကြသနည်း။ သို့ရာတွင်ဤအချိန်ကားသင်တို့၏အချိန်၊ အမိုက်မှောင်စိုးမိုးရာအချိန်တည်း'' ဟု မိန့်တော်မူ၏။
53 Todos os dias, estando eu com vocês no templo, vocês não tentaram me prender. Esta, porém, é a hora de vocês e a hora do poder das trevas.
54 ထိုသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ခေါ်ဆောင် သွားကြ၏။ ပေတရုသည်ခပ်လှမ်းလှမ်းကနေ ၍လိုက်လာခဲ့၏။-
54 Então, prendendo Jesus, levaram-no e o introduziram na casa do sumo sacerdote. Pedro seguia de longe.
55 လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-
55 Quando acenderam um fogo no meio do pátio e se assentaram juntos, Pedro tomou lugar entre eles.
56 ထိုသို့ပေတရုထိုင်နေသည်ကိုအစေခံမ ကလေးတစ်ယောက်မြင်သဖြင့်ပေတရုအား စိုက်ကြည့်ပြီးလျှင် ``ဤသူသည်ယေရှုနှင့် အပေါင်းအပါဖြစ်၏'' ဟုဆို၏။
56 Uma empregada, vendo-o sentado perto do fogo, fixou os olhos nele e disse: — Este também estava com ele.
57 သို့ရာတွင်ပေတရုက ``အချင်းအမျိုးသမီး၊ ထိုသူကိုငါမသိ'' ဟုငြင်းဆိုလေ၏။
57 Mas Pedro negou, dizendo: — Mulher, não o conheço.
58 ထိုနောက်ခဏမျှကြာသော်လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် ``သင်သည်လည်းထိုသူ လူစုတွင်အပါအဝင်ဖြစ်၏'' ဟုဆို၏။
58 Pouco depois, outro homem, ao ver Pedro, disse: — Você também é um deles. Mas Pedro disse: — Homem, eu não sou um deles.
59 ထိုနောက်တစ်နာရီခန့်ကြာသောအခါအခြား လူတစ်ယောက်က ``ဤသူသည်ဂါလိလဲပြည် သားဖြစ်သဖြင့်ယေရှုနှင့်အပေါင်းအပါဖြစ် သည်ကိုယုံမှားစရာမရှိ'' ဟုအခိုင်အမာဆို၏။
59 E, tendo passado cerca de uma hora, outro afirmou, dizendo: — Com certeza este também estava com ele, porque também é galileu.
60 သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။
60 Mas Pedro insistiu: — Homem, não sei do que você está falando. E logo, enquanto Pedro ainda falava, o galo cantou.
61 အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။-
61 Então, o Senhor voltou-se e fixou os olhos em Pedro. E Pedro se lembrou da palavra do Senhor, como lhe tinha dito: “Hoje, antes que o galo cante, você me negará três vezes.”
62 သို့ဖြစ်၍အပြင်သို့ထွက်ပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးလေ၏။
62 E Pedro, saindo dali, chorou amargamente.
63 သခင်ယေရှုကိုစောင့်ကြပ်နေသူတို့က ကိုယ်တော်အားပြောင်လှောင်ရိုက်ပုတ်ကြ၏။-
63 Os homens que detinham Jesus zombavam dele, davam-lhe pancadas e,
64 မျက်နှာတော်ကိုဖုံးပြီးလျှင် ``အရှင့်အားမည် သူရိုက်ပုတ်သည်ကိုဟောတော်မူပါ'' ဟုဆို ကြ၏။-
64 colocando uma venda sobre os olhos dele, diziam: — Profetize! Quem foi que bateu em você?
65 အခြားစကားများဖြင့်လည်းကိုယ်တော်ကို စော်ကားကြ၏။
65 E muitas outras coisas diziam contra ele, blasfemando.
66 မိုးလင်းသောအခါယုဒအမျိုးသားခေါင်း ဆောင်များဖြစ်ကြသောယဇ်ပုရောဟိတ်ကြီး များနှင့် ကျမ်းတတ်ဆရာများသည်စုဝေး ကြ၏။ ထိုနောက်ကိုယ်တော်အားမိမိတို့၏ တရားလွှတ်တော်သို့ခေါ်ဆောင်သွားကြ၏။-
66 Logo que amanheceu, reuniu-se a assembleia dos anciãos do povo, tanto os principais sacerdotes como os escribas, e o conduziram ao Sinédrio, onde lhe disseram:
67 သူတို့က ``သင်သည်မေရှိယဖြစ်ပါသလော။ ငါတို့အားပြောလော့'' ဟုဆိုကြ၏။
67 — Se você é o Cristo, diga-nos. Então Jesus lhes respondeu:
68 သင်တို့အားငါမေးလျှင်သင်တို့ဖြေမည်မဟုတ်။
68 E, se eu perguntar, vocês não me darão resposta.
69 ယခုမှစ၍လူသားသည်အနန္တတန်ခိုးတော် ရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလတ္တံ့'' ဟုမိန့်တော်မူ၏။
69 Desde agora, o Filho do Homem estará sentado à direita do Deus Todo-Poderoso.
70 ထိုသူတို့က ``သို့ဖြစ်ပါမူသင်သည်ဘုရား သခင်၏သားတော်ဖြစ်ပါသလော'' ဟုမေး ကြ၏။ ကိုယ်တော်က ``ငါသည်ဘုရားသခင် ၏သားတော်ဖြစ်သည်ဟုသင်တို့ပင်ဆိုချေ သည်'' ဟုမိန့်တော်မူ၏။
70 Todos perguntaram: — Então você é o Filho de Deus? Jesus respondeu:
71 ထိုအခါသူတို့က ``အဘယ်သက်သေလိုသေး သနည်း။ ငါတို့ကိုယ်တိုင်ပင်သူ၏စကားကို ကြားရကြပြီ'' ဟုဆိုကြ၏။
71 Eles disseram: — Que necessidade ainda temos de testemunho? Porque nós mesmos ouvimos o que ele falou.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.