Lucas 22

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ပ​သ​ခါ​ပွဲ​ဟု​နာ​မည်​တွင်​သော​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​ခါ​ကျ​ရန်​နီး​ကပ်​လာ​၏။-
1 Estava, pois, perto a Festa dos Pães Asmos, chamada de Páscoa.
2 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​လူ​တို့​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော် ကို​လျှို့​ဝှက်​စွာ​သတ်​ရန်​နည်း​လမ်း​ရှာ​လျက်​နေ ကြ​၏။
2 E os principais dos sacerdotes e os escribas andavam procurando como o matariam, porque temiam o povo.
3 ထို​အ​ခါ​စာ​တန်​သည် တစ်​ကျိပ်​နှစ်​ပါး​အ​ပါ အ​ဝင်​ဖြစ်​သူ​ရှ​ကာ​ရုတ်​ဟု​နာ​မည်​တွင်​သော ယု​ဒ​၏​စိတ်​နှ​လုံး​ထဲ​သို့​ဝင်​လေ​၏။-
3 Entrou, porém, Satanás em Judas, que tinha por sobrenome Iscariotes, o qual era do número dos doze.
4 ထို့​ကြောင့်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ နှင့်​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​ထံ​သို့ သွား​၍ ကိုယ်​တော်​အား​အ​ဘယ်​နည်း​ဖြင့်​သူ​တို့ လက်​သို့​အပ်​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​၏။-
4 E foi e falou com os principais dos sacerdotes e com os capitães de como lho entregaria,
5 သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​ယု​ဒ​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။-
5 os quais se alegraram e convieram em lhe dar dinheiro.
6 ယု​ဒ​သည်​သ​ဘော​တူ​သ​ဖြင့်​ပ​ရိ​သတ်​မ​သိ အောင်​ကိုယ်​တော်​အား​သူ​တို့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။
6 E ele concordou e buscava oportunidade para lho entregar sem alvoroço.
7 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​တွင်​ပ​သ​ခါ​သိုး​ငယ်​ကို သတ်​၍​ပူ​ဇော်​ရာ​နေ့​ရက်​ကျ​ရောက်​လာ​၏။-
7 Chegou, porém, o dia da Festa dos Pães Asmos, em que importava sacrificar a Páscoa.
8 ကိုယ်​တော်​က​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား ``ငါ တို့​စား​ရန်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​သွား​၍​ပြင်​ဆင် ကြ​လော့'' ဟု​ဆို​၍​စေ​လွှတ်​တော်​မူ​၏။
8 E mandou a Pedro e a João, dizendo: Ide, preparai-nos a Páscoa, para que
9 သူ​တို့​က ``အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
9 E eles lhe perguntaram: Onde queres que a preparemos?
10 ကိုယ်​တော်​က ``သင်​တို့​မြို့​တွင်း​သို့​ဝင်​မိ​လျှင်​ရေ အိုး​ကို​ထမ်း​လာ​သူ​လူ​တစ်​ယောက်​သည်​သင်​တို့ အား​ကြို​ဆို​လိမ့်​မည်။ သူ့​နောက်​သို့​လိုက်​၍​သူ ဝင်​သော​အိမ်​ထဲ​သို့​ဝင်​ကြ​လော့။-
10 E ele lhes disse: Eis que, quando entrardes na cidade, encontrareis um homem levando um cântaro de água; segui-o até à casa em que ele entrar.
11 အိမ်​ရှင်​အား `တ​ပည့်​များ​နှင့်​အ​တူ​ပ​သ​ခါ​ပွဲ ည​စာ​ကို​ငါ​စား​ရန်​အ​ခန်း​ကား​အ​ဘယ်​နည်း' ဟု​ဆ​ရာ​တော်​က​စုံ​စမ်း​ခိုင်း​ကြောင်း​ပြော​ကြား ကြ​လော့။-
11 E direis ao pai de família da casa: O mestre te diz: Onde está o aposento em que hei de comer a Páscoa com os meus discípulos?
12 ထို​သူ​သည်​အ​ထက်​ထပ်​ရှိ​ခင်း​ကျင်း​ထား​သော အ​ခန်း​ကြီး​ကို​ပြ​လိမ့်​မည်။ ထို​အ​ခန်း​တွင် ပြင်​ဆင်​မှု​ကို​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
12 Então, ele vos mostrará um grande cenáculo mobilado; aí fazei os preparativos.
13 တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး နောက်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​တွေ့ ရှိ​ကြ​သ​ဖြင့် ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​သင့်​ပြင် ဆင်​ကြ​၏။
13 E, indo eles, acharam como lhes havia sido dito; e prepararam a Páscoa.
14 အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည်​တ​မန် တော်​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​တော်​မူ​၏။-
14 E, chegada a hora, pôs-se à mesa, e, com ele, os doze apóstolos.
15 ကိုယ်​တော်​က ``ငါ​သည်​အ​သေ​မ​ခံ​ရ​မီ​ဤ ပ​သ​ခါ​ပွဲ​ည​စာ​ကို​သင်​တို့​နှင့်​အ​တူ​စား ရန်​အ​လွန်​အ​လို​ရှိ​၏။-
15 E disse-lhes: Desejei muito comer convosco esta Páscoa, antes que padeça,
16 သင်​တို့​အား​ငါ​ဆို​သည်​ကား​ပ​သ​ခါ​ပွဲ​ကျင်း​ပ သည့်​ရည်​ရွယ်​ချက်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ၌​အ​ကောင်​အ​ထည်​ပေါ်​လာ​လိမ့်​မည်။ ထို​အ​ချိန် မ​တိုင်​မီ​ငါ​သည်​ပ​သ​ခါ​ည​စာ​ကို​နောက်​တစ် ဖန်​စား​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
16 porque vos digo que não a comerei mais até que ela se cumpra no Reino de Deus.
17 ထို​နောက်​ကိုယ်​တော်​သည်​စ​ပျစ်​ရည်​ခွက်​ကို​ယူ ၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​ပြီး​လျှင် ``ဤ​စ​ပျစ်​ရည်​ခွက်​ကို​ယူ ကြ​လော့။ အ​ချင်း​ချင်း​ဝေ​၍​သောက်​ကြ​လော့။-
17 E, tomando o cálice e havendo dado graças, disse: Tomai-o e reparti-
18 သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​မ​တည်​မ​ချင်း​ငါ​သည် စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန်​သောက်​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
18 porque vos digo que já não beberei do fruto da vide, até que venha o Reino de Deus.
19 ထို​နောက်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ ကိုယ်​တော်​က ``ဤ​မုန့်​ကား​သင် တို့​အ​တွက်​စွန့်​သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​သ​တိ​ရ​ရန်​ဤ​သို့​ပြု ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
19 E, tomando o pão e havendo dado graças, partiu- o e deu-lho, dizendo: Isto é o meu corpo, que por vós é dado; fazei isso em memória de mim.
20 ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။
20 Semelhantemente, tomou o cálice, depois da ceia, dizendo: Este cálice é o Novo Testamento no meu sangue, que é derramado por vós.
21 ``သို့​ရာ​တွင်​သ​တိ​ပြု​ကြ​လော့။ ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ငါ​နှင့်​အ​တူ​စား​ပွဲ မှာ​ရှိ​၏။-
21 Mas eis que a mão do que me trai
22 လူ​သား​သည်​ဘု​ရား​သ​ခင်​ခွဲ​ခန့်​ထား​တော်​မူ သည်​အ​တိုင်း​အ​သေ​ခံ​ရန်​အ​မှန်​ပင်​သွား​ရ မည်။ သို့​သော်​လူ​သား​ကို​ရန်​သူ​လက်​သို့​အပ် သော​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏'' ဟု​မိန့်​တော် မူ​၏။
22 E, na verdade, o Filho do Homem vai segundo o que está determinado; mas ai daquele homem por quem é traído!
23 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​အ​နက်​အ​ဘယ် သူ​သည်​ဤ​အ​မှု​ကို​ပြု​လိမ့်​မည်​နည်း​ဟု အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။
23 E começaram a perguntar entre si qual deles seria o que havia de fazer isso.
24 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု​အ​ငြင်း ပွား​ကြ​၏။-
24 E houve também entre eles contenda sobre qual deles parecia ser o maior.
25 ထို​အ​ခါ​ကိုယ်​တော်​က ``လော​ကီ​ဘု​ရင်​များ​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ်​ကြ ၏။ အာ​ဏာ​ပိုင်​များ​သည်​လည်း​မိ​မိ​တို့​ကိုယ်​ကို ကျေး​ဇူး​ရှင်​များ​ဟု​အ​ခေါ်​ခံ​တတ်​ကြ​၏။-
25 E ele lhes disse: Os reis dos gentios dominam sobre eles, e os que têm autoridade sobre eles são chamados benfeitores.
26 သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် စေ​သင့်။ သင်​တို့​တွင်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ သည်​အ​သိမ်​ငယ်​ဆုံး​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။ ခေါင်း​ဆောင်​ဖြစ်​သူ​သည်​အ​စေ​ခံ​ကဲ့​သို့​ဖြစ် ရ​မည်။-
26 Mas não seja como o menor; e quem governa, como quem serve.
27 စား​ပွဲ​ထိုင်​သူ၊ အ​စေ​ခံ​သူ​တို့​အ​နက်​အ​ဘယ်​သူ သာ​၍​ကြီး​မြတ်​သ​နည်း၊ စား​ပွဲ​ထိုင်​သူ​မ​ဟုတ် လော။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​တွင်​အ​စေ​ခံ​သူ သ​ဖွယ်​ဖြစ်​၏။
27 Pois qual é maior: quem está porém, entre vós, sou como aquele que serve.
28 သင်​တို့​သည်​ငါ​နှင့်​အ​တူ​စုံ​စမ်း​နှောင့်​ယှက်​မှု များ​ကို​ရင်​ဆိုင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-
28 E vós sois os que tendes permanecido comigo nas minhas tentações.
29 ခ​မည်း​တော်​သည်​ငါ့​အား​အုပ်​စိုး​ခွင့်​ကို​ပေး အပ်​တော်​မူ​သည်​နည်း​တူ ငါ​သည်​လည်း​သင် တို့​အား​အုပ်​စိုး​ခွင့်​ကို​ပေး​၏။-
29 E eu vos destino o Reino, como meu Pai mo destinou,
30 သင်​တို့​သည်​နိုင်​ငံ​တော်​တွင်​ငါ​၏​စား​ပွဲ​၌​စား သောက်​ရ​ကြ​လိမ့်​မည်။ ထို့​အ​ပြင်​ပလ္လင်​များ ပေါ်​မှာ​ထိုင်​လျက်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ် တို့​အား​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
30 para que comais e bebais à minha mesa no meu Reino e vos assenteis sobre tronos, julgando as doze tribos de Israel.
31 သ​ခင်​ယေ​ရှု​က ``ရှိ​မုန်၊ ရှိ​မုန်၊ စ​ပါး​ကို​လှေ့ သ​ကဲ့​သို့​သင်​တို့​အား​လုံး​ကို​စစ်​ဆေး​ရန် စာ​တန်​က​အ​ခွင့်​ရ​လေ​ပြီ။-
31 Disse também o Senhor: Simão, Simão, eis que Satanás vos pediu para vos cirandar como trigo.
32 သို့​ဖြစ်​၍​သင်​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စေ​ရန် ငါ​ဆု​တောင်း​လေ​ပြီ။ သင်​သည်​သ​တိ​တ​ရား ပြန်​လည်​ရ​ရှိ​သော​အ​ခါ​သင်​၏​ညီ​အစ်​ကို များ​အား​ခွန်​အား​ဖြည့်​တင်း​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
32 Mas eu roguei por ti, para que a tua fé não desfaleça; e tu, quando te converteres, confirma teus irmãos.
33 ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ထောင်​ထဲ​သို့ လည်း​ကောင်း၊ သေ​ရွာ​သို့​လည်း​ကောင်း​ကိုယ်​တော် ရှင်​နှင့်​အ​တူ​လိုက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု လျှောက်​၏။
33 E ele lhe disse: Senhor, estou pronto a ir contigo até à prisão e à morte.
34 ကိုယ်​တော်​က ``ပေ​တ​ရု၊ သင့်​အား​ငါ​ဆို​သည် ကား​ယ​နေ့​ည​ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို မ​သိ​ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
34 Mas ele disse: Digo-te, Pedro, que não cantará hoje o galo antes que três vezes negues que me conheces.
35 ထို​နောက်​ကိုယ်​တော်​က ``ငါ​သည်​သင်​တို့​အား ငွေ​အိတ်၊ လွယ်​အိတ်​နှင့်​ဖိ​နပ်​ကို​မ​ယူ​စေ​ဘဲ စေ​လွှတ်​ခဲ့​၏။ ထို​အ​ခါ​သင်​တို့​တွင်​တစ်​စုံ တစ်​ရာ​ချို့​တဲ့​မှု​ရှိ​ခဲ့​သ​လော'' ဟု​တ​ပည့်​တော် တို့​အား​မေး​တော်​မူ​၏။
35 E disse-lhes: Quando vos mandei sem bolsa, alforje ou sandálias, faltou-vos, porventura, alguma coisa? Eles responderam: Nada.
36 ကိုယ်​တော်​က ``ယ​ခု​မူ​ကား​ငွေ​အိတ်၊ လွယ်​အိတ် ရှိ​လျှင်​ယူ​ခဲ့​ကြ။ ဋ္ဌား​မ​ရှိ​လျှင်​အ​ဝတ်​ကို ရောင်း​၍​ဋ္ဌား​ကို​ဝယ်​ကြ။-
36 Disse-lhes, pois: Mas, agora, aquele que tiver bolsa, tome-
37 သင်​တို့​အား​ငါ​ဆို​သည်​ကား `ထို​သူ​သည်​ရာ​ဇ​ဝတ် မှု​ကူး​လွန်​သူ​များ​စာ​ရင်း​တွင်​ပါ​ဝင်​ရ​၏' ဟူ သော​ကျမ်း​စ​ကား​အ​တိုင်း​ငါ​၌​ဖြစ်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​အ​ကြောင်း​ရေး သား​ထား​သည့်​ကျမ်း​စ​ကား​အ​ရ​ဖြစ်​ပျက် လျက်​ရှိ​နေ​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။
37 porquanto vos digo que importa que em mim se cumpra aquilo que está escrito: E com os malfeitores foi contado. Porque o que
38 တ​ပည့်​တော်​တို့​က ``အ​ရှင်၊ ကြည့်​တော်​မူ​ပါ။ ဤ မှာ​ဋ္ဌား​နှစ်​လက်​ရှိ​ပါ​၏'' ဟု​လျှောက်​ကြ​၏။
38 E eles disseram: Senhor, eis aqui duas espadas. E ele lhes disse: Basta.
39 ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည်​အ​တိုင်း သံ​လွင်​တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-
39 E, saindo, foi, como costumava, para o monte das Oliveiras; e também os seus discípulos o seguiram.
40 ထို​အ​ရပ်​သို့​ရောက်​တော်​မူ​လျှင်​ကိုယ်​တော် က ``သင်​တို့​သည်​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
40 E, quando chegou àquele lugar, disse-lhes: Orai, para que não entreis em tentação.
41 ထို​နောက်​တ​ပည့်​တော်​တို့​နှင့်​ခဲ​တစ်​ပစ်​ခန့် ကွာ​သော​အ​ရပ်​သို့​ကြွ​တော်​မူ​၍​ဒူး​ထောက် လျက်၊-
41 E apartou-se deles cerca de um tiro de pedra; e, pondo-se de joelhos, orava,
42 ``အို အ​ဖ၊ အ​လို​တော်​ရှိ​လျှင်​ဤ​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​အ​လို တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​တော်​မူ​၏။-
42 dizendo: Pai, se queres, passa de mim este cálice; todavia, não se faça a minha vontade, mas a tua.
43 ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​လာ​၍​ကိုယ်​တော်​ကို​အား​ပေး​လေ​၏။-
43 E apareceu-lhe um anjo do céu, que o confortava.
44 ကိုယ်​တော်​သည်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ကို​ခံ လျက်​ပို​၍​စိတ်​အား​ကြီး​စွာ​ဆု​တောင်း​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​ချွေး​ပေါက်​တို့ သည်​သွေး​စက်​များ​သ​ဖွယ်​မြေ​ပေါ်​သို့​ကျ​၏။
44 E, posto em agonia, orava mais intensamente. E o seu suor tornou-se em grandes gotas de sangue que corriam até ao chão.
45 ကိုယ်​တော်​သည်​ဆု​တောင်း​ရာ​မှ​ထ​၍​တ​ပည့် တော်​များ​ရှိ​ရာ​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဝမ်း​နည်း​မော​ပန်း​လျက်​အိပ်​ပျော် နေ​ကြ​သည်​ကို​မြင်​တော်​မူ​၏။-
45 E, levantando-se da oração, foi ter com os seus discípulos e achou-os dormindo de tristeza.
46 ကိုယ်​တော်​က ``သင်​တို့​အ​ဘယ်​ကြောင့်​အိပ်​နေ ကြ​သ​နည်း။ ထ​ကြ​လော့။ စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
46 E disse-lhes: Por que estais dormindo? Levantai-vos, e orai para que não entreis em tentação.
47 ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​ပင် လူ​ပ​ရိ​သတ် တစ်​စု​ရောက်​လာ​၏။ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး အ​ပါ​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည် ထို​သူ​တို့​ကို ခေါင်း​ဆောင်​၍​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​အား နမ်း​ရှုပ်​ရန်​ချဉ်း​ကပ်​၏။-
47 E, estando ele ainda a falar, surgiu uma multidão; e um dos doze, que se chamava Judas, ia adiante dela e chegou-se a Jesus para o beijar.
48 သ​ခင်​ယေ​ရှု​က ``ယု​ဒ၊ သင်​သည်​နမ်း​ရှုပ်​ခြင်း ဖြင့်​လူ​သား​အား​ရန်​သူ​လက်​သို့​အပ်​မည်​လော'' ဟု​မေး​တော်​မူ​၏။
48 E Jesus lhe disse: Judas, com um beijo trais o Filho do Homem?
49 တ​ပည့်​တော်​တို့​သည်​အ​ခြေ​အ​နေ​ကို​မှန်း​ဆ မိ​ကြ​သော​အ​ခါ​ကိုယ်​တော်​အား ``အ​ရှင်၊ အ​ကျွန်ုပ် တို့​သည်​ဋ္ဌား​ဖြင့်​ခုတ်​ရ​မည်​လော'' ဟု​မေး​လျှောက် ကြ​၏။-
49 E, vendo os que estavam com ele o que ia suceder, disseram-lhe: Senhor, feriremos à espada?
50 တ​ပည့်​တော်​တစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ ၏​လက်​ယာ​နား​ရွက်​ပြတ်​လေ​၏။
50 E um deles feriu o servo do sumo sacerdote e cortou-lhe a orelha direita.
51 ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``တော်​ပြီ'' ဟု​မိန့်​တော် မူ​၏။ ကိုယ်​တော်​သည်​ထို​သူ​၏​နား​ရွက်​ကို​လက် တော်​ဖြင့်​တို့​ထိ​တော်​မူ​၍​အ​နာ​ကို​ပျောက်​စေ တော်​မူ​၏။
51 E, respondendo Jesus, disse: Deixai-os; basta. E, tocando-lhe a orelha, o curou.
52 ထို​နောက်​သ​ခင်​ယေ​ရှု​က​မိ​မိ​အား​ဖမ်း​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​အား ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန်​ဋ္ဌား​များ၊ တုတ်​များ​နှင့် လာ​ကြ​သ​လော။-
52 E disse Jesus aos principais dos sacerdotes, e capitães do templo, e anciãos que tinham ido contra ele: Saístes com espadas e porretes, como para deter um salteador?
53 ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​မှာ​ရှိ​စဉ်​သင် တို့​သည်​အ​ဘယ်​ကြောင့်​မ​ဖမ်း​ဆီး​ကြ​သ​နည်း။ သို့​ရာ​တွင်​ဤ​အ​ချိန်​ကား​သင်​တို့​၏​အ​ချိန်၊ အ​မိုက်​မှောင်​စိုး​မိုး​ရာ​အ​ချိန်​တည်း'' ဟု မိန့်​တော်​မူ​၏။
53 Tenho estado todos os dias convosco no templo e não estendestes as mãos contra mim, mas esta é a vossa hora e o poder das trevas.
54 ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ ၍​လိုက်​လာ​ခဲ့​၏။-
54 Então, prendendo-o, o levaram e o meteram em casa do sumo sacerdote. E Pedro seguia-o de longe.
55 လူ​အ​ချို့​တို့​သည်​အိမ်​တော်​ဝင်း​အ​လယ်​တွင် မီး​ဖို​၍​ထိုင်​နေ​ကြ​၏။ ပေ​တ​ရု​သည် သူ​တို့ ၏​ကြား​တွင်​ဝင်​၍​ထိုင်​၏။-
55 E, havendo-se acendido fogo no meio do pátio, estando todos sentados, assentou-se Pedro entre eles.
56 ထို​သို့​ပေ​တ​ရု​ထိုင်​နေ​သည်​ကို​အ​စေ​ခံ​မ က​လေး​တစ်​ယောက်​မြင်​သ​ဖြင့်​ပေ​တ​ရု​အား စိုက်​ကြည့်​ပြီး​လျှင် ``ဤ​သူ​သည်​ယေ​ရှု​နှင့် အ​ပေါင်း​အ​ပါ​ဖြစ်​၏'' ဟု​ဆို​၏။
56 E como certa criada, vendo-o estar assentado ao fogo, pusesse os olhos nele, disse: Este também estava com ele.
57 သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​ကို​ငါ​မ​သိ'' ဟု​ငြင်း​ဆို​လေ​၏။
57 Porém ele negou-o, dizendo: Mulher, não o conheço.
58 ထို​နောက်​ခ​ဏ​မျှ​ကြာ​သော်​လူ​တစ်​ယောက်​သည် ပေ​တ​ရု​ကို​မြင်​သ​ဖြင့် ``သင်​သည်​လည်း​ထို​သူ လူ​စု​တွင်​အ​ပါ​အ​ဝင်​ဖြစ်​၏'' ဟု​ဆို​၏။
58 E, um pouco depois, vendo-o outro, disse: Tu és também deles. Mas Pedro disse: Homem, não sou.
59 ထို​နောက်​တစ်​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ​အ​ခြား လူ​တစ်​ယောက်​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် သား​ဖြစ်​သ​ဖြင့်​ယေ​ရှု​နှင့်​အ​ပေါင်း​အ​ပါ​ဖြစ် သည်​ကို​ယုံ​မှား​စ​ရာ​မ​ရှိ'' ဟု​အ​ခိုင်​အ​မာ​ဆို​၏။
59 E, passada quase uma hora, um outro afirmava, dizendo: Também este verdadeiramente estava com ele, pois também é galileu.
60 သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ သင်​ပြော သော​အ​ကြောင်း​အ​ရာ​ကို​ငါ​မ​သိ'' ဟု​ဆို​၏။
60 E Pedro disse: Homem, não sei o que dizes. E logo, estando ele ainda a falar, cantou o galo.
61 အ​ရှင်​ဘု​ရား​သည်​လှည့်​၍​ပေ​တ​ရု​ကို​ကြည့် တော်​မူ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် ``ယ​နေ့​ည ကြက်​မ​တွန်​မီ​သင်​သည် ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ် မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟူ​သော​သ​ခင် ဘု​ရား​၏​စ​ကား​တော်​ကို​ပြန်​၍​သ​တိ​ရ​၏။-
61 E, virando-se o Senhor, olhou para Pedro, e Pedro lembrou-se da palavra do Senhor, como lhe tinha dito: Antes que o galo cante hoje, me negarás três vezes.
62 သို့​ဖြစ်​၍​အ​ပြင်​သို့​ထွက်​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​လေ​၏။
62 E, saindo Pedro para fora, chorou amargamente.
63 သ​ခင်​ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သူ​တို့​က ကိုယ်​တော်​အား​ပြောင်​လှောင်​ရိုက်​ပုတ်​ကြ​၏။-
63 E os homens que detinham Jesus zombavam dele, ferindo-o.
64 မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ``အ​ရှင့်​အား​မည် သူ​ရိုက်​ပုတ်​သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို ကြ​၏။-
64 E, vendando-lhe os olhos, feriam-no no rosto e perguntavam-lhe, dizendo: Profetiza-nos: quem é que te feriu?
65 အ​ခြား​စ​ကား​များ​ဖြင့်​လည်း​ကိုယ်​တော်​ကို စော်​ကား​ကြ​၏။
65 E outras muitas coisas diziam contra ele, blasfemando.
66 မိုး​လင်း​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား​ခေါင်း ဆောင်​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​စု​ဝေး ကြ​၏။ ထို​နောက်​ကိုယ်​တော်​အား​မိ​မိ​တို့​၏ တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-
66 E logo que foi dia, ajuntaram-se os anciãos do povo, e os principais dos sacerdotes, e os escribas, e o conduziram ao seu concílio,
67 သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​သ​လော။ ငါ​တို့​အား​ပြော​လော့'' ဟု​ဆို​ကြ​၏။
67 e lhe perguntaram: Se tu és o Cristo, dize-nos. Ele replicou: Se vo-lo disser, não o crereis;
68 သင်​တို့​အား​ငါ​မေး​လျှင်​သင်​တို့​ဖြေ​မည်​မ​ဟုတ်။
68 e também, se vos perguntar, não me respondereis, nem me soltareis.
69 ယ​ခု​မှ​စ​၍​လူ​သား​သည်​အနန္တ​တန်​ခိုး​တော် ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင် ထိုင်​တော်​မူ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
69 Desde agora, o Filho do Homem se assentará à direita do poder de Deus.
70 ထို​သူ​တို့​က ``သို့​ဖြစ်​ပါ​မူ​သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သ​လော'' ဟု​မေး ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​သည်​ဟု​သင်​တို့​ပင်​ဆို​ချေ သည်'' ဟု​မိန့်​တော်​မူ​၏။
70 E disseram todos: Logo, és tu o Filho de Deus? E ele lhes disse: Vós dizeis que eu sou.
71 ထို​အ​ခါ​သူ​တို့​က ``အ​ဘယ်​သက်​သေ​လို​သေး သ​နည်း။ ငါ​တို့​ကိုယ်​တိုင်​ပင်​သူ​၏​စ​ကား​ကို ကြား​ရ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။
71 Então, disseram: De que mais testemunho necessitamos? Pois nós mesmos o ouvimos da sua boca.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.