Lucas 13

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို​အ​ချိန်​၌​လူ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​၍ ပိ​လတ်​မင်း​သတ်​ဖြတ်​လိုက် သည့်​ဂါ​လိ​လဲ​အ​မျိုး​သား​များ​အ​ကြောင်း ကို​လျှောက်​ထား​ကြ​၏။ ထို​သူ​တို့​သည်​ယဇ် ပူ​ဇော်​လျက်​ရှိ​နေ​စဉ်​သတ်​ဖြတ်​ခြင်း​ကို ခံ​ခဲ့​ရ​ကြ​၏။-
1 Naquela ocasião, alguns dos que estavam presentes contaram a Jesus que Pilatos misturara o sangue de alguns galileus com os sacrifícios deles.
2 ကိုယ်​တော်​က ``ထို​လူ​စု​သည်​ယင်း​သို့​အ​သတ် ခံ​ရ​သ​ဖြင့်​အ​ခြား​ဂါ​လိ​လဲ​အ​မျိုး​သား အ​ပေါင်း​တို့​ထက်​ပို​၍ အ​ပြစ်​ကူး​သူ​များ ဖြစ်​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ သူ တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။-
2 Jesus respondeu: "Vocês pensam que esses galileus eram mais pecadores que todos os outros, por terem sofrido dessa maneira?
3 သို့​ရာ​တွင်​သင်​တို့​သည်​လည်း​နောင်​တ​မ​ရ ကြ​လျှင် ထို​သူ​တို့​နည်း​တူ​သေ​ကျေ​ပျက်​စီး ရ​လိမ့်​မည်။-
3 Eu lhes digo que não! Mas se não se arrependerem, todos vocês também perecerão.
4 ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​၍​သေ​သူ လူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် အ​ခြား​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​ထက်​ပို​၍​အ​ပြစ် ကူး​သူ​များ​ဖြစ်​သည်​ဟု သင်​တို့​ထင်​မှတ် ကြ​သ​လော။-
4 Ou vocês pensam que aqueles dezoito que morreram, quando caiu sobre eles a torre de Siloé, eram mais culpados do que todos os outros habitantes de Jerusalém?
5 သူ​တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​သင်​တို့ သည်​လည်း​နောင်​တ​မ​ရ​ကြ​လျှင် ထို​သူ​တို့ နည်း​တူ​သေ​ကျေ​ပျက်​စီး​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
5 Eu lhes digo que não! Mas se não se arrependerem, todos vocês também perecerão".
6 ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``လူ​တစ်​ယောက်​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ တွင် စိုက်​ပျိုး​ထား​သော​သင်္ဘော​သ​ဖန်း​ပင်​တစ် ပင်​ရှိ​၏။ ဥ​ယျာဉ်​ရှင်​သည်​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သော်​လည်း​တစ်​လုံး​မျှ​မ​တွေ့​ရ။-
6 Então contou esta parábola: "Um homem tinha uma figueira plantada em sua vinha. Foi procurar fruto nela, e não achou nenhum.
7 ဥ​ယျာဉ်​ရှင်​က `ငါ​သည်​ဤ​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သည်​မှာ​သုံး​နှစ်​ရှိ​ချေ​ပြီ။ သို့​ရာ တွင်​တစ်​လုံး​မျှ​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ် ပစ်​လော့။ အ​ဘယ်​ကြောင့်​မြေ​ကို​အ​ကျိုး​မဲ့ ဖြစ်​စေ​မည်​နည်း' ဟု​ဥယျာဉ်​မှူး​အား​ဆို​၏။-
7 Por isso disse ao que cuidava da vinha: ‘Já faz três anos que venho procurar fruto nesta figueira e não acho. Corte-a! Por que deixá-la inutilizar a terra? ’
8 ဥ​ယျာဉ်​မှူး​က `ထို​အ​ပင်​ကို​ဤ​နှစ်​တစ်​နှစ် ထား​ပါ​ဦး။ အ​ပင်​ရင်း​ပတ်​လည်​ကို​အ​ကျွန်ုပ် တူး​ဆွ​၍​မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။-
8 "Respondeu o homem: ‘Senhor, deixe-a por mais um ano, e eu cavarei ao redor dela e a adubarei.
9 နောင်​နှစ်​ခါ​အ​သီး​သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍​အ​သီး​မ​သီး​ခဲ့​သော်​ခုတ်​ပစ်​ပါ' ဟု ပြန်​၍​လျှောက်​သည်'' ဟု​မိန့်​တော်​မူ​၏။
9 Se der fruto no ano que vem, muito bem! Se não, corte-a’ ".
10 — ausente —
10 Certo sábado Jesus estava ensinando numa das sinagogas,
11 — ausente —
11 e ali estava uma mulher que tinha um espírito que a mantinha doente havia dezoito anos. Ela andava encurvada e de forma alguma podia endireitar-se.
12 သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင် သော​အ​ခါ အ​ထံ​တော်​သို့​ခေါ်​တော်​မူ​လျက် ``အ​ချင်း​အ​မျိုး​သ​မီး​သင့်​ရော​ဂါ​ပျောက် ပြီ'' ဟု​မိန့်​တော်​မူ​၏။-
12 Ao vê-la, Jesus chamou-a à frente e lhe disse: "Mulher, você está livre da sua doença".
13 သူ​၏​အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ သ​ဖြင့် သူ​သည်​ချက်​ချင်း​ပင်​ခါး​ဆန့်​သွား​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​ကူး လေ​၏။
13 Então lhe impôs as mãos; e imediatamente ela se endireitou, e louvava a Deus.
14 ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။
14 Indignado porque Jesus havia curado no sábado, o dirigente da sinagoga disse ao povo: "Há seis dias em que se deve trabalhar. Venham para ser curados nesses dias, e não no sábado".
15 သ​ခင်​ဘု​ရား​က ``ကြောင်​သူ​တော်​တို့၊ သင်​တို့​ရှိ သ​မျှ​သည်​ဥ​ပုသ်​နေ့​၌​သင်​တို့​၏​မြည်း​များ၊ နွား​များ​အား​တင်း​ကုတ်​မှ​ကြိုး​ကို​ဖြေ​၍ ရေ တိုက်​ရန်​ခေါ်​ဆောင်​သွား​တတ်​ကြ​သည်​မ​ဟုတ် လော။-
15 O Senhor lhe respondeu: "Hipócritas! Cada um de vocês não desamarra no sábado o seu boi ou jumento do estábulo e o leva dali para dar-lhe água?
16 အာ​ဗြ​ဟံ​၏​သ​မီး​ဖြစ်​သူ​ဤ​အ​မျိုး​သ​မီး သည် တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​စာ​တန်​၏​အ​နှောင် အ​ဖွဲ့​ကို​ခံ​ခဲ့​ရ​၏။ သူ့​အား​ဥ​ပုသ်​နေ့​၌​ထို အ​နှောင်​အ​ဖွဲ့​မှ​မ​လွှတ်​အပ်​သ​လော'' ဟု​မိန့် တော်​မူ​၏။-
16 Então, esta mulher, uma filha de Abraão a quem Satanás mantinha presa por dezoito longos anos, não deveria no dia de sábado ser libertada daquilo que a prendia? "
17 ဤ​သို့​မိန့်​တော်​မူ​လိုက်​သော​အ​ခါ​ကိုယ်​တော် ကို​ရန်​ဘက်​ပြု​သူ​များ​သည်​အ​ရှက်​ရ​သွား ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကား ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ များ​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။
17 Tendo dito isso, todos os seus oponentes ficaram envergonhados, mas o povo se alegrava com todas as maravilhas que ele estava fazendo.
18 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​အ​ဘယ်​အ​ရာ​နှင့်​တူ​သ​နည်း။ အ​ဘယ် အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။-
18 Então Jesus perguntou: "Com que se parece o Reino de Deus? Com que o compararei?
19 နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ မုန် ညင်း​စေ့​ကို​လူ​တစ်​ယောက်​သည်​ယူ​၍​မိ​မိ​၏ ဥ​ယျာဉ်​တွင်​စိုက်​၏။ ထို​အ​စေ့​မှ​အပင်​ပေါက် ၍​ကြီး​မား​လာ​သ​ဖြင့် ထို​အ​ပင်​၏​အ​ကိုင်း အ​ခက်​များ​တွင်​ငှက်​များ​နား​နေ​ရ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
19 É como um grão de mostarda que um homem semeou em sua horta. Ele cresceu e se tornou uma árvore, e as aves do céu se fizaram ninhos em seus ramos".
20 တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​အ​ဘယ်​အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။-
20 Mais uma vez ele perguntou: "A que compararei o Reino de Deus?
21 နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ တ​ဆေး ကို​အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ယူ​ပြီး​လျှင် မုန့်​ညက်​သုံး​စိတ်​တွင်​ထည့်​၍​မုန့်​ညက်​အား​လုံး ကို​ဖောင်း​ကြွ​လာ​စေ​သည်'' ဟု​မိန့်​တော်​မူ​၏။
21 É como o fermento que uma mulher misturou com uma grande quantidade de farinha, e toda a massa ficou fermentada".
22 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု တော်​မူ​ရာ​လမ်း​တွင်​ဟော​ပြော​သွန်​သင်​လျက် တစ်​မြို့​မှ​တစ်​မြို့၊ တစ်​ရွာ​မှ​တစ်​ရွာ​ကို​ဖြတ် ၍​ကြွ​တော်​မူ​၏။-
22 Depois Jesus foi pelas cidades e povoados e ensinava, prosseguindo em direção a Jerusalém.
23 လူ​တစ်​ယောက်​က ``အ​ရှင်၊ ကယ်​တင်​ခြင်း​ခံ​ရ သူ​များ​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါ သ​လော'' ဟု​မေး​လျှောက်​၏။
23 Alguém lhe perguntou: "Senhor, serão poucos os salvos? " Ele lhes disse:
24 ကိုယ်​တော်​က ``သင်​တို့​သည်​ကျဉ်း​မြောင်း​သော တံ​ခါး​ပေါက်​ကို​ဝင်​ရန်​ကြိုး​စား​အား​ထုတ်​ကြ လော့။ လူ​အ​များ​ပင်​ထို​တံ​ခါး​ပေါက်​ကို​ဝင်​ရန် ကြိုး​စား​ကြ​လိမ့်​မည်။ သို့​သော်​ဝင်​နိုင်​စွမ်း​ရှိ​ကြ လိမ့်​မည်​မ​ဟုတ်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-
24 "Esforcem-se para entrar pela porta estreita, porque eu lhes digo que muitos tentarão entrar e não conseguirão.
25 အိမ်​ရှင်​သည်​ထ​လျက်​တံ​ခါး​ကို​ပိတ်​လိုက်​၍ သင် တို့​သည်​အိမ်​ပြင်​မှာ​ရောက်​ရှိ​နေ​ရ​သော​အ​ဖြစ် နှင့်​တွေ့​ကြုံ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​က `အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ကို​ဖွင့်​ပေး​တော် မူ​ပါ' ဟု​ဆို​၍​တံ​ခါး​ကို​ခေါက်​သော်​လည်း အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ​သည်​ကို​ငါ မ​သိ' ဟု​ဆို​လိမ့်​မည်။-
25 Quando o dono da casa se levantar e fechar a porta, vocês ficarão do lado de fora, batendo e pedindo: ‘Senhor, abre-nos a porta’. "Ele, porém, responderá: ‘Não os conheço, nem sei de onde são vocês’.
26 ထို​အ​ခါ​သင်​တို့​က `အ​ကျွန်ုပ်​တို့​သည်​အ​ရှင် နှင့်​အ​တူ​စား​သောက်​ခဲ့​သူ​များ​ဖြစ်​ပါ​၏။ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​၏​မြို့​ရွာ​တွင်​ဟော​ပြော​သွန်​သင် ခဲ့​ပါ​၏' ဟု​လျှောက်​ကြ​လိမ့်​မည်။-
26 "Então vocês dirão: ‘Comemos e bebemos contigo, e ensinaste em nossas ruas’.
27 သို့​သော်​လည်း​အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ သည်​ကို​ငါ​မ​သိ။ ဆိုး​ညစ်​သော​သူ​တို့၊ ငါ့​ထံ​မှ ထွက်​သွား​ကြ​လော့' ဟူ​၍​ပြန်​ပြော​ပေ​အံ့။-
27 "Mas ele responderá: ‘Não os conheço, nem sei de onde são vocês. Afastem-se de mim, todos vocês, que praticam o mal! ’
28 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ထဲ​တွင် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပ​ရော​ဖက်​အ​ပေါင်း တို့​ရောက်​ရှိ​ကြ​သည်​ကို​မြင်​လျက် မိ​မိ​တို့​ကိုယ် တိုင်​က​မူ​နိုင်​ငံ​တော်​၏​ပြင်​ပ​သို့​နှင်​ထုတ်​ခြင်း ခံ​ရ​ကြ​သော​အ​ခါ​အ​ဘယ်​မျှ​ငို​ကြွေး​မြည် တမ်း​ခြင်း၊ အံ​သွား​ကြိတ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​နည်း။-
28 "Ali haverá choro e ranger de dentes, quando vocês virem Abraão, Isaque e Jacó e todos os profetas no Reino de Deus, mas vocês excluídos.
29 လူ​တို့​သည်​အ​ရှေ့​အ​နောက်​တောင်​မြောက်​အ​ရပ် လေး​မျက်​နှာ​မှ​လာ​ကြ​ပြီး​လျှင် ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ပွဲ​တွင်​ဝင်​ကြ​လိမ့်​မည်။-
29 Pessoas virão do oriente e do ocidente, do norte e do sul, e ocuparão os seus lugares à mesa no Reino de Deus.
30 ထို​အ​ခါ​၌​ယ​ခု​နောက်​ဆုံး​သို့​ရောက်​နေ​သော သူ​တို့​သည် ရှေ့​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု ရှေ့​ဆုံး​သို့​ရောက်​နေ​သူ​တို့​သည် နောက်​ဆုံး​သို့​ရောက် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
30 De fato, há últimos que serão primeiros, e primeiros que serão últimos".
31 ထို​အ​ချိန်​၌​ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​ကို​လာ​ပြီး​လျှင် ``ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ အ​ခြား​အ​ရပ်​သို့​ကြွ​တော်​မူ​ပါ။ ဟေ​ရုဒ်​မင်း သည်​အ​ရှင့်​အား​သတ်​ရန်​အ​ကြံ​ရှိ​ပါ​၏'' ဟု လျှောက်​ကြ​၏။
31 Naquela mesma hora alguns fariseus aproximaram-se de Jesus e lhe disseram: "Saia e vá embora daqui, pois Herodes quer matá-lo".
32 ကိုယ်​တော်​က ``ငါ​သည်​ယ​နေ့​နှင့်​နက်​ဖြန်​နေ့​တို့​၌ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍ အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​မည်။ တ​တိ​ယ​နေ့​တွင်​မူ​ငါ​၏ အ​လုပ်​ကို​အ​ဆုံး​သတ်​မည်​ဖြစ်​ကြောင်း​ကို​ထို မြေ​ခွေး​ကို​ပြော​ကြ​လော့။-
32 Ele respondeu: "Vão dizer àquela raposa: ‘Expulsarei demônios e curarei o povo hoje e amanhã, e no terceiro dia estarei pronto’.
33 သို့​ရာ​တွင်​ယ​နေ့၊ နက်​ဖြန်​နေ့၊ နောက်​တစ်​နေ့​၌ ငါ​ခ​ရီး​ပြု​ရ​ဦး​မည်။ ပ​ရော​ဖက်​ဟူ​သည်​ယေ​ရု ရှ​လင်​မြို့​မှ​အ​ပ​အ​ခြား​အ​ရပ်​တွင်​အ​သတ် ခံ​ရန်​မ​သင့်။
33 Mas, preciso prosseguir hoje, amanhã e depois de amanhã, pois certamente nenhum profeta deve morrer fora de Jerusalém!
34 ``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​သော တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​သည် ကြက်​က​လေး​များ​ကို​မိ​မိ​၏​အ​တောင်​အောက် တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင်​၏​သား သ​မီး​များ​ကို​စု​သိမ်း​ထား​လို​သည်​မှာ​ကြိမ်​ဖန် များ​လှ​လေ​ပြီ။ သို့​ရာ​တွင်​သင်​မူ​ကား​ငါ့​ကို ဤ​သို့​မ​ပြု​စေ​လို။-
34 "Jerusalém, Jerusalém, você, que mata os profetas e apedrejas os que lhe são enviados! Quantas vezes eu quis reunir os seus filhos, como a galinha reúne os seus pintinhos debaixo das suas asas, mas vocês não quiseram!
35 သို့​ဖြစ်​၍​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် စွန့်​တော်​မူ​လိမ့်​မည်။ သင့်​အား​ငါ​ဆို​သည်​ကား `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​ရာ​နေ့​မ​တိုင်​မီ​သင်​သည်​ငါ့​ကို မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
35 Eis que a casa de vocês ficará deserta. Eu lhes digo que vocês não me verão mais até que digam: ‘Bendito o que vem em nome do Senhor’".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.