Lucas 13
Common Language Bible (MYA) vs NTLH
1 ထိုအချိန်၌လူအချို့တို့သည်ကိုယ်တော် ၏ထံသို့လာ၍ ပိလတ်မင်းသတ်ဖြတ်လိုက် သည့်ဂါလိလဲအမျိုးသားများအကြောင်း ကိုလျှောက်ထားကြ၏။ ထိုသူတို့သည်ယဇ် ပူဇော်လျက်ရှိနေစဉ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြ၏။-
1 Naquela mesma ocasião algumas pessoas chegaram e começaram a comentar com Jesus como Pilatos havia mandado matar vários galileus, no momento em que eles ofereciam sacrifícios a Deus.
2 ကိုယ်တော်က ``ထိုလူစုသည်ယင်းသို့အသတ် ခံရသဖြင့်အခြားဂါလိလဲအမျိုးသား အပေါင်းတို့ထက်ပို၍ အပြစ်ကူးသူများ ဖြစ်သည်ဟုသင်တို့ထင်မှတ်ကြသလော။ သူ တို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။-
2 Então Jesus disse:
3 သို့ရာတွင်သင်တို့သည်လည်းနောင်တမရ ကြလျှင် ထိုသူတို့နည်းတူသေကျေပျက်စီး ရလိမ့်မည်။-
3 De modo nenhum! Eu afirmo a vocês que, se não se arrependerem dos seus pecados, todos vocês vão morrer como eles morreram.
4 ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိ၍သေသူ လူတစ်ဆယ့်ရှစ်ယောက်တို့သည် အခြားယေရု ရှလင်မြို့သူမြို့သားများထက်ပို၍အပြစ် ကူးသူများဖြစ်သည်ဟု သင်တို့ထင်မှတ် ကြသလော။-
4 E lembrem daqueles dezoito, do bairro de Siloé, que foram mortos quando a torre caiu em cima deles. Vocês pensam que eles eram piores do que os outros que moravam em Jerusalém?
5 သူတို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။ သို့ရာတွင်သင်တို့ သည်လည်းနောင်တမရကြလျှင် ထိုသူတို့ နည်းတူသေကျေပျက်စီးရလိမ့်မည်'' ဟု မိန့်တော်မူ၏။
5 De modo nenhum! Eu afirmo a vocês que, se não se arrependerem dos seus pecados, todos vocês vão morrer como eles morreram.
6 ကိုယ်တော်သည်လူအပေါင်းတို့အားပုံဥပမာ ဆောင်၍ ``လူတစ်ယောက်၏စပျစ်ဥယျာဉ်ထဲ တွင် စိုက်ပျိုးထားသောသင်္ဘောသဖန်းပင်တစ် ပင်ရှိ၏။ ဥယျာဉ်ရှင်သည်သဖန်းပင်ကိုလာ၍ သဖန်းသီးရှာသော်လည်းတစ်လုံးမျှမတွေ့ရ။-
6 Então Jesus contou esta parábola :
7 ဥယျာဉ်ရှင်က `ငါသည်ဤသဖန်းပင်ကိုလာ၍ သဖန်းသီးရှာသည်မှာသုံးနှစ်ရှိချေပြီ။ သို့ရာ တွင်တစ်လုံးမျှမတွေ့ရ။ ဤသဖန်းပင်ကိုခုတ် ပစ်လော့။ အဘယ်ကြောင့်မြေကိုအကျိုးမဲ့ ဖြစ်စေမည်နည်း' ဟုဥယျာဉ်မှူးအားဆို၏။-
7 Aí disse ao homem que tomava conta da plantação: “Olhe! Já faz três anos seguidos que venho buscar figos nesta figueira e não encontro nenhum. Corte esta figueira! Por que deixá-la continuar tirando a força da terra sem produzir nada?”
8 ဥယျာဉ်မှူးက `ထိုအပင်ကိုဤနှစ်တစ်နှစ် ထားပါဦး။ အပင်ရင်းပတ်လည်ကိုအကျွန်ုပ် တူးဆွ၍မြေသြဇာထည့်ပါဦးမည်။-
8 Mas o empregado respondeu: “Patrão, deixe a figueira ficar mais este ano. Eu vou afofar a terra em volta dela e pôr bastante adubo.
9 နောင်နှစ်ခါအသီးသီးကောင်းသီးပါလိမ့်မည်။ အကယ်၍အသီးမသီးခဲ့သော်ခုတ်ပစ်ပါ' ဟု ပြန်၍လျှောက်သည်'' ဟုမိန့်တော်မူ၏။
9 Se no ano que vem ela der figos, muito bem. Se não der, então mande cortá-la.”
10 — ausente —
10 Certo sábado, Jesus estava ensinando numa sinagoga .
11 — ausente —
11 E chegou ali uma mulher que fazia dezoito anos que estava doente, por causa de um espírito mau. Ela andava encurvada e não conseguia se endireitar.
12 သခင်ယေရှုသည်ထိုအမျိုးသမီးကိုမြင် သောအခါ အထံတော်သို့ခေါ်တော်မူလျက် ``အချင်းအမျိုးသမီးသင့်ရောဂါပျောက် ပြီ'' ဟုမိန့်တော်မူ၏။-
12 Quando Jesus a viu, ele a chamou e disse:
13 သူ၏အပေါ်မှာလက်တော်ကိုတင်တော်မူ သဖြင့် သူသည်ချက်ချင်းပင်ခါးဆန့်သွား၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးကူး လေ၏။
13 Aí pôs as mãos sobre ela, e ela logo se endireitou e começou a louvar a Deus.
14 ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။
14 Mas o chefe da sinagoga ficou zangado porque Jesus havia feito uma cura no sábado. Por isso disse ao povo: — Há seis dias para trabalhar. Pois venham nesses dias para serem curados, mas, no sábado, não!
15 သခင်ဘုရားက ``ကြောင်သူတော်တို့၊ သင်တို့ရှိ သမျှသည်ဥပုသ်နေ့၌သင်တို့၏မြည်းများ၊ နွားများအားတင်းကုတ်မှကြိုးကိုဖြေ၍ ရေ တိုက်ရန်ခေါ်ဆောင်သွားတတ်ကြသည်မဟုတ် လော။-
15 Então o Senhor respondeu:
16 အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-
16 E agora está aqui uma descendente de Abraão que Satanás prendeu durante dezoito anos. Por que é que no sábado ela não devia ficar livre dessa doença?
17 ဤသို့မိန့်တော်မူလိုက်သောအခါကိုယ်တော် ကိုရန်ဘက်ပြုသူများသည်အရှက်ရသွား ကြ၏။ လူပရိသတ်အပေါင်းတို့သည်ကား ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ များကြောင့်ရွှင်လန်းဝမ်းမြောက်ကြ၏။
17 Os inimigos de Jesus ficaram envergonhados com essa resposta, mas toda a multidão ficou alegre com as coisas maravilhosas que ele fazia.
18 သခင်ယေရှုက ``ဘုရားသခင်၏နိုင်ငံတော် သည်အဘယ်အရာနှင့်တူသနည်း။ အဘယ် အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
18 Jesus disse:
19 နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ မုန် ညင်းစေ့ကိုလူတစ်ယောက်သည်ယူ၍မိမိ၏ ဥယျာဉ်တွင်စိုက်၏။ ထိုအစေ့မှအပင်ပေါက် ၍ကြီးမားလာသဖြင့် ထိုအပင်၏အကိုင်း အခက်များတွင်ငှက်များနားနေရကြ၏'' ဟုမိန့်တော်မူ၏။
19 Ele é como uma semente de mostarda que um homem pega e planta na sua horta. A planta cresce e fica uma árvore, e os passarinhos fazem ninhos nos seus ramos.
20 တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံ တော်ကိုအဘယ်အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
20 Jesus continuou:
21 နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ တဆေး ကိုအမျိုးသမီးတစ်ယောက်သည်ယူပြီးလျှင် မုန့်ညက်သုံးစိတ်တွင်ထည့်၍မုန့်ညက်အားလုံး ကိုဖောင်းကြွလာစေသည်'' ဟုမိန့်တော်မူ၏။
21 Ele é como o fermento que uma mulher pega e mistura em três medidas de farinha, até que ele se espalhe por toda a massa.
22 ကိုယ်တော်သည်ယေရုရှလင်မြို့သို့ခရီးပြု တော်မူရာလမ်းတွင်ဟောပြောသွန်သင်လျက် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာကိုဖြတ် ၍ကြွတော်မူ၏။-
22 Jesus atravessava cidades e povoados, ensinando na sua viagem para Jerusalém.
23 လူတစ်ယောက်က ``အရှင်၊ ကယ်တင်ခြင်းခံရ သူများသည်အရေအတွက်အားဖြင့်နည်းပါ သလော'' ဟုမေးလျှောက်၏။
23 Alguém perguntou: — Senhor, são poucos os que vão ser salvos? Jesus respondeu:
24 ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
24 — Façam tudo para entrar pela porta estreita. Pois eu afirmo a vocês que muitos vão querer entrar, mas não poderão.
25 အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
25 — O dono da casa vai se levantar e fechar a porta. Então vocês ficarão do lado de fora, batendo na porta e dizendo: “Senhor, nos deixe entrar!” E ele responderá: “Não sei de onde são vocês.”
26 ထိုအခါသင်တို့က `အကျွန်ုပ်တို့သည်အရှင် နှင့်အတူစားသောက်ခဲ့သူများဖြစ်ပါ၏။ အရှင် သည်အကျွန်ုပ်တို့၏မြို့ရွာတွင်ဟောပြောသွန်သင် ခဲ့ပါ၏' ဟုလျှောက်ကြလိမ့်မည်။-
26 Aí vocês dirão: “Nós comemos e bebemos com o senhor. O senhor ensinou na nossa cidade.”
27 သို့သော်လည်းအိမ်ရှင်က `သင်တို့အဘယ်မှလာ သည်ကိုငါမသိ။ ဆိုးညစ်သောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့' ဟူ၍ပြန်ပြောပေအံ့။-
27 Mas ele responderá: “Não sei de onde são vocês. Afastem-se de mim, vocês que só fazem o mal.”
28 သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပရောဖက်အပေါင်း တို့ရောက်ရှိကြသည်ကိုမြင်လျက် မိမိတို့ကိုယ် တိုင်ကမူနိုင်ငံတော်၏ပြင်ပသို့နှင်ထုတ်ခြင်း ခံရကြသောအခါအဘယ်မျှငိုကြွေးမြည် တမ်းခြင်း၊ အံသွားကြိတ်ခြင်းရှိကြလိမ့်မည်နည်း။-
28 Quando vocês virem Abraão, Isaque, Jacó e todos os
29 လူတို့သည်အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာမှလာကြပြီးလျှင် ဘုရားသခင် ၏နိုင်ငံတော်ပွဲတွင်ဝင်ကြလိမ့်မည်။-
29 Muitos virão do Leste e do Oeste, do Norte e do Sul e vão sentar-se à mesa no Reino de Deus.
30 ထိုအခါ၌ယခုနောက်ဆုံးသို့ရောက်နေသော သူတို့သည် ရှေ့ဆုံးသို့ရောက်ကြလိမ့်မည်။ ယခု ရှေ့ဆုံးသို့ရောက်နေသူတို့သည် နောက်ဆုံးသို့ရောက် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
30 E os que agora são os últimos serão os primeiros, e os primeiros serão os últimos.
31 ထိုအချိန်၌ဖာရိရှဲအချို့တို့သည်ကိုယ်တော် ၏ထံကိုလာပြီးလျှင် ``ဤအရပ်မှထွက်ခွာ၍ အခြားအရပ်သို့ကြွတော်မူပါ။ ဟေရုဒ်မင်း သည်အရှင့်အားသတ်ရန်အကြံရှိပါ၏'' ဟု လျှောက်ကြ၏။
31 Naquele momento alguns fariseus chegaram perto de Jesus e disseram: — Vá embora daqui, porque Herodes quer matá-lo.
32 ကိုယ်တော်က ``ငါသည်ယနေ့နှင့်နက်ဖြန်နေ့တို့၌ နတ်မိစ္ဆာများကိုနှင်ထုတ်၍ အနာရောဂါများကို ပျောက်ကင်းစေမည်။ တတိယနေ့တွင်မူငါ၏ အလုပ်ကိုအဆုံးသတ်မည်ဖြစ်ကြောင်းကိုထို မြေခွေးကိုပြောကြလော့။-
32 Jesus respondeu:
33 သို့ရာတွင်ယနေ့၊ နက်ဖြန်နေ့၊ နောက်တစ်နေ့၌ ငါခရီးပြုရဦးမည်။ ပရောဖက်ဟူသည်ယေရု ရှလင်မြို့မှအပအခြားအရပ်တွင်အသတ် ခံရန်မသင့်။
33 E Jesus continuou:
34 ``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
34 — Jerusalém, Jerusalém, que mata os profetas e apedreja os mensageiros que Deus lhe manda! Quantas vezes eu quis abraçar todo o seu povo, assim como a galinha ajunta os seus pintinhos debaixo das suas asas, mas vocês não quiseram!
35 သို့ဖြစ်၍သင်၏ဗိမာန်တော်ကိုဘုရားသခင် စွန့်တော်မူလိမ့်မည်။ သင့်အားငါဆိုသည်ကား `ဘုရားသခင်၏နာမတော်နှင့်ကြွလာတော် မူသောအရှင်သည်မင်္ဂလာရှိစေသတည်း' ဟု သင်မြွက်ဆိုရာနေ့မတိုင်မီသင်သည်ငါ့ကို မြင်ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
35 Agora a casa de vocês ficará completamente abandonada. Eu afirmo que vocês não me verão mais, até chegar o tempo em que dirão: “Deus abençoe aquele que vem em nome do Senhor!”
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.