Juízes 3
Common Language Bible (MYA) vs NVI
1 သို့ဖြစ်၍ထာဝရဘုရားသည်ခါနာန်ပြည် စစ်ပွဲများတွင်မပါမဝင်ခဲ့ဘူးသော ဣသ ရေလအမျိုးသားတို့အားစစ်ကြောရန် ထို ပြည်တွင်အချို့သောလူမျိုးတို့ကိုဆက် လက်နေထိုင်စေတော်မူ၏။-
1 São estas as nações que o Senhor deixou para pôr à prova todos os israelitas que não tinham visto nenhuma das guerras em Canaã
2 ယင်းသို့ကိုယ်တော်ပြုရသည့်အကြောင်းမှာ ဣသရေလလူမျိုးဆက်တစ်ဆက်ပြီးတစ် ဆက်စစ်မှုရေးရာသင်ကြားနိုင်ရန်ပင်ဖြစ် ၏။ အထူးသဖြင့်ယခင်ကစစ်ပွဲမဝင်ခဲ့ ဘူးသူတို့အားသင်ကြားပေးနိုင်စေရန် ဖြစ်၏။-
2 ( fez isso apenas para treinar na guerra os descendentes dos israelitas, pois não tinham tido experiência anterior de combate ):
3 ထိုပြည်တွင်ကျန်ရှိနေသောလူမျိုးများမှာ ဖိလိတ္တိမြို့ငါးမြို့မှဖိလိတ္တိလူမျိုး၊ ခါနာန် လူမျိုးအားလုံး၊ ဇိဒုန်လူမျိုးနှင့်ဗာလဟေ ရမုန်တောင်မှဟာမတ်တောင်ကြားလမ်းအထိ တည်ရှိသောလေဗနုန်တောင်ပေါ်တွင်နေထိုင် သည့်ဟိဝိလူမျိုးတို့ဖြစ်ကြ၏။-
3 os cinco governantes dos filisteus, todos os cananeus, os sidônios e os heveus que viviam nos montes do Líbano, desde o monte Baal-Hermom até Lebo-Hamate.
4 ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအားမောရှေမှတစ်ဆင့် ထာဝရ ဘုရားပေးတော်မူခဲ့သည့်ပညတ်တော်တို့ ကိုလိုက်နာကျင့်သုံးမည်မကျင့်သုံးမည်ကို သိရှိနိုင်စေရန်ကိုယ်တော်သည်အဆိုပါလူ မျိုးတို့ကိုအသုံးပြု၍စစ်ကြောတော်မူလို သတည်း။-
4 Essas nações foram deixadas para que por elas os israelitas fossem postos à prova, se obedeceriam aos mandamentos que o Senhor dera aos seus antepassados por meio de Moisés.
5 သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ခါနာန်အမျိုးသားများ၊ ဟိတ္တိအမျိုးသား များ၊ အာမောရိအမျိုးသားများ၊ ဖေရဇိ အမျိုးသားများ၊ ဟိဝိအမျိုးသားများနှင့် ယေဗုသိအမျိုးသားများတို့နှင့်အတူနေ ထိုင်ရကြလေသည်။-
5 Os israelitas viviam entre os cananeus, os hititas, os amorreus, os ferezeus, os heveus e os jebuseus.
6 သူတို့သည်ထိုသူတို့၏သားသမီးများနှင့် ထိမ်းမြားစုံဖက်ကာသူတို့၏ဘုရားများ ကိုကိုးကွယ်ကြကုန်၏။
6 Tomaram as filhas deles em casamento e deram suas filhas aos filhos deles, e prestaram culto aos deuses deles.
7 ဣသရေလအမျိုးသားတို့သည်မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအားမေ့လျော့ သွားကြ၏။ ကိုယ်တော်ကိုပြစ်မှားကာဗာလ ဘုရားနှင့်အာရှရဘုရားတို့ကိုဝတ်ပြု ရှိခိုးကြ၏။-
7 Os israelitas fizeram o que o Senhor reprova, pois esqueceram-se do Senhor seu Deus e prestaram culto aos baalins e aos postes sagrados.
8 သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အားအမျက်တော်ထွက်သဖြင့် မေသောပေါတာမိဘုရင်ခုရှံရိရှသိမ်အား သူတို့ကိုနှိမ်နင်းအောင်မြင်စေတော်မူ၏။ သူ တို့သည်ရှစ်နှစ်ပတ်လုံးထိုဘုရင်၏လက် အောက်ခံဖြစ်ရကြလေသည်။-
8 Acendeu-se a ira do Senhor de tal forma contra Israel que ele os entregou nas mãos de Cuchã-Risataim, rei da Mesopotâmia, por quem os israelitas foram subjugados durante oito anos.
9 ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့အားကယ် ဆယ်ရန်လူတစ်ယောက်ကိုစေလွှတ်တော်မူ၏။ ထိုသူမှာကာလက်၏ညီကေနတ်၏သား သြသံယေလပင်တည်း။-
9 Mas, quando clamaram ao Senhor, ele lhes levantou um libertador, Otoniel, filho de Quenaz, o irmão mais novo de Calebe, que os libertou.
10 ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
10 O Espírito do Senhor veio sobre ele, de modo que liderou Israel e foi à guerra. O Senhor entregou Cuchã-Risataim, rei de Arã, nas mãos de Otoniel, que prevaleceu contra ele.
11 တိုင်းပြည်သည်အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းသာယာလျက်ရှိ၏။ ထိုနောက် သြသံယေလကွယ်လွန်လေသည်။
11 E a terra teve paz durante quarenta anos, até a morte de Otoniel, filho de Quenaz.
12 ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား နောက်တစ်ဖန်ပြစ်မှားကြပြန်၏။ ကိုယ်တော်သည်လည်းမောဘဘုရင်ဧဂလုန် ကိုဣသရေလအမျိုးသားတို့ထက်ပို၍ ခွန်အားကြီးစေတော်မူ၏။-
12 Mais uma vez os israelitas fizeram o que o Senhor reprova, e por isso o Senhor deu a Eglom, rei de Moabe, poder sobre Israel.
13 ဧဂလုန်သည်အမ္မုန်အမျိုးသားနှင့်အာမလက် အမျိုးသားတို့ကိုစုရုံးပြီးလျှင် ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်သဖြင့် စွန်ပလွံပင်မြို့တည်းဟူသောယေရိခေါမြို့ ကိုသိမ်းယူလေသည်။-
13 Conseguindo uma aliança com os amonitas e com os amalequitas, Eglom veio e derrotou Israel, e conquistou a Cidade das Palmeiras.
14 ဣသရေလအမျိုးသားတို့သည်တစ်ဆယ့် ရှစ်နှစ်ပတ်လုံးဧဂလုန်ထံ၌ကျွန်ခံရကြ လေသည်။
14 Os israelitas ficaram sob o domínio de Eglom, rei de Moabe, durante dezoito anos.
15 ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။-
15 Novamente os israelitas clamaram ao Senhor, que lhes deu um libertador chamado Eúde, homem canhoto, filho do benjamita Gera. Os israelitas o enviaram com o pagamento de tributos a Eglom, rei de Moabe.
16 ဧဟုဒသည်တစ်ပေခွဲခန့်ရှိသောသံလျက် တစ်လက်ကိုပြုလုပ်ပြီးလျှင် ညာဘက်ပေါင် အဝတ်အစားများအောက်တွင်ချည်နှောင် ထား၏။-
16 Eúde havia feito uma espada de dois gumes, de quarenta e cinco centímetros de comprimento, e a tinha amarrado na coxa direita, debaixo da roupa.
17 ထိုနောက်လက်ဆောင်ပဏ္ဏာများကိုလူဝကြီး ဧဂလုန်ထံသို့ယူဆောင်သွားလေသည်။-
17 Ele entregou o tributo a Eglom, rei de Moabe, homem muito gordo.
18 ဧဟုဒသည်ထိုလက်ဆောင်ပဏ္ဏာများကို ဆက်သပြီးသောအခါ ယင်းတို့ကိုသယ် ဆောင်လာသူတို့အားအိမ်သို့ပြန်စေ၏။-
18 Em seguida, Eúde mandou embora os carregadores.
19 သူမူကားဂိလဂါလမြို့အနီး၌ရှိသော ကျောက်ရုပ်တုများရှိရာမှပြန်လာ၍ဧဂ လုန်ကို``မင်းကြီးအားလျှောက်ထားရန်လျှို့ဝှက် သတင်းရှိပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍ မင်းကြီးသည်ကျေးကျွန်တို့အား``ငါတို့နှစ် ဦးတည်းပြောစရာရှိ၍ထွက်သွားကြလော့'' ဟုအမိန့်ပေးသဖြင့်ကျေးကျွန်အပေါင်း တို့သည်အပြင်သို့ထွက်သွားကြလေသည်။
19 Junto aos ídolos que estão perto de Gilgal, ele voltou e disse: "Tenho uma mensagem secreta para ti, ó rei". O rei respondeu: "Calado! " E todos os seus auxiliares saíram de sua presença.
20 မင်းကြီးသည်နွေနန်းဆောင်၌တစ်ကိုယ်တည်း ထိုင်လျက်နေစဉ် ဧဟုဒသည်ဘုရင်၏အနီး သို့သွားပြီးလျှင်``အရှင်မင်းကြီးအတွက် ဘုရားသခင်ထံမှအမိန့်တော်ရှိပါသည်'' ဟုဆို၏။ မင်းကြီးသည်လည်းမတ်တတ် ထတော်မူ၏။-
20 Eúde aproximou-se do rei, que estava sentado sozinho na sala superior do palácio de verão, e repetiu: "Tenho uma mensagem de Deus para ti". Quando o rei se levantou do trono,
21 ထိုအခါဧဟုဒသည်မိမိဘယ်လက်ဖြင့် ညာပေါင်တွင်ချည်နှောင်ထားသောသံလျက် ကိုယူ၍မင်းကြီး၏ဝမ်းဗိုက်ကိုထိုးလိုက် ရာ၊-
21 Eúde estendeu a mão esquerda, apanhou a espada de sua coxa direita e cravou-a na barriga do rei.
22 သန်လျက်သည်လက်ကိုင်ရိုးနှင့်တကွမြုပ်ဝင် သွားပြီးလျှင် အဆီများဖြင့်ဖုံးအုပ်သွားလေ သည်။ ဧဟုဒသည်ထိုသန်လျက်ကိုဆွဲမနုတ် ချေ။ သန်လျက်သည်မင်းကြီး၏နောက်ဘက် တွင်ပေါင်နှစ်လုံးကြားမှထိုးထွက်လျက်နေ တော့၏။-
22 Até o cabo penetrou com a lâmina; e, como não tirou a espada, a gordura se fechou sobre ela.
23 ထိုနောက်ဧဟုဒသည်အပြင်သို့ထွက်၍ တံခါးများကိုသော့ခတ်ပြီးလျှင်၊-
23 Então Eúde saiu para o pórtico, depois de fechar e trancar as portas da sala atrás de si.
24 ထွက်ခွာသွားလေသည်။ ကျေးကျွန်များပြန် လာကြသောအခါ နန်းတော်တံခါးများ သော့ခတ်လျက်ထားသည်ကိုတွေ့မြင်ရကြ ၏။ သို့ရာတွင်သူတို့သည်နန်းတွင်း၌ မင်း ကြီးအခင်းသွားနေသည်ဟူ၍သာလျှင် ထင်မှတ်ကြလေသည်။-
24 Depois que ele saiu, vieram os servos e encontraram trancadas as portas da sala superior, e disseram: "Ele deve estar fazendo suas necessidades em seu cômodo privativo".
25 အပြင်တွင်စောင့်ဆိုင်းသင့်သမျှစောင့်ဆိုင်းနေ သော်လည်း မင်းကြီးသည်တံခါးကိုမဖွင့်ဘဲ နေသေးသဖြင့် သူတို့သည်သော့ကိုယူ၍ဖွင့် လိုက်ကြ၏။ ထိုအခါမိမိတို့၏အရှင်မှာ ကြမ်းပြင်ပေါ်တွင်လဲလျက်သေနေသည် ကိုတွေ့မြင်ကြလေသည်။
25 Cansaram-se de esperar, e como ele não abria a porta da sala, pegaram a chave e a abriram. E lá estava o seu senhor, caído no chão, morto!
26 ဧဟုဒသည်ယင်းသို့ထိုသူတို့စောင့်ဆိုင်းနေ ကြစဉ်အတွင်း၌ထွက်ပြေးသွားလေသည်။ သူသည်ကျောက်ရုပ်တုတို့ကိုကျော်လွန်ကာ စိရပ်ရွာသို့လွတ်မြောက်သွားလေ၏။-
26 Enquanto esperavam, Eúde escapou. Passou pelos ídolos e fugiu para Seirá.
27 သူသည်ဧဖရိမ်တောင်ကုန်းဒေသသို့ရောက် သောအခါတိုက်ပွဲဝင်ရန်တံပိုးခရာမှုတ် လိုက်ရာဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်၍တောင်ကုန်းများပေါ် မှဆင်းလာကြ၏။-
27 Quando chegou, tocou a trombeta nos montes de Efraim, e os israelitas desceram dos montes, com ele à sua frente.
28 သူက``ငါ့နောက်သို့လိုက်ကြလော့။ ထာဝရ ဘုရားသည်သင်တို့အားရန်သူဖြစ်သော မောဘအမျိုးသားတို့အပေါ်၌အောင်ပွဲ ခံစေတော်မူပြီ'' ဟုသူတို့အားပြောလေ သည်။ သို့ဖြစ်၍ဣသရေလအမျိုးသား တို့သည်တောင်ကုန်းပေါ်မှဆင်း၍ ဧဟုဒ၏ နောက်သို့လိုက်ပြီးလျှင်မောဘအမျိုးသား တို့ကူးရာယော်ဒန်မြစ်ကူးဆိပ်ကိုသိမ်း ယူကြလေသည်။ ရန်သူတို့တစ်ယောက်မျှ မြစ်ကိုကူးခွင့်မရကြ။-
28 "Sigam-me", ordenou, "pois o Senhor entregou Moabe, o inimigo de vocês, em suas mãos. " Eles o seguiram e, tomaram posse do lugar de passagem do Jordão que levava a Moabe, e não deixaram ninguém atravessar o rio.
29 ထိုနေ့၌မောဘအမျိုးသားလက်ရွေးစင်စစ် သည် တစ်သောင်းမျှသုတ်သင်ခြင်းကိုခံရကြ ၏။ သူတို့တစ်ယောက်မျှမလွတ်မြောက်ပေ။-
29 Naquela ocasião mataram cerca de dez mil moabitas, todos eles fortes e vigorosos; nem um só homem escapou.
30 ထိုနေ့၌မောဘအမျိုးသားတို့အားဣသ ရေလအမျိုးသားတို့ကနှိမ်နင်းအောင်မြင် ပြီးနောက် တိုင်းပြည်တွင်နှစ်ပေါင်းရှစ်ဆယ် တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
30 Naquele dia Moabe foi subjugado por Israel, e a terra teve paz durante oitenta anos.
31 ထိုနောက်ပေါ်ထွန်းလာသောခေါင်းဆောင်မှာ အာနတ်၏သားရှံဂါဖြစ်၏။ သူသည်ဖိလိတ္တိ အမျိုးသားခြောက်ရာကိုတုတ်ချွန်တစ်ချောင်း ဖြင့်သတ်၍ ဣသရေလအမျိုးသားတို့အား ကယ်ဆယ်ခဲ့လေသည်။
31 Depois de Eúde veio Sangar, filho de Anate, que matou seiscentos filisteus com uma aguilhada de bois. Ele também libertou Israel.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Juízes 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.