Juízes 3

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ပြည် စစ်​ပွဲ​များ​တွင်​မ​ပါ​မ​ဝင်​ခဲ့​ဘူး​သော ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​စစ်​ကြော​ရန် ထို ပြည်​တွင်​အ​ချို့​သော​လူ​မျိုး​တို့​ကို​ဆက် လက်​နေ​ထိုင်​စေ​တော်​မူ​၏။-
1 São estas as nações que o Senhor deixou ficar para, por meio delas, pôr Israel à prova, isto é, para provar todos os israelitas que não sabiam de todas as guerras de Canaã.
2 ယင်း​သို့​ကိုယ်​တော်​ပြု​ရ​သည့်​အ​ကြောင်း​မှာ ဣ​သ​ရေ​လ​လူ​မျိုး​ဆက်​တစ်​ဆက်​ပြီး​တစ် ဆက်​စစ်​မှု​ရေး​ရာ​သင်​ကြား​နိုင်​ရန်​ပင်​ဖြစ် ၏။ အ​ထူး​သ​ဖြင့်​ယ​ခင်​က​စစ်​ပွဲ​မ​ဝင်​ခဲ့ ဘူး​သူ​တို့​အား​သင်​ကြား​ပေး​နိုင်​စေ​ရန် ဖြစ်​၏။-
2 Ele fez isso tão somente para que as gerações dos filhos de Israel conhecessem a guerra, para lhes ensinar a guerra, pelo menos às gerações que, anteriormente, não sabiam disso.
3 ထို​ပြည်​တွင်​ကျန်​ရှိ​နေ​သော​လူ​မျိုး​များ​မှာ ဖိ​လိတ္တိ​မြို့​ငါး​မြို့​မှ​ဖိ​လိတ္တိ​လူ​မျိုး၊ ခါ​နာန် လူ​မျိုး​အား​လုံး၊ ဇိ​ဒုန်​လူ​မျိုး​နှင့်​ဗာ​လ​ဟေ ရ​မုန်​တောင်​မှ​ဟာ​မတ်​တောင်​ကြား​လမ်း​အ​ထိ တည်​ရှိ​သော​လေ​ဗ​နုန်​တောင်​ပေါ်​တွင်​နေ​ထိုင် သည့်​ဟိဝိ​လူ​မျိုး​တို့​ဖြစ်​ကြ​၏။-
3 Os que ficaram foram: cinco governantes dos filisteus, todos os cananeus, sidônios e heveus que habitavam as montanhas do Líbano, desde o monte de Baal-Hermom até a entrada de Hamate.
4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​တို့ ကို​လိုက်​နာ​ကျင့်​သုံး​မည်​မ​ကျင့်​သုံး​မည်​ကို သိ​ရှိ​နိုင်​စေ​ရန်​ကိုယ်​တော်​သည်​အ​ဆို​ပါ​လူ မျိုး​တို့​ကို​အ​သုံး​ပြု​၍​စစ်​ကြော​တော်​မူ​လို သ​တည်း။-
4 Estes ficaram para, por meio deles, o Senhor pôr Israel à prova, para saber se dariam ouvidos aos mandamentos que havia ordenado a seus pais por meio de Moisés.
5 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​နာန်​အ​မျိုး​သား​များ၊ ဟိတ္တိ​အ​မျိုး​သား များ၊ အာ​မော​ရိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ အ​မျိုး​သား​များ၊ ဟိ​ဝိ​အ​မျိုး​သား​များ​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​များ​တို့​နှင့်​အ​တူ​နေ ထိုင်​ရ​ကြ​လေ​သည်။-
5 Assim, os filhos de Israel moravam no meio dos cananeus, dos heteus, dos amorreus, dos ferezeus, dos heveus e dos jebuseus.
6 သူ​တို့​သည်​ထို​သူ​တို့​၏​သား​သ​မီး​များ​နှင့် ထိမ်း​မြား​စုံ​ဖက်​ကာ​သူ​တို့​၏​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​ကုန်​၏။
6 Tomaram de suas filhas para si por mulheres e deram as suas próprias aos filhos deles; e rendiam culto a seus deuses.
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​မေ့​လျော့ သွား​ကြ​၏။ ကိုယ်​တော်​ကို​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​နှင့်​အာ​ရှ​ရ​ဘု​ရား​တို့​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။-
7 Os filhos de Israel fizeram o que era mau aos olhos do Senhor e se esqueceram do Senhor , seu Deus; e renderam culto aos baalins e ao poste da deusa Aserá.
8 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​မျက်​တော်​ထွက်​သ​ဖြင့် မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်​အား သူ​တို့​ကို​နှိမ်​နင်း​အောင်​မြင်​စေ​တော်​မူ​၏။ သူ တို့​သည်​ရှစ်​နှစ်​ပတ်​လုံး​ထို​ဘု​ရင်​၏​လက် အောက်​ခံ​ဖြစ်​ရ​ကြ​လေ​သည်။-
8 Então a ira do Senhor se acendeu contra Israel, e ele os entregou nas mãos de Cusã-Risataim, rei da Mesopotâmia; e os filhos de Israel serviram Cusã-Risataim durante oito anos.
9 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား​ကယ် ဆယ်​ရန်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​မှာ​ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား သြ​သံ​ယေ​လ​ပင်​တည်း။-
9 Os filhos de Israel clamaram ao Senhor , e o Senhor lhes suscitou um libertador, que os libertou: Otniel, filho de Quenaz, que era irmão de Calebe e mais novo do que ele.
10 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သူ့ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် ဖြစ်​လာ​လေ​သည်။ သြ​သံ​ယေ​လ​သည်​စစ် ချီ​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့ အား​မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ကို​နှိမ်​နင်း အောင်​မြင်​စေ​တော်​မူ​၏။-
10 O Espírito do Senhor veio sobre ele, e ele se tornou juiz de Israel. Foi para a guerra, e o Senhor lhe entregou nas mãos Cusã-Risataim, rei da Mesopotâmia, contra o qual ele prevaleceu.
11 တိုင်း​ပြည်​သည်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ​လျက်​ရှိ​၏။ ထို​နောက် သြ​သံ​ယေ​လ​ကွယ်​လွန်​လေ​သည်။
11 Então a terra ficou em paz durante quarenta anos. Otniel, filho de Quenaz, morreu.
12 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ ကိုယ်​တော်​သည်​လည်း​မော​ဘ​ဘု​ရင်​ဧ​ဂ​လုန် ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထက်​ပို​၍ ခွန်​အား​ကြီး​စေ​တော်​မူ​၏။-
12 Os filhos de Israel tornaram a fazer o que era mau aos olhos do Senhor . Por isso, o Senhor deu poder a Eglom, rei dos moabitas, contra Israel, porque fizeram o que era mau aos olhos do Senhor .
13 ဧ​ဂ​လုန်​သည်​အမ္မုန်​အ​မျိုး​သား​နှင့်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​သ​ဖြင့် စွန်​ပ​လွံ​ပင်​မြို့​တည်း​ဟူ​သော​ယေ​ရိ​ခေါ​မြို့ ကို​သိမ်း​ယူ​လေ​သည်။-
13 Eglom se juntou com os filhos de Amom e os amalequitas, foi e derrotou Israel. E eles se apoderaram da cidade das palmeiras.
14 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဆယ့် ရှစ်​နှစ်​ပတ်​လုံး​ဧ​ဂ​လုန်​ထံ​၌​ကျွန်​ခံ​ရ​ကြ လေ​သည်။
14 E os filhos de Israel serviram Eglom, rei dos moabitas, durante dezoito anos.
15 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​ကို​ကယ် ဆယ်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဂေ​ရ​၏​သား၊ ဘယ်​သန်​သူ​ဧ​ဟု​ဒ​ဖြစ်​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဧ​ဟု​ဒ​အား​မော​ဘ ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ များ​နှင့်​အ​တူ​စေ​လွှတ်​လိုက်​ကြ​၏။-
15 Então os filhos de Israel clamaram ao Senhor , e o Senhor lhes suscitou um libertador: Eúde, homem canhoto, filho de Gera, benjamita. Por meio dele, os filhos de Israel enviaram tributo a Eglom, rei dos moabitas.
16 ဧ​ဟု​ဒ​သည်​တစ်​ပေ​ခွဲ​ခန့်​ရှိ​သော​သံ​လျက် တစ်​လက်​ကို​ပြု​လုပ်​ပြီး​လျှင် ညာ​ဘက်​ပေါင် အ​ဝတ်​အ​စား​များ​အောက်​တွင်​ချည်​နှောင် ထား​၏။-
16 Eúde fez para si um punhal de dois gumes, do comprimento de quase meio metro; e cingiu-o debaixo da sua roupa, do lado direito.
17 ထို​နောက်​လက်​ဆောင်​ပဏ္ဏာ​များ​ကို​လူ​ဝ​ကြီး ဧ​ဂ​လုန်​ထံ​သို့​ယူ​ဆောင်​သွား​လေ​သည်။-
17 Então ele levou o tributo a Eglom, rei dos moabitas. Eglom era um homem muito gordo.
18 ဧ​ဟု​ဒ​သည်​ထို​လက်​ဆောင်​ပဏ္ဏာ​များ​ကို ဆက်​သ​ပြီး​သော​အ​ခါ ယင်း​တို့​ကို​သယ် ဆောင်​လာ​သူ​တို့​အား​အိမ်​သို့​ပြန်​စေ​၏။-
18 Depois de entregar o tributo, Eúde saiu com os carregadores do tributo.
19 သူ​မူ​ကား​ဂိ​လ​ဂါ​လ​မြို့​အ​နီး​၌​ရှိ​သော ကျောက်​ရုပ်​တု​များ​ရှိ​ရာ​မှ​ပြန်​လာ​၍​ဧ​ဂ လုန်​ကို``မင်း​ကြီး​အား​လျှောက်​ထား​ရန်​လျှို့​ဝှက် သ​တင်း​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍ မင်း​ကြီး​သည်​ကျေး​ကျွန်​တို့​အား``ငါ​တို့​နှစ် ဦး​တည်း​ပြော​စ​ရာ​ရှိ​၍​ထွက်​သွား​ကြ​လော့'' ဟု​အ​မိန့်​ပေး​သ​ဖြင့်​ကျေး​ကျွန်​အ​ပေါင်း တို့​သည်​အ​ပြင်​သို့​ထွက်​သွား​ကြ​လေ​သည်။
19 Ele, porém, voltou do ponto em que estavam as imagens de escultura ao pé de Gilgal e disse ao rei: — Tenho uma palavra secreta para o senhor, ó rei. O rei disse: — Cale-se. Então todos os que estavam com o rei saíram de sua presença.
20 မင်း​ကြီး​သည်​နွေ​နန်း​ဆောင်​၌​တစ်​ကိုယ်​တည်း ထိုင်​လျက်​နေ​စဉ် ဧ​ဟု​ဒ​သည်​ဘု​ရင်​၏​အ​နီး သို့​သွား​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး​အ​တွက် ဘု​ရား​သ​ခင်​ထံ​မှ​အ​မိန့်​တော်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မင်း​ကြီး​သည်​လည်း​မတ်​တတ် ထ​တော်​မူ​၏။-
20 Eúde entrou numa sala de verão, que o rei tinha só para si, e onde ele estava sentado. Eúde disse: — Tenho uma palavra de Deus para o senhor. E Eglom se levantou da cadeira.
21 ထို​အ​ခါ​ဧ​ဟု​ဒ​သည်​မိ​မိ​ဘယ်​လက်​ဖြင့် ညာ​ပေါင်​တွင်​ချည်​နှောင်​ထား​သော​သံ​လျက် ကို​ယူ​၍​မင်း​ကြီး​၏​ဝမ်း​ဗိုက်​ကို​ထိုး​လိုက် ရာ၊-
21 Então Eúde estendeu a mão esquerda, puxou o seu punhal do lado direito e o cravou na barriga do rei,
22 သန်​လျက်​သည်​လက်​ကိုင်​ရိုး​နှင့်​တ​ကွ​မြုပ်​ဝင် သွား​ပြီး​လျှင် အ​ဆီ​များ​ဖြင့်​ဖုံး​အုပ်​သွား​လေ သည်။ ဧ​ဟု​ဒ​သည်​ထို​သန်​လျက်​ကို​ဆွဲ​မ​နုတ် ချေ။ သန်​လျက်​သည်​မင်း​ကြီး​၏​နောက်​ဘက် တွင်​ပေါင်​နှစ်​လုံး​ကြား​မှ​ထိုး​ထွက်​လျက်​နေ တော့​၏။-
22 de tal maneira que entrou também o cabo com a lâmina; e, porque não tirou o punhal da barriga, a gordura se fechou sobre ele. Eúde saiu por uma portinhola,
23 ထို​နောက်​ဧ​ဟု​ဒ​သည်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​များ​ကို​သော့​ခတ်​ပြီး​လျှင်၊-
23 passou para a antessala, depois de fechar e trancar as portas atrás de si.
24 ထွက်​ခွာ​သွား​လေ​သည်။ ကျေး​ကျွန်​များ​ပြန် လာ​ကြ​သော​အ​ခါ နန်း​တော်​တံ​ခါး​များ သော့​ခတ်​လျက်​ထား​သည်​ကို​တွေ့​မြင်​ရ​ကြ ၏။ သို့​ရာ​တွင်​သူ​တို့​သည်​နန်း​တွင်း​၌ မင်း ကြီး​အ​ခင်း​သွား​နေ​သည်​ဟူ​၍​သာ​လျှင် ထင်​မှတ်​ကြ​လေ​သည်။-
24 Quando ele tinha saído, vieram os servos do rei e viram que as portas da sala de verão estavam trancadas. E disseram: — Sem dúvida ele está fazendo as necessidades na sala de verão.
25 အ​ပြင်​တွင်​စောင့်​ဆိုင်း​သင့်​သ​မျှ​စောင့်​ဆိုင်း​နေ သော်​လည်း မင်း​ကြီး​သည်​တံ​ခါး​ကို​မ​ဖွင့်​ဘဲ နေ​သေး​သ​ဖြင့် သူ​တို့​သည်​သော့​ကို​ယူ​၍​ဖွင့် လိုက်​ကြ​၏။ ထို​အ​ခါ​မိ​မိ​တို့​၏​အ​ရှင်​မှာ ကြမ်း​ပြင်​ပေါ်​တွင်​လဲ​လျက်​သေ​နေ​သည် ကို​တွေ့​မြင်​ကြ​လေ​သည်။
25 Esperaram até cansar; e, como o rei não abria a porta da sala, pegaram a chave e a abriram; e eis que o seu senhor estava morto, caído no chão.
26 ဧ​ဟု​ဒ​သည်​ယင်း​သို့​ထို​သူ​တို့​စောင့်​ဆိုင်း​နေ ကြ​စဉ်​အ​တွင်း​၌​ထွက်​ပြေး​သွား​လေ​သည်။ သူ​သည်​ကျောက်​ရုပ်​တု​တို့​ကို​ကျော်​လွန်​ကာ စိရပ်​ရွာ​သို့​လွတ်​မြောက်​သွား​လေ​၏။-
26 Eúde escapou enquanto eles se demoravam e, tendo passado pelas imagens de escultura, foi para Seirá.
27 သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​သို့​ရောက် သော​အ​ခါ​တိုက်​ပွဲ​ဝင်​ရန်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​ရာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​၍​တောင်​ကုန်း​များ​ပေါ် မှ​ဆင်း​လာ​ကြ​၏။-
27 Tendo chegado, tocou a trombeta nas montanhas de Efraim; e os filhos de Israel desceram com ele das montanhas, indo ele à frente.
28 သူ​က``ငါ့​နောက်​သို့​လိုက်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ရန်​သူ​ဖြစ်​သော မော​ဘ​အ​မျိုး​သား​တို့​အ​ပေါ်​၌​အောင်​ပွဲ ခံ​စေ​တော်​မူ​ပြီ'' ဟု​သူ​တို့​အား​ပြော​လေ သည်။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​ပေါ်​မှ​ဆင်း​၍ ဧ​ဟု​ဒ​၏ နောက်​သို့​လိုက်​ပြီး​လျှင်​မော​ဘ​အ​မျိုး​သား တို့​ကူး​ရာ​ယော်​ဒန်​မြစ်​ကူး​ဆိပ်​ကို​သိမ်း ယူ​ကြ​လေ​သည်။ ရန်​သူ​တို့​တစ်​ယောက်​မျှ မြစ်​ကို​ကူး​ခွင့်​မ​ရ​ကြ။-
28 E lhes disse: — Sigam-me, porque o Eles seguiram Eúde e tomaram os vaus do Jordão contra os moabitas, e a nenhum deles deixaram passar.
29 ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​လက်​ရွေး​စင်​စစ် သည် တစ်​သောင်း​မျှ​သုတ်​သင်​ခြင်း​ကို​ခံ​ရ​ကြ ၏။ သူ​တို့​တစ်​ယောက်​မျှ​မ​လွတ်​မြောက်​ပေ။-
29 Naquele tempo, mataram uns dez mil homens moabitas, todos robustos e valentes; e não escapou nem sequer um.
30 ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​တို့​အား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​နှိမ်​နင်း​အောင်​မြင် ပြီး​နောက် တိုင်း​ပြည်​တွင်​နှစ်​ပေါင်း​ရှစ်​ဆယ် တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။
30 Assim, naquele dia, Moabe foi subjugado por Israel. E a terra ficou em paz durante oitenta anos.
31 ထို​နောက်​ပေါ်​ထွန်း​လာ​သော​ခေါင်း​ဆောင်​မှာ အာ​နတ်​၏​သား​ရှံ​ဂါ​ဖြစ်​၏။ သူ​သည်​ဖိ​လိတ္တိ အ​မျိုး​သား​ခြောက်​ရာ​ကို​တုတ်​ချွန်​တစ်​ချောင်း ဖြင့်​သတ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကယ်​ဆယ်​ခဲ့​လေ​သည်။
31 Depois de Eúde veio Sangar, filho de Anate, que matou seiscentos filisteus com uma aguilhada de bois; e também ele libertou Israel.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Juízes 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.