Juízes 15
Common Language Bible (MYA) vs ARA
1 ကာလအနည်းငယ်ကြာ၍ဂျုံစပါးများ ရိတ်သိမ်းချိန်ရောက်သောအခါ ရှံဆုန်သည် ဆိတ်ငယ်တစ်ကောင်ကိုယူ၍မိမိဇနီးထံသို့ အလည်သွားလေသည်။ သူသည်သူငယ်မ၏ ဖခင်အား``အကျွန်ုပ်သည်ဇနီး၏အိပ်ခန်းသို့ ဝင်လိုပါသည်'' ဟုပြော၏။
1 Passado algum tempo, nos dias da ceifa do trigo, Sansão, levando um cabrito, foi visitar a sua mulher, pois dizia: Entrarei na câmara de minha mulher. Porém o pai dela não o deixou entrar
2 သူသည်ရှံဆုန်အား``သင်သည်သင်၏ဇနီးအား မုန်းလေပြီဟုအကယ်ပင်ငါထင်မှတ်သဖြင့် သူ့အားသင်၏မိတ်ဆွေနှင့်ပေးစားလိုက်ပါ သည်။ သို့ရာတွင်သူ၏ညီမသည်သူ့ထက်ပင် ပို၍လှပါ၏။ သူ့အစားထိုသူငယ်မကို သင်ယူနိုင်ပါသည်'' ဟုဆိုလေသည်။
2 e lhe disse: Por certo, pensava eu que de todo a aborrecias, de sorte que a dei ao teu companheiro; porém não é mais formosa do que ela a irmã que é mais nova? Toma-a, pois, em seu lugar.
3 ရှံဆုန်ကလည်း``ဖိလိတ္တိအမျိုးသားတို့အား ဤတစ်ကြိမ်ငါပြုသည့်အမှုအတွက်ငါ ၌တာဝန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၍၊-
3 Então, Sansão lhe respondeu: Desta feita sou inocente para com os filisteus, quando lhes fizer algum mal.
4 ထွက်သွားပြီးလျှင်မြေခွေးသုံးရာကိုဖမ်း ဆီး၍ နှစ်ကောင်တစ်တွဲအမြီးချင်းဆက်ကာ အမြီးထုံးကြားထဲတွင်မီးတုတ်ကိုချည် ၏။-
4 E saiu e tomou trezentas raposas; e, tomando fachos, as virou cauda com cauda e lhes atou um facho no meio delas.
5 ထိုနောက်မီးတုတ်ကိုမီးညှိ၍ ဖိလိတ္တိလယ် များထဲသို့မြေခွေးတို့ကိုလွှတ်လိုက်လေ သည်။ ဤနည်းအားဖြင့်သူသည်ရိတ်သိမ်း ပြီးဂျုံစပါးတို့ကိုသာမကမရိတ်သိမ်း ရသေးသည့်ဂျုံပင်များကိုပါမီးသင့် လောင်ကျွမ်းသွားစေ၏။ သံလွင်ဥယျာဉ် တို့သည်လည်းမီးလောင်ကျွမ်းကုန်၏။-
5 Tendo ele chegado fogo aos tições, largou-as na seara dos filisteus e, assim, incendiou tanto os molhos como o cereal por ceifar, e as vinhas, e os olivais.
6 ဤအမှုကိုမည်သူပြုသည်ကိုဖိလိတ္တိ အမျိုးသားတို့စုံစမ်းမေးမြန်းကြသော အခါ တိမနမြို့မှသူ၏ယောက္ခမသည် ရှံဆုန်၏ဇနီးအားရှံဆုန်၏မိတ်ဆွေတစ်ဦး နှင့်ပေးစားလိုက်သောကြောင့် ရှံဆုန်ဤကဲ့သို့ ပြုသည်ကိုသိရှိကြရ၏။ ထို့ကြောင့်သူတို့ သည်ထိုအမျိုးသမီးနှင့်သူ၏ဖခင်၏ အိမ်ကိုမီးရှို့ကြလေသည်။
6 Perguntaram os filisteus: Quem fez isto? Responderam: Sansão, o genro do timnita, porque lhe tomou a mulher e a deu a seu companheiro. Então, subiram os filisteus e queimaram a ela e o seu pai.
7 ရှံဆုန်ကဖိလိတ္တိအမျိုးသားတို့အား``သင် တို့သည်ဤသို့ပြုကြသည်ဆိုလျှင် ငါသည် လည်းသင်တို့အားလက်စားမချေရမချင်း နားနေလိမ့်မည်မဟုတ်ကြောင်းငါကျိန်ဆို ၏'' ဟုဆို၍၊-
7 Disse-lhes Sansão: Se assim procedeis, não desistirei enquanto não me vingar.
8 သူတို့အားပြင်းထန်စွာတိုက်ခိုက်လေ၏။ သူ သည်လူအမြောက်အမြားကိုသတ်ဖြတ်ပြီး နောက် ဧတံကျောက်ဆောင်အတွင်းရှိဂူ၌ သွားရောက်နေထိုင်လေသည်။
8 E feriu-os com grande carnificina; e desceu e habitou na fenda da rocha de Etã.
9 ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်သို့ လာ၍စခန်းချကာလေဟိမြို့ကိုတိုက်ခိုက် ကြ၏။-
9 Então, os filisteus subiram, e acamparam-se contra Judá, e estenderam-se por Leí.
10 ယုဒပြည်သူတို့က``သင်တို့သည်အဘယ် ကြောင့်ငါတို့အားတိုက်ခိုက်ကြပါသနည်း'' ဟုမေးလျှင်သူတို့က``ငါတို့သည်ရှံဆုန်ကို ဖမ်းဆီး၍ ငါတို့အားသူပြုသကဲ့သို့သူ့ အားပြုရန်လာရောက်ကြခြင်းဖြစ်သည်'' ဟုပြန်လည်ပြောကြားကြ၏။-
10 Perguntaram-lhes os homens de Judá: Por que subistes contra nós? Responderam: Subimos para amarrar Sansão, para lhe fazer a ele como ele nos fez a nós.
11 ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။
11 Então, três mil homens de Judá desceram até à fenda da rocha de Etã e disseram a Sansão: Não sabias tu que os filisteus dominam sobre nós? Por que, pois, nos fizeste isto? Ele lhes respondeu: Assim como me fizeram a mim, eu lhes fiz a eles.
12 သူတို့သည်ရှံဆုန်အား``ငါတို့လာရောက်ကြ ခြင်းမှာသင့်ကိုချည်နှောင်၍ ထိုသူတို့၏လက် သို့အပ်နှံရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။
12 Descemos, replicaram eles, para te amarrar, para te entregar nas mãos dos filisteus. Sansão lhes disse: Jurai-me que vós mesmos não me acometereis.
13 ``ကောင်းပြီ။ ငါတို့သည်သင့်ကိုချည်နှောင်၍ ထိုသူတို့၏လက်သို့အပ်နှံပါအံ့။ သင့်အား ငါတို့သတ်မည်မဟုတ်ပါ'' ဟုကတိပြု ကြ၏။ ဤသို့လျှင်သူတို့သည်သူ့အားကြိုး သစ်နှစ်ချောင်းဖြင့်ချည်နှောင်ပြီးလျှင်ကျောက် ဆောင်မှပြန်လည်ခေါ်ဆောင်လာကြ၏။
13 Eles lhe disseram: Não, mas somente te amarraremos e te entregaremos nas suas mãos; porém de maneira nenhuma te mataremos. E amarraram-no com duas cordas novas e fizeram-no subir da rocha.
14 လေဟိအရပ်သို့ရောက်သောအခါ ဖိလိတ္တိ အမျိုးသားတို့သည်အော်ဟစ်ကာရှံဆုန် ထံသို့ပြေး၍လာကြ၏။ ဘုရားသခင်၏ တန်ခိုးတော်သည်ရှံဆုန်အားရုတ်တရက် သန်စွမ်းလာစေတော်မူသဖြင့် သူသည်မိမိ ၏လက်များကိုချည်နှောင်ထားသောကြိုး တို့ကိုမီးကျွမ်းသည့်အပ်ချည်မျှင်ပမာ ပြတ်စေ၏။-
14 Chegando ele a Leí, os filisteus lhe saíram ao encontro, jubilando; porém o Espírito do Senhor de tal maneira se apossou dele, que as cordas que tinha nos braços se tornaram como fios de linho queimados, e as suas amarraduras se desfizeram das suas mãos.
15 ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။
15 Achou uma queixada de jumento, ainda fresca, à mão, e tomou-a, e feriu com ela mil homens.
16 သို့ဖြစ်၍ရှံဆုန်က၊
16 E disse: Com uma queixada de jumento um montão, outro montão; com uma queixada de jumento feri mil homens.
17 ထိုနောက်သူသည်မြည်းမေးရိုးကိုလွှင့်ပစ်လိုက် သည်။ ဤအမှုအရာဖြစ်ပျက်သည့်အရပ်ကို ရာမတ်လေဟိဟူ၍ခေါ်ဝေါ်ကြသတည်း။
17 Tendo ele acabado de falar, lançou da sua mão a queixada. Chamou-se aquele lugar Ramate-Leí.
18 ထိုနောက်ရှံဆုန်သည်အလွန်ရေငတ်၍လာသ ဖြင့် ထာဝရဘုရားထံတော်သို့``ဤအောင်ပွဲကြီး ကိုအကျွန်ုပ်အားကိုယ်တော်ပေးတော်မူခဲ့ပါ ပြီ။ ယခုအကျွန်ုပ်သည်ရေငတ်၍သေရပါ တော့မည်လော။ ဘုရားမဲ့သူဤဖိလိတ္တိအမျိုး သားတို့၏လက်တွင်အဖမ်းခံရပါတော့မည် လော'' ဟုဆုတောင်း၏။-
18 Sentindo grande sede, clamou ao Senhor e disse: Por intermédio do teu servo deste esta grande salvação; morrerei eu, agora, de sede e cairei nas mãos destes incircuncisos?
19 ထိုအခါထာဝရဘုရားသည်လေဟိအရပ် မြေချိုင့်တစ်နေရာတွင် စမ်းပေါက်စေတော်မူ သဖြင့်ရေထွက်လာ၏။ ရှံဆုန်သည်ထိုရေကို သောက်ရ၍လန်းဆန်းလာလေသည်။ သို့ဖြစ် ၍ထိုစမ်းပေါက်ကိုအဟက္ကောရဟုခေါ်ဝေါ် ၍ယနေ့တိုင်အောင်လေဟိအရပ်၌ရှိသ တည်း။-
19 Então, o Senhor fendeu a cavidade que estava em Leí, e dela saiu água; tendo Sansão bebido, recobrou alento e reviveu; daí chamar-se aquele lugar En-Hacoré até ao dia de hoje.
20 ရှံဆုန်သည်လည်းဖိလိတ္တိအမျိုးသားတို့ ကြီးစိုးနေချိန်၌ ဣသရေလအမျိုးသား တို့အားအနှစ်နှစ်ဆယ်တိုင်တိုင်ခေါင်း ဆောင်ခဲ့လေသည်။
20 Sansão julgou a Israel, nos dias dos filisteus, vinte anos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Juízes 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.