Juízes 15

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ကာ​လ​အ​နည်း​ငယ်​ကြာ​၍​ဂျုံ​စ​ပါး​များ ရိတ်​သိမ်း​ချိန်​ရောက်​သော​အ​ခါ ရှံ​ဆုန်​သည် ဆိတ်​ငယ်​တစ်​ကောင်​ကို​ယူ​၍​မိ​မိ​ဇနီး​ထံ​သို့ အ​လည်​သွား​လေ​သည်။ သူ​သည်​သူ​ငယ်​မ​၏ ဖခင်​အား``အ​ကျွန်ုပ်​သည်​ဇနီး​၏​အိပ်​ခန်း​သို့ ဝင်​လို​ပါ​သည်'' ဟု​ပြော​၏။
1 E aconteceu, depois de alguns dias, que, na sega do trigo, Sansão visitou a sua mulher, com um cabrito, e disse: Entrarei na câmara de minha mulher. Porém o pai dela não o deixou entrar.
2 သူ​သည်​ရှံ​ဆုန်​အား``သင်​သည်​သင်​၏​ဇနီး​အား မုန်း​လေ​ပြီ​ဟု​အ​ကယ်​ပင်​ငါ​ထင်​မှတ်​သ​ဖြင့် သူ့​အား​သင်​၏​မိတ်​ဆွေ​နှင့်​ပေး​စား​လိုက်​ပါ သည်။ သို့​ရာ​တွင်​သူ​၏​ညီ​မ​သည်​သူ့​ထက်​ပင် ပို​၍​လှ​ပါ​၏။ သူ့​အ​စား​ထို​သူ​ငယ်​မ​ကို သင်​ယူ​နိုင်​ပါ​သည်'' ဟု​ဆို​လေ​သည်။
2 E disse-lhe seu pai: Por certo pensava eu que de todo a desprezavas; de sorte que a dei ao teu companheiro; porém não é sua irmã mais nova, mais formosa do que ela? Toma-a, pois, em seu lugar.
3 ရှံ​ဆုန်​က​လည်း``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ဤ​တစ်​ကြိမ်​ငါ​ပြု​သည့်​အ​မှု​အ​တွက်​ငါ ၌​တာ​ဝန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၍၊-
3 Então Sansão disse acerca deles: Inocente sou esta vez para com os filisteus, quando lhes fizer algum mal.
4 ထွက်​သွား​ပြီး​လျှင်​မြေ​ခွေး​သုံးရာ​ကို​ဖမ်း ဆီး​၍ နှစ်​ကောင်​တစ်​တွဲ​အမြီး​ချင်း​ဆက်​ကာ အ​မြီး​ထုံး​ကြား​ထဲ​တွင်​မီး​တုတ်​ကို​ချည် ၏။-
4 E foi Sansão, e pegou trezentas raposas; e, tomando tochas, as virou cauda a cauda, e lhes pôs uma tocha no meio de cada duas caudas.
5 ထို​နောက်​မီး​တုတ်​ကို​မီး​ညှိ​၍ ဖိ​လိတ္တိ​လယ် များ​ထဲ​သို့​မြေ​ခွေး​တို့​ကို​လွှတ်​လိုက်​လေ သည်။ ဤ​နည်း​အား​ဖြင့်​သူ​သည်​ရိတ်​သိမ်း ပြီး​ဂျုံ​စပါး​တို့​ကို​သာ​မ​က​မ​ရိတ်​သိမ်း ရ​သေး​သည့်​ဂျုံ​ပင်​များ​ကို​ပါ​မီး​သင့် လောင်​ကျွမ်း​သွား​စေ​၏။ သံ​လွင်​ဥ​ယျာဉ် တို့​သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​၏။-
5 E chegou fogo às tochas, e largou-as na seara dos filisteus; e assim abrasou os molhos com a sega do trigo, e as vinhas e os olivais.
6 ဤ​အ​မှု​ကို​မည်​သူ​ပြု​သည်​ကို​ဖိ​လိတ္တိ အ​မျိုး​သား​တို့​စုံ​စမ်း​မေး​မြန်း​ကြ​သော အ​ခါ တိ​မ​န​မြို့​မှ​သူ​၏​ယောက္ခ​မ​သည် ရှံ​ဆုန်​၏​ဇနီး​အား​ရှံ​ဆုန်​၏​မိတ်​ဆွေ​တစ်​ဦး နှင့်​ပေး​စား​လိုက်​သော​ကြောင့် ရှံ​ဆုန်​ဤ​ကဲ့​သို့ ပြု​သည်​ကို​သိ​ရှိ​ကြ​ရ​၏။ ထို့​ကြောင့်​သူ​တို့ သည်​ထို​အ​မျိုး​သ​မီး​နှင့်​သူ​၏​ဖ​ခင်​၏ အိမ်​ကို​မီး​ရှို့​ကြ​လေ​သည်။
6 Então perguntaram os filisteus: Quem fez isto? E responderam: Sansão, o genro do timnita, porque lhe tomou a sua mulher, e a deu a seu companheiro. Então subiram os filisteus, e queimaram a fogo a ela e a seu pai.
7 ရှံ​ဆုန်​က​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား``သင် တို့​သည်​ဤ​သို့​ပြု​ကြ​သည်​ဆို​လျှင် ငါ​သည် လည်း​သင်​တို့​အား​လက်​စား​မ​ချေ​ရ​မ​ချင်း နား​နေ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ငါ​ကျိန်​ဆို ၏'' ဟု​ဆို​၍၊-
7 Então lhes disse Sansão: É assim que fazeis? Pois, havendo-me vingado eu de vós, então cessarei.
8 သူ​တို့​အား​ပြင်း​ထန်​စွာ​တိုက်​ခိုက်​လေ​၏။ သူ သည်​လူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ်​ပြီး နောက် ဧ​တံ​ကျောက်​ဆောင်​အ​တွင်း​ရှိ​ဂူ​၌ သွား​ရောက်​နေ​ထိုင်​လေ​သည်။
8 E feriu-os com grande ferimento, pernas juntamente com coxa; e desceu, e habitou na fenda da rocha de Etã.
9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​သို့ လာ​၍​စ​ခန်း​ချ​ကာ​လေ​ဟိ​မြို့​ကို​တိုက်​ခိုက် ကြ​၏။-
9 Então os filisteus subiram, e acamparam-se contra Judá, e estenderam-se por Leí.
10 ယု​ဒ​ပြည်​သူ​တို့​က``သင်​တို့​သည်​အ​ဘယ် ကြောင့်​ငါ​တို့​အား​တိုက်​ခိုက်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှင်​သူ​တို့​က``ငါ​တို့​သည်​ရှံ​ဆုန်​ကို ဖမ်း​ဆီး​၍ ငါ​တို့​အား​သူ​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ပြန်​လည်​ပြော​ကြား​ကြ​၏။-
10 E perguntaram-lhes os homens de Judá: Por que subistes contra nós? E eles responderam: Subimos para amarrar a Sansão, para lhe fazer a ele como ele nos fez a nós.
11 ထို​အ​ခါ​ယု​ဒ​ပြည်​သား​လူ​သုံး​ထောင်​တို့​သည် ရှံ​ဆုန်​နေ​သော​ဧ​တံ​ကျောက်​ဂူ​သို့​သွား​၍​သူ့ အား``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​အား အ​စိုး​ရ​သူ​များ​ဖြစ်​သည်​ကို​သင်​မ​သိ​ပါ သ​လော။ အ​ဘယ်​သို့​အ​မှု​ကို​ငါ​တို့​အား​သင် ပြု​ခဲ့​ပါ​ပြီ​နည်း'' ဟု​မေး​ကြ​၏။
11 Então três mil homens de Judá desceram até a fenda da rocha de Etã, e disseram a Sansão: Não sabias tu que os filisteus dominam sobre nós? Por que, pois, nos fizeste isto? E ele lhes disse: Assim como eles me fizeram a mim, eu lhes fiz a eles.
12 သူ​တို့​သည်​ရှံဆုန်​အား``ငါ​တို့​လာ​ရောက်​ကြ ခြင်း​မှာ​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက် သို့​အပ်​နှံ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။
12 E disseram-lhe: Descemos para te amarrar e te entregar nas mãos dos filisteus. Então Sansão lhes disse: Jurai-me que vós mesmos não me acometereis.
13 ``ကောင်း​ပြီ။ ငါ​တို့​သည်​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက်​သို့​အပ်​နှံ​ပါ​အံ့။ သင့်​အား ငါ​တို့​သတ်​မည်​မ​ဟုတ်​ပါ'' ဟု​က​တိ​ပြု ကြ​၏။ ဤ​သို့​လျှင်​သူ​တို့​သည်​သူ့​အား​ကြိုး သစ်​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ပြီး​လျှင်​ကျောက် ဆောင်​မှ​ပြန်​လည်​ခေါ်​ဆောင်​လာ​ကြ​၏။
13 E eles lhe falaram, dizendo: Não, mas fortemente te amarraremos, e te entregaremos nas mãos deles; porém de maneira nenhuma te mataremos. E amarraram-no com duas cordas novas e fizeram-no subir da rocha.
14 လေ​ဟိ​အ​ရပ်​သို့​ရောက်​သော​အ​ခါ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အော်​ဟစ်​ကာ​ရှံ​ဆုန် ထံ​သို့​ပြေး​၍​လာ​ကြ​၏။ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​သည်​ရှံ​ဆုန်​အား​ရုတ်​တ​ရက် သန်​စွမ်း​လာ​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ ၏​လက်​များ​ကို​ချည်​နှောင်​ထား​သော​ကြိုး တို့​ကို​မီး​ကျွမ်း​သည့်​အပ်​ချည်​မျှင်​ပ​မာ ပြတ်​စေ​၏။-
14 E, vindo ele a Leí, os filisteus lhe saíram ao encontro, jubilando; porém o Espírito do Senhor poderosamente se apossou dele, e as cordas que ele tinha nos braços se tornaram como fios de linho que se queimaram no fogo, e as suas amarraduras se desfizeram das suas mãos.
15 ထို​နောက်​သူ​သည်​မ​ကြာ​မီ​က​သေ​သွား​သည့် မြည်း​တစ်​ကောင်​၏​မေး​ရိုး​တစ်​ချောင်း​ကို​တွေ့ ရှိ​သ​ဖြင့်​ကောက်​ယူ​ပြီး​လျှင် ထို​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​မျှ​ကို​တိုက်​ခိုက်​သတ်​ဖြတ်​ပစ် လိုက်​လေ​သည်။
15 E achou uma queixada fresca de um jumento, e estendeu a sua mão, e tomou-a, e feriu com ela mil homens.
16 သို့​ဖြစ်​၍​ရှံ​ဆုန်​က၊
16 Então disse Sansão: Com uma queixada de jumento, montões sobre montões; com uma queixada de jumento feri a mil homens.
17 ထို​နောက်​သူ​သည်​မြည်း​မေး​ရိုး​ကို​လွှင့်​ပစ်​လိုက် သည်။ ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက်​သည့်​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​ဟူ​၍​ခေါ်​ဝေါ်​ကြ​သ​တည်း။
17 E aconteceu que, acabando ele de falar, lançou a queixada da sua mão; e chamou aquele lugar Ramate-Leí.
18 ထို​နောက်​ရှံ​ဆုန်​သည်​အ​လွန်​ရေ​ငတ်​၍​လာ​သ ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့``ဤ​အောင်​ပွဲ​ကြီး ကို​အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​တော်​မူ​ခဲ့​ပါ ပြီ။ ယ​ခု​အ​ကျွန်ုပ်​သည်​ရေ​ငတ်​၍​သေ​ရ​ပါ တော့​မည်​လော။ ဘု​ရား​မဲ့​သူ​ဤ​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​ပါ​တော့​မည် လော'' ဟု​ဆု​တောင်း​၏။-
18 E como tivesse grande sede, clamou ao Senhor, e disse: Pela mão do teu servo tu deste esta grande salvação; morrerei eu pois agora de sede, e cairei na mão destes incircuncisos?
19 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဟိ​အ​ရပ် မြေ​ချိုင့်​တစ်​နေ​ရာ​တွင် စမ်း​ပေါက်​စေ​တော်​မူ သ​ဖြင့်​ရေ​ထွက်​လာ​၏။ ရှံ​ဆုန်​သည်​ထို​ရေ​ကို သောက်​ရ​၍​လန်း​ဆန်း​လာ​လေ​သည်။ သို့​ဖြစ် ၍​ထို​စမ်း​ပေါက်​ကို​အ​ဟက္ကော​ရ​ဟု​ခေါ်​ဝေါ် ၍​ယ​နေ့​တိုင်​အောင်​လေ​ဟိ​အ​ရပ်​၌​ရှိ​သ တည်း။-
19 Então Deus fendeu uma cavidade que estava na queixada; e saiu dela água, e bebeu; e recobrou o seu espírito e reanimou-se; por isso chamou aquele lugar: A fonte do que clama, que está em Leí até ao dia de hoje.
20 ရှံ​ဆုန်​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ကြီး​စိုး​နေ​ချိန်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင်​ခေါင်း ဆောင်​ခဲ့​လေ​သည်။
20 E julgou a Israel, nos dias dos filisteus, vinte anos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Juízes 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.