Josué 20
Common Language Bible (MYA) vs NVI
1 ထိုနောက်ထာဝရဘုရားသည်ယောရှုမှ တစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
1 Disse o Senhor a Josué:
2 ``ငါသည်မောရှေအားဖြင့်မိန့်မှာသည့် အတိုင်းခိုလှုံရာမြို့များကိုရွေးချယ် လော့။-
2 "Diga aos israelitas que designem as cidades de refúgio, como lhes ordenei por meio de Moisés,
3 တစ်စုံတစ်ယောက်အားမတော်တဆသတ်မိ သောသူသည် လက်စားချေမည့်သူ၏လက်မှ လွတ်မြောက်ရန် ထိုမြို့များသို့ထွက်ပြေး ခိုလှုံနိုင်စေရမည်။-
3 para que todo aquele que matar alguém sem intenção e acidentalmente possa fugir para lá e proteger-se do vingador da vítima.
4 သူသည်ထိုမြို့များအနက်တစ်မြို့မြို့သို့ ထွက်ပြေး၍ မြို့တံခါးဝတွင်ရှိသောတရား စီရင်ရာဌာနသို့သွားပြီးလျှင် မြို့၏အကြီး အကဲတို့အားဖြစ်ပျက်ခဲ့သမျှကိုရှင်းပြ ရမည်။ ထိုနောက်အကြီးအကဲတို့က ထိုသူ အားမြို့တွင်းသို့ဝင်ခွင့်ပြု၍သူနေထိုင် ရန်နေရာချပေးရမည်။-
4 "Quando o homicida involuntário fugir para uma dessas cidades, terá que colocar-se junto à porta da cidade e expor o caso às autoridades daquela cidade. Eles o receberão e lhe darão um local para morar entre eles.
5 လက်စားချေရန်လိုက်လာသူသည်ထိုအရပ် သို့ရောက်ရှိလာလျှင်မြို့သူမြို့သားတို့က ထွက်ပြေးခိုလှုံသူအား ထိုသူ၏လက်သို့ မအပ်ရ။ သူသည်မိမိအမျိုးသားချင်းကို ရန်ငြိုးမရှိဘဲမတော်တဆသတ်မိသည် ဖြစ်သောကြောင့်သူ့အားအသက်ဘေးမှ ကာကွယ်ပေးရမည်။-
5 Caso o vingador da vítima o persiga, eles não o entregarão, pois matou seu próximo acidentalmente, sem maldade e sem premeditação.
6 သူသည်လူအပေါင်းတို့ရှေ့တွင်တရားစီရင် ခြင်းကိုခံပြီးသည်အထိထိုမြို့တွင်နေရ မည်။ အချင်းဖြစ်ပွားစဉ်အချိန်ကယဇ်ပုရော ဟိတ်မင်းဖြစ်သူအနိစ္စရောက်ပြီးနောက်မှသူ သည်ထွက်ပြေးခဲ့သောမိမိနေရင်းမြို့သို့ပြန် နိုင်သည်'' ဟုမိန့်တော်မူ၏။
6 Todavia, ele terá que permanecer naquela cidade até comparecer a julgamento perante a comunidade e até morrer o sumo sacerdote que estiver servindo naquele período. Então poderá voltar para a sua própria casa, à cidade de onde fugiu".
7 ထို့ကြောင့်သူတို့သည်ယော်ဒန်မြစ်အနောက် ဘက်တွင်နဿလိတောင်ကုန်းဒေသ၊ ဂါလိလဲ နယ်ရှိကေဒေရှမြို့၊ ဧဖရိမ်တောင်ကုန်းဒေသ ရှိရှေခင်မြို့၊ ယုဒတောင်ကုန်းဒေသရှိဟေဗြုန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေးချယ် သတ်မှတ်ကြသည်။-
7 Assim eles separaram Quedes, na Galiléia, nos montes de Naftali, Siquém, nos montes de Efraim, e Quiriate-Arba, que é Hebrom, nos montes de Judá.
8 ယော်ဒန်မြစ်အရှေ့ဘက်၊ ယေရိခေါမြို့အရှေ့ ရုဗင်နယ်မြေကုန်းပြင်မြင့်တောကန္တာရရှိ ဗေဇာမြို့၊ ဂဒ်နယ်မြေဂိလဒ်နယ်ရှိရာမုတ် မြို့၊ မနာရှေနယ်မြေ၊ ဗာရှန်နယ်ရှိဂေါလန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေး ချယ်သတ်မှတ်ကြသည်။-
8 No lado leste do Jordão, perto de Jericó designaram Bezer, no planalto desértico da tribo de Rúben; Ramote, em Gileade, na tribo de Gade; e Golã, em Basã, na tribo de Manassés.
9 ဣသရေလအမျိုးသားဖြစ်စေ၊ သူနှင့်အတူ နေထိုင်သောလူမျိုးခြားဖြစ်စေ၊ မတော်တဆ လူတစ်ဦးတစ်ယောက်ကိုသတ်မိသူသည်လက် စားချေမည့်သူ၏လက်မှလွတ်မြောက်ရန်နှင့် သူ့ အားလူပရိသတ်ရှေ့တွင်တရားမစီရင်ရ သေးမီသေစားမသေစေရန် ဤမြို့များကို ခိုလှုံရာမြို့များအဖြစ်ရွေးချယ်ကြ သတည်း။
9 Qualquer israelita ou estrangeiro residente que matasse alguém sem intenção, poderia fugir para qualquer dessas cidades para isso designadas e escapar do vingador da vítima, antes de comparecer a julgamento perante a comunidade.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Josué 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.