Josué 20

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​မှ တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား၊-
1 Falou mais o Senhor a Josué, dizendo:
2 ``ငါ​သည်​မော​ရှေ​အား​ဖြင့်​မိန့်​မှာ​သည့် အ​တိုင်း​ခို​လှုံ​ရာ​မြို့​များ​ကို​ရွေး​ချယ် လော့။-
2 Fala aos filhos de Israel, dizendo: Apartai para vós as cidades de refúgio, de que vos falei pelo ministério de Moisés;
3 တစ်​စုံ​တစ်​ယောက်​အား​မ​တော်​တ​ဆ​သတ်​မိ သော​သူ​သည် လက်​စား​ချေ​မည့်​သူ​၏​လက်​မှ လွတ်​မြောက်​ရန် ထို​မြို့​များ​သို့​ထွက်​ပြေး ခို​လှုံ​နိုင်​စေ​ရ​မည်။-
3 para que fuja para ali o homicida que matar alguma pessoa por erro e não com intento; para que vos sejam refúgio do vingador do sangue.
4 သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့​မြို့​သို့ ထွက်​ပြေး​၍ မြို့​တံ​ခါး​ဝ​တွင်​ရှိ​သော​တ​ရား စီ​ရင်​ရာ​ဌာ​န​သို့​သွား​ပြီး​လျှင် မြို့​၏​အ​ကြီး အ​ကဲ​တို့​အား​ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ရှင်း​ပြ ရ​မည်။ ထို​နောက်​အ​ကြီး​အ​ကဲ​တို့​က ထို​သူ အား​မြို့​တွင်း​သို့​ဝင်​ခွင့်​ပြု​၍​သူ​နေ​ထိုင် ရန်​နေ​ရာ​ချ​ပေး​ရ​မည်။-
4 E, fugindo para alguma daquelas cidades, pôr-se-á à porta da cidade e proporá as suas palavras perante os ouvidos dos anciãos da tal cidade; então, tomarão consigo na cidade e lhe darão lugar, para que habite com eles.
5 လက်​စား​ချေ​ရန်​လိုက်​လာ​သူ​သည်​ထို​အ​ရပ် သို့​ရောက်​ရှိ​လာ​လျှင်​မြို့​သူ​မြို့​သား​တို့​က ထွက်​ပြေး​ခို​လှုံ​သူ​အား ထို​သူ​၏​လက်​သို့ မ​အပ်​ရ။ သူ​သည်​မိ​မိ​အမျိုး​သား​ချင်း​ကို ရန်​ငြိုး​မ​ရှိ​ဘဲ​မ​တော်​တ​ဆ​သတ်​မိ​သည် ဖြစ်​သော​ကြောင့်​သူ့​အား​အ​သက်​ဘေး​မှ ကာ​ကွယ်​ပေး​ရ​မည်။-
5 E, se o vingador do sangue o seguir, não entregarão na sua mão o homicida; porquanto não feriu a seu próximo com intento e o não aborrecia dantes.
6 သူ​သည်​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ပြီး​သည်​အ​ထိ​ထို​မြို့​တွင်​နေ​ရ မည်။ အ​ချင်း​ဖြစ်​ပွား​စဉ်​အ​ချိန်​က​ယဇ်​ပု​ရော ဟိတ်​မင်း​ဖြစ်​သူ​အ​နိစ္စ​ရောက်​ပြီး​နောက်​မှ​သူ သည်​ထွက်​ပြေး​ခဲ့​သော​မိ​မိ​နေ​ရင်း​မြို့​သို့​ပြန် နိုင်​သည်'' ဟု​မိန့်​တော်​မူ​၏။
6 E habitará na mesma cidade, até que se ponha a juízo perante a congregação, até que morra o sumo sacerdote que houver naqueles dias; então, o homicida voltará e virá à sua cidade e à sua casa, à cidade de onde fugiu.
7 ထို့​ကြောင့်​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​နောက် ဘက်​တွင်​န​ဿ​လိ​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ နယ်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ ရှိ​ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ​ရှိ​ဟေ​ဗြုန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ် သတ်​မှတ်​ကြ​သည်။-
7 Então, apartaram Quedes, na Galileia, na montanha de Naftali, e Siquém, na montanha de Efraim, e Quiriate-Arba (esta é Hebrom), na montanha de Judá.
8 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့ ရု​ဗင်​နယ်​မြေ​ကုန်း​ပြင်​မြင့်​တော​ကန္တာ​ရ​ရှိ ဗေ​ဇာ​မြို့၊ ဂဒ်​နယ်​မြေ​ဂိ​လဒ်​နယ်​ရှိ​ရာ​မုတ် မြို့၊ မ​နာ​ရှေ​နယ်​မြေ၊ ဗာ​ရှန်​နယ်​ရှိ​ဂေါ​လန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး ချယ်​သတ်​မှတ်​ကြ​သည်။-
8 E, dalém do Jordão, de Jericó para o oriente, apartaram Bezer, no deserto, na campina da tribo de Rúben, e Ramote, em Gileade, da tribo de Gade; e Golã, em Basã, da tribo de Manassés.
9 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ မ​တော်​တ​ဆ လူ​တစ်​ဦး​တစ်​ယောက်​ကို​သတ်​မိ​သူ​သည်​လက် စား​ချေ​မည့်​သူ​၏​လက်​မှ​လွတ်​မြောက်​ရန်​နှင့် သူ့ အား​လူ​ပ​ရိ​သတ်​ရှေ့​တွင်​တ​ရား​မ​စီ​ရင်​ရ သေး​မီ​သေ​စား​မ​သေ​စေ​ရန် ဤ​မြို့​များ​ကို ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ်​ကြ သ​တည်း။
9 Estas são as cidades que foram designadas para todos os filhos de Israel e para o estrangeiro que andasse entre eles; para que se acolhesse a elas todo aquele que ferisse alguma pessoa por erro; para que não morresse às mãos do vingador do sangue, até se pôr diante da congregação.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Josué 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.