Jeremias 51

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဗာ​ဗု​လုန်​မြို့​နှင့် မြို့​သူ​မြို့​သား​တို့​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန် လေ​ပြင်း​ထ​စေ​မည်။-
1 Assim diz o Senhor: "Vejam! Levantarei um vento destruidor contra a Babilônia, contra o povo de Lebe-Camai.
2 ဖွဲ​များ​ကို​လွင့်​စဉ်​အောင်​တိုက်​ခတ်​သည့်​လေ ကဲ့​သို့ ဗာ​ဗု​လုန်​မြို့​ကို​ဖျက်​ဆီး​ရန်​လူ​မျိုး ခြား​တို့​ကို​ငါ​စေ​လွှတ်​မည်။ ယင်း​သို့​ဆုံး​ပါး ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ သော​အ​ခါ သူ​တို့​သည်​အ​ဘက်​ဘက်​မှ​နေ​၍ တိုက်​ခိုက်​ကာ​ထို​မြို့​ကို​အ​ကုန်​အ​စင်​ပယ် ရှင်း​လိမ့်​မည်။-
2 Enviarei estrangeiros para a Babilônia a fim de peneirá-la como trigo e devastar a sua terra. No dia de sua desgraça virão contra ela de todos os lados.
3 ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​များ​အား​မိ​မိ တို့​မြား​များ​ကို​ပစ်​လွှတ်​ခွင့်​ကို​သော်​လည်း ကောင်း၊ သံ​ချပ်​အင်္ကျီ​များ​ဝတ်​ဆင်​ခွင့်​ကို သော်​လည်း​ကောင်း​မ​ပေး​ကြ​နှင့်။ သူ​တို့​၏ လူ​ငယ်​လူ​ရွယ်​တို့​အား​ချမ်း​သာ​မ​ပေး ကြ​နှင့်။ တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချေ​မှုန်း ပစ်​ကြ​လော့။-
3 Que o arqueiro não arme o seu arco nem vista a sua armadura. Não poupem os seus jovens guerreiros, destruam completamente o seu exército.
4 သူ​တို့​သည်​ဒဏ်​ရာ​ရ​လျက်​မိ​မိ​တို့​၏ လမ်း​များ​တွင် သေ​ဆုံး​ကြ​လိမ့်​မည်။-
4 Eles cairão mortos na Babilônia, mortalmente feridos em suas ruas.
5 ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယုဒ​ပြည်​သား​တို့ သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ငါ့​အား​ပြစ်​မှား ကြ​သော်​လည်း​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ။-
5 Israel e Judá não foram abandonadas como viúvas pelo seu Deus, o Senhor dos Exércitos, embora a terra dos babilônios esteja cheia de culpa diante do Santo de Israel.
6 ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ပြေး​ကြ​လော့။ သင်​တို့ သည်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​လော့။ ဗာ​ဗု​လုန်​အ​ပြစ်​ကြောင့်​အ​သေ မ​ခံ​ကြ​နှင့်။ ယ​ခု​ငါ​သည်​ဗာ​ဗု​လုန်​မြို့ အာ​ခံ​သည့်​အ​ပြစ်​ဒဏ်​အ​တွက်​လက်​စား ချေ​လျက်​ရှိ​၏။-
6 "Fujam da Babilônia! Cada um por si! Não sejam destruídos por causa da iniqüidade dela. É hora da vingança do Senhor; ele pagará a ela o que ela merece.
7 ဗာ​ဗု​လုန်​မြို့​သည်​ငါ​ကိုင်​၍​ထား​သည့်​ရွှေ ဖ​လား၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​မူး​ယစ်​စေ​သည့် စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​၏။ လူ​မျိုး တ​ကာ​တို့​သည်​ထို​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​၍​ရူး​သွတ်​ကြ​ကုန်​၏။-
7 A Babilônia era um cálice de ouro nas mãos do Senhor; ela embriagou a terra toda. As nações beberam o seu vinho; por isso agora, enlouqueceram.
8 ဗာ​ဗု​လုန်​မြို့​သည်​ရုတ်​တ​ရက်​ပြို​လဲ​ပျက် စီး​သွား​လေ​ပြီ။ ထို​မြို့​အ​တွက်​ငို​ကြွေး ကြ​လော့။ သူ​၏​ဒဏ်​ရာ​များ​အ​တွက်​ဆေး ဝါး​ကို​ရှာ​ကြ​လော့။ သူ့​အား​အ​နာ​ရော​ဂါ ပျောက်​ကင်း​အောင်​ကု​သ​ကောင်း​ကု​သ​နိုင် ပေ​လိမ့်​မည်။-
8 A Babilônia caiu de repente e ficou arruinada. Lamentem por ela! Consigam bálsamo para a ferida dela; talvez ela possa ser curada.
9 `ငါ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​ကူ​မ​ရန်​ကြိုး စား​ကြ​ပါ​သော်​လည်း​များ​စွာ​နောက်​ကျ​၍ နေ​လေ​ပြီ။ လာ​ကြ။ ထို​မြို့​မှ​ထွက်​ခွာ​၍​ငါ တို့​ပြည်​သို့​ပြန်​ကြ​ကုန်​အံ့။ ဘု​ရား​သခင်​သည် အ​နန္တ​တန်​ခိုး​တော်​ဖြင့်​ဗာ​ဗု​လုန်​မြို့​ကို​အ ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ လုံး​ဝ​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပြီ' ဟု​ဆို​ကြ​၏။
9 "Gostaríamos de ter curado Babilônia, mas ela não pode ser curada; deixem-na e vamos cada um para a sua própria terra, pois o julgamento dela chega ao céu, eleva-se tão alto quanto as nuvens.
10 ``ငါ​၏​လူ​စု​တော်​က`ငါ​တို့​ဖြောင့်​မှန်​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​လေ​ပြီ။ ငါ တို့​သည်​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​ထံ​သို့ သွား​၍ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြော​ကြား​ကြ​ကုန်​အံ့' ဟု​ကြွေး​ကြော်​၏'' ဟု​မိန့်​တော်​မူ​၏။
10 "O Senhor defendeu o nosso nome; venham, contemos em Sião o que o Senhor, o nosso Deus, tem feito.
11 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ​တော်​မူ​သ​ဖြင့် မေ​ဒိ​ဘု​ရင်​တို့​ကို​လှုံ့​ဆော်​ပေး​တော်​မူ​လေ ပြီ။ ထို​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ဖျက်​ဆီး​ခံ​ခဲ့ ရ​ခြင်း​အ​တွက်​လက်​စား​ချေ​တော်​မူ​မည်။
11 "Afiem as flechas, peguem os escudos! O Senhor incitou o espírito dos reis dos medos, porque seu propósito é destruir a Babilônia. O Senhor se vingará, se vingará de seu templo.
12 ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို​တိုက်​ခိုက်​ရန်​အ​ချက် ပေး​ကြ​လော့။ သင်​တို့​၏​အ​စောင့်​တပ်​ကို​အား ဖြည့်​ကြ​လော့။ ကင်း​လု​လင်​တို့​ကို​နေ​ရာ​ယူ စေ​ကြ​လော့။ ခြုံ​ခို​တိုက်​ခိုက်​မည့်​တပ်​သား တို့​ကို​ချ​ထား​ကြ​လော့'' ဟု​အ​မိန့်​ပေး ကြ​၏။
12 Ergam o sinal para atacar as muralhas da Babilônia! Reforcem a guarda! Posicionem as sentinelas! Preparem uma emboscada! O Senhor executará o seu plano, o que ameaçou fazer contra os habitantes da Babilônia.
13 ဗာ​ဗု​လုန်​မြို့​သည်​မြစ်​များ​နှင့်​ပစ္စည်း​ဘဏ္ဍာ ပေါ​များ​ကြွယ်​ဝ​သော​မြို့​ဖြစ်​သော်​လည်း ပျက် စီး​ရန်​အ​ချိန်​စေ့​ပြီ​ဖြစ်​သ​ဖြင့်​ယင်း​၏​အ​သက် သွေး​ကြော​ပြတ်​၍​သွား​တော့​၏။-
13 Você que vive junto a muitas águas e está rico de tesouros, chegou o seu fim, a hora de você ser eliminado.
14 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု လုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​တွက် ကျိုင်း​ကောင်​များ သ​ဖွယ်၊ မြောက်​မြား​စွာ​သော​လူ​တို့​ကို​ခေါ်​ဆောင် လာ​မည်​ဟု မိ​မိ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန် ဆို​တော်​မူ​လေ​ပြီ။ ထို​သူ​တို့​သည်​လည်း​အောင် ပွဲ​ရ​၍​ကြွေး​ကြော်​ကြ​လိမ့်​မည်။
14 O Senhor dos Exércitos jurou por si mesmo: com certeza a encherei de homens, como com um enxame de gafanhotos, e eles gritarão triunfante sobre você.
15 ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​၏။
15 "Mas foi Deus quem fez a terra com o seu poder; firmou o mundo com a sua sabedoria e estendeu os céus com o seu entendimento.
16 အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး​ကောင်း​ကင် အထက်​ရှိ ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​ကုန်​၏။
16 Ao som do seu trovão, as águas no céu rugem; ele faz com que as nuvens se levantem desde os confins da terra. Ele faz relâmpagos para a chuva e faz sair o vento de seus depósitos.
17 ဤ​သို့​ပြု​တော်​မူ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည် ဉာဏ်​ပ​ညာ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​သူ​များ​ဖြစ်​ရ​ကြ​ကုန်​၏။
17 "São todos eles estúpidos e ignorantes; cada ourives é envergonhado pela imagem que esculpiu. Suas imagens esculpidas são uma fraude, elas não têm fôlego de vida.
18 ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။
18 Elas são inúteis, são objetos de zombaria. Quando vier o julgamento delas, perecerão.
19 ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။
19 Aquele que é a Porção de Jacó não é como esses, pois ele é quem forma todas as coisas, e Israel é a tribo de sua propriedade; o Senhor dos Exércitos é o seu nome.
20 ထာ​ဝ​ရ​ဘု​ရား​က``အို ဗာ​ဗု​လုန်​မြို့၊
20 "Você é o meu martelo, a minha arma de guerra. Com você eu despedaço nações, com você eu destruo reinos,
21 မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​များ​ကို​လည်း​ကောင်း၊
21 com você despedaço cavalo e cavaleiro, com você despedaço carro de guerra e cocheiro,
22 အ​မျိုး​သား၊အ​မျိုး​သ​မီး​များ​ကို​လည်း​ကောင်း၊
22 com você despedaço homem e mulher, com você despedaço velho e jovem, com você despedaço rapaz e moça,
23 သိုး​ထိန်း​များ​နှင့်​သိုး​အုပ်​များ​ကို​သတ်​ဖြတ်​၍၊
23 com você despedaço pastor e rebanho, com você despedaço lavrador e bois, com você despedaço governadores e oficiais.
24 ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန်​မြို့​အား​ဗာ​ဗု​လုန် မြို့​သူ​မြို့​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက် မ​ကောင်း​မှု​များ​အ​တွက် ငါ​လက်​စား​ချေ သည်​ကို​သင်​တို့​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။-
24 "Retribuirei à Babilônia e a todos os que vivem na Babilônia por toda a maldade que fizeram em Sião diante dos olhos de vocês", declara o Senhor.
25 အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု လုံး​ကို​ဖျက်​ဆီး​တတ်​သည့်​တောင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ကား​သင်​၏ ရန်​သူ​ဖြစ်​ပေ​သည်။ ငါ​သည်​သင့်​ကို​ဆွဲ​ကိုင် ကာ​မြေ​ပြင်​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​မည်။ သင့်​အား​ပြာ​ပုံ​ဆိုက်​စေ​မည်။-
25 "Estou contra você, ó montanha destruidora, você que destrói a terra inteira", declara o Senhor. "Estenderei minha mão contra você, eu a farei rolar dos penhascos, e farei de você uma montanha calcinada.
26 သင်​ယို​ယွင်း​ပျက်​စီး​ရာ​မှ​ကျန်​ရစ်​သော​ကျောက် တုံး​များ​ကို အ​ဆောက်​အ​အုံ​တည်​ဆောက်​ရာ​တွင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သုံး​ပြု​ကြ​တော့ မည်​မ​ဟုတ်။ သင်​သည်​ထာ​ဝ​စဉ်​လူ​သူ​ကင်း​မဲ့ ရာ​ဖြစ်​၍​နေ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
26 Nenhuma pedra sua será cortada para servir de pedra angular, nem para um alicerce, pois você estará arruinada para sempre", declara o Senhor.
27 ``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-
27 "Ergam um estandarte na terra! Toquem a trombeta entre as nações! Preparem as nações para o combate contra ela; convoquem contra ela estes reinos: Ararate, Mini e Asquenaz. Nomeiem um comandante contra ela; lancem os cavalos ao ataque como um enxame de gafanhotos.
28 မေ​ဒိ​ဘု​ရင်​များ၊ ခေါင်း​ဆောင်​များ​နှင့်​အ​ရာ​ရှိ များ​အား​လည်း​ကောင်း၊ သူ​တို့​၏​လက်​အောက်​ခံ နိုင်​ငံ​အ​ပေါင်း​အား​လည်း​ကောင်း​ဗာ​ဗု​လုန်​မြို့ ကို​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​စေ​ကြ​လော့။-
28 Preparem as nações para o combate contra ela: os reis dos medos, seus governadores e todos os seus oficiais, e todos os países que governam.
29 ထာ​ဝ​ရ​ဘုရား​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပြီ​ဖြစ်​၍ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​၍​သွား​၏။ ကိုယ် တော်​သည်​ဗာ​ဗု​လုန်​မြို့​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​ဒေ​သ​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-
29 A terra treme e se contorce de dor, pois permanecem de pé os planos do Senhor contra a Babilônia: desolar a terra da Babilônia para que fique desabitada.
30 ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​တို့​သည်​စစ်​မ​တိုက် ကြ​တော့​ဘဲ​မိ​မိ​တို့​ခံ​တပ်​များ​အ​တွင်း​၌​သာ လျှင်​နေ​လျက်​ရှိ​ကြ​၏။ သူ​တို့​သည်​စိတ်​ပျက် အား​လျော့​ကာ​အ​မျိုး​သ​မီး​များ​သ​ဖွယ်​ဖြစ် ကြ​လေ​ကုန်​ပြီ။ မြို့​တံ​ခါး​တို့​သည်​ကျိုး​ပေါက် ကုန်​လျက်​အိမ်​များ​သည်​လည်း​မီး​လောင်​၍​နေ​၏။-
30 Os guerreiros da Babilônia pararam de lutar; permanecem em suas fortalezas. A força deles acabou; tornaram-se como mulheres. As habitações dela estão incendiadas; as trancas de suas portas estão quebradas.
31 ဗာ​ဗု​လုန်​မြို့​သည်​အ​ဘက်​ဘက်​မှ​ပြို​ကျ​လျက် ရှိ​ကြောင်း​ဗာ​ဗု​လုန်​ဘု​ရင်​အား​မင်း​လု​လင်​တို့ သည် တစ်​ဦး​ပြီး​တစ်​ဦး​လာ​ရောက်​လျှောက်​ထား ကြ​၏။-
31 Um emissário vai após outro, e um mensageiro sai após outro mensageiro para anunciar ao rei da Babilônia que sua cidade inteira foi capturada,
32 ရန်​သူ​သည်​မြစ်​ကူး​လမ်း​ကို​သိမ်း​ပိုက်​ပြီး​လျှင် ရဲ​တိုက်​များ​ကို​မီး​ရှို့​ကြ​လေ​ပြီ။ ဗာ​ဗု​လုန် စစ်​သည်​တပ်​သား​တို့​သည်​လည်း​ထိတ်​လန့် တုန်​လှုပ်​၍​သွား​ကြ​လေ​ကုန်​ပြီ။-
32 os pontos de cruzar o rio foram tomados, a vegetação dos pântanos foi incendiada, e os soldados ficaram aterrorizados. "
33 မ​ကြာ​မီ​ပင်​ရန်​သူ​သည်​သူ​တို့​အား​ခုတ်​ထစ် ပြီး​လျှင် ကောက်​နယ်​တ​လင်း​မှ​စ​ပါး​များ​ကဲ့ သို့​နင်း​နယ်​ကြ​လိမ့်​မည်။ ဤ​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
33 Assim diz o Senhor dos Exércitos, Deus de Israel: "A cidade de Babilônia é como uma eira a época da colheita logo chegará para ela.
34 ဗာ​ဗု​လုန်​ဘု​ရင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ခုတ်​ထစ်​ကိုက်​စား​ခဲ့​၏။
34 "Nabucodonosor, rei da Babilônia, devorou-nos, lançou-nos em confusão, fez de nós um jarro vazio. Tal como uma serpente ele nos engoliu e encheu seu estômago com nossas finas comidas e então nos vomitou.
35 ``ငါ​တို့​ခံ​ရ​သည့်​အ​ကြမ်း​ဖက်​မှု​များ အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်
35 Que a violência cometida à nossa carne esteja sobre a Babilônia", dizem os habitantes de Sião. "Que o nosso sangue esteja sobre aqueles que moram na Babilônia", diz Jerusalém.
36 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​အား``ငါ​သည်​သင်​တို့​၏ အ​ကျိုး​ကို​ပြု​စု​၍​သင်​တို့​အ​တွက်​လက်​စား ချေ​မည်။ ဗာ​ဗု​လုန်​ပြည်​၏​စမ်း​ရေ​တွင်း​များ နှင့်​မြစ်​များ​ကို​ခန်း​ခြောက်​စေ​မည်။-
36 Por isso, assim diz o Senhor: "Vejam, defenderei a causa de vocês e os vingarei; secarei o seu mar e esgotarei as suas fontes.
37 ထို​အ​ခါ​ဗာ​ဗု​လုန်​မြို့​သည်​တော​တိ​ရစ္ဆာန်​ခို အောင်း​ရာ အ​ဆောက်​အ​အုံ​ပျက်​များ​ဖြစ်​၍​နေ လိမ့်​မည်။ ယင်း​သည်​တုန်​လှုပ်​ချောက်​ချား​ဖွယ် ကောင်း​သော​မြင်​ကွင်း​ဖြစ်​၍ လူ​သူ​ဆိတ်​ငြိမ် ရာ​ဖြစ်​လိမ့်​မည်။-
37 A Babilônia se tornará um amontoado de ruínas, uma habitação de chacais, objeto de pavor e de zombaria, um lugar onde ninguém vive.
38 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ခြင်္သေ့​များ ကဲ့​သို့​ဟောက်​ကြ​၏။ ခြင်္သေ့​ငယ်​များ​ကဲ့​သို့ ဟိန်း​ကြ​၏။-
38 O seu povo todo ruge como leõezinhos, rosnam como filhotes de leão.
39 သူ​တို့​သည်​အ​စား​ကြူး​သူ​များ​ပေ​လော။ ငါ သည်​သူ​တို့​အား​စား​ပွဲ​ကြီး​တစ်​ခု​တည်​ခင်း ကျွေး​မွေး​ကာ​မူး​ယစ်​ပျော်​ရွင်​စေ​မည်။ သူ​တို့ သည်​အိပ်​ပျော်​၍​သွား​ပြီး​လျှင်​နောင်​အ​ဘယ် အ​ခါ​၌​မျှ​နိုး​ထ​ကြ​တော့​မည်​မ​ဟုတ်။-
39 Mas, enquanto estiverem excitados, prepararei um banquete para eles e os deixarei bêbados, para que fiquem bem alegres e, então, durmam e jamais acordem", declara o Senhor.
40 ငါ​သည်​သူ​တို့​အား​သိုး​သ​ငယ်​များ​ကဲ့​သို့ လည်း​ကောင်း၊ ဆိတ်​ထီး၊ သိုး​ထီး​များ​ကဲ့​သို့ လည်း​ကောင်း​သတ်​ရန်​ခေါ်​ဆောင်​သွား​မည် ဟု​မိန့်​တော်​မူ​၏။
40 "Eu os levarei como cordeiros para o matadouro, como carneiros e bodes.
41 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​အ​ကြောင်း နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``ကမ္ဘာ​တစ် ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​သည့်​ဗာ ဗု​လုန်​မြို့​သည်​အ​သိမ်း​ခံ​ရ​လေ​ပြီ။ ဗာ​ဗု လုန်​မြို့​သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက် လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​ဖြစ်​၍​လာ​လေ​ပြီ။-
41 "Como Sesaque será capturada, o orgulho de toda a terra tomado! Que horror a Babilônia será entre as nações!
42 ပင်​လယ်​ရေ​သည်​ဗာ​ဗု​လုန်​ပြည်​ပေါ်​သို့ လှိမ့်​တက်​ကာ​လှိုင်း​တံ​ပိုး​များ​ဖြင့်​ဖုံး လွှမ်း​လိုက်​လေ​ပြီ။-
42 O mar se levantará sobre a Babilônia; suas ondas agitadas a cobrirão.
43 မြို့​တို့​သည်​လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​မြင်​ကွင်း ဖြစ်​လာ​ကြ​လျက်​လူ​သူ​ဆိတ်​ငြိမ်​ရာ၊ ရေ မ​ရှိ​သည့်​သဲ​ကန္တာ​ရ​နှင့်​တူ​ကြ​၏။ ထို​မြို့ များ​သို့​အ​ဘယ်​သူ​မျှ​လည်း​ခ​ရီး​မ​ပြု ကြ။-
43 Suas cidades serão arrasadas, uma terra seca e deserta, uma terra onde ninguém mora, pela qual nenhum homem passa.
44 ငါ​သည်​ဗာ​ဗု​လုန်​မြို့​၏​ဗေ​လ​ဘု​ရား​ကို အ​ပြစ်​ဒဏ်​ခတ်​၍ ခိုး​ရာ​ပါ​ပစ္စည်း​များ​ကို လည်း​ပြန်​အပ်​စေ​မည်။ လူ​မျိုး​တ​ကာ​တို့ သည်​သူ့​အား​နောက်​တစ်​ဖန်​ဝတ်​ပြု​ကိုး ကွယ်​ကြ​တော့​မည်​မ​ဟုတ်။
44 Castigarei Bel na Babilônia e o farei vomitar o que engoliu. As nações não mais acorrerão a ele. E a muralha da Babilônia cairá.
45 ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထို​မြို့​မှ​ထွက်​ပြေး ကြ​လော့။ လူ​အ​ပေါင်း​တို့​အ​သက်​ချမ်း​သာ ရာ​ရ​စေ​ရန် ငါ​၏​ပြင်း​ထန်​သော​အ​မျက် တော်​မှ​ရှောင်​ပြေး​ကြ​လော့။-
45 "Saia dela, meu povo! Cada um salve a sua própria vida, da ardente ira do Senhor.
46 သင်​တို့​ကြား​ကြ​ရ​သည့်​ကော​လ​ဟ​လ သ​တင်း​များ​ကြောင့်​မ​ကြောက်​ကြ​နှင့်။ အား လည်း​မ​ငယ်​ကြ​နှင့်။ နှစ်​စဉ်​နှစ်​တိုင်း​သ​တင်း အ​မျိုး​မျိုး​ပေါ်​ထွက်​လာ​တတ်​၏။ နိုင်​ငံ​အ​တွင်း အ​ကြမ်း​ဖက်​သည့်​သ​တင်း​များ၊ ဘု​ရင်​တစ် ပါး​နှင့်​တစ်​ပါး​စစ်​ဖြစ်​ပွား​သည့်​သ​တင်း များ​ပျံ့​နှံ့​လာ​တတ်​၏။-
46 Não desanimem nem tenham medo quando ouvirem rumores na terra; um rumor chega este ano, outro no próximo, rumor de violência na terra e de governante contra governante.
47 သို့​ဖြစ်​၍​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ​ကို ငါ​စီ​ရင်​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​အ​ရှက်​ကွဲ လိမ့်​မည်။ ပြည်​သူ​အ​ပေါင်း​တို့​သည်​လည်း အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-
47 Portanto, certamente vêm os dias quando castigarei as imagens esculpidas da Babilônia; toda a sua terra será envergonhada, e todos os seus mortos jazerão caídos dentro dela.
48 မြောက်​အ​ရပ်​မှ​လာ​ရောက်​တိုက်​ခိုက်​သူ​တို့ ၏​လက်​တွင်း​သို့ ဗာ​ဗု​လုန်​မြို့​ကျ​ဆင်း​သွား သော​အ​ခါ​မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ မိုး ကောင်း​ကင်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော အ​ရာ​တို့​သည်​ဝမ်း​မြောက်​သဖြင့်​ကြွေး ကြော်​ကြ​လိမ့်​မည်။-
48 Então o céu e a terra e tudo o que existe neles gritará de alegria por causa da Babilônia, pois do norte destruidores a atacarão", declara o Senhor.
49 ဗာ​ဗု​လုန်​မြို့​ကြောင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​မြောက်​အ​မြား​သည်​လည်း​ကောင်း၊ ကမ္ဘာ အ​ရပ်​ရပ်​ရှိ​လူ​တို့​သည်​လည်း​ကောင်း​သေ ကြေ​ပျက်​စီး​ရ​ကြ​သ​ဖြင့် ယ​ခု​အ​ခါ ဗာ​ဗု​လုန်​မြို့​သည်​ကျ​ဆုံး​ရ​လိမ့်​မည်​ဟူ ၍​တည်း။
49 "A Babilônia cairá por causa dos mortos de Israel, assim como os mortos de toda a terra caíram por causa da Babilônia.
50 ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ရှိ မိ​မိ ၏​လူ​စု​တော်​အား​မိန့်​တော်​မူ​သည်​မှာ``သင် တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​လေ​ပြီ။ ယ​ခု​ထွက်​ခွာ​သွား​ကြ​လော့။ ဆိုင်း​၍​မ​နေ နှင့်။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​နှင့်​ဝေး​ကွာ လျက်​နေ​သော်​လည်း သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော​ငါ့​ကို​သ​တိ​ရ​ကြ​လော့။ ယေ​ရု ရှ​လင်​မြို့​ကို​လည်း​သ​တိ​ရ​ကြ​လော့။-
50 Vocês que escaparam da espada, saiam! Não permaneçam! Lembrem-se do Senhor numa terra distante, e pensem em Jerusalém.
51 သင်​တို့​က`ငါ​တို့​သည်​အ​သ​ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​ကြ​လေ​ပြီ။ ဗိ​မာန်​တော်​မှ သန့်​ရှင်း​ရာ​ဌာ​န​တော်​တို့​ကို​လူ​မျိုး​ခြား များ​သိမ်း​ပိုက်​လိုက်​ကြ​ပြီ​ဖြစ်​၍ ငါ​တို့ သည်​ခို​ကိုး​ရာ​မဲ့​ကြ​ရ​ပါ​၏' ဟု​ဆို ကြ​၏။-
51 "Estamos envergonhados pois fomos insultados e a vergonha cobre o nosso rosto, porque estrangeiros penetraram nos lugares santos do templo do Senhor.
52 ထို့​ကြောင့်​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​၍ တစ်​တိုင်း​တစ် ပြည်​လုံး​တွင်​ဒဏ်​ရာ​ရ​ရှိ​သူ​တို့​ငြီး​တွား ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။-
52 "Portanto, centamente vêm os dias", declara o Senhor, "quando castigarei as suas imagens esculpidas, e por toda a sua terra os feridos gemerão.
53 အ​ကယ်​၍​ဗာ​ဗု​လုန်​မြို့​သည်​မိုး​ကောင်း​ကင် သို့​တက်​၍ ခံ​တပ်​အ​ခိုင်​အ​မာ​ဆောက်​လုပ် နိုင်​သည်​ဟု​ပင်​ဆို​စေ​ကာ​မူ ငါ​သည်​ထို​မြို့ ကို​တိုက်​ဖျက်​ရန်​လူ​များ​ကို​စေ​လွှတ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။
53 Mesmo que a Babilônia chegue ao céu e fortifique no alto a sua fortaleza, enviarei destruidores contra ela", declara o Senhor.
54 ထာ​ဝ​ရ​ဘု​ရား​က၊
54 "Vem da Babilônia o som de um grito, o som de grande destruição vem da terra dos babilônios.
55 ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။
55 O Senhor destruirá a Babilônia; ele silenciará o seu grande ruído. Ondas de inimigos avançarão como grandes águas; o rugir de suas vozes ressoará.
56 သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​လေ​ပြီ။
56 Um destruidor virá contra a Babilônia; seus guerreiros serão capturados, e seus arcos serão quebrados. Pois o Senhor é um Deus de retribuição; ele retribuirá plenamente.
57 ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊
57 Embebedarei os seus líderes e os seus sábios; os seus governadores, os seus oficiais e os seus guerreiros. Eles dormirão para sempre e jamais acordarão", declara o Rei, cujo nome é Senhor dos Exércitos.
58 တန်​ခိုး​ကြီး​သည့်​ဗာ​ဗု​လုန်​မြို့​၏​မြို့​ရိုး​များ​သည် ပြို​ကျ​ရ​လိမ့်​မည်။
58 Assim diz o Senhor dos Exércitos: "A larga muralha da Babilônia será desmantelada e suas altas portas serão incendiadas. Os povos se exaurem por nada, o trabalho das nações não passa de combustível para as chamas".
59 မာ​သေ​ယ​၏​မြေး၊ နေ​ရိ​၏​သား​စ​ရာ​ယ​သည် ဇေ​ဒ​ကိ​မင်း​၏​အ​ပါး​တော်​မြဲ​ဖြစ်​၏။ ယု​ဒ ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​စ​တုတ္ထ​နှစ်​၌​စ​ရာ​ယ သည်​ဗာ​ဗု​လုန်​မြို့​သို့​ရှင်​ဘု​ရင်​နှင့်​အ​တူ သွား​မည်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့​အား​အ​နည်း ငယ်​ညွှန်​ကြား​လိုက်​လေ​သည်။-
59 Esta é a mensagem que Jeremias deu ao responsável pelo acampamento Seraías, filho de Nerias, filho de Maaséias, quando ele foi à Babilônia com o rei Zedequias de Judá no quarto ano do seu reinado.
60 ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​မည့်​ပျက်​စီး မှု​မှန်​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့ နှင့်​သက်​ဆိုင်​သော​အ​ခြား​အ​မှု​ကိစ္စ​များ ကို​လည်း​ကောင်း​စာ​စောင်​တစ်​ခု​တွင်​ရေး သား​၍​ပေး​၏။-
60 Jeremias escreveu num rolo todas as desgraças que sobreviriam à Babilônia, tudo que fora registrado acerca da Babilônia.
61 ငါ​သည်​စ​ရာ​ယ​အား``ဗာ​ဗု​လုန်​မြို့​သို့ သင်​ရောက်​ရှိ​သော​အ​ခါ​ဤ​စာ​စောင်​တွင် ရေး​သား​ဖော်​ပြ​ထား​သ​မျှ​သော​အ​ကြောင်း အ​ရာ​တို့​ကို​လူ​တို့​အား​အော်​၍​ဖတ်​ပြ​ရန် မ​မေ့​နှင့်။-
61 Ele disse a Seraías: "Quando você chegar à Babilônia, tenha o cuidado de ler todas estas palavras em voz alta.
62 ထို​နောက်`အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ဤ​အ​ရပ်​ကို​လူ​နှင့်​တိ​ရစ္ဆာန်​များ​ပါ မ​ကျန်၊ သက်​ရှိ​သတ္တ​ဝါ​တို့​ဆိတ်​သုဉ်း​ရာ သဲ​ကန္တာ​ရ​နှင့်​ထာ​ဝ​စဉ်​တူ​စေ​မည်​ဖြစ် ကြောင်း​မိန့်​တော်​မူ​ခဲ့​ပါ​၏' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​လော့။-
62 Então diga: ‘Ó Senhor, disseste que destruirás este lugar, para que nem homem nem animal viva nele, pois ficará em ruínas para sempre’.
63 စ​ရာ​ယ၊ သင်​သည်​ဤ​စာ​စောင်​ကို​ပြည်​သူ တို့​အား​ဖတ်​ပြ​ပြီး​သော​အ​ခါ ကျောက်​ခဲ တစ်​လုံး​တွင်​ကြိုး​နှင့်​ချည်​၍​ဥ​ဖ​ရတ်​မြစ် ထဲ​သို့​ပစ်​ချ​လော့။-
63 Quando você terminar de ler este rolo, amarre nele uma pedra e atire-o no Eufrates.
64 ထို​နောက်`ဗာ​ဗု​လုန်​မြို့​သည်​ဤ​အ​တိုင်း​ဖြစ် ပျက်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပျက်​စီး စေ​တော်​မူ​မည်​ဖြစ်​၍ ထို​မြို့​သည်​နစ်​မြုပ် ပြီး​လျှင်​နောက်​တစ်​ဖန်​ပြန်​၍​ပေါ်​လာ​လိမ့် မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​ဆို​၏။
64 Então diga: ‘Assim Babilônia afundará para não mais se erguer, por causa da desgraça que trarei sobre ela. E seu povo cairá’ ". Aqui terminam as palavras de Jeremias.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 51, comparar traduções ou montar um estudo — tudo direto pelo WhatsApp.