Jeremias 51
Common Language Bible (MYA) vs ARIB
1 ထာဝရဘုရားက``ငါသည်ဗာဗုလုန်မြို့နှင့် မြို့သူမြို့သားတို့ကိုဖျက်ဆီးချေမှုန်းရန် လေပြင်းထစေမည်။-
1 Assim diz o Senhor: Eis que levantarei um vento destruidor contra Babilônia, e contra os que habitam na Caldéia.
2 ဖွဲများကိုလွင့်စဉ်အောင်တိုက်ခတ်သည့်လေ ကဲ့သို့ ဗာဗုလုန်မြို့ကိုဖျက်ဆီးရန်လူမျိုး ခြားတို့ကိုငါစေလွှတ်မည်။ ယင်းသို့ဆုံးပါး ဖျက်ဆီးရာနေ့ရက်ကာလကျရောက်လာ သောအခါ သူတို့သည်အဘက်ဘက်မှနေ၍ တိုက်ခိုက်ကာထိုမြို့ကိုအကုန်အစင်ပယ် ရှင်းလိမ့်မည်။-
2 E enviarei padejadores contra Babilônia, que a padejarão, e esvaziarão a sua terra, quando vierem contra ela em redor no dia da calamidade.
3 ဗာဗုလုန်စစ်သည်တပ်သားများအားမိမိ တို့မြားများကိုပစ်လွှတ်ခွင့်ကိုသော်လည်း ကောင်း၊ သံချပ်အင်္ကျီများဝတ်ဆင်ခွင့်ကို သော်လည်းကောင်းမပေးကြနှင့်။ သူတို့၏ လူငယ်လူရွယ်တို့အားချမ်းသာမပေး ကြနှင့်။ တပ်မတော်တစ်ခုလုံးကိုချေမှုန်း ပစ်ကြလော့။-
3 Não arme o flecheiro o seu arco, nem se levante o que estiver armado da sua couraça; não perdoeis aos seus jovens; destruí completamente todo o seu exército.
4 သူတို့သည်ဒဏ်ရာရလျက်မိမိတို့၏ လမ်းများတွင် သေဆုံးကြလိမ့်မည်။-
4 Cairão mortos na terra dos caldeus, e feridos nas ruas dela.
5 ဣသရေလပြည်သားနှင့်ယုဒပြည်သားတို့ သည် ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်တော်မူသောအရှင် ငါ့အားပြစ်မှား ကြသော်လည်းအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည်သူတို့ကိုစွန့်ပစ်တော်မမူ။-
5 Pois Israel e Judá não foram abandonados do seu Deus, o Senhor dos exércitos, ainda que a terra deles esteja cheia de culpas contra o Santo de Israel.
6 ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
6 Fugi do meio de Babilônia, e livre cada um a sua vida; não sejais exterminados na sua punição; pois este é o tempo da vingança do Senhor; ele lhe dará o pago.
7 ဗာဗုလုန်မြို့သည်ငါကိုင်၍ထားသည့်ရွှေ ဖလား၊ ကမ္ဘာတစ်ဝှမ်းလုံးကိုမူးယစ်စေသည့် စပျစ်ရည်ခွက်ဖလားနှင့်တူ၏။ လူမျိုး တကာတို့သည်ထိုခွက်ဖလားမှစပျစ် ရည်ကိုသောက်၍ရူးသွတ်ကြကုန်၏။-
7 Na mão do Senhor a Babilônia era um copo de ouro, o qual embriagava a toda a terra; do seu vinho beberam as nações; por isso as nações estão fora de si.
8 ဗာဗုလုန်မြို့သည်ရုတ်တရက်ပြိုလဲပျက် စီးသွားလေပြီ။ ထိုမြို့အတွက်ငိုကြွေး ကြလော့။ သူ၏ဒဏ်ရာများအတွက်ဆေး ဝါးကိုရှာကြလော့။ သူ့အားအနာရောဂါ ပျောက်ကင်းအောင်ကုသကောင်းကုသနိုင် ပေလိမ့်မည်။-
8 Repentinamente caiu Babilônia, e ficou arruinada; uivai sobre ela; tomai bálsamo para a sua dor, talvez sare.
9 `ငါတို့သည်ဗာဗုလုန်မြို့ကိုကူမရန်ကြိုး စားကြပါသော်လည်းများစွာနောက်ကျ၍ နေလေပြီ။ လာကြ။ ထိုမြို့မှထွက်ခွာ၍ငါ တို့ပြည်သို့ပြန်ကြကုန်အံ့။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့်ဗာဗုလုန်မြို့ကိုအ ပြစ်ဒဏ်စီရင်တော်မူပြီ။ လုံးဝသုတ်သင် ဖျက်ဆီးတော်မူပြီ' ဟုဆိုကြ၏။
9 Queríamos sarar Babilônia, ela, porém, não sarou; abandonai-a, e vamo-nos, cada qual para a sua terra; pois o seu julgamento chega até o céu, e se eleva até as mais altas nuvens.
10 ``ငါ၏လူစုတော်က`ငါတို့ဖြောင့်မှန်ကြောင်း ကို ထာဝရဘုရားပြတော်မူလေပြီ။ ငါ တို့သည်ဇိအုန်မြို့သူမြို့သားတို့ထံသို့ သွား၍ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားပြုတော်မူသောအမှုတော်ကို ပြောကြားကြကုန်အံ့' ဟုကြွေးကြော်၏'' ဟုမိန့်တော်မူ၏။
10 O Senhor trouxe à luz a nossa justiça; vinde e anunciemos em Sião a obra do Senhor nosso Deus.
11 ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။
11 Aguçai as flechas, preparei os escudos; o Senhor despertou o espírito dos reis dos medos; porque o seu intento contra Babilônia é para a destruir; pois esta é a vingança do Senhor, a vingança do seu templo.
12 ဗာဗုလုန်မြို့ရိုးတို့ကိုတိုက်ခိုက်ရန်အချက် ပေးကြလော့။ သင်တို့၏အစောင့်တပ်ကိုအား ဖြည့်ကြလော့။ ကင်းလုလင်တို့ကိုနေရာယူ စေကြလော့။ ခြုံခိုတိုက်ခိုက်မည့်တပ်သား တို့ကိုချထားကြလော့'' ဟုအမိန့်ပေး ကြ၏။
12 Arvorai um estandarte sobre os muros de Babilônia, reforçai a guarda, colocai sentinelas, preparai as emboscadas; porque o Senhor tanto intentou como efetuou o que tinha dito acerca dos moradores de Babilônia.
13 ဗာဗုလုန်မြို့သည်မြစ်များနှင့်ပစ္စည်းဘဏ္ဍာ ပေါများကြွယ်ဝသောမြို့ဖြစ်သော်လည်း ပျက် စီးရန်အချိန်စေ့ပြီဖြစ်သဖြင့်ယင်း၏အသက် သွေးကြောပြတ်၍သွားတော့၏။-
13 Ó tu, que habitas sobre muitas águas, rica de tesouros! é chegado o teu fim, a medida da tua ganância.
14 အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဗာဗု လုန်မြို့ကိုတိုက်ခိုက်ရန်အတွက် ကျိုင်းကောင်များ သဖွယ်၊ မြောက်မြားစွာသောလူတို့ကိုခေါ်ဆောင် လာမည်ဟု မိမိ၏နာမတော်ကိုတိုင်တည်ကျိန် ဆိုတော်မူလေပြီ။ ထိုသူတို့သည်လည်းအောင် ပွဲရ၍ကြွေးကြော်ကြလိမ့်မည်။
14 Jurou o Senhor dos exércitos por si mesmo, dizendo: Certamente te encherei de homens, como de locustas; e eles levantarão o grito de vitória sobre ti.
15 ထာဝရဘုရားသည်တန်ခိုးတော်ဖြင့် ပထဝီမြေကြီးကိုဖြစ်ပေါ်စေတော်မူ၏။
15 É ele quem fez a terra com o seu poder, estabeleceu o mundo com a sua sabedoria, e estendeu os céus com o seu entendimento.
16 အမိန့်ပေးတော်မူသောအခါမိုးကောင်းကင် အထက်ရှိ ရေတို့သည်အသံမြည်ဟည်းကြကုန်၏။
16 À sua voz, há grande tumulto de águas nas céus, e ele faz subir os vapores desde as extremidades da terra; faz os relâmpagos para a chuva, e tira o vento dos seus tesouros.
17 ဤသို့ပြုတော်မူသဖြင့်လူအပေါင်းတို့သည် ဉာဏ်ပညာ၊ အသိဉာဏ်ကင်းမဲ့သူများဖြစ်ရကြကုန်၏။
17 Embruteceu-se todo homem, de modo que não tem conhecimento; todo ourives é envergonhado pelas suas imagens esculpidas; pois as suas imagens de fundição são mentira, e não há espírito em nenhuma delas.
18 ယင်းတို့သည်အချည်းနှီးသက်သက်ဖြစ်၍ စက်ဆုတ်ရွံရှာဖွယ်သာလျှင်ဖြစ်ပေသည်။
18 Vaidade são, obra de enganos; no tempo em que eu as visitar perecerão.
19 ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။
19 Não é semelhante a estes a porção de Jacó; porque ele é o que forma todas as coisas; e Israel é a tribo da sua herança; o Senhor dos exércitos é o seu nome.
20 ထာဝရဘုရားက``အို ဗာဗုလုန်မြို့၊
20 Tu me serves de martelo e de armas de guerra; contigo despedaçarei nações, e contigo destruirei os reis;
21 မြင်းနှင့်မြင်းစီးသူရဲများကိုလည်းကောင်း၊
21 contigo despedaçarei o cavalo e o seu cavaleiro; contigo despedaçarei e carro e o que nele vai;
22 အမျိုးသား၊အမျိုးသမီးများကိုလည်းကောင်း၊
22 contigo despedaçarei o homem e a mulher; contigo despedaçarei o velho e o moço; contigo despedaçarei o mancebo e a donzela;
23 သိုးထိန်းများနှင့်သိုးအုပ်များကိုသတ်ဖြတ်၍၊
23 contigo despedaçarei o pastor e o seu rebanho; contigo despedaçarei o lavrador e a sua junta de bois; e contigo despedaçarei governadores e magistrados.
24 ထာဝရဘုရားက``ဇိအုန်မြို့အားဗာဗုလုန် မြို့သူမြို့သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက် မကောင်းမှုများအတွက် ငါလက်စားချေ သည်ကိုသင်တို့တွေ့မြင်ရကြလိမ့်မည်။-
24 Ante os vossos olhos pagarei a Babilônia, e a todos os moradores da Caldéia, toda a sua maldade que fizeram em Sião, diz o Senhor.
25 အို ဗာဗုလုန်မြို့၊ သင်သည်ကမ္ဘာမြေပြင်တစ်ခု လုံးကိုဖျက်ဆီးတတ်သည့်တောင်နှင့်တူ၏။ သို့ရာတွင်ငါထာဝရဘုရားကားသင်၏ ရန်သူဖြစ်ပေသည်။ ငါသည်သင့်ကိုဆွဲကိုင် ကာမြေပြင်နှင့်တစ်ညီတည်းဖြစ်စေမည်။ သင့်အားပြာပုံဆိုက်စေမည်။-
25 Eis-me aqui contra ti, ó monte destruidor, diz o Senhor, que destróis toda a terra; estenderei a minha mão contra ti, e te revolverei dos penhascos abaixo, e farei de ti um monte incendiado.
26 သင်ယိုယွင်းပျက်စီးရာမှကျန်ရစ်သောကျောက် တုံးများကို အဆောက်အအုံတည်ဆောက်ရာတွင် နောင်အဘယ်အခါ၌မျှအသုံးပြုကြတော့ မည်မဟုတ်။ သင်သည်ထာဝစဉ်လူသူကင်းမဲ့ ရာဖြစ်၍နေလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
26 E não tomarão de ti pedra para esquina, nem pedra para fundamentos; mas desolada ficarás perpetuamente, diz o Senhor.
27 ``တိုက်ခိုက်ရန်အချက်ပေးကြလော့။ လူမျိုး တကာတို့ကြားကြစေရန်တံပိုးခရာမှုတ် ကြလော့။ ဗာဗုလုန်မြို့ကိုစစ်ချီရန်လူမျိုး တကာတို့အားအသင့်ပြင်ဆင်စေကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်နှင့်အာရှကေနတ် ပြည်တို့အားတိုက်ခိုက်ရန်ပြောကြားကြလော့။ ဦးဆောင်တိုက်ခိုက်နိုင်ရန်စစ်သေနာပတိကို ခန့်ထားကြလော့။ ကျိုင်းကောင်အုပ်ကဲ့သို့မြင်း တို့ကိုချီတက်စေကြလော့။-
27 Arvorai um estandarte na terra, tocai a trombeta entre as nações, preparai as nações contra ela, convocai contra ela os reinos de Arará, Mini, e Asquenaz; ponde sobre ela um capitão, fazei subir cavalos, como locustas eriçadas.
28 မေဒိဘုရင်များ၊ ခေါင်းဆောင်များနှင့်အရာရှိ များအားလည်းကောင်း၊ သူတို့၏လက်အောက်ခံ နိုင်ငံအပေါင်းအားလည်းကောင်းဗာဗုလုန်မြို့ ကိုတိုက်ခိုက်ရန်အသင့်ပြင်စေကြလော့။-
28 Preparai contra ela as nações, os reis dos medos, os seus governadores e magistrados, e toda a terra do seu domínio.
29 ထာဝရဘုရားသည်မိမိ၏အကြံအစည် တော်ကိုအကောင်အထည်ဖော်တော်မူပြီဖြစ်၍ ကမ္ဘာမြေကြီးသည်တုန်လှုပ်၍သွား၏။ ကိုယ် တော်သည်ဗာဗုလုန်မြို့ကိုလူသူဆိတ်ငြိမ် ရာဒေသဖြစ်စေတော်မူလိမ့်မည်။-
29 E a terra estremece e está angustiada; porque os desígnios do Senhor estão firmes contra Babilônia, para fazer da terra de Babilônia uma desolação, sem habitantes.
30 ဗာဗုလုန်စစ်သည်တပ်သားတို့သည်စစ်မတိုက် ကြတော့ဘဲမိမိတို့ခံတပ်များအတွင်း၌သာ လျှင်နေလျက်ရှိကြ၏။ သူတို့သည်စိတ်ပျက် အားလျော့ကာအမျိုးသမီးများသဖွယ်ဖြစ် ကြလေကုန်ပြီ။ မြို့တံခါးတို့သည်ကျိုးပေါက် ကုန်လျက်အိမ်များသည်လည်းမီးလောင်၍နေ၏။-
30 Os valentes de Babilônia cessaram de pelejar, ficam nas fortalezas, desfaleceu a sua força, tornaram-se como mulheres; incendiadas são as suas moradas, quebrados os seus ferrolhos.
31 ဗာဗုလုန်မြို့သည်အဘက်ဘက်မှပြိုကျလျက် ရှိကြောင်းဗာဗုလုန်ဘုရင်အားမင်းလုလင်တို့ သည် တစ်ဦးပြီးတစ်ဦးလာရောက်လျှောက်ထား ကြ၏။-
31 Um correio corre ao encontro de outro correio, e um mensageiro ao encontro de outro mensageiro, para anunciar ao rei de Babilônia que a sua cidade está tomada de todos os lados.
32 ရန်သူသည်မြစ်ကူးလမ်းကိုသိမ်းပိုက်ပြီးလျှင် ရဲတိုက်များကိုမီးရှို့ကြလေပြီ။ ဗာဗုလုန် စစ်သည်တပ်သားတို့သည်လည်းထိတ်လန့် တုန်လှုပ်၍သွားကြလေကုန်ပြီ။-
32 E os vaus estão ocupados, os canaviais queimados a fogo, e os homens de guerra assombrados.
33 မကြာမီပင်ရန်သူသည်သူတို့အားခုတ်ထစ် ပြီးလျှင် ကောက်နယ်တလင်းမှစပါးများကဲ့ သို့နင်းနယ်ကြလိမ့်မည်။ ဤကားဣသရေလ အမျိုးသားတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
33 Pois assim diz o Senhor dos exércitos, o Deus de Israel: A filha de Babilônia é como a eira no tempo da debulha; ainda um pouco, e o tempo da sega lhe virá.
34 ဗာဗုလုန်ဘုရင်သည်ယေရုရှလင်မြို့ကို ခုတ်ထစ်ကိုက်စားခဲ့၏။
34 Nabucodonosor, rei de Babilônia, devorou-me, esmagou-me, fez de mim um vaso vazio, qual monstro tragou-me, encheu o seu ventre do que eu tinha de delicioso; lançou-me fora.
35 ``ငါတို့ခံရသည့်အကြမ်းဖက်မှုများ အတွက် ဗာဗုလုန်မြို့တွင်
35 A violência que se me fez a mim e à minha carne venha sobre Babilônia, diga a moradora de Sião. O meu sangue caia sobre os moradores de Caldéia, diga Jerusalém.
36 သို့ဖြစ်၍ထာဝရဘုရားသည်ယေရုရှလင် မြို့သူမြို့သားတို့အား``ငါသည်သင်တို့၏ အကျိုးကိုပြုစု၍သင်တို့အတွက်လက်စား ချေမည်။ ဗာဗုလုန်ပြည်၏စမ်းရေတွင်းများ နှင့်မြစ်များကိုခန်းခြောက်စေမည်။-
36 Pelo que assim diz o Senhor: Eis que defenderei a tua causa, e te vingarei; e secarei o seu mar, e farei que se esgote a sua fonte:
37 ထိုအခါဗာဗုလုန်မြို့သည်တောတိရစ္ဆာန်ခို အောင်းရာ အဆောက်အအုံပျက်များဖြစ်၍နေ လိမ့်မည်။ ယင်းသည်တုန်လှုပ်ချောက်ချားဖွယ် ကောင်းသောမြင်ကွင်းဖြစ်၍ လူသူဆိတ်ငြိမ် ရာဖြစ်လိမ့်မည်။-
37 E Babilônia se tornará em montões, morada de chacais, objeto de espanto e assobio, sem habitante.
38 ဗာဗုလုန်အမျိုးသားတို့သည်ခြင်္သေ့များ ကဲ့သို့ဟောက်ကြ၏။ ခြင်္သေ့ငယ်များကဲ့သို့ ဟိန်းကြ၏။-
38 Juntos rugirão como leões novos, bramarão como cachorros de leões.
39 သူတို့သည်အစားကြူးသူများပေလော။ ငါ သည်သူတို့အားစားပွဲကြီးတစ်ခုတည်ခင်း ကျွေးမွေးကာမူးယစ်ပျော်ရွင်စေမည်။ သူတို့ သည်အိပ်ပျော်၍သွားပြီးလျှင်နောင်အဘယ် အခါ၌မျှနိုးထကြတော့မည်မဟုတ်။-
39 Estando eles excitados, preparar-lhes-ei um banquete, e os embriagarei, para que se regozijem, e durmam um perpétuo sono, e não despertem, diz o Senhor.
40 ငါသည်သူတို့အားသိုးသငယ်များကဲ့သို့ လည်းကောင်း၊ ဆိတ်ထီး၊ သိုးထီးများကဲ့သို့ လည်းကောင်းသတ်ရန်ခေါ်ဆောင်သွားမည် ဟုမိန့်တော်မူ၏။
40 Fá-los-ei descer como cordeiros ao matadouro, como carneiros e bodes.
41 ထာဝရဘုရားသည်ဗာဗုလုန်မြို့အကြောင်း နှင့်ပတ်သက်၍မိန့်တော်မူသည်မှာ``ကမ္ဘာတစ် ဝှမ်းလုံးကချီးမွမ်းထောမနာပြုသည့်ဗာ ဗုလုန်မြို့သည်အသိမ်းခံရလေပြီ။ ဗာဗု လုန်မြို့သည်လူမျိုးတကာတို့အတွက် လန့်ဖျပ်တုန်လှုပ်စရာဖြစ်၍လာလေပြီ။-
41 Como foi tomada Sesaque, e apanhada de surpresa a glória de toda a terra! como se tornou Babilônia um espetáculo horrendo entre as nações!
42 ပင်လယ်ရေသည်ဗာဗုလုန်ပြည်ပေါ်သို့ လှိမ့်တက်ကာလှိုင်းတံပိုးများဖြင့်ဖုံး လွှမ်းလိုက်လေပြီ။-
42 O mar subiu sobre Babilônia; coberta está com a multidão das suas ondas.
43 မြို့တို့သည်လန့်ဖျပ်တုန်လှုပ်စရာမြင်ကွင်း ဖြစ်လာကြလျက်လူသူဆိတ်ငြိမ်ရာ၊ ရေ မရှိသည့်သဲကန္တာရနှင့်တူကြ၏။ ထိုမြို့ များသို့အဘယ်သူမျှလည်းခရီးမပြု ကြ။-
43 Tornaram-se as suas cidades em ruínas, terra seca e deserta, terra em que ninguém habita, nem passa por ela filho de homem.
44 ငါသည်ဗာဗုလုန်မြို့၏ဗေလဘုရားကို အပြစ်ဒဏ်ခတ်၍ ခိုးရာပါပစ္စည်းများကို လည်းပြန်အပ်စေမည်။ လူမျိုးတကာတို့ သည်သူ့အားနောက်တစ်ဖန်ဝတ်ပြုကိုး ကွယ်ကြတော့မည်မဟုတ်။
44 E castigarei a Bel em Babilônia, e tirarei da sua boca o que ele tragou; e nunca mais concorrerão a ele as nações; o muro de Babilônia está caído.
45 ဣသရေလပြည်သားတို့၊ ထိုမြို့မှထွက်ပြေး ကြလော့။ လူအပေါင်းတို့အသက်ချမ်းသာ ရာရစေရန် ငါ၏ပြင်းထန်သောအမျက် တော်မှရှောင်ပြေးကြလော့။-
45 Saí do meio dela, ó povo meu, e salve cada um a sua vida do ardor da ira do Senhor.
46 သင်တို့ကြားကြရသည့်ကောလဟလ သတင်းများကြောင့်မကြောက်ကြနှင့်။ အား လည်းမငယ်ကြနှင့်။ နှစ်စဉ်နှစ်တိုင်းသတင်း အမျိုးမျိုးပေါ်ထွက်လာတတ်၏။ နိုင်ငံအတွင်း အကြမ်းဖက်သည့်သတင်းများ၊ ဘုရင်တစ် ပါးနှင့်တစ်ပါးစစ်ဖြစ်ပွားသည့်သတင်း များပျံ့နှံ့လာတတ်၏။-
46 Não desfaleça o vosso coração, nem temais pelo rumor que se ouvir na terra; pois virá num ano um rumor, e depois noutro ano outro rumor; e haverá violência na terra, dominador contra dominador.
47 သို့ဖြစ်၍ဗာဗုလုန်ပြည်ရှိရုပ်တုများကို ငါစီရင်မည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုပြည်တစ်ခုလုံးသည်အရှက်ကွဲ လိမ့်မည်။ ပြည်သူအပေါင်းတို့သည်လည်း အသတ်ခံရကြလိမ့်မည်။-
47 Portanto eis que vêm os dias em que executarei juízo sobre as imagens esculpidas de Babilônia; e toda a sua terra ficará envergonhada; e todos os seus traspassados cairão no meio dela.
48 မြောက်အရပ်မှလာရောက်တိုက်ခိုက်သူတို့ ၏လက်တွင်းသို့ ဗာဗုလုန်မြို့ကျဆင်းသွား သောအခါမြေကြီးပေါ်၌လည်းကောင်း၊ မိုး ကောင်းကင်၌လည်းကောင်းရှိသမျှသော အရာတို့သည်ဝမ်းမြောက်သဖြင့်ကြွေး ကြော်ကြလိမ့်မည်။-
48 Então o céu e a terra, com tudo quanto neles há, jubilarão sobre Babilônia; pois do norte lhe virão os destruidores, diz o Senhor.
49 ဗာဗုလုန်မြို့ကြောင့်ဣသရေလအမျိုးသား အမြောက်အမြားသည်လည်းကောင်း၊ ကမ္ဘာ အရပ်ရပ်ရှိလူတို့သည်လည်းကောင်းသေ ကြေပျက်စီးရကြသဖြင့် ယခုအခါ ဗာဗုလုန်မြို့သည်ကျဆုံးရလိမ့်မည်ဟူ ၍တည်း။
49 Babilônia há de cair pelos mortos de Israel, assim como por Babilônia têm caído os mortos de toda a terra.
50 ထာဝရဘုရားသည်ဗာဗုလုန်မြို့ရှိ မိမိ ၏လူစုတော်အားမိန့်တော်မူသည်မှာ``သင် တို့သည်သေဘေးမှလွတ်မြောက်ကြလေပြီ။ ယခုထွက်ခွာသွားကြလော့။ ဆိုင်း၍မနေ နှင့်။ သင်တို့သည်မိမိတို့ပြည်နှင့်ဝေးကွာ လျက်နေသော်လည်း သင်တို့၏ထာဝရဘုရား တည်းဟူသောငါ့ကိုသတိရကြလော့။ ယေရု ရှလင်မြို့ကိုလည်းသတိရကြလော့။-
50 Vós, que escapastes da espada, ide-vos, não pareis; desde terras longínquas lembrai-vos do Senhor, e suba Jerusalém à vossa mente.
51 သင်တို့က`ငါတို့သည်အသရေပျက်၍ အရှက်ကွဲရကြလေပြီ။ ဗိမာန်တော်မှ သန့်ရှင်းရာဌာနတော်တို့ကိုလူမျိုးခြား များသိမ်းပိုက်လိုက်ကြပြီဖြစ်၍ ငါတို့ သည်ခိုကိုးရာမဲ့ကြရပါ၏' ဟုဆို ကြ၏။-
51 Envergonhados estamos, porque ouvimos opróbrio; a confusão nos cobriu o rosto; pois entraram estrangeiros nos santuários da casa do Senhor.
52 ထို့ကြောင့်ဗာဗုလုန်ပြည်ရှိရုပ်တုများ ကိုငါအပြစ်ဒဏ်စီရင်၍ တစ်တိုင်းတစ် ပြည်လုံးတွင်ဒဏ်ရာရရှိသူတို့ငြီးတွား ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။-
52 Portanto, eis que vêm os dias, diz o Senhor, em que executarei juízo sobre as suas imagens esculpidas; e em toda a sua terra gemerão os feridos.
53 အကယ်၍ဗာဗုလုန်မြို့သည်မိုးကောင်းကင် သို့တက်၍ ခံတပ်အခိုင်အမာဆောက်လုပ် နိုင်သည်ဟုပင်ဆိုစေကာမူ ငါသည်ထိုမြို့ ကိုတိုက်ဖျက်ရန်လူများကိုစေလွှတ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟူ၍တည်း။
53 Ainda que Babilônia subisse ao céu, e ainda que fortificasse a altura da sua fortaleza, contudo de mim viriam destruidores sobre ela, diz o Senhor.
54 ထာဝရဘုရားက၊
54 Eis um clamor de Babilônia! de grande destruição da terra dos caldeus!
55 ငါသည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးမည်။
55 Pois o Senhor está despojando a Babilônia, e emudecendo a sua poderosa voz. Bramam as ondas do inimigo como muitas águas; ouve-se o arruído da sua voz.
56 သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။
56 Porque o destruidor veio sobre ela, sobre Babilônia, e os seus valentes estão presos; já estão despedaçados os seus arcos; pois o Senhor é Deus das recompensas, ele certamente retribuirá.
57 ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊
57 Embriagarei os seus príncipes e os seus sábios, os seus governadores, os seus magistrados, e os seus valentes; e dormirão um sono perpétuo, e jamais acordarão, diz o Rei, cujo nome é o Senhor dos exércitos.
58 တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။
58 Assim diz o Senhor dos exércitos: O largo muro de Babilônia será de todo derribado, e as suas portas altas serão abrasadas pelo fogo; e trabalharão os povos em vão, e as nações se cansarão só para o fogo.
59 မာသေယ၏မြေး၊ နေရိ၏သားစရာယသည် ဇေဒကိမင်း၏အပါးတော်မြဲဖြစ်၏။ ယုဒ ဘုရင်ဇေဒကိနန်းစံစတုတ္ထနှစ်၌စရာယ သည်ဗာဗုလုန်မြို့သို့ရှင်ဘုရင်နှင့်အတူ သွားမည်ဖြစ်သဖြင့် ငါသည်သူ့အားအနည်း ငယ်ညွှန်ကြားလိုက်လေသည်။-
59 A palavra que Jeremias, o profeta, mandou a Seraías, filho de Nerias, filho de Maséias, quando ia com Zedequias, rei de Judá, a Babilônia, no quarto ano do seu reinado. Ora, Seraías era o camareiro-mor.
60 ငါသည်ဗာဗုလုန်မြို့ကြုံတွေ့ရမည့်ပျက်စီး မှုမှန်သမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့ နှင့်သက်ဆိုင်သောအခြားအမှုကိစ္စများ ကိုလည်းကောင်းစာစောင်တစ်ခုတွင်ရေး သား၍ပေး၏။-
60 Escreveu, pois, Jeremias num livro todo o mal que havia de vir sobre Babilônia, a saber, todas estas palavras que estão escritas acerca de Babilônia.
61 ငါသည်စရာယအား``ဗာဗုလုန်မြို့သို့ သင်ရောက်ရှိသောအခါဤစာစောင်တွင် ရေးသားဖော်ပြထားသမျှသောအကြောင်း အရာတို့ကိုလူတို့အားအော်၍ဖတ်ပြရန် မမေ့နှင့်။-
61 E disse Jeremias a Seraías: Quando chegares a Babilônia, vê que leias todas estas palavras;
62 ထိုနောက်`အိုထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဤအရပ်ကိုလူနှင့်တိရစ္ဆာန်များပါ မကျန်၊ သက်ရှိသတ္တဝါတို့ဆိတ်သုဉ်းရာ သဲကန္တာရနှင့်ထာဝစဉ်တူစေမည်ဖြစ် ကြောင်းမိန့်တော်မူခဲ့ပါ၏' ဟုဆုတောင်း ပတ္ထနာပြုလော့။-
62 e dirás: Tu, Senhor, falaste a respeito deste lugar, que o havias de desarraigar, até não ficar nele morador algum, nem homem nem animal, mas que se tornaria em perpétua desolação.
63 စရာယ၊ သင်သည်ဤစာစောင်ကိုပြည်သူ တို့အားဖတ်ပြပြီးသောအခါ ကျောက်ခဲ တစ်လုံးတွင်ကြိုးနှင့်ချည်၍ဥဖရတ်မြစ် ထဲသို့ပစ်ချလော့။-
63 E acabando tu de ler este livro, atar-lhe-ás uma pedra e o lançarás no meio do Eufrates;
64 ထိုနောက်`ဗာဗုလုန်မြို့သည်ဤအတိုင်းဖြစ် ပျက်ရလိမ့်မည်။ ထာဝရဘုရားပျက်စီး စေတော်မူမည်ဖြစ်၍ ထိုမြို့သည်နစ်မြုပ် ပြီးလျှင်နောက်တစ်ဖန်ပြန်၍ပေါ်လာလိမ့် မည်မဟုတ်' ဟုပြောကြားလော့'' ဟုဆို၏။
64 e dirás: Assim será submergida Babilônia, e não se levantará, por causa do mal que vou trazer sobre ela; e eles se cansarão.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Jeremias 51, comparar traduções ou montar um estudo — tudo direto pelo WhatsApp.