Jeremias 42

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထို​နောက်​ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့် ဟော​ရှဲ​၏​သား​အာ​ဇ​ရိ​တို့​အ​ပါ​အ​ဝင် တပ်​မှူး​အ​ပေါင်း​တို့​သည် အ​တန်း​အ​စား အ​မျိုး​မျိုး​ပါ​ဝင်​သည့်​လူ​တို့​နှင့်​အ​တူ လာ​ရောက်​ကြ​ပြီး​လျှင်၊-
1 Então todos os comandantes dos grupos de soldados, incluindo Joanã, filho de Careá, e Jezanias, filho de Hosaías, e todo o povo, desde o mais humilde até o mais importante, procuraram
2 ငါ့​အား``အ​ကျွန်ုပ်​တို့​ပန်​ကြား​သည့်​အ​မှု ကို​ပြု​ပါ​လော့။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့ အ​ဖို့​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​လော့။ ကျန်​ရှိ နေ​သ​မျှ​သော​အ​ကျွန်ုပ်​တို့​အ​တွက်​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့။ အ​ခါ​တစ်​ပါး က​အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ အ​ရှင်​သိ​ရှိ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​တို့ တွင်​လူ​အ​နည်း​ငယ်​သာ​ကျန်​ရှိ​ပါ​တော့ သည်။-
2 o profeta Jeremias e disseram: “Ore por nós ao S enhor , seu Deus. Como pode ver, somos apenas um pequeno e humilde remanescente comparado ao que éramos antes.
3 အ​ကျွန်ုပ်​တို့​အ​ဘယ်​လမ်း​စဉ်​ကို​လိုက်​၍ အ​ဘယ်​အ​မှု​တို့​ကို​ပြု​သင့်​ကြောင်း​လမ်း​ပြ တော်​မူ​ရန် အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ'' ဟု ပန်​ကြား​ကြ​၏။-
3 Ore para que o S enhor , seu Deus, nos mostre o que devemos fazer e para onde devemos ir”.
4 ငါ​က​လည်း``ကောင်း​လှ​ပြီ။ သင်​တို့​တောင်း​ပန်​သည့် အ​တိုင်း​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်။ ထို နောက်​ကိုယ်​တော်​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သင် တို့​အား​ငါ​ပြော​ပြ​မည်။ အ​ဘယ်​အ​ရာ​ကို မျှ​သင်​တို့​ထံ​မှ​ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်'' ဟု​ဆို​၏။
4 “Está bem”, disse Jeremias. “Orarei ao S enhor , seu Deus, como vocês pediram, e lhes direi tudo que ele responder. Não esconderei nada de vocês.”
5 ထို​အ​ခါ​သူ​တို့​သည်​ငါ့​အား``အ​ကယ်​၍ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အား​ဖြင့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အ​မိန့်​တော်​တို့​ကို​မ​လိုက်​နာ​ခဲ့​သော် ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​တစ်​ဘက်​၌​သစ္စာ စောင့်​၍​ဟုတ်​မှန်​သော​သက်​သေ​ဖြစ်​တော် မူ​ပါ​စေ​သော်။-
5 Então disseram a Jeremias: “Que o S enhor , seu Deus, seja testemunha verdadeira e fiel contra nós se não obedecermos a tudo que ele nos ordenar!
6 အ​ရှင့်​အား​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​ပန်​ကြား​ခဲ့​ကြ​၏။ အ​ကျွန်ုပ်​တို့​နှစ်​သက်​သည်​ဖြစ်​စေ၊ မ​နှစ်​သက် သည်​ဖြစ်​စေ​အ​မိန့်​တော်​များ​ကို​အ​ကျွန်ုပ် တို့​လိုက်​နာ​ကြ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏ စ​ကား​ကို​နား​ထောင်​ပါ​မူ​အ​ကျွန်ုပ်​တို့ အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။
6 Quer suas ordens nos agradem quer não, obedeceremos ao S enhor , nosso Deus, a quem o enviamos com nossa súplica. Pois, se obedecermos ao S enhor , nosso Deus, tudo irá bem para nós”.
7 ဆယ်​ရက်​မျှ​ကြာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
7 Dez dias depois, o S enhor enviou sua resposta a Jeremias.
8 သို့​ဖြစ်​၍​ငါ​သည်​ယော​ဟ​နန်၊ သူ​နှင့်​အ​တူ ရှိ​သည့်​တပ်​မှူး​များ​နှင့်​လူ​အ​ပေါင်း​တို့ အား​ခေါ်​၍၊-
8 Então o profeta chamou Joanã, filho de Careá, os outros comandantes e todo o povo, desde o mais humilde até o mais importante,
9 ``သင်​တို့​ငါ့​ကို​စေ​လွှတ်​၍​အ​သ​နား​ခံ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က၊-
9 e disse-lhes: “Vocês me enviaram ao S enhor , o Deus de Israel, com seu pedido, e esta é a resposta:
10 `အ​ကယ်​၍​သင်​တို့​သည်​ဤ​ပြည်​တွင်​ဆက်​လက် နေ​ထိုင်​လို​ကြ​ပါ​မူ၊ ငါ​သည်​သင်​တို့​အား​မ​ဖြို မ​ဖျက်​ဘဲ​တည်​ဆောက်​မည်။ ငါ​သည်​သင်​တို့​အား မ​ဆွဲ​မ​နုတ်​ဘဲ​စိုက်​ပျိုး​မည်။ သင်​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး အ​တွက်​ငါ​များ​စွာ​ကြေ​ကွဲ​ဝမ်း​နည်း​ပါ​၏။-
10 ‘Se ficarem nesta terra, eu os edificarei, e não os derrubarei; eu os plantarei, e não os arrancarei. Pois lamento pela calamidade que trouxe sobre vocês.
11 ဗာ​ဗု​လုန်​ဘု​ရင်​ကို​မ​ကြောက်​ကြ​နှင့်​တော့။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီ​ဖြစ်​၍​သင် တို့​အား​သူ​၏​လက်​မှ​ကယ်​တင်​မည်။-
11 Não precisam mais ter medo do rei da Babilônia’, diz o S enhor . ‘Pois eu estou com vocês; eu os salvarei e os livrarei das mãos dele.
12 ငါ​သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား​သော ကြောင့် သူ့​အား​သင်​တို့​ကို​က​ရု​ဏာ​ထား​၍​မိ မိ​တို့​ပြည်​သို့​ပြန်​ခွင့်​ပြု​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သော​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​လေ​ပြီ။
12 Terei compaixão de vocês e farei que ele também tenha e permita que fiquem nesta terra.’
13 ``သို့​ရာ​တွင်​ယု​ဒ​ပြည်​တွင်​ကျန်​ရစ်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ ဤ​ပြည် တွင်​နေ​ထိုင်​ရန်​မ​ငြင်း​ဆန်​ရ​ကြ။ `ငါ​တို့ သည်​ဤ​ပြည်​တွင်​မ​နေ​လို။-
13 “Mas, se vocês se recusarem a obedecer ao S enhor , seu Deus, e se disserem: ‘Não ficaremos nesta terra;
14 စစ်​၏​အန္တ​ရာယ်​ကို​နောက်​တစ်​ဖန်​မ​တွေ့ မ​ကြုံ​ရာ၊ စစ်​ပွဲ​ဝင်​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​သံ ကို​မ​ကြား​ရာ၊ မ​ငတ်​မ​မွတ်​ရာ​အီ​ဂျစ်​ပြည် သို့​ငါ​တို့​သွား​မည်' ဟု​သင်​တို့​မ​ဆို​ရ​ကြ။-
14 iremos para o Egito onde não há guerra, nem convocação para lutar, nem fome, e ali viveremos’,
15 အ​ကယ်​၍​ဤ​သို့​သင်​တို့​ဆို​ကြ​ပါ​မူ ဣသ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ရန်​သန္နိ​ဋ္ဌာန် ချ​မှတ်​ထား​ကြ​ပါ​လျှင်၊-
15 então ouçam a mensagem do S enhor para o remanescente de Judá. Assim diz o S enhor dos Exércitos, o Deus de Israel: ‘Se vocês estão decididos a ir para o Egito e morar lá,
16 သင်​တို့​ကြောက်​ရွံ့​သည့်​စစ်​မက်​အန္တ​ရာယ်​သည် သင်​တို့​ကို​လိုက်​၍​မီ​လိမ့်​မည်။ သင်​တို့​ထိတ်​လန့် သည့်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သည်​လည်း သင်​တို့​နောက်​မှ​လိုက်​၍​လာ​လိမ့်​မည်။ သို့​ဖြစ် ၍​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ လိမ့်​မည်။-
16 a guerra e a fome que tanto temem os alcançarão e ali vocês morrerão.
17 အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ရန်​သန္နိ​ဋ္ဌာန် ချ​မှတ်​ထား​သူ​မှန်​သ​မျှ​သည်​စစ်​ဘေး၊ သို့​မ ဟုတ်​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ သို့​မ​ဟုတ် အ​နာ​ရော​ဂါ​ဘေး​သင့်​၍​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ​အ​သက်​မ​သေ ဘဲ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​တစ်​ဦး တစ်​ယောက်​မျှ​ငါ​သက်​ရောက်​စေ​မည့်​ဘေး အန္တ​ရာယ်​ဆိုး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏။
17 Isso é o que espera todos que insistirem em partir e morar no Egito. Sim, morrerão por guerra, fome e doença. Ninguém escapará da calamidade que trarei sobre vocês’.
18 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`အီ​ဂျစ်​ပြည်​သို့​သင်​တို့​သွား မည်​ဆို​လျှင် ငါ​သည်​မိ​မိ​၏​ဒေါ​သ​အ​မျက်​တော် ကို​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အ​ပေါ်​သို့ သွန်း​လောင်း​ခဲ့​သည့်​နည်း​တူ သင်​တို့​အ​ပေါ်​သို့ လည်း​သွန်း​လောင်း​မည်။ လူ​တို့​ရှေ့​တွင်​သင်​တို့ သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍ သင်​တို့​ကို​ပြက် ရယ်​ပြု​လျက်​သင်​တို့​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။ သင်​တို့​သည် ဤ​အ​ရပ်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ပြန်​၍​တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။
18 “Assim diz o S enhor dos Exércitos, o Deus de Israel: ‘Assim como derramei minha ira e minha fúria sobre os habitantes de Jerusalém, também as derramarei sobre vocês quando entrarem no Egito. Serão objeto de condenação, horror, maldição e zombaria. Nunca mais verão sua terra natal’.
19 ထို​နောက်​ငါ​သည်​ဆက်​လက်​၍``ယု​ဒ​ပြည်​တွင် ကျန်​ရှိ​နေ​သူ​သင်​တို့​အား အီ​ဂျစ်​ပြည်​သို့ မ​သွား​ကြ​ရန်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​လေ​ပြီ။-
19 “Ouça, ó remanescente de Judá. O S enhor lhes disse: ‘Não vão para o Egito!’. Não se esqueçam dessa advertência que hoje lhes dei.
20 သင်​တို့​သည်​အ​မှား​ကြီး​မှား​လျက်​နေ​ကြ ကြောင်း ယ​ခု​သင်​တို့​အား​ငါ​သ​တိ​ပေး​၏။ သင်​တို့​သည်`အ​ကျွန်ုပ်​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​ပါ။ ကိုယ်​တော်​နှင့်​မိန့်​မှာ​တော်​မူ သ​မျှ​ကို​လည်း​အ​ကျွန်ုပ်​တို့​အား​ပြန်​လည် ပြော​ကြား​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ရှင်​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ပြု​ပါ​မည်' ဟု​ဆို​၍​ငါ့​အား​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​စေ​လွှတ်​ခဲ့ ကြ​၏။-
20 Pois vocês não foram honestos quando me enviaram para orar ao S enhor , seu Deus, por vocês. Disseram: ‘Diga-nos tudo que o S enhor , nosso Deus, falar, e nós o faremos’.
21 ယ​ခု​သင်​တို့​အား​ငါ​ပြန်​လည်​ပြော​ကြား ပြီး​လေ​ပြီ။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား စေ​လွှတ်​၍​ပြော​ကြား​စေ​သ​မျှ​သော​အ​မိန့် တော်​တို့​ကို​ဖီ​ဆန်​ခဲ့​ကြ​၏။-
21 Hoje lhes disse exatamente o que ele falou, mas vocês não obedecerão ao S enhor , seu Deus, como não lhe obedeceram no passado.
22 ထို့​ကြောင့်​သင်​တို့​သည်​စစ်​ဘေး၊ သို့​မ​ဟုတ် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ သို့​မ​ဟုတ်​အ​နာ ရော​ဂါ​ဘေး​သင့်​၍​မိ​မိ​တို့​သွား​ရောက်​နေ​ထိုင် လို​သော​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်'' ဟု ပြန်​ကြား​ပြော​ဆို​၏။
22 Estejam certos, portanto, de que morrerão por guerra, fome e doença no Egito, para onde insistem em ir”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 42, comparar traduções ou montar um estudo — tudo direto pelo WhatsApp.