Jeremias 42
Common Language Bible (MYA) vs NVI
1 ထိုနောက်ကာရာ၏သားယောဟနန်နှင့် ဟောရှဲ၏သားအာဇရိတို့အပါအဝင် တပ်မှူးအပေါင်းတို့သည် အတန်းအစား အမျိုးမျိုးပါဝင်သည့်လူတို့နှင့်အတူ လာရောက်ကြပြီးလျှင်၊-
1 Então todos os líderes do exército, inclusive Joanã, filho de Careá, e Jezanias, filho de Hosaías, e todo o povo, desde o menor até o maior, aproximaram-se
2 ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
2 do profeta Jeremias e lhe disseram: "Por favor, ouça a nossa petição e ore ao Senhor, ao seu Deus, por nós e em favor de todo este remanescente; pois, como você vê, embora fôssemos muitos, agora só restam poucos de nós.
3 အကျွန်ုပ်တို့အဘယ်လမ်းစဉ်ကိုလိုက်၍ အဘယ်အမှုတို့ကိုပြုသင့်ကြောင်းလမ်းပြ တော်မူရန် အကျွန်ုပ်တို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်းပတ္ထနာပြုပါ'' ဟု ပန်ကြားကြ၏။-
3 Ore rogando ao Senhor, ao seu Deus, que nos diga para onde devemos ir e o que devemos fazer".
4 ငါကလည်း``ကောင်းလှပြီ။ သင်တို့တောင်းပန်သည့် အတိုင်းငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့ငါဆုတောင်းပတ္ထနာပြုမည်။ ထို နောက်ကိုယ်တော်မိန့်တော်မူသမျှတို့ကိုသင် တို့အားငါပြောပြမည်။ အဘယ်အရာကို မျှသင်တို့ထံမှထိမ်ဝှက်၍ထားမည်မဟုတ်'' ဟုဆို၏။
4 "Eu os atenderei", respondeu o profeta Jeremias. "Orarei ao Senhor, ao seu Deus, conforme vocês pediram. E tudo o que o Senhor responder eu lhes direi; nada esconderei de vocês. "
5 ထိုအခါသူတို့သည်ငါ့အား``အကယ်၍ အကျွန်ုပ်တို့သည်အရှင့်အားဖြင့်ဘုရားသခင်ထာဝရဘုရားပေးတော်မူသော အမိန့်တော်တို့ကိုမလိုက်နာခဲ့သော် ထာဝရ ဘုရားသည်အကျွန်ုပ်တို့တစ်ဘက်၌သစ္စာ စောင့်၍ဟုတ်မှန်သောသက်သေဖြစ်တော် မူပါစေသော်။-
5 Então disseram a Jeremias: "Que o Senhor seja uma testemunha verdadeira e fiel contra nós, caso não façamos tudo o que o Senhor, o seu Deus, nos ordenar por você.
6 အရှင့်အားဘုရားသခင်ထာဝရဘုရား ထံဆုတောင်းပတ္ထနာပြုရန်ပန်ကြားခဲ့ကြ၏။ အကျွန်ုပ်တို့နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက် သည်ဖြစ်စေအမိန့်တော်များကိုအကျွန်ုပ် တို့လိုက်နာကြပါမည်။ ကိုယ်တော်ရှင်၏ စကားကိုနားထောင်ပါမူအကျွန်ုပ်တို့ အဖို့အစစအရာရာအဆင်ပြေပါ လိမ့်မည်'' ဟုပြောကြားကြ၏။
6 Quer seja favorável ou não, obedeceremos ao Senhor, ao nosso Deus, a quem o enviamos, para que tudo vá bem conosco, pois obedeceremos ao Senhor, ao nosso Deus".
7 ဆယ်ရက်မျှကြာသောအခါထာဝရ ဘုရားသည် ငါ့အားဗျာဒိတ်ပေးတော်မူ၏။-
7 Dez dias depois o Senhor dirigiu a palavra a Jeremias,
8 သို့ဖြစ်၍ငါသည်ယောဟနန်၊ သူနှင့်အတူ ရှိသည့်တပ်မှူးများနှင့်လူအပေါင်းတို့ အားခေါ်၍၊-
8 e ele convocou Joanã, filho de Careá, e todos os comandantes do exército que estavam com ele e todo o povo, desde o menor até o maior.
9 ``သင်တို့ငါ့ကိုစေလွှတ်၍အသနားခံသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက၊-
9 Disse-lhes então: "Assim diz o Senhor, o Deus de Israel, a quem vocês me enviaram para apresentar a petição de vocês:
10 `အကယ်၍သင်တို့သည်ဤပြည်တွင်ဆက်လက် နေထိုင်လိုကြပါမူ၊ ငါသည်သင်တို့အားမဖြို မဖျက်ဘဲတည်ဆောက်မည်။ ငါသည်သင်တို့အား မဆွဲမနုတ်ဘဲစိုက်ပျိုးမည်။ သင်တို့အပေါ်သို့ ငါသက်ရောက်စေခဲ့သည့်ဘေးအန္တရာယ်ဆိုး အတွက်ငါများစွာကြေကွဲဝမ်းနည်းပါ၏။-
10 ‘Se vocês permanecerem nesta terra, eu os edificarei e não os destruirei; eu os plantarei e não os arrancarei, pois muito me pesa a desgraça que eu trouxe sobre vocês.
11 ဗာဗုလုန်ဘုရင်ကိုမကြောက်ကြနှင့်တော့။ ငါသည်သင်တို့နှင့်အတူရှိပြီဖြစ်၍သင် တို့အားသူ၏လက်မှကယ်တင်မည်။-
11 Não tenham medo do rei da Babilônia, a quem vocês agora temem. Não tenham medo dele, declara o Senhor, pois estou com vocês e os salvarei e os livrarei das mãos dele.
12 ငါသည်သင်တို့အပေါ်၌ကရုဏာထားသော ကြောင့် သူ့အားသင်တို့ကိုကရုဏာထား၍မိ မိတို့ပြည်သို့ပြန်ခွင့်ပြုစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသောစကားဖြစ်၏'' ဟုမိန့်တော်မူလေပြီ။
12 Eu terei compaixão de vocês; e ele também terá compaixão de vocês e lhes permitirá retornar à terra de vocês’.
13 ``သို့ရာတွင်ယုဒပြည်တွင်ကျန်ရစ်သူတို့၊ သင်တို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားမထောင်ဘဲ ဤပြည် တွင်နေထိုင်ရန်မငြင်းဆန်ရကြ။ `ငါတို့ သည်ဤပြည်တွင်မနေလို။-
13 "Contudo, se vocês disserem ‘Não permaneceremos nesta terra’, e assim desobedecerem ao Senhor, ao seu Deus,
14 စစ်၏အန္တရာယ်ကိုနောက်တစ်ဖန်မတွေ့ မကြုံရာ၊ စစ်ပွဲဝင်ရန်တံပိုးခရာမှုတ်သံ ကိုမကြားရာ၊ မငတ်မမွတ်ရာအီဂျစ်ပြည် သို့ငါတို့သွားမည်' ဟုသင်တို့မဆိုရကြ။-
14 e se disserem: ‘Não, nós iremos para o Egito, onde não veremos a guerra nem ouviremos o som da trombeta, nem passaremos fome’,
15 အကယ်၍ဤသို့သင်တို့ဆိုကြပါမူ ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက`သင်တို့သည်အီဂျစ် ပြည်သို့သွားရောက်နေထိုင်ရန်သန္နိဋ္ဌာန် ချမှတ်ထားကြပါလျှင်၊-
15 ouçam a palavra do Senhor, ó remanescente de Judá. Assim diz o Senhor dos Exércitos, Deus de Israel: ‘Se vocês estão decididos a ir para o Egito e lá forem residir,
16 သင်တို့ကြောက်ရွံ့သည့်စစ်မက်အန္တရာယ်သည် သင်တို့ကိုလိုက်၍မီလိမ့်မည်။ သင်တို့ထိတ်လန့် သည့်ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း သင်တို့နောက်မှလိုက်၍လာလိမ့်မည်။ သို့ဖြစ် ၍သင်တို့သည်အီဂျစ်ပြည်တွင်သေရကြ လိမ့်မည်။-
16 a guerra que vocês temem os alcançará, e a fome que receiam os seguirá até o Egito, e lá vocês morrerão.
17 အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန်သန္နိဋ္ဌာန် ချမှတ်ထားသူမှန်သမျှသည်စစ်ဘေး၊ သို့မ ဟုတ်ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ သူတို့တစ်ဦးတစ်ယောက်မျှအသက်မသေ ဘဲကျန်ရှိလိမ့်မည်မဟုတ်။ သူတို့တစ်ဦး တစ်ယောက်မျှငါသက်ရောက်စေမည့်ဘေး အန္တရာယ်ဆိုးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်' ဟုမိန့်တော်မူ၏။
17 Todos os que estão decididos a partir e residir no Egito morrerão pela guerra, pela fome e pela peste; nem um só deles sobreviverá ou escapará da desgraça que trarei sobre eles’.
18 ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက`အီဂျစ်ပြည်သို့သင်တို့သွား မည်ဆိုလျှင် ငါသည်မိမိ၏ဒေါသအမျက်တော် ကိုယေရုရှလင်မြို့သူမြို့သားတို့အပေါ်သို့ သွန်းလောင်းခဲ့သည့်နည်းတူ သင်တို့အပေါ်သို့ လည်းသွန်းလောင်းမည်။ လူတို့ရှေ့တွင်သင်တို့ သည်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ သင်တို့ကိုပြက် ရယ်ပြုလျက်သင်တို့အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြလိမ့်မည်။ သင်တို့သည် ဤအရပ်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှပြန်၍တွေ့မြင်ရကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏'' ဟုဆို၏။
18 Assim diz o Senhor dos Exércitos, Deus de Israel: ‘Como o meu furor foi derramado sobre os habitantes de Jerusalém, também a minha ira será derramada sobre vocês, quando forem para o Egito. Vocês serão objeto de maldição e de pavor, de desprezo e de afronta. Vocês jamais tornarão a ver este lugar’.
19 ထိုနောက်ငါသည်ဆက်လက်၍``ယုဒပြည်တွင် ကျန်ရှိနေသူသင်တို့အား အီဂျစ်ပြည်သို့ မသွားကြရန်ထာဝရဘုရားမိန့်မှာတော် မူလေပြီ။-
19 "Ó remanescente de Judá, o Senhor lhes disse: ‘Não vão para o Egito’. Estejam certos disto: Eu hoje os advirto
20 သင်တို့သည်အမှားကြီးမှားလျက်နေကြ ကြောင်း ယခုသင်တို့အားငါသတိပေး၏။ သင်တို့သည်`အကျွန်ုပ်တို့အတွက်ဘုရားသခင်ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုပါ။ ကိုယ်တော်နှင့်မိန့်မှာတော်မူ သမျှကိုလည်းအကျွန်ုပ်တို့အားပြန်လည် ပြောကြားပါ။ အကျွန်ုပ်တို့သည်ကိုယ်တော် ရှင်မိန့်မှာတော်မူသည်အတိုင်းပြုပါမည်' ဟုဆို၍ငါ့အားသင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့စေလွှတ်ခဲ့ ကြ၏။-
20 que vocês cometeram um erro fatal quando me enviaram ao Senhor, ao seu Deus, pedindo: ‘Ore ao Senhor, ao nosso Deus, em nosso favor. Diga-nos tudo o que ele lhe falar, e nós o faremos’.
21 ယခုသင်တို့အားငါပြန်လည်ပြောကြား ပြီးလေပြီ။ သို့ရာတွင်သင်တို့သည်မိမိတို့ ဘုရားသခင်ထာဝရဘုရားက ငါ့အား စေလွှတ်၍ပြောကြားစေသမျှသောအမိန့် တော်တို့ကိုဖီဆန်ခဲ့ကြ၏။-
21 Eu lhes disse, hoje mesmo, o que o Senhor, o seu Deus, me mandou dizer a vocês, mas vocês não lhe estão obedecendo.
22 ထို့ကြောင့်သင်တို့သည်စစ်ဘေး၊ သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ်အနာ ရောဂါဘေးသင့်၍မိမိတို့သွားရောက်နေထိုင် လိုသောပြည်တွင်သေရကြလိမ့်မည်'' ဟု ပြန်ကြားပြောဆို၏။
22 Agora, porém, estejam certos de que vocês morrerão pela guerra, pela fome e pela peste, no lugar que vocês desejam residir".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Jeremias 42, comparar traduções ou montar um estudo — tudo direto pelo WhatsApp.