Jeremias 37

Common Language Bible (MYA) vs BKJ

Sair da comparação
1 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယော​ယ ကိမ်​သား​ယေ​ခေါ​နိ​မင်း​အ​စား ယော​ရှိ​၏​သား ဇေဒ​ကိ​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား သော်​လည်း၊-
1 E o rei Zedequias, filho de Josias, reinou em lugar de Conias, filho de Jeoiaquim, a quem Nabucodonosor, rei de Babilônia, fez rei na terra de Judá.
2 ဇေ​ဒ​ကိ​နှင့်​သူ​၏​မှူး​မတ်​များ​နှင့်​ပြည်​သူ များ​သည် ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သော​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ကြ။
2 Porém nem ele, nem seus servos, nem o povo da terra, escutaram as palavras do SENHOR, que falou pelo profeta Jeremias.
3 ဇေ​ဒ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ် သော ရှေ​လ​မိ​၏​သား​ယေ​ကု​လ​နှင့် မာ​သေ​ယ ၏​သား​ဇေ​ဖ​နိ​တို့​ကို​ငါ့​ထံ​သို့​စေ​လွှတ်​တော် မူ​သ​ဖြင့် သူ​တို့​သည်​ငါ့​အား``ငါ​တို့​နိုင်​ငံ​အ​ဖို့ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ'' ဟု​ပြော​ကြား ကြ​၏။-
3 E o rei Zedequias enviou Jeucal, o filho de Selemias, e Sofonias, o filho de Maaseias, o sacerdote, até o profeta Jeremias, dizendo: Ore agora ao SENHOR nosso Deus por nós.
4 ထို​အ​ခါ​ငါ​သည်​ထောင်​ထဲ​သို့​မ​ရောက်​သေး ပေ။ ငါ​သည်​လူ​တို့​နှင့်​လွတ်​လပ်​စွာ​သွား​လာ ပေါင်း​သင်း​လျက်​နေ​နိုင်​သေး​၏။-
4 Ora, Jeremias entrava e saía no meio do povo, porquanto eles não o tinham colocado na prisão.
5 ဤ​အ​တော​အ​တွင်း​၌​ဖာ​ရော​ဘု​ရင်​၏​တပ် မ​တော်​သည်​အီ​ဂျစ်​ပြည်​မှ​ချီ​တက်​၍​လာ​၏။ ယင်း​သို့​ချီ​တက်​လာ​ကြောင်း​ကို​ကြား​သိ ကြ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက် လျက်​နေ​သည့်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် ဆုတ်​ခွာ​သွား​ကြ​လေ​သည်။
5 Então, o exército de Faraó saiu do Egito, e quando os caldeus que sitiavam Jerusalém ouviram as novas, partiram de Jerusalém.
6 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ့ ထံ​သို့​စေ​လွှတ်​လျှောက်​ထား​စေ​သူ​ယု​ဒ ဘု​ရင်​အား၊-
6 Então veio a palavra do SENHOR ao profeta Jeremias, dizendo:
7 `သင့်​ကို​အ​ကူ​အ​ညီ​ပေး​ရန်​ယ​ခု​ချီ​တက် လာ​သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​သည် မိ​မိ​တို့​နေ​ရင်း​အီ​ဂျစ်​ပြည်​သို့​ပြန်​သွား လိမ့်​မည်။-
7 Assim diz o SENHOR, o Deus de Israel: Desta forma direis ao rei de Judá, que vos enviou a mim para me investigar. Eis que o exército de Faraó, que saiu para vos ajudar, retornará para o Egito, para sua própria terra.
8 ထို​အ​ခါ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ပြန် လာ​ပြီး​လျှင် ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။-
8 E os caldeus virão novamente, e lutarão contra esta cidade, e a tomarão, e a queimarão com fogo.
9 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​မု​ချ​ပြန်​လာ ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​ပြန်​လာ​ကြ​တော့ မည်​မ​ဟုတ်​ဟု​သင်​တို့​အ​ထင်​မ​မှား​ကြ​စေ ရန်​သင်​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​၏။-
9 Assim diz o SENHOR: Não enganeis a vós mesmos, dizendo: Os caldeus certamente afastar-se-ão de nós, porque eles não se afastarão.
10 အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​တို့​အား​တိုက်​ခိုက် လျက်​ရှိ​သည့်​ဗာ​ဗု​လုန်​တပ်​မ​တော်​တစ်​ခု​လုံး ကို​နှိမ်​နင်း​နိုင်​၍ ဒဏ်​ရာ​ရ​သူ​များ​သာ​လျှင် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​ကျန်​ရှိ​တော့​သည်​ဟု ဆို​စေ​ကာ​မူ ထို​သူ​တို့​သည်​ထ​၍​ဤ​မြို့​ကို မီး​ရှို့​ပစ်​ကြ​လိမ့်​မည်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
10 Pois, ainda que vós tivésseis ferido o exército inteiro dos caldeus que luta contra vós, e lá restassem somente homens feridos entre eles, ainda assim se levantariam, cada homem em sua tenda, e queimariam esta cidade a fogo.
11 ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​သည်​နီး​ကပ်​၍ လာ​သ​ဖြင့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည်​ဆုတ် ခွာ​သွား​တော့​၏။-
11 E aconteceu que, quando o exército dos caldeus partiu de Jerusalém por temor do exército de Faraó,
12 ထို​အ​ခါ​ငါ​ယေ​ရ​မိ​သည်​မိ​မိ​အိမ်​ထောင်​စု နှင့်​ဆိုင်​သော​အ​မွေ​ခံ​ပစ္စည်း​ကို​သိမ်း​ယူ​ရန် ယေ​ရု​ရှ​လင်​မြို့​မှ​ဗင်္ယာ​မိန်​နယ်​မြေ​သို့ စ​တင်​ထွက်​ခွာ​သွား​လေ​သည်။-
12 então Jeremias saiu de Jerusalém para a terra de Benjamim, para dali apartar-se no meio do povo.
13 သို့​ရာ​တွင်​ဗင်္ယာ​မိန်​တံ​ခါး​သို့ ရောက်​ရှိ​သော အ​ခါ​ဟာ​န​နိ​၏​မြေး၊ ရှေ​လ​မိ​၏​သား ဣ​ရိ​ယ​ဟု​ဆို​သူ​ကင်း​မှူး​က``သင်​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘက်​သို့​ထွက် ပြေး​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​၏။
13 E quando ele estava no portão de Benjamim, achava-se ali um capitão da guarda, cujo nome era Jerias, o filho de Selemias, o filho de Hananias. E ele tomou Jeremias, o profeta, dizendo: Tu desertas para os caldeus.
14 ငါ​က``သင်​ပြော​သ​ကဲ့​သို့​မ​ဟုတ်။ ငါ​မ​ထွက် ပြေး​ပါ'' ဟု​ပြန်​ပြော​သော်​လည်း​ဣ​ရိ​ယ သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ ငါ့ ကို​ဖမ်း​ဆီး​ပြီး​လျှင်​မှူး​မတ်​များ​ထံ​သို့ ခေါ်​ဆောင်​သွား​လေ​သည်။-
14 Então, disse Jeremias: Isto é falso, eu não deserto para os caldeus. Porém ele não o escutou. Então Jerias tomou Jeremias e o trouxe até os príncipes.
15 ထို​သူ​တို့​သည်​ငါ့​အား​ပြင်း​စွာ​အ​မျက်​ထွက် သ​ဖြင့်​ရိုက်​နှက်​ပြီး​လျှင် ဘု​ရင်​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​ယော​န​သန်​၏​အိမ်​တွင်​အ​ကျဉ်း​ချ ထား​ကြ​၏။ (ထို​အိမ်​ကို​ထောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​၍​ထား​သ​တည်း။-)
15 Por isso, os príncipes estavam furiosos com Jeremias, e o golpearam, e o colocaram na prisão na casa de Jônatas, o escriba, porque eles a tinham transformado em prisão.
16 ငါ​သည်​လည်း​မြေ​အောက်​အ​ချုပ်​ခန်း​သို့​ရောက် ရှိ​ကာ ကာ​လ​ကြာ​မြင့်​စွာ​အ​ကျဉ်း​ခံ​လျက် နေ​ရ​လေ​တော့​၏။
16 Quando Jeremias entrou na masmorra e entrou nas celas, Jeremias permaneceu ali por muitos dias.
17 ဇေ​ဒ​ကိ​မင်း​သည် ငါ့​အား​နန်း​တော်​သို့​ခေါ်​ယူ ပြီး​လျှင် ``ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ဗျာ ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​ရ​ရှိ​ပါ​သ​လော'' ဟု​တိတ်​တ​ဆိတ်​မေး​မြန်း​တော်​မူ​၏။
17 Então, Zedequias, o rei, mandou soltá-lo. E o rei lhe perguntou secretamente em sua casa e disse: Há alguma palavra da parte do SENHOR? E Jeremias disse: Há. Pois, disse ele: Tu serás entregue na mão do rei de Babilônia.
18 ထို​နောက်​ငါ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် အ​ရှင့်​မှူး​မတ်​များ​သို့​မ​ဟုတ်​ဤ​ပြည်​သူ တို့​ကို​အ​ဘယ်​သို့​ပြစ်​မှား​မိ​သ​ဖြင့် အ​ရှင် သည်​အ​ကျွန်ုပ်​အား​အ​ကျဉ်း​ချ​၍​ထား တော်​မူ​ပါ​သ​နည်း။-
18 Também disse Jeremias ao rei Zedequias: Em que tenho eu transgredido contra ti, ou contra teus servos, ou contra este povo, para vós terdes me colocado na prisão?
19 ဗာ​ဗု​လုန်​ဘု​ရင်​သည်​အ​ရှင့်​ကို​သော်​လည်း​ကောင်း၊ ဤ​ပြည်​ကို​သော်​လည်း​ကောင်း​တိုက်​ခိုက်​လိမ့်​မည် မ​ဟုတ်​ဟု ဟော​ပြော​ခဲ့​ကြ​သည့်​အရှင်​၏​ပ​ရော ဖက်​များ​ကား​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။-
19 Onde estão agora vossos profetas, que profetizaram para vós, dizendo: O rei de Babilônia não virá contra vós, nem contra esta terra?
20 အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​၏​စ​ကား​ကို​နား ထောင်​တော်​မူ​၍ အ​ကျွန်ုပ်​လျှောက်​ထား​သည့် အ​တိုင်း​ပြု​တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား ပါ​၏။ အ​ကျွန်ုပ်​အား​အ​ရှင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ယော​န​သန်​၏​အိမ်​သို့​ပြန်​လွှတ် တော်​မ​မူ​ပါ​နှင့်။ လွှတ်​တော်​မူ​မည်​ဆို​ပါ မူ​အ​ကျွန်ုပ်​သည်​ထို​အိမ်​တွင်​အ​မှန်​ပင် သေ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
20 Portanto, ouve agora, rogo-te, ó meu senhor, o rei: Seja aceita a minha súplica perante a ti, rogo-te, que tu não me faças retornar para a casa de Jônatas, o escriba, para que eu não morra ali.
21 ထို့​ကြောင့်​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​နန်း တော်​ဝင်း​အ​တွင်း​၌​ချုပ်​နှောင်​ထား​ရန်​အ​မိန့် ပေး​တော်​မူ​၏။ ငါ​သည်​မြို့​တွင်း​၌​မုန့်​များ ကုန်​သည်​အ​ထိ​မုန့်​ဖို​များ​မှ​နေ့​စဉ်​နေ့​တိုင်း မုန့်​တစ်​လုံး​ကို​ရ​ရှိ​လေ​သည်။ ဤ​သို့​လျှင် ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌​နေ​ရ သ​တည်း။
21 Então o rei Zedequias ordenou que eles colocassem Jeremias no átrio da prisão, e que eles dessem diariamente um pedaço de pão da rua dos padeiros, até que todo o pão na cidade fosse consumido. Assim Jeremias permaneceu no átrio da prisão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Jeremias 37, comparar traduções ou montar um estudo — tudo direto pelo WhatsApp.