Jeremias 37
Common Language Bible (MYA) vs ARA
1 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယောယ ကိမ်သားယေခေါနိမင်းအစား ယောရှိ၏သား ဇေဒကိအားယုဒဘုရင်အဖြစ်ခန့်ထား သော်လည်း၊-
1 Zedequias, filho de Josias e a quem Nabucodonosor, rei da Babilônia, constituíra rei na terra de Judá, reinou em lugar de Conias, filho de Jeoaquim.
2 ဇေဒကိနှင့်သူ၏မှူးမတ်များနှင့်ပြည်သူ များသည် ငါ့အားထာဝရဘုရားပေးတော် မူသောဗျာဒိတ်တော်ကိုမလိုက်နာကြ။
2 Mas nem ele, nem os seus servos, nem o povo da terra deram ouvidos às palavras do Senhor que falou por intermédio de Jeremias, o profeta.
3 ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။-
3 Contudo, mandou o rei Zedequias a Jucal, filho de Selemias, e ao sacerdote Sofonias, filho de Maaseias, ao profeta Jeremias, para lhe dizerem: Roga por nós ao Senhor , nosso Deus.
4 ထိုအခါငါသည်ထောင်ထဲသို့မရောက်သေး ပေ။ ငါသည်လူတို့နှင့်လွတ်လပ်စွာသွားလာ ပေါင်းသင်းလျက်နေနိုင်သေး၏။-
4 Jeremias andava livremente entre o povo, porque ainda o não haviam encarcerado.
5 ဤအတောအတွင်း၌ဖာရောဘုရင်၏တပ် မတော်သည်အီဂျစ်ပြည်မှချီတက်၍လာ၏။ ယင်းသို့ချီတက်လာကြောင်းကိုကြားသိ ကြသောအခါ ယေရုရှလင်မြို့ကိုတိုက်ခိုက် လျက်နေသည့်ဗာဗုလုန်အမျိုးသားတို့သည် ဆုတ်ခွာသွားကြလေသည်။
5 O exército de Faraó saíra do Egito; e, quando os caldeus, que sitiavam Jerusalém, ouviram esta notícia, retiraram-se dela.
6 ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားကငါ့အား``ငါ့ ထံသို့စေလွှတ်လျှောက်ထားစေသူယုဒ ဘုရင်အား၊-
6 Então, veio a Jeremias, o profeta, a palavra do Senhor :
7 `သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။-
7 Assim diz o Senhor , Deus de Israel: Assim direis ao rei de Judá, que vos enviou a mim, para me consultar: Eis que o exército de Faraó, que saiu em vosso socorro, voltará para a sua terra, no Egito.
8 ထိုအခါဗာဗုလုန်အမျိုးသားတို့သည်ပြန် လာပြီးလျှင် ဤမြို့ကိုတိုက်ခိုက်သိမ်းယူကာ မီးရှို့လိုက်ကြလိမ့်မည်။-
8 Retornarão os caldeus, pelejarão contra esta cidade, tomá-la-ão e a queimarão.
9 ဗာဗုလုန်အမျိုးသားတို့သည်မုချပြန်လာ ကြလိမ့်မည်။ သို့ဖြစ်၍သူတို့ပြန်လာကြတော့ မည်မဟုတ်ဟုသင်တို့အထင်မမှားကြစေ ရန်သင်တို့အားငါထာဝရဘုရားသတိ ပေး၏။-
9 Assim diz o Senhor : Não vos enganeis a vós mesmos, dizendo: Sem dúvida, se irão os caldeus de nós; pois, de fato, não se retirarão.
10 အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
10 Porque, ainda que derrotásseis a todo o exército dos caldeus, que pelejam contra vós outros, e ficassem deles apenas homens mortalmente feridos, cada um se levantaria na sua tenda e queimaria esta cidade.
11 ဖာရောဘုရင်၏တပ်မတော်သည်နီးကပ်၍ လာသဖြင့် ဗာဗုလုန်တပ်မတော်သည်ဆုတ် ခွာသွားတော့၏။-
11 Tendo-se retirado o exército dos caldeus de Jerusalém, por causa do exército de Faraó,
12 ထိုအခါငါယေရမိသည်မိမိအိမ်ထောင်စု နှင့်ဆိုင်သောအမွေခံပစ္စည်းကိုသိမ်းယူရန် ယေရုရှလင်မြို့မှဗင်္ယာမိန်နယ်မြေသို့ စတင်ထွက်ခွာသွားလေသည်။-
12 saiu Jeremias de Jerusalém, a fim de ir à terra de Benjamim, para receber o quinhão de uma herança que tinha no meio do povo.
13 သို့ရာတွင်ဗင်္ယာမိန်တံခါးသို့ ရောက်ရှိသော အခါဟာနနိ၏မြေး၊ ရှေလမိ၏သား ဣရိယဟုဆိုသူကင်းမှူးက``သင်သည် ဗာဗုလုန်အမျိုးသားတို့၏ဘက်သို့ထွက် ပြေးသူဖြစ်ပါသည်တကား'' ဟုဆို၏။
13 Estando ele à Porta de Benjamim, achava-se ali um capitão da guarda, cujo nome era Jerias, filho de Selemias, filho de Hananias, capitão que prendeu a Jeremias, o profeta, dizendo: Tu foges para os caldeus.
14 ငါက``သင်ပြောသကဲ့သို့မဟုတ်။ ငါမထွက် ပြေးပါ'' ဟုပြန်ပြောသော်လည်းဣရိယ သည်ငါ၏စကားကိုနားမထောင်ဘဲ ငါ့ ကိုဖမ်းဆီးပြီးလျှင်မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေသည်။-
14 Disse Jeremias: É mentira, não fujo para os caldeus. Mas Jerias não lhe deu ouvidos; prendeu a Jeremias e o levou aos príncipes.
15 ထိုသူတို့သည်ငါ့အားပြင်းစွာအမျက်ထွက် သဖြင့်ရိုက်နှက်ပြီးလျှင် ဘုရင်အတိုင်ပင်ခံ အရာရှိယောနသန်၏အိမ်တွင်အကျဉ်းချ ထားကြ၏။ (ထိုအိမ်ကိုထောင်အဖြစ်သို့ ပြောင်းလဲ၍ထားသတည်း။-)
15 Os príncipes, irados contra Jeremias, açoitaram-no e o meteram no cárcere, na casa de Jônatas, o escrivão, porque a tinham transformado em cárcere.
16 ငါသည်လည်းမြေအောက်အချုပ်ခန်းသို့ရောက် ရှိကာ ကာလကြာမြင့်စွာအကျဉ်းခံလျက် နေရလေတော့၏။
16 Tendo Jeremias entrado nas celas do calabouço, ali ficou muitos dias.
17 ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။
17 Mandou o rei Zedequias trazê-lo para sua casa e, em secreto, lhe perguntou: Há alguma palavra do Senhor ? Respondeu Jeremias: Há. Disse ainda: Nas mãos do rei da Babilônia serás entregue.
18 ထိုနောက်ငါက``အကျွန်ုပ်သည်အရှင်နှင့် အရှင့်မှူးမတ်များသို့မဟုတ်ဤပြည်သူ တို့ကိုအဘယ်သို့ပြစ်မှားမိသဖြင့် အရှင် သည်အကျွန်ုပ်အားအကျဉ်းချ၍ထား တော်မူပါသနည်း။-
18 Disse mais Jeremias ao rei Zedequias: Em que pequei contra ti, ou contra os teus servos, ou contra este povo, para que me pusesses na prisão?
19 ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။-
19 Onde estão agora os vossos profetas, que vos profetizavam, dizendo: O rei da Babilônia não virá contra vós outros, nem contra esta terra?
20 အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။
20 Agora, pois, ouve, ó rei, meu senhor: Que a minha humilde súplica seja bem-acolhida por ti, e não me deixes tornar à casa de Jônatas, o escrivão, para que eu não venha a morrer ali.
21 ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။
21 Então, ordenou o rei Zedequias que pusessem a Jeremias no átrio da guarda; e, cada dia, deram-lhe um pão da Rua dos Padeiros, até acabar-se todo pão da cidade. Assim ficou Jeremias no átrio da guarda.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Jeremias 37, comparar traduções ou montar um estudo — tudo direto pelo WhatsApp.