João 6
Common Language Bible (MYA) vs NTLH
1 ထိုသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ဂါလိလဲအိုင် (တိဗေရိအိုင်ဟုလည်းခေါ်သည်) ကိုကူးတော်မူ၏။-
1 Depois disso, Jesus atravessou o lago da Galileia, que também é chamado de Tiberíades.
2 သူနာများအားရောဂါပျောက်ကင်းစေတော် မူသည်ကိုတွေ့မြင်ခဲ့ကြသဖြင့် လူပရိသတ် ကြီးသည်နောက်တော်သို့လိုက်ကြ၏။-
2 Uma grande multidão o seguia porque eles tinham visto os milagres que Jesus tinha feito, curando os doentes.
3 သခင်ယေရှုသည်တောင်ပေါ်သို့တက်တော်မူ၍ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။-
3 Ele subiu um monte e sentou-se ali com os seus discípulos.
4 ယုဒအမျိုးသားတို့၏ပွဲတော်ဖြစ်သော ပသခါပွဲကျရောက်ရန်အခါကားနီး ပေပြီ။-
4 A Páscoa , a festa principal dos judeus, estava perto.
5 သခင်ယေရှုသည်မျှော်ကြည့်လိုက်သောအခါ မိမိထံသို့လူပရိသတ်ကြီးလာလျက်နေ သည်ကိုမြင်တော်မူ၍ ``ဤသူတို့စားရန် အစားအစာကိုအဘယ်မှာဝယ်နိုင်သနည်း'' ဟုဖိလိပ္ပုအားမေးတော်မူ၏။-
5 Jesus olhou em volta de si e viu que uma grande multidão estava chegando perto dele. Então disse a Filipe:
6 (ဤသို့မေးတော်မူခြင်းမှာဖိလိပ္ပုကိုအကဲ ခပ်လို၍ဖြစ်၏။ ကိုယ်တော်ကားမိမိအဘယ် သို့ပြုမည်ကိုသိရှိပြီးဖြစ်ပေသည်။)
6 Ele sabia muito bem o que ia fazer, mas disse isso para ver qual seria a resposta de Filipe.
7 ဖိလိပ္ပုက ``လူတစ်ယောက်ကိုအစားအစာ အနည်းငယ်စီကျွေးရန်ပင်လျှင် ငွေဒေနာရိ နှစ်ရာဖိုးနှင့်လုံလောက်မည်မဟုတ်ပါ'' ဟု လျှောက်၏။-
7 Filipe respondeu assim: — Para cada pessoa poder receber um pouco de pão, nós precisaríamos gastar mais de duzentas moedas de prata .
8 ရှိမုန်ပေတရု၏ညီ၊ တပည့်တော်တစ်ဦးဖြစ် သူအန္ဒြေကကိုယ်တော်အား၊-
8 Então um dos discípulos, André, irmão de Simão Pedro, disse:
9 ``ဤမှာသူငယ်တစ်ယောက်ရှိပါ၏။ သူ့ထံ တွင်မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိ ပါ၏။ သို့ရာတွင်ဤမျှကြီးမားသောလူ ပရိသတ်အား ထိုမုန့်နှင့်ငါးကိုအဘယ် သို့လျှင်လောက်ငအောင်ကျွေးနိုင်ပါမည် နည်း'' ဟုလျှောက်၏။
9 — Está aqui um menino que tem cinco pães de cevada e dois peixinhos. Mas o que é isso para tanta gente?
10 ကိုယ်တော်က ``လူတို့အားထိုင်စေကြလော့'' ဟု မိန့်တော်မူ၏။ (ထိုအရပ်တွင်မြက်ထူထပ်သဖြင့်) ငါးထောင်မျှသောလူတို့သည်မြက်ပေါ်တွင် ထိုင်ကြ၏။-
10 Jesus disse: Então todos se sentaram. (Havia muita grama naquele lugar.) Estavam ali quase cinco mil homens.
11 ထိုနောက်သခင်ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းတော်မူပြီးလျှင် ထိုင်နေသောသူတို့အားဝေငှပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပြုတော် မူ၏။ လူတို့သည်ဝအောင်စားကြရ၏။-
11 Em seguida Jesus pegou os pães, deu graças a Deus e os repartiu com todos; e fez o mesmo com os peixes. E todos comeram à vontade.
12 ထိုသူတို့စား၍ဝကြသောအခါကိုယ်တော် က ``စားကြွင်းစားကျန်များကိုမလေမလွင့် ရအောင်သိမ်းကြလော့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။-
12 Quando já estavam satisfeitos, ele disse aos discípulos:
13 သို့ဖြစ်၍တပည့်တော်တို့သည်ကောက်သိမ်း ကြရာမုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင် မှ စားကြွင်းစားကျန်အစအနများတောင်း တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
13 Eles ajuntaram os pedaços e encheram doze cestos com o que sobrou dos cinco pães.
14 ဤသို့ကိုယ်တော်ပြတော်မူသောအံ့သြဖွယ် နိမိတ်လက္ခဏာကိုမြင်ကြရသောသူတို့က ``ဤသူကားလောကသို့ကြွလာတော်မူမည် ဟုဆိုသောပရောဖက်အမှန်ပင်ဖြစ်၏'' ဟု ဆိုကြ၏။-
14 Os que viram esse milagre de Jesus disseram: — De fato, este é o
15 သခင်ယေရှုသည်ထိုသူတို့လာ၍ မိမိအား အတင်းအဋ္ဌမ္မခေါ်ဆောင်ကာမင်းမြှောက်ကြ လိမ့်မည်ကိုသိတော်မူသဖြင့် တစ်ကိုယ်တည်း တောင်ပေါ်သို့ရှောင်တိမ်းသွားတော်မူ၏။
15 Jesus ficou sabendo que queriam levá-lo à força para o fazerem rei; então voltou sozinho para o monte.
16 ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော် တို့သည်ဂါလိလဲအိုင်သို့ဆင်းသွားကြ၏။-
16 De tardinha, os discípulos de Jesus desceram até o lago.
17 လှေပေါ်သို့တက်ကြပြီးလျှင်အိုင်တစ်ဖက်ကမ်း ရှိကပေရနောင်မြို့သို့ပြန်သွားကြ၏။ မိုးချုပ် လာသော်လည်းသခင်ယေရှုကားသူတို့ထံသို့ မကြွမရောက်သေး။-
17 Subiram num barco e começaram a atravessar o lago na direção da cidade de Cafarnaum. Quando já estava escuro, Jesus ainda não tinha vindo se encontrar com eles.
18 ထိုအချိန်၌လေပြင်းကျလျက်နေသဖြင့် အိုင်တွင်လှိုင်းထလာ၏။-
18 De repente, um vento forte começou a soprar e a levantar as ondas.
19 တပည့်တော်တို့သည်သုံးလေးမိုင်ခန့်လှော်ခတ် ပြီးသောအခါ သခင်ယေရှုရေပေါ်မှာစက်တော် ဖြန့်၍ မိမိတို့အနီးသို့ကြွလာသည်ကိုမြင် ကြ၏။ ထိုအခါသူတို့သည်ကြောက်လန့်ကြ၏။-
19 Os discípulos já tinham remado uns cinco ou seis quilômetros, quando viram Jesus andando em cima da água e chegando perto do barco. E ficaram com muito medo.
20 ကိုယ်တော်က ``မကြောက်ကြနှင့်။ ငါပင်ဖြစ် သည်'' ဟုမိန့်တော်မူ၏။-
20 Mas Jesus disse:
21 ထိုအခါသူတို့သည်ဝမ်းမြောက်စွာကိုယ်တော် အားလှေပေါ်သို့ပင့်ဖိတ်ကြ၏။ ထိုနောက်လှေ သည်တစ်ခဏချင်းတွင်ရောက်လိုရာကမ်း ခြေသို့ဆိုက်လေ၏။
21 Então eles o receberam com prazer no barco e logo chegaram ao lugar para onde estavam indo.
22 နောက်တစ်နေ့၌အိုင်တစ်ဖက်ကမ်းတွင်နေရစ် ခဲ့သောလူပရိသတ်တို့သည် ထိုအရပ်၌လှေ တစ်စင်းတည်းရှိခဲ့သည်ကိုသတိရကြ၏။ ထိုလှေတွင်သခင်ယေရှုလိုက်ပါတော်မမူ ဘဲ တပည့်တော်ချည်းသာလျှင်ထွက်ခွာသွား ကြသည်ကိုသိကြ၏။-
22 No dia seguinte a multidão que estava no lado leste do lago viu que ali só havia um barco pequeno. Sabiam que Jesus não tinha embarcado com os discípulos, pois estes haviam saído sozinhos.
23 သို့သော်လည်းတိဗေရိမြို့မှလာသောလှေများ သည်သခင်ဘုရားကျေးဇူးတော်ကိုချီးမွမ်း၍ လူပရိသတ်အားမုန့်ကိုကျွေးမွေးတော်မူခဲ့ သည့်အရပ်အနီးသို့ဆိုက်ရောက်လာကြ၏။-
23 Enquanto isso, outros barcos chegaram da cidade de Tiberíades e encostaram perto do lugar onde a multidão tinha comido pão depois de o Senhor Jesus ter dado graças.
24 လူပရိသတ်သည်ထိုအရပ်တွင်သခင်ယေရှု သည်လည်းကောင်း၊ တပည့်တော်တို့သည်လည်း ကောင်းမရှိကြောင်းကိုသိမြင်သောအခါ ထို လှေများပေါ်သို့တက်၍ကိုယ်တော်ကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။
24 Quando viram que Jesus e os seus discípulos não estavam ali, subiram nos barcos e saíram para Cafarnaum a fim de procurá-lo.
25 အိုင်တစ်ဖက်ကမ်းတွင်ကိုယ်တော်ကိုတွေ့ကြသော အခါလူပရိသတ်က ``ဆရာတော်၊ ကိုယ်တော်သည် ဤအရပ်သို့အဘယ်အခါကကြွလာတော်မူ ပါသနည်း'' ဟုမေးလျှောက်ကြ၏။
25 A multidão encontrou Jesus no lado oeste do lago, e perguntaram a ele: — Mestre, quando foi que o senhor chegou aqui?
26 သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့ငါ့ကိုရှာကြခြင်းမှာငါပြ သည့်နိမိတ်လက္ခဏာများ၏ အနက်အဋ္ဌိပ္ပါယ်ကို နားလည်ကြရ၍မဟုတ်။ အစားအစာကိုဝ အောင်စားကြရ၍ဖြစ်၏။-
26 Jesus respondeu:
27 ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
27 Não trabalhem a fim de conseguir a comida que se estraga, mas a fim de conseguir a comida que dura para a vida eterna. O
28 လူတို့က ``အကျွန်ုပ်တို့သည်ဘုရားသခင် အလိုတော်ရှိသည့်အရာကိုဆောင်ရွက်နိုင် ရန် အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး လျှောက်ကြ၏။
28 — O que é que Deus quer que a gente faça? — perguntaram eles.
29 သခင်ယေရှုက ``ဘုရားသခင်အလိုတော်ရှိ သည့်အရာကား ကိုယ်တော်စေလွှတ်တော်မူသော သူကိုသင်တို့ယုံကြည်ကြစေရန်ပင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
29 — Ele quer que vocês creiam naquele que ele enviou! — respondeu Jesus.
30 ထိုသူတို့က ``အရှင့်အားအကျွန်ုပ်တို့ယုံကြည်နိုင် ကြစေရန် အဘယ်အံ့သြဖွယ်နိမိတ်လက္ခဏာကို ပြတော်မူပါမည်နည်း။ အရှင်အဘယ်အမှုကို လုပ်ဆောင်တော်မူမည်နည်း။-
30 Eles disseram: — Que milagre o senhor vai fazer para a gente ver e crer no senhor? O que é que o senhor pode fazer?
31 ကျမ်းစာတော်တွင် `ကိုယ်တော်သည်ထိုသူတို့စား ရန်ကောင်းကင်မှမုန့်ကိုချပေးတော်မူ၏' ဟု ပါရှိသည်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေး များသည်တောကန္တာရတွင်မန္နမုန့်ကိုစားကြ ရပါ၏'' ဟုလျှောက်ကြ၏။
31 Os nossos antepassados comeram o maná no deserto, como dizem as Escrituras Sagradas : “Do céu ele deu pão para eles comerem.”
32 သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား မောရှေသည်သင်တို့အား ကောင်းကင်မှအစာအာဟာရကိုပေးသည် မဟုတ်။ ငါ့ခမည်းတော်သည်သင်တို့အား ကောင်းကင်မှ အစာအာဟာရအစစ်အမှန် ကိုပေးတော်မူ၏။-
32 Jesus disse:
33 ထိုစစ်မှန်သောအစာအာဟာရကားကောင်းကင် ဘုံမှကျဆင်း၍ ကမ္ဘာသူကမ္ဘာသားတို့အား အသက်ပေးသောသူဖြစ်၏'' ဟုမိန့်တော်မူ၏။
33 Porque o pão que Deus dá é aquele que desce do céu e dá vida ao mundo.
34 ထိုအခါသူတို့က ``အရှင်၊ ထိုအစာအာဟာရ ကို အကျွန်ုပ်တို့အားအစဉ်မပြတ်ပေးသနား တော်မူပါ'' ဟုလျှောက်ကြ၏။
34 — Queremos que o senhor nos dê sempre desse pão! — pediram eles.
35 သခင်ယေရှုက ``ငါသည်အသက်၏အစာအာဟာ ရဖြစ်၏။ ငါ့ထံသို့လာသောသူသည်အဘယ်အခါ ၌မျှဆာငတ်လိမ့်မည်မဟုတ်။ ငါ့ကိုယုံကြည်သော သူသည်လည်း အဘယ်အခါမျှရေငတ်လိမ့်မည် မဟုတ်။-
35 Jesus respondeu:
36 သို့ရာတွင်သင်တို့သည်ငါ့ကိုတွေ့မြင်ကြ သော်လည်းမယုံကြည်ကြဟုငါဆိုခဲ့ပြီ။-
36 Mas eu já disse que vocês não creem em mim, embora estejam me vendo.
37 ခမည်းတော်ငါ့အားပေးအပ်တော်မူသောသူ အပေါင်းတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ ထံလာသောသူကိုငါသည်ပစ်ပယ်လိမ့်မည် မဟုတ်။-
37 Todos aqueles que o Pai me dá virão a mim; e de modo nenhum jogarei fora aqueles que vierem a mim.
38 အဘယ်ကြောင့်ဆိုသော်ငါသည်ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်ဘုံမှဆင်းသက်လာသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုအတိုင်းဆောင်ရွက်ရန် ဆင်းသက်လာသော ကြောင့်တည်း။-
38 Pois eu desci do céu para fazer a vontade daquele que me enviou e não para fazer a minha própria vontade.
39 ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလို တော်ကား ကိုယ်တော်ရှင်ပေးအပ်ထားတော်မူ သောသူအပေါင်းတို့သည် ဆုံးပါးပျက်စီး ခြင်းမှနောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက် ကြစေရန်ပင်ဖြစ်သည်။-
39 E a vontade de quem me enviou é esta: que nenhum daqueles que o Pai me deu se perca, mas que eu ressuscite todos no último dia.
40 သားတော်ကိုဖူးမြင်၍ယုံကြည်လာသူ အပေါင်းတို့သည် ထာဝရအသက်ကိုရကြ စေရန်ခမည်းတော်အလိုတော်ရှိ၏။ ငါသည် လည်းသူတို့အား နောက်ဆုံးသောနေ့၌သေ ခြင်းမှရှင်ပြန်ထမြောက်စေမည်'' ဟုမိန့် တော်မူ၏။
40 Pois a vontade do meu Pai é que todos os que veem o Filho e creem nele tenham a vida eterna; e no último dia eu os ressuscitarei.
41 ကိုယ်တော်က ``ငါသည်ကောင်းကင်ဘုံမှဆင်း သက်သောအစာအာဟာရဖြစ်၏'' ဟုမိန့်တော် မူသဖြင့် လူတို့သည်ညည်းညူကြ၏။-
41 Eles começaram a criticar Jesus porque ele tinha dito: “Eu sou o pão que desceu do céu.”
42 သူတို့က ``ဤသူသည်ယောသပ်၏သားယေရှု မဟုတ်ပါလော။ သူ့မိဘများကိုငါတို့သိသည် မဟုတ်ပါလော။ သို့ပါလျက်အဘယ်ကြောင့်`ငါ သည်ကောင်းကင်ဘုံမှဆင်းသက်ခဲ့သည်' ဟုသူ ဆိုဘိသနည်း'' ဟုပြောကြ၏။
42 E diziam: — Este não é Jesus, filho de José? Por acaso nós não conhecemos o pai e a mãe dele? Como é que agora ele diz que desceu do céu?
43 သခင်ယေရှုက ``သင်တို့အချင်းချင်းညည်းညူ မနေကြနှင့်။-
43 Jesus respondeu:
44 ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲဆောင် တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကိုငါသည်နောက်ဆုံးသော နေ့၌သေခြင်းမှထမြောက်စေမည်။-
44 Só poderão vir a mim aqueles que forem trazidos pelo Pai, que me enviou, e eu os ressuscitarei no último dia.
45 ပရောဖက်ကျမ်းများတွင်`ထိုသူအပေါင်းတို့ သည်ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံကြလိမ့်မည်' ဟုပါရှိ၏။ သို့ဖြစ်၍ခမည်းတော် မိန့်တော်မူသောစကားကိုကြား၍ အထံတော် မှနည်းနာခံယူသူအပေါင်းတို့သည်ငါ့ထံ သို့လာကြ၏။-
45 Nos
46 ဤသို့ငါဆိုရာ၌ခမည်းတော်ကိုတွေ့မြင် ဖူးသူတစ်စုံတစ်ယောက်ရှိသည်ဟုမဆိုလို။ ဘုရားသခင်ထံတော်မှကြွလာသူတစ်ဦး တည်းသာလျှင်ခမည်းတော်ကိုတွေ့မြင်ဖူး၏။-
46 Isso não quer dizer que alguém já tenha visto o Pai, a não ser aquele que vem de Deus; ele já viu o Pai.
47 အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ ကိုယုံကြည်သူသည်ထာဝရအသက်ကိုရ၏။-
47 — Eu afirmo a vocês que isto é verdade: quem crê tem a vida eterna.
48 ငါသည်အသက်၏အစာအာဟာရဖြစ်၏။-
48 Eu sou o pão da vida.
49 သင်တို့၏ဘိုးဘေးများသည်တောကန္တာရတွင် မန္န မုန့်ကိုစားကြရသော်လည်းသေလွန်ကြကုန်၏။-
49 Os antepassados de vocês comeram o maná no deserto, mas morreram.
50 ဤအစာအာဟာရသည်ကားကောင်းကင်ဘုံမှ ဆင်းသက်သောအစာအာဟာရဖြစ်၍ ယင်းကို မှီဝဲသူသည်သေရလိမ့်မည်မဟုတ်။-
50 Aqui está o pão que desce do céu; e quem comer desse pão nunca morrerá.
51 ငါသည်ကောင်းကင်ဘုံမှဆင်းသက်သည့်အသက် အာဟာရဖြစ်၏။ ထိုအစာအာဟာရကိုမှီဝဲသူ သည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ငါပေး မည့်အစာအာဟာရသည် ကမ္ဘာသူကမ္ဘာသားတို့ အသက်ရှင်နိုင်ကြစေရန်ပေးသောငါ၏အသား ပေတည်း'' ဟုမိန့်တော်မူ၏။
51 Eu sou o pão vivo que desceu do céu. Se alguém comer desse pão, viverá para sempre. E o pão que eu darei para que o mundo tenha vida é a minha carne.
52 ထိုအခါ ``ဤသူသည်အဘယ်သို့လျှင်ငါတို့ စားရန်အတွက် သူ၏အသားကိုပေးနိုင်ပါ မည်နည်း'' ဟုလူတို့သည်အချင်းချင်းပြင်း ထန်စွာငြင်းခုံကြ၏။
52 Aí eles começaram a discutir entre si. E perguntavam: — Como é que este homem pode dar a sua própria carne para a gente comer?
53 သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား လူသား၏အသားကိုမစား၊ သူ၏ သွေးကိုမသောက်ပါမူသင်တို့၌အသက်မရှိ။-
53 Então Jesus disse:
54 ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ထိုသူအားသေခြင်းမှ ရှင်ပြန်ထြေမာက်စေမည်။-
54 Quem come a minha carne e bebe o meu sangue tem a vida eterna, e eu o ressuscitarei no último dia.
55 ငါ့အသားသည်စားစရာအစစ်အမှန်ဖြစ်၏။ ငါ့သွေးသည်သောက်စရာအစစ်အမှန်ဖြစ်၏။-
55 Pois a minha carne é a comida verdadeira, e o meu sangue é a bebida verdadeira.
56 ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည်ငါ၌ကျိန်းဝပ်၏။ ငါသည်လည်းထိုသူ ၌ကျိန်းဝပ်၏။-
56 Quem come a minha carne e bebe o meu sangue vive em mim, e eu vivo nele.
57 အသက်ရှင်တော်မူသောခမည်းတော်သည်ငါ့ကို စေလွှတ်တော်မူ၏။ ငါသည်လည်းခမည်းတော် ကြောင့်အသက်ရှင်သည်နည်းတူ ငါ့အသား ကိုစားသောသူသည်လည်းငါ့ကြောင့်အသက် ရှင်လိမ့်မည်။-
57 O Pai, que tem a vida, foi quem me enviou, e por causa dele eu tenho a vida. Assim, também, quem se alimenta de mim terá vida por minha causa.
58 သို့ဖြစ်၍ဤအစာအာဟာရကားကောင်းကင် ဘုံမှဆင်းသက်သောအစာအာဟာရဖြစ်၏။ သင်တို့ဘိုးဘေးများစားသုံးကြရသည့် အစာအာဟာရမျိုးမဟုတ်။ ထိုအစာအာ ဟာရကိုသုံးဆောင်သူတို့သည်သေကြရ၏။ ဤ အစာအာဟာရကိုစားသူမူကားအစဉ် မပြတ်အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
58 Este é o pão que desceu do céu. Não é como o pão que os antepassados de vocês comeram e mesmo assim morreram. Quem come deste pão viverá para sempre.
59 သခင်ယေရှုသည်ကပေရနောင်မြို့တရား ဇရပ်တွင်ဟောပြောသွန်သင်တော်မူစဉ်က ဤ သြဝါဒများကိုပေးတော်မူသတည်း။
59 Jesus disse isso quando estava ensinando na sinagoga de Cafarnaum.
60 ထိုသြဝါဒများကိုတပည့်တော်အမြောက် အမြားပင်ကြားကြ၏။ သူတို့က ``ဤသွန်သင် တော်မူချက်တို့သည်ခက်ခဲလှသဖြင့် အဘယ် သူလိုက်နာနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
60 Muitos seguidores de Jesus ouviram isso e reclamaram: — O que ele ensina é muito difícil! Quem pode aceitar esses ensinamentos?
61 ဤသို့တပည့်တော်တို့သည်ညည်းတွားနေကြ သည်ကို သခင်ယေရှုသည်အလိုအလျောက်သိ တော်မူသဖြင့် ``ဤစကားကြောင့်သင်တို့စိတ် ပျက်ကြသလော။-
61 Não disseram nada a Jesus, mas ele sabia que eles estavam resmungando contra ele. Por isso perguntou:
62 အကယ်၍လူသားသည်မိမိနေရင်းရပ်ထံ သို့တက်ကြွတော်မူသည်ကိုမြင်ကြရပါမူ သင်တို့အဘယ်သို့ထင်မှတ်ကြမည်နည်း။-
62 E o que aconteceria se vocês vissem o
63 ဘုရားသခင်၏ဝိညာဉ်တော်ကသာလျှင် အသက်ကိုရှင်စေနိုင်၏။ လူတို့၏တန်ခိုး စွမ်းရည်မူကားမည်သို့မျှမတတ်နိုင်။ သင် တို့အားငါပြောသောစကားသည်အသက် ရှင်စေသည့်ဝိညာဉ်တော်နှင့်သက်ဆိုင်၏။-
63 O Espírito de Deus é quem dá a vida, mas o ser humano não pode fazer isso. As palavras que eu lhes disse são espírito e vida,
64 သို့သော်လည်းသင်တို့အနက်အချို့သောသူ တို့သည်မယုံကြည်ကြ'' ဟုမိန့်တော်မူ၏။ (မည် သူတို့မယုံကြည်ကြသည်ကိုလည်းကောင်း၊ မည်သူသည်ကိုယ်တော်အားရန်သူ့လက်သို့ အပ်နှံမည်ကိုလည်းကောင်း သခင်ယေရှုသည် အစကတည်းကပင်သိတော်မူပြီးဖြစ်၏။)-
64 mas mesmo assim alguns de vocês não creem. Jesus disse isso porque já sabia desde o começo quem eram os que não iam crer nele e sabia também quem ia traí-lo.
65 ဆက်လက်၍ကိုယ်တော်က ``ဤအကြောင်း ကြောင့်ခမည်းတော်အခွင့်ပေးတော်မမူ လျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင် ဟုသင်တို့အားငါဆိုခဲ့ပြီ'' ဟူ၍မိန့် တော်မူ၏။
65 Jesus continuou:
66 ထိုအချိန်မှစ၍တပည့်တော်အများပင် အထံတော်မှဆုတ်ခွာလျက် ကိုယ်တော်နှင့် အတူမလိုက်ဘဲနေကြ၏။-
66 Por causa disso muitos seguidores de Jesus o abandonaram e não o acompanhavam mais.
67 သို့ဖြစ်၍သခင်ယေရှုက ``သင်တို့သည်လည်း ငါ့ထံမှထွက်ခွာသွားလိုကြပါသလော'' ဟုတပည့်တော်တစ်ကျိပ်နှစ်ပါးတို့အား မေးတော်မူ၏။
67 Então ele perguntou aos doze discípulos:
68 ရှိမုန်ပေတရုက ``အရှင်၊ အကျွန်ုပ်တို့သည် မည်သူထံသို့သွားကြရပါမည်နည်း။ ကိုယ် တော်ရှင်သာလျှင်ထာဝရအသက်ဆိုင်ရာ တရားကိုဟောပါ၏။-
68 Simão Pedro respondeu: — Quem é que nós vamos seguir? O senhor tem as palavras que dão vida eterna!
69 ထိုမှတစ်ပါးလည်းကိုယ်တော်ရှင်သည်ထာဝရ ဘုရားထံမှကြွလာသောသန့်ရှင်းသောအရှင် ဖြစ်တော်မူသည်ကို ယခုအကျွန်ုပ်တို့ယုံကြည် သိမြင်ကြပါပြီ'' ဟုလျှောက်၏။
69 E nós cremos e sabemos que o senhor é o Santo que Deus enviou.
70 သခင်ယေရှုက ``ငါသည်တစ်ကျိပ်နှစ်ပါး သောသင်တို့ကိုရွေးချယ်ခန့်ထားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်းသင်တို့တွင် နတ်မိစ္ဆာတစ်ဦးပါလျက်နေ၏'' ဟုမိန့်တော် မူ၏။-
70 Jesus disse:
71 ရှိမုန်ရှကာယုတ်၏သားယုဒသည်တစ်ကျိပ် နှစ်ပါးအပါအဝင်ဖြစ်သော်လည်း ကိုယ်တော် အားရန်သူ့လက်သို့အပ်မည့်သူဖြစ်သဖြင့် ထိုသူကိုရည်ဆောင်၍ဤသို့မိန့်တော်မူခြင်း ဖြစ်သတည်း။
71 Ele estava falando de Judas, filho de Simão Iscariotes. Pois Judas, embora fosse um dos doze discípulos, ia trair Jesus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.