João 6

Common Language Bible (MYA) vs AAI

Sair da comparação
AAI TUR GEWASIN O BAIBASIT BOUBUN
1 ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။-
1 Nati ufunamaim ana veya ta, Jesu Galilee harew isobon rabon rewan rounane (wabin ta Taibirias kukuf.)
2 သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-
2 Naatu sabuw rou’ay gagamin maiyow hi’ufunun hin anayabin sabuw sawusawuwih biyahimaim ina’inan sinaf biyawasih hi’itan isan.
3 သ​ခင်​ယေ​ရှု​သည်​တောင်​ပေါ်​သို့​တက်​တော်​မူ​၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။-
3 Naatu Jesu yen in oyaw sisibinamaim tit naatu ana bai’ufununayah hina biyanamaim himarir hima.
4 ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။-
4 Jew sabuw hai Tar Nowaten hiyuw ana veya i na biyubin.
5 သ​ခင်​ယေ​ရှု​သည်​မျှော်​ကြည့်​လိုက်​သော​အ​ခါ မိ​မိ​ထံ​သို့​လူ​ပ​ရိ​သတ်​ကြီး​လာ​လျက်​နေ သည်​ကို​မြင်​တော်​မူ​၍ ``ဤ​သူ​တို့​စား​ရန် အ​စား​အ​စာ​ကို​အ​ဘယ်​မှာ​ဝယ်​နိုင်​သ​နည်း'' ဟု​ဖိ​လိပ္ပု​အား​မေး​တော်​မူ​၏။-
5 Jesu nuw ra’at sabuw rou’ay gagamin maiyow isan hinan itih, naatu Philip ibatiy, “Rafiy menamaim boro tanatobon iti sabuw tanituwih?”
6 (ဤ​သို့​မေး​တော်​မူ​ခြင်း​မှာ​ဖိ​လိပ္ပု​ကို​အ​ကဲ ခပ်​လို​၍​ဖြစ်​၏။ ကိုယ်​တော်​ကား​မိ​မိ​အ​ဘယ် သို့​ပြု​မည်​ကို​သိ​ရှိ​ပြီး​ဖြစ်​ပေ​သည်။)
6 Iti i Philip fufunin isan ibibatiy, anayabin i ana notamaim so’obaka i boro abistan nasinaf.
7 ဖိ​လိပ္ပု​က ``လူ​တစ်​ယောက်​ကို​အ​စား​အ​စာ အ​နည်း​ငယ်​စီ​ကျွေး​ရန်​ပင်​လျှင် ငွေ​ဒေ​နာ​ရိ နှစ်​ရာ​ဖိုး​နှင့်​လုံ​လောက်​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​၏။-
7 Philip iya’afut eo, “Orot ana baiyan sumar eight ana fofonin tatab rafiy tatutubun sabuw ta’ita’imon tatabituwih i kikimin kwanekwan.”
8 ရှိ​မုန်​ပေ​တ​ရု​၏​ညီ၊ တ​ပည့်​တော်​တစ်​ဦး​ဖြစ် သူ​အန္ဒြေ​က​ကိုယ်​တော်​အား၊-
8 Imaibo ana bai’ufununayah orot ta, Andrew, Simon Peter tain awan tara’ah eo,
9 ``ဤ​မှာ​သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သူ့​ထံ တွင်​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ ပါ​၏။ သို့​ရာ​တွင်​ဤ​မျှ​ကြီး​မား​သော​လူ ပ​ရိ​သတ်​အား ထို​မုန့်​နှင့်​ငါး​ကို​အ​ဘယ် သို့​လျှင်​လောက်​င​အောင်​ကျွေး​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။
9 “Kek ta iti’imaim rafiy afu’afusar umat roun naatu siy rou’ab umanamaim hima’am aitin. Baise anotanot boro men nakaram, sabuw i ra’at kwanekwan.”
10 ကိုယ်​တော်​က ``လူ​တို့​အား​ထိုင်​စေ​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။ (ထို​အ​ရပ်​တွင်​မြက်​ထူ​ထပ်​သ​ဖြင့်) ငါး​ထောင်​မျှ​သော​လူ​တို့​သည်​မြက်​ပေါ်​တွင် ထိုင်​ကြ​၏။-
10 Nati’imaim samar gewasin tuw inu’in, imih Jesu eo, “Sabuw kwa’uwih samar yan timarir. naatu sabuw samar yan himarir hima, naatu oro’orotowat hibiyab etei 5,000.
11 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​ပြီး​လျှင် ထိုင်​နေ​သော​သူ​တို့​အား​ဝေ​ငှ​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပြု​တော် မူ​၏။ လူ​တို့​သည်​ဝ​အောင်​စား​ကြ​ရ​၏။-
11 Jesu faraw bai, God ana merar yi, naatu sabuw himarir hima’am faramih, siy bai ef ta’imon sinaf, etei hi’aa yah gadid hai fofonin bai.
12 ထို​သူ​တို့​စား​၍​ဝ​ကြ​သော​အ​ခါ​ကိုယ်​တော် က ``စား​ကြွင်း​စား​ကျန်​များ​ကို​မ​လေ​မ​လွင့် ရ​အောင်​သိမ်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။-
12 Naatu hai fofonin baib ufunamaim, Jesu ana bai’ufununayah iuwih eo, “Hi’aa tuturih etei kwaita’ay, men ta kwanihamiy.”
13 သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကောက်​သိမ်း ကြ​ရာ​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင် မှ စား​ကြွင်း​စား​ကျန်​အ​စ​အ​န​များ​တောင်း တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။
13 Basit hi’aa tuturih hi’o’on naatu kaifet hibiwanen etei 12, iti i rafiy fafar umat roun naatu siy rou’abamaim sabuw bituwih.
14 ဤ​သို့​ကိုယ်​တော်​ပြ​တော်​မူ​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​ကြ​ရ​သော​သူ​တို့​က ``ဤ​သူ​ကား​လော​က​သို့​ကြွ​လာ​တော်​မူ​မည် ဟု​ဆို​သော​ပ​ရော​ဖက်​အ​မှန်​ပင်​ဖြစ်​၏'' ဟု ဆို​ကြ​၏။-
14 Iti ina’inan Jesu sinaf sabuw hi’i’itin ufunamaim hibusuruf hi’o, “Turobe iti orot i dinabamon, i namih hi’o’oban na tafaramamaim tit.”
15 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။
15 Jesu itih so’ob boro kafa’imo hinan hinab naatu hinau’kikin ni’aiwob, imih i hamenamo nati efan ihamiy naatu akisinamo yen in oyaw wan.
16 ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော် တို့​သည်​ဂါ​လိ​လဲ​အိုင်​သို့​ဆင်း​သွား​ကြ​၏။-
16 Veya re birabirab ana bai’ufununayah hire hin harew kukuf hitit,
17 လှေ​ပေါ်​သို့​တက်​ကြ​ပြီး​လျှင်​အိုင်​တစ်​ဖက်​ကမ်း ရှိ​က​ပေ​ရ​နောင်​မြို့​သို့​ပြန်​သွား​ကြ​၏။ မိုး​ချုပ် လာ​သော်​လည်း​သ​ခင်​ယေ​ရှု​ကား​သူ​တို့​ထံ​သို့ မ​ကြွ​မ​ရောက်​သေး။-
17 Jesu isan hima hikakaif mar bu’u’um, men na biyah tit, imih wa hibai hiboy hirabon au Capernaum.
18 ထို​အ​ချိန်​၌​လေ​ပြင်း​ကျ​လျက်​နေ​သ​ဖြင့် အိုင်​တွင်​လှိုင်း​ထ​လာ​၏။-
18 Nati ana veya kotar bitufuwan wanawanan hin naatu yabat busuruf ra’at.
19 တ​ပည့်​တော်​တို့​သည်​သုံး​လေး​မိုင်​ခန့်​လှော်​ခတ် ပြီး​သော​အ​ခါ သ​ခင်​ယေ​ရှု​ရေ​ပေါ်​မှာ​စက်​တော် ဖြန့်​၍ မိ​မိ​တို့​အ​နီး​သို့​ကြွ​လာ​သည်​ကို​မြင် ကြ​၏။ ထို​အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။-
19 Hiboy hitit hire hikuyowen five o six kilometres na’atube hinuwanuw Jesu nahine riy yan bat remor wa isan nan hi’itin yah birubir fafar.
20 ကိုယ်​တော်​က ``မ​ကြောက်​ကြ​နှင့်။ ငါ​ပင်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။-
20 Baise isah eaf eo, “Ayu o! men kwanabirumih!”
21 ထို​အ​ခါ​သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကိုယ်​တော် အား​လှေ​ပေါ်​သို့​ပင့်​ဖိတ်​ကြ​၏။ ထို​နောက်​လှေ သည်​တစ်​ခ​ဏ​ချင်း​တွင်​ရောက်​လို​ရာ​ကမ်း ခြေ​သို့​ဆိုက်​လေ​၏။
21 Imaibo ereyasisir hiu na wa afe’en yen, naatu men yok efan hinot hinanamaim awar hiyut.
22 နောက်​တစ်​နေ့​၌​အိုင်​တစ်​ဖက်​ကမ်း​တွင်​နေ​ရစ် ခဲ့​သော​လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ရပ်​၌​လှေ တစ်​စင်း​တည်း​ရှိ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​၏။ ထို​လှေ​တွင်​သ​ခင်​ယေ​ရှု​လိုက်​ပါ​တော်​မ​မူ ဘဲ တ​ပည့်​တော်​ချည်း​သာ​လျှင်​ထွက်​ခွာ​သွား ကြ​သည်​ကို​သိ​ကြ​၏။-
22 Marto, sabuw rou’ay nati harew kukuf rounane hima hinunuwabon wa ta’imon nati’imaim batabat hi’inan, naatu hiso’ob Jesu i men nati wa’amaim isra’at bairi hinamih, baise ana bai’ufununayah akisihimo hinan hi’itih.
23 သို့​သော်​လည်း​တိ​ဗေ​ရိ​မြို့​မှ​လာ​သော​လှေ​များ သည်​သ​ခင်​ဘု​ရား​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ လူ​ပ​ရိ​သတ်​အား​မုန့်​ကို​ကျွေး​မွေး​တော်​မူ​ခဲ့ သည့်​အ​ရပ်​အ​နီး​သို့​ဆိုက်​ရောက်​လာ​ကြ​၏။-
23 Imaibo wa afa Taibiriasine hina efan nati Regah faraw bai igegewasin sabuw bituwih sisibinamaim hirun.
24 လူ​ပ​ရိ​သတ်​သည်​ထို​အရပ်​တွင်​သ​ခင်​ယေ​ရှု သည်​လည်း​ကောင်း၊ တ​ပည့်​တော်​တို့​သည်​လည်း ကောင်း​မ​ရှိ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ ထို လှေ​များ​ပေါ်​သို့​တက်​၍​ကိုယ်​တော်​ကို​ရှာ​ရန် က​ပေ​ရ​နောင်​မြို့​သို့​သွား​ကြ​၏။
24 Naatu sabuw wa afe’en hinunuwatet Jesu ana bai’ufununayah bairi men hi’it fa’arih, matah kabiy wa hibow au Capernaum na’at Jesu hinuwih hin.
25 အိုင်​တစ်​ဖက်​ကမ်း​တွင်​ကိုယ်​တော်​ကို​တွေ့​ကြ​သော အ​ခါ​လူ​ပ​ရိ​သတ်​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​သည် ဤ​အ​ရပ်​သို့​အ​ဘယ်​အ​ခါ​က​ကြွ​လာ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
25 Jesu harew kukuf rewan rounane ma’am hitita’ur, naatu hibatiy, “Bai’obaiyenayan, biyika ina itit kuma’am?”
26 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​ငါ့​ကို​ရှာ​ကြ​ခြင်း​မှာ​ငါ​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို နား​လည်​ကြ​ရ​၍​မ​ဟုတ်။ အ​စား​အ​စာ​ကို​ဝ အောင်​စား​ကြ​ရ​၍​ဖြစ်​၏။-
26 Jesu iyafutih eo, “Anababatun a tur ao’owen, ayu kwanunuwuhu i men ina’inan asisinaf kwa’i’itin isan, baise kwa rafiy kwa’aan ya gagadid isan ayu kwanuwuhu kwanan.
27 ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
27 Bay nati eafe’af isan men kwanabowamih, baise ma’ama wanatowan ana bay isan i raro nanababan, nati bay i Orot Natun boro kwa nit. Anayabin God ayu Tamai ana baibasit nati bay roufaramin isan ana fair ayu itu.”
28 လူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သည့်​အ​ရာ​ကို​ဆောင်​ရွက်​နိုင် ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။
28 Imaibo Jesu hibatiy, “Bo aki boro mi’itube anasinaf saise God abistan eo imaim anasinaf?”
29 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ သည့်​အ​ရာ​ကား ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော သူ​ကို​သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
29 Jesu iyafutih eo, “God ana bowabow bow isan i iti. Orot yait God biyafar i kwanitumitum.
30 ထို​သူ​တို့​က ``အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​နိုင် ကြ​စေ​ရန် အ​ဘယ်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ​မည်​နည်း။ အ​ရှင်​အ​ဘယ်​အ​မှု​ကို လုပ်​ဆောင်​တော်​မူ​မည်​နည်း။-
30 Imih i hibatiy, “Ina’inan fairin menatan boro inasinaf aki ana’itin naatu o anitutumi? O boro abistan inasinaf?
31 ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။
31 It ata a’agir arar yanamaim i rafiy wabin manna hi’aa; Buk Atamaninamaim hikirum hi’o’o na’atube, I mar ana rafiy itih hi’aa.”
32 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။-
32 Naatu Jesu hai tur eowen eo, “Anababatun a tur ao’owen, “Iti mar ana rafiy kwa kwa’ani’aan i men Moses kwa itimih, baise ayu Tamai rafiy anababatun marane kwa it.
33 ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
33 Anayabin God ana rafiy i orot yait marane rara’iy sabuw etei tafaram wanawanan yawas ebitih.”
34 ထို​အ​ခါ​သူ​တို့​က ``အ​ရှင်၊ ထို​အ​စာ​အာ​ဟာ​ရ ကို အ​ကျွန်ုပ်​တို့​အား​အ​စဉ်​မ​ပြတ်​ပေး​သ​နား တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
34 Sabuw hi’o, “Regah iti rafiy i mar etei initi ana’aan.”
35 သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။-
35 Imaibo Jesu iuwih eo, “Ayu i yawas ana rafiy. Orot Yait ayu isou enan i boro men kafa’imo bayumih namorob, naatu orot yait ayu isou ebitumatum boro men kafa’imo sikan namamahimih.”
36 သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ကို​တွေ့​မြင်​ကြ သော်​လည်း​မ​ယုံ​ကြည်​ကြ​ဟု​ငါ​ဆို​ခဲ့​ပြီ။-
36 Naatu iti tur i ao kwanowaraka naatu mata yan kwa’i’itin baise men kafa’imo kwabitutumu.
37 ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့ ထံ​လာ​သော​သူ​ကို​ငါ​သည်​ပစ်​ပယ်​လိမ့်​မည် မ​ဟုတ်။-
37 Sabuw iyabowat ayu Tamai bitu boro ayu isou hinan, naatu orot babin yait ayu isou enan boro men ananun ufun natitamih.
38 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ငါ့​အ​လို​အ​တိုင်း ဆောင်​ရွက်​ရန် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​အ​တိုင်း​ဆောင်​ရွက်​ရန် ဆင်း​သက်​လာ​သော ကြောင့်​တည်း။-
38 Anayabin ayu marane arara’iy, i men ayu au kok sinaf isanamih, baise orot yait ayu iyunu anan i ana kok anasinaf.
39 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို တော်​ကား ကိုယ်​တော်​ရှင်​ပေး​အပ်​ထား​တော်​မူ သော​သူ​အ​ပေါင်း​တို့​သည် ဆုံး​ပါး​ပျက်​စီး ခြင်း​မှ​နောက်​ဆုံး​သော​နေ့​၌ ရှင်​ပြန်​ထ​မြောက် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။-
39 Naatu orot yait ayu iyunu anan ana kok i iti, sabuw iyabowat ayu bitu etei men ta anikasiy, baise mar yomaninamaim etei’imak anabuwih hinamisir.
40 သား​တော်​ကို​ဖူး​မြင်​၍​ယုံ​ကြည်​လာ​သူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ကြ စေ​ရန်​ခ​မည်း​တော်​အ​လို​တော်​ရှိ​၏။ ငါ​သည် လည်း​သူ​တို့​အား နောက်​ဆုံး​သော​နေ့​၌​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
40 Anayabin ayu Tamai ana kok i sabuw iyab matah etei Natun akisin ti’i’itin naatu tibitumitum boro ma’ama wanatowan ana yawas hinab; naatu mar yomaninamaim ayu boro anabuwih hinamisir.
41 ကိုယ်​တော်​က ``ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​သ​ဖြင့် လူ​တို့​သည်​ညည်း​ညူ​ကြ​၏။-
41 Imaibo Jew sabuw hibusuruf Jesu isan higam, anayabin i eo, “Ayu i mar ana rafiy.
42 သူ​တို့​က ``ဤ​သူ​သည်​ယော​သပ်​၏​သား​ယေ​ရှု မ​ဟုတ်​ပါ​လော။ သူ့​မိ​ဘ​များ​ကို​ငါ​တို့​သိ​သည် မ​ဟုတ်​ပါ​လော။ သို့​ပါ​လျက်​အ​ဘယ်​ကြောင့်`ငါ သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ခဲ့​သည်' ဟု​သူ ဆို​ဘိ​သ​နည်း'' ဟု​ပြော​ကြ​၏။
42 Basit sabuw hi’o, “Iti orot i Jesu, Joseph natun, hinah tamah i taso’ob. Naatu baise boun i eo’o, Ayu i marane ara’iy.”
43 သ​ခင်​ယေ​ရှု​က ``သင်​တို့​အ​ချင်း​ချင်း​ညည်း​ညူ မ​နေ​ကြ​နှင့်။-
43 Jesu iyafutih eo, “Taiyuw men kwanagam.
44 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ဆောင် တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​ငါ​သည်​နောက်​ဆုံး​သော နေ့​၌​သေ​ခြင်း​မှ​ထ​မြောက်​စေ​မည်။-
44 Sabuw boro men ayu isou hinan kwaneyan, baise Tamai ayu iyunu anan boro nabonawiyih hinan ayu biyau hinatit; naatu mar yomaninamaim ayu boro ana bora’ahih hinamisir.
45 ပ​ရော​ဖက်​ကျမ်း​များ​တွင်`ထို​သူ​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​၏။ သို့​ဖြစ်​၍​ခ​မည်း​တော် မိန့်​တော်​မူ​သော​စ​ကား​ကို​ကြား​၍ အ​ထံ​တော် မှ​နည်း​နာ​ခံ​ယူ​သူ​အ​ပေါင်း​တို့​သည်​ငါ့​ထံ သို့​လာ​ကြ​၏။-
45 Dinab oro’orot hikirum hi’o na’atube, ‘Sabuw etei boro God ni’obaiyih. Orot yait Tamai fanan nowar naatu biyanane so’ob ebaib boro ayu isou nan.
46 ဤ​သို့​ငါ​ဆို​ရာ​၌​ခ​မည်း​တော်​ကို​တွေ့​မြင် ဖူး​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​သည်​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ​သူ​တစ်​ဦး တည်း​သာ​လျှင်​ခ​မည်း​တော်​ကို​တွေ့​မြင်​ဖူး​၏။-
46 Men yait ta Tamai itin; baise orot yait Godane nan i akisinamo Tamai itin.
47 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့ ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။-
47 Turobe a tur ao’owen, orot yait ebitumatum, yawas wanatowan i baika.
48 ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။-
48 Ayu i yawas ana rafiy.
49 သင်​တို့​၏​ဘိုး​ဘေး​များ​သည်​တော​ကန္တာ​ရ​တွင် မန္န မုန့်​ကို​စား​ကြ​ရ​သော်​လည်း​သေ​လွန်​ကြ​ကုန်​၏။-
49 Kwa a’a’agir hai veya, rafiy wabin manna arar yanamaim hibow hi’aa, baise etei himorob.
50 ဤ​အ​စာ​အာ​ဟာ​ရ​သည်​ကား​ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၍ ယင်း​ကို မှီ​ဝဲ​သူ​သည်​သေ​ရ​လိမ့်​မည်​မ​ဟုတ်။-
50 Baise rafiy iti i marane ra’iy, sabuw iyab hinab hina’ani’aan boro men hina morob.
51 ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​သည့်​အ​သက် အာ​ဟာ​ရ​ဖြစ်​၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို​မှီ​ဝဲ​သူ သည်​အ​စဉ်​ထာ​ဝ​ရ​အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး မည့်​အ​စာ​အာ​ဟာ​ရ​သည် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​ပေး​သော​ငါ​၏​အ​သား ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။
51 Ayu i yawas ana rafiy, marane hiyafaru are. Orot babin yait iti rafiy na’ani’aan na’at boro nama wanatowan. Iti rafiy i ayu finimu boro anit, saise sabuw boro tafaramamaim yawas hinab hinama.”
52 ထို​အ​ခါ ``ဤ​သူ​သည်​အ​ဘယ်​သို့​လျှင်​ငါ​တို့ စား​ရန်​အ​တွက် သူ​၏​အ​သား​ကို​ပေး​နိုင်​ပါ မည်​နည်း'' ဟု​လူ​တို့​သည်​အ​ချင်း​ချင်း​ပြင်း ထန်​စွာ​ငြင်း​ခုံ​ကြ​၏။
52 Naatu Jew sabuw iti tur hinonowar isan yah so’ar hibusuruf taiyuwih wanawanahimaim higam hikwaris hio, “Iti orot biyan finimin boro mi’itube nitit tana’animih eo?”
53 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား လူ​သား​၏​အ​သား​ကို​မ​စား၊ သူ​၏ သွေး​ကို​မ​သောက်​ပါ​မူ​သင်​တို့​၌​အ​သက်​မ​ရှိ။-
53 Jesu iuwih eo, “Turobe a tur ao’owen, Orot Natun biyan finimin men kwana’aan naatu ana rara men kwanatomatom, kwa wanawanamaim yawas men ema’am.
54 ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌​ထို​သူ​အား​သေ​ခြင်း​မှ ရှင်​ပြန်​ထြေမာက်​စေ​မည်။-
54 Orot yait ayu biyou finimin na’aan naatu au rara natomatom yawas wanatowan i bai, naatu yomaninamaim ayu boro ana bora’ah namisir.
55 ငါ့​အ​သား​သည်​စား​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။ ငါ့​သွေး​သည်​သောက်​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။-
55 Anayabin ayu biyou finimin i bay anababatun naatu au rara i harew anababatun,
56 ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည်​ငါ​၌​ကျိန်း​ဝပ်​၏။ ငါ​သည်​လည်း​ထို​သူ ၌​ကျိန်း​ဝပ်​၏။-
56 orot babin yait ayu biyou finimin na’aan naatu au rara natomatom boro wanawana’umaim nama naatu ayu i wanawananamaim anama.
57 အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည်​ငါ့​ကို စေ​လွှတ်​တော်​မူ​၏။ ငါ​သည်​လည်း​ခ​မည်း​တော် ကြောင့်​အ​သက်​ရှင်​သည်​နည်း​တူ ငါ့​အ​သား ကို​စား​သော​သူ​သည်​လည်း​ငါ့​ကြောင့်​အ​သက် ရှင်​လိမ့်​မည်။-
57 Tamat yawas ana’an i ayu iyunu ana, anayabin i ema’am isan imih, ayu auman ama’am, ef ta’imonaban orot yait ayu biyau’umaim bai eani’aan boro yawasin nama anayabin ayu ama’am isan imih.
58 သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
58 Iti rafiy marane rara’iy i men kwa a a’agir manna hi’aa hibimumurub na’atube’emih, baise o yait iti rafiy boun marane rara’iy inab ina’ani’aan boro inama wanatowan.”
59 သ​ခင်​ယေ​ရှု​သည်​က​ပေ​ရ​နောင်​မြို့​တ​ရား ဇ​ရပ်​တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​က ဤ သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ​သ​တည်း။
59 Tur iti etei i Capernaum Kou’ay Bar wanawananamaim ma sabuw hai tur eowen i’obaibiyih.
60 ထို​သြ​ဝါ​ဒ​များ​ကို​တ​ပည့်​တော်​အ​မြောက် အ​မြား​ပင်​ကြား​ကြ​၏။ သူ​တို့​က ``ဤ​သွန်​သင် တော်​မူ​ချက်​တို့​သည်​ခက်​ခဲ​လှ​သ​ဖြင့် အ​ဘယ် သူ​လိုက်​နာ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
60 Jesu ana bai’ufununayah moumurin na’in tur iti hinonowar hi’o, “Iti bai’obaiyen i fokarin. Yait boro iti tur nanowar nab?”
61 ဤ​သို့​တ​ပည့်​တော်​တို့​သည်​ညည်း​တွား​နေ​ကြ သည်​ကို သ​ခင်​ယေ​ရှု​သည်​အ​လို​အ​လျောက်​သိ တော်​မူ​သ​ဖြင့် ``ဤ​စ​ကား​ကြောင့်​သင်​တို့​စိတ် ပျက်​ကြ​သ​လော။-
61 Baise Jesu ana bai’ufununayah abisa isan hio higamigam so’ob naatu iuwih eo, “Tur iti kwanonowar imaim kwa a naniyan ebi’afiy?
62 အ​ကယ်​၍​လူ​သား​သည်​မိ​မိ​နေ​ရင်း​ရပ်​ထံ သို့​တက်​ကြွ​တော်​မူ​သည်​ကို​မြင်​ကြ​ရ​ပါ​မူ သင်​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​မည်​နည်း။-
62 Bo Orot Natun nayen ana efan marasika ma’am imaim nama kwana’itin boro mi’itube kwanao!
63 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​က​သာ​လျှင် အ​သက်​ကို​ရှင်​စေ​နိုင်​၏။ လူ​တို့​၏​တန်​ခိုး စွမ်း​ရည်​မူ​ကား​မည်​သို့​မျှ​မ​တတ်​နိုင်။ သင် တို့​အား​ငါ​ပြော​သော​စ​ကား​သည်​အ​သက် ရှင်​စေ​သည့်​ဝိ​ညာဉ်​တော်​နှင့်​သက်​ဆိုင်​၏။-
63 Anun Kakafiyin i yawas ebit biyat i aurin fair en. Iti tur kwa isa a’o i ayub ana tur naatu wanawananamaim i yawas ema’am.
64 သို့​သော်​လည်း​သင်​တို့​အ​နက်​အ​ချို့​သော​သူ တို့​သည်​မ​ယုံ​ကြည်​ကြ'' ဟု​မိန့်​တော်​မူ​၏။ (မည် သူ​တို့​မ​ယုံ​ကြည်​ကြ​သည်​ကို​လည်း​ကောင်း၊ မည်​သူ​သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​နှံ​မည်​ကို​လည်း​ကောင်း သ​ခင်​ယေ​ရှု​သည် အ​စ​က​တည်း​က​ပင်​သိ​တော်​မူ​ပြီး​ဖြစ်​၏။)-
64 Baise kwa afa iti kwama’am i men kwabitumatum. Anayabin iyab men hinabitumatum naatu orot yait baban na’o Jesu so’obaka.”
65 ဆက်​လက်​၍​ကိုယ်​တော်​က ``ဤ​အ​ကြောင်း ကြောင့်​ခ​မည်း​တော်​အ​ခွင့်​ပေး​တော်​မ​မူ လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင် ဟု​သင်​တို့​အား​ငါ​ဆို​ခဲ့​ပြီ'' ဟူ​၍​မိန့် တော်​မူ​၏။
65 Ibanak eo maiye, “Anayabin iti isan kwa au’uwi, orot babin boro men asir ayu isou nan kwaneyanamih, baise Tamai ana baibasitamaim boro niwa’an isah naham hinan ayu isou.”
66 ထို​အ​ချိန်​မှ​စ​၍​တ​ပည့်​တော်​အ​များ​ပင် အ​ထံ​တော်​မှ​ဆုတ်​ခွာ​လျက် ကိုယ်​တော်​နှင့် အ​တူ​မ​လိုက်​ဘဲ​နေ​ကြ​၏။-
66 Nati ana veya’amaim ana bai’ufununayah moumurih na’in hihamiy naatu himatabitabir hina’ufut hin.
67 သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​လည်း ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လို​ကြ​ပါ​သ​လော'' ဟု​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား မေး​တော်​မူ​၏။
67 Jesu ana bai’ufununayah nah 12 ibatiyih. “Kwa auman kwakokok kwanan?”
68 ရှိ​မုန်​ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ​ထံ​သို့​သွား​ကြ​ရ​ပါ​မည်​နည်း။ ကိုယ် တော်​ရှင်​သာ​လျှင်​ထာ​ဝ​ရ​အ​သက်​ဆိုင်​ရာ တ​ရား​ကို​ဟော​ပါ​၏။-
68 Simon Peter iya’afut eo, “Regah yait isan boro anan? Yawas wanatowan ana tur o akisimo biya ema’am.
69 ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ကြွ​လာ​သော​သန့်​ရှင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​တို့​ယုံ​ကြည် သိ​မြင်​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။
69 Aki abitumatum naatu aso’ob o i Kakafiyin Ta’imon Godane ina.”
70 သ​ခင်​ယေ​ရှု​က ``ငါ​သည်​တစ်​ကျိပ်​နှစ်​ပါး သော​သင်​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ခဲ့​သည် မ​ဟုတ်​ပါ​လော။ သို့​သော်​လည်း​သင်​တို့​တွင် နတ်​မိစ္ဆာ​တစ်​ဦး​ပါ​လျက်​နေ​၏'' ဟု​မိန့်​တော် မူ​၏။-
70 Imaibo Jesu iyafutih eo, “Kwa na 12, i ayu arubini, baise kwa wanawanamaim orot ta i demon mowan.”
71 ရှိ​မုန်​ရှ​ကာ​ယုတ်​၏​သား​ယု​ဒ​သည်​တစ်​ကျိပ် နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော်​လည်း ကိုယ်​တော် အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ဖြစ်​သ​ဖြင့် ထို​သူ​ကို​ရည်​ဆောင်​၍​ဤ​သို့​မိန့်​တော်​မူ​ခြင်း ဖြစ်​သ​တည်း။
71 (Jesu iti tur eo’o i Judas Simon Iscariot natun isan, Judas i bai’ufununayan nah 12 wanawanahimaim orot ta, yomaninamaim i boro Jesu nayanuw namorob.)

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.