Judas 1

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ယေ​ရှု​ခ​ရစ်​၏​အ​စေ​ခံ​နှင့်​ယာ​ကုပ်​၏​ညီ​ဖြစ် သူ ယု​ဒ​ထံ​မှ​ဘု​ရား​သ​ခင်​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​၍ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​မေတ္တာ ၌​ခို​လှုံ​လျက် ယေ​ရှု​ခ​ရစ်​စောင့်​ထိန်း​တော်​မူ သော​သူ​အ​ပေါင်း​တို့​ထံ​သို့​စာ​ရေး​လိုက်​သည်။-
1 Judas, servo de Jesus Cristo e irmão de Tiago, aos chamados, queridos em Deus Pai e conservados por Jesus Cristo:
2 သင်​တို့​သည်​က​ရု​ဏာ​တော်၊ ငြိမ်​သက်​ခြင်း နှင့်​မေတ္တာ​တော်​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ ကြ​ပါ​စေ​သ​တည်း။
2 a misericórdia, e a paz, e o amor vos sejam multiplicadas.
3 ချစ်​ဆွေ​တို့၊ ငါ​တို့​အား​လုံး​ယုံ​ကြည်​လက်​ခံ ကြ​သည့်​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ငါ​သည် သင်​တို့​ထံ​စာ​ရေး​ရန်​ကြိုး​စား​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​၏​လူ​စု​အား ဘု​ရား​သ​ခင် အ​ပြီး​အ​ပိုင်​ပေး​အပ်​တော်​မူ​သည့်​ယုံ​ကြည် ခြင်း​ကို​ကြံ့​ကြံ့​ခံ​ကာ​ကွယ်​ကြ​ရန် သင်​တို့ ထံ​ချက်​ချင်း​ပင်​စာ​ရေး​၍​အား​ပေး​တိုက် တွန်း​ရန်​လို​အပ်​လာ​၏။-
3 Amados, procurando eu escrever-vos com toda a diligência acerca da comum salvação, tive por necessidade escrever-vos e exortar-vos a batalhar pela fé que uma vez foi dada aos santos.
4 အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​မဲ့​သူ​လူ အ​ချို့​တို့​သည် သင်​တို့​အ​ထဲ​သို့​အ​မှတ် မ​ထင်​ဝင်​ရောက်​လျက်​ရှိ​နေ​ကြ​သော​ကြောင့် ပင်​ဖြစ်​၏။ သူ​တို့​သည်​ဘု​ရား​မ​ရှိ​သူ​များ ဖြစ်​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​မိ​မိ​တို့​၏​အ​ပျော်​အ​ပါး​လိုက်​စား​မှု များ​အ​တွက်​အ​လွဲ​သုံး​စား​ပြု​လုပ်​ကြ လျက် ငါ​တို့​၏​တစ်​ပါး​တည်း​သော​အ​ရှင် သ​ခင်​ဖြစ်​တော်​မူ​သည့်​သ​ခင်​ယေ​ရှု​ခ​ရစ် ကို​ပစ်​ပယ်​ကြ​လေ​သည်။ ထို​သူ​တို့​ကား ရှေး​မ​ဆွ​က​ပင်​လျှင် အ​ပြစ်​ဒဏ်​စီ​ရင်​ရန် သတ်​မှတ်​ထား​ခြင်း​ခံ​ရ​ကြ​သူ​များ ဖြစ်​သ​တည်း။
4 Porque se introduziram alguns, que já antes estavam escritos para este mesmo juízo, homens ímpios, que convertem em dissolução a graça de Deus e negam a Deus, único dominador e Senhor nosso, Jesus Cristo.
5 ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​တော်​မူ​ပြီး​နောက် မိ​မိ​အား မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့​ကို​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​ရှိ ကြ​ပြီး​ဖြစ်​သော်​လည်း​သင်​တို့​အား​ငါ ပြန်​လည်​သ​တိ​ရ​စေ​လို​၏။-
5 Mas quero lembrar-vos, como a quem já uma vez soube isto, que, havendo o Senhor salvo um povo, tirando-o da terra do Egito, destruiu, depois, os que não creram;
6 မိ​မိ​တို့​ရ​ရှိ​ထား​သော​အာ​ဏာ​နှင့်​မ​ရောင့် ရဲ​ဘဲ နေ​ရင်း​ဌာ​န​ကို​စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​လည်း သ​တိ​ရ​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​၌ သူ​တို့ အား​အ​ပြစ်​ဒဏ်​ပေး​ရန်​မှောင်​မိုက်​ရာ အောက်​အ​ရပ်​တွင်​ထာ​ဝ​ရ​သံ​ကြိုး​များ ဖြင့်​ချည်​နှောင်​၍​ထား​တော်​မူ​၏။-
6 e aos anjos que não guardaram o seu principado, mas deixaram a sua própria habitação, reservou na escuridão e em prisões eternas até ao juízo daquele grande Dia;
7 သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​လည်း ကောင်း၊ ထို​မြို့​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ ကို​လည်း​ကောင်း​သ​တိ​ရ​ကြ​လော့။ ထို​မြို့ တို့​မှ​မြို့​သူ​မြို့​သား​တို့​သည်​အ​ဆို​ပါ ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ကာ​မ​ဂုဏ် လိုက်​စား​၍​သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သည့် အ​ပျော်​အ​ပါး​ကို​လိုက်​စား​ခဲ့​ကြ​၏။ လူ အ​ပေါင်း​တို့​အား​ရှင်း​လင်း​ပြတ်​သား​စွာ သ​တိ​ပေး​သည့်​အ​နေ​ဖြင့် သူ​တို့​သည် ထာ​ဝ​ရ​တောက်​လောင်​သော​မီး​တွင်​အ​ပြစ် ဒဏ်​ကို​ခံ​ရ​ကြ​သည်။
7 assim como Sodoma, e Gomorra, e as cidades circunvizinhas, que, havendo-se corrompido como aqueles e ido após outra carne, foram postas por exemplo, sofrendo a pena do fogo eterno.
8 ဤ​ဘု​ရား​မဲ့​သော​သူ​တို့​သည်​လည်း​ထို​သူ​တို့ နည်း​တူ​ပင်​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ မြင်​မက်​သော​ရူ​ပါ​ရုံ​များ​ကြောင့် မိ​မိ​တို့​၏ ကိုယ်​ခန္ဓာ​များ​ကို​ညစ်​ညမ်း​စေ​ကြ​၏။ ဘု​ရား သ​ခင်​၏​အာ​ဏာ​ကို​မ​ထီ​လေး​စား​ပြု​လျက် အ​ထက်​အ​ရပ်​မှ​ဘုန်း​အ​သ​ရေ​ရှင်​တို့​ကို စော်​ကား​ကြ​၏။-
8 E, contudo, também estes, semelhantemente adormecidos, contaminam a sua carne, e rejeitam a dominação, e vituperam as autoridades.
9 ကောင်း​ကင်​တ​မန်​မင်း​မိက္ခေ​လ​ပင်​လျှင်​ဤ အ​မှု​မျိုး​ကို​မ​ပြု​ချေ။ မော​ရှေ​၏​ကိုယ်​ခန္ဓာ ကို အ​ဘယ်​သူ​ယူ​သင့်​သည်​ဟူ​သော​အ​ချက် နှင့်​ပတ်​သက်​၍ နတ်​မိစ္ဆာ​ကြီး​နှင့်​အ​ငြင်း​ပွား ရာ​တွင် သူ​သည်​နတ်​မိစ္ဆာ​ကြီး​အား​ပြစ်​တင် ရှုတ်​ချ​မှု​ကို​မ​ပြု​ဝံ့​ဘဲ ``သင့်​အား​ထာ​ဝ​ရ ဘု​ရား​ဆုံး​မ​တော်​မူ​ပါ​စေ'' ဟူ​၍​သာ ပြော​ဆို​လေ​သည်။-
9 Mas o arcanjo Miguel, quando contendia com o diabo e disputava a respeito do corpo de Moisés, não ousou pronunciar juízo de maldição contra ele; mas disse: O Senhor te repreenda.
10 သို့​ရာ​တွင်​ဤ​သူ​တို့​သည်​ကား မိ​မိ​တို့ မ​သိ​နား​မ​လည်​သည့်​အ​ရာ​ဟူ​သ​မျှ​ကို ပြစ်​တင်​ရှုတ်​ချ​တတ်​ကြ​၏။ တော​တိ​ရ​စ္ဆာန် များ​နည်း​တူ မိ​မိ​တို့​၏​ပင်​ကိုယ်​ဇာတိ​စိတ် အား​ဖြင့်​သိ​ရှိ​နား​လည်​ရ​သည့်​အ​ရာ​များ က​လည်း သူ​တို့​အား​ဆုံး​ရှုံး​ပျက်​စီး​စေ တတ်​ကြ​၏။-
10 Estes, porém, dizem mal do que não sabem; e, naquilo que naturalmente conhecem, como animais irracionais, se corrompem.
11 သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-
11 Ai deles! Porque entraram pelo caminho de Caim, e foram levados pelo engano do prêmio de Balaão, e pereceram na contradição de Corá.
12 သူ​တို့​သည်​အ​ရှက်​အ​ကြောက်​ကင်း​မဲ့​စွာ ပျော်​ရွှင်​သောက်​စား​လျက် သင်​တို့​၏​မိတ်​သ​ဟာ ယ​ပွဲ​များ​တွင်​သင်​တို့​၏​ဂုဏ်​သိက္ခာ​ကို​ညစ် စွန်း​စေ​ကြ​၏။ ထို​သူ​တို့​ကား​ကိုယ်​ကျိုး​ကို သာ​ကြည့်​တတ်​သူ​များ​တည်း။ သူ​တို့​သည် မိုး​ရေ​မ​ပါ​ဘဲ လေ​တိုက်​ရာ​သို့​လွင့်​ပါ​သွား တတ်​သော​မိုး​တိမ်​နှင့်​လည်း​ကောင်း၊ ဆောင်း ဦး​ကာ​လ​တွင်​အ​သီး​မ​သီး၊ အ​မြစ်​မှ ဆွဲ​နှုတ်​ထား​သည့်​နှစ်​ပြန်​သေ​သစ်​ပင်​နှင့် လည်း​ကောင်း​တူ​ကြ​၏။-
12 Estes são manchas em vossas festas de fraternidade, banqueteando-se convosco e apascentando-se a si mesmos sem temor; são nuvens sem água, levadas pelos ventos de uma para outra parte; são como árvores murchas, infrutíferas, duas vezes mortas, desarraigadas;
13 ပြင်း​ထန်​လှ​သည့်​ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့် လည်း​တူ​ကြ​၏။ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​မှ ရေ​မြှုပ်​များ​ကဲ့​သို့ သူ​တို့​၏​ရှက်​ဖွယ်​ကောင်း သည့်​အ​ကျင့်​များ​သည်​ပေါ်​လွင်​လျက်​ရှိ​၏။ သူ​တို့​သည်​လမ်း​ကြောင်း​အ​တည်​တ​ကျ မ​ရှိ​သည့်​ကြယ်​ပျံ​နှင့်​လည်း​တူ​ကြ​၏။ သူ တို့​အ​တွက်​ဘု​ရား​သ​ခင်​သည်​အ​မှောင် မိုက်​ဆုံး​ဖြစ်​သည့်​အောက်​အ​ရပ်​တွင် ထာ​ဝ​စဉ် နေ​ရာ​သတ်​မှတ်​၍​ထား​တော်​မူ​သ​တည်း။
13 ondas impetuosas do mar, que escumam as suas mesmas abominações, estrelas errantes, para os quais está eternamente reservada a negrura das trevas.
14 အာ​ဒံ​မှ​ဆင်း​သက်​၍​သ​တ္တမ​ဆက်​မြောက် သော​သူ​ဧ​နောက်​က ဤ​သူ​တို့​အ​ကြောင်း​နှင့် ပတ်​သက်​၍``ဘု​ရား​သ​ခင်​သည်​အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​၏​မြင့်​မြတ်​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​များ​နှင့်​ကြွ​လာ​၍၊-
14 E destes profetizou também Enoque, o sétimo depois de Adão, dizendo: Eis que é vindo o Senhor com milhares de seus santos,
15 တစ်​ကမ္ဘာ​လုံး​ကို​တ​ရား​စီ​ရင်​တော်​မူ​လိမ့် မည်။ လူ​အ​ပေါင်း​တို့​အား မိ​မိ​တို့​၏​ဆိုး​သွမ်း ယုတ်​မာ​မှု​များ​အ​တွက်​လည်း​ကောင်း၊ ဘု​ရား မဲ့​အ​ပြစ်​သား​တို့​ဘု​ရား​သ​ခင်​အား ရိုင်း​ပြ စွာ​ပြစ်​မှား​ပြော​ဆို​ကြ​သည့်​စ​ကား​များ အ​တွက်​လည်း​ကောင်း အ​ပြစ်​ဒဏ်​စီ​ရင်​တော် မူ​လိမ့်​မည်'' ဟု​ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို တင်​ဟော​ပြော​ခဲ့​လေ​သည်။-
15 para fazer juízo contra todos e condenar dentre eles todos os ímpios, por todas as suas obras de impiedade que impiamente cometeram e por todas as duras palavras que ímpios pecadores disseram contra ele.
16 ဤ​လူ​စု​သည်​အ​စဉ်​ညည်း​ညူ​လျက်​သူ​တစ် ပါး​အား အ​ပြစ်​တင်​လျက်​သာ​နေ​တတ်​ကြ​၏။ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လို​အင်​ဆန္ဒ​ကို​လိုက် ၍​ပြု​ကျင့်​တတ်​ကြ​၏။ မိ​မိ​တို့​အ​ကြောင်း ကို​ကြွား​ဝါ​တတ်​ကြ​၏။ ကိုယ်​ကျိုး​အ​တွက် သူ​တစ်​ပါး​တို့​အား မြှောက်​ပင့်​ပြော​ဆို​တတ် ကြ​၏။
16 Estes são murmuradores, queixosos da sua sorte, andando segundo as suas concupiscências, e cuja boca diz coisas mui arrogantes, admirando as pessoas por causa do interesse.
17 သို့​ရာ​တွင်​ချစ်​ဆွေ​တို့၊ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​၏​တ​မန်​တော်​များ​က၊-
17 Mas vós, amados, lembrai-vos das palavras que vos foram preditas pelos apóstolos de nosso Senhor Jesus Cristo,
18 ``အ​ဆုံး​စွန်​သော​ကာ​လ​၌​သင်​တို့​ကို​ပြောင် လှောင်​သူ​များ၊ မိ​မိ​တို့​လို​အင်​ဆန္ဒ​ရှိ​သည့် အ​တိုင်း ဘု​ရား​မဲ့​ပြု​မူ​ကျင့်​ကြံ​သူ​များ ပေါ်​ပေါက်​လာ​လိမ့်​မည်'' ဟု​ယ​ခင်​က​သင် တို့​အား​ပြော​ကြား​ခဲ့​သည့်​စ​ကား​ကို သ​တိ​ရ​ကြ​လော့။-
18 os quais vos diziam que, no último tempo, haveria escarnecedores que andariam segundo as suas ímpias concupiscências.
19 ထို​သူ​တို့​သည်​အ​သင်း​တော်​တွင်​စိတ်​ဝမ်း ကွဲ​ပြား​စေ​သူ​များ မိ​မိ​တို့​န​ဂို​ဇာ​တိ​စိတ် အ​လို​သို့​လိုက်​သူ​များ၊ ဝိ​ညာဉ်​တော်​ကို မ​ရ​သူ​များ​ဖြစ်​ကြ​၏။-
19 Estes são os que causam divisões, sensuais, que não têm o Espírito.
20 သို့​ရာ​တွင်​ချစ်​ဆွေ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယုံ​ကြည်​ခြင်း အ​ပေါ်​အ​ခြေ​ပြု​၍ မိ​မိ​တို့​ကိုယ်​ကို​ကြီး​ပွား စေ​ကြ​လော့၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​တော်​ကို​အ​မှီ​ပြု​၍​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လော့။-
20 Mas vós, amados, edificando-vos a vós mesmos sobre a vossa santíssima fé, orando no Espírito Santo,
21 ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​တွင်​ခို​လှုံ​ကြ လော့။ အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​ကို​ထောက်​၍ သင်​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​မည့်​နေ့​ရက် ကို​စောင့်​မျှော်​၍​နေ​ကြ​လော့။
21 conservai a vós mesmos no amor de Deus, esperando a misericórdia de nosso Senhor Jesus Cristo, para a vida eterna.
22 — ausente —
22 E apiedai-vos de alguns que estão duvidosos;
23 — ausente —
23 e salvai alguns, arrebatando-os do fogo; tende deles misericórdia com temor, aborrecendo até a roupa manchada da carne.
24 သင်​တို့​မ​ပြို​မ​လဲ​ကြ​စေ​ရန် စောင့်​ရှောက်​တော် မူ​နိုင်​၍၊ သင်​တို့​အား​အ​ပြစ်​ကင်း​စင်​စေ​လျက် ရွှင်​လန်း​ဝမ်း​မြောက်​စွာ ဘုန်း​အ​သ​ရေ​ထွန်း တောက်​ရာ​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက်​ခွင့်​ကို ပေး​တော်​မူ​နိုင်​သော၊-
24 Ora, àquele que é poderoso para vos guardar de tropeçar e apresentar-vos irrepreensíveis, com alegria, perante a sua glória,
25 အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​ကယ်​တင်​တော်​မူ​သော၊ တစ်​ဆူ​တည်း သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မှ စ​၍​ယ​ခု​ကာ​လ​နှင့်​နောက်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာနု​ဘော် တော်၊ အ​စွမ်း​သတ္တိ​အာ​ဏာ​စက်​ရှိ​တော် မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ယု​ဒ​သြ​ဝါ​ဒ​စာ​ပြီး​၏။
25 ao único Deus, Salvador nosso, por Jesus Cristo, nosso Senhor, seja glória e majestade, domínio e poder, antes de todos os séculos, agora e para todo o sempre. Amém!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Judas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.