Judas 1
Common Language Bible (MYA) vs ARIB
1 ယေရှုခရစ်၏အစေခံနှင့်ယာကုပ်၏ညီဖြစ် သူ ယုဒထံမှဘုရားသခင်ခေါ်ယူရွေးကောက် တော်မူ၍ ခမည်းတော်ဘုရားသခင်၏မေတ္တာ ၌ခိုလှုံလျက် ယေရှုခရစ်စောင့်ထိန်းတော်မူ သောသူအပေါင်းတို့ထံသို့စာရေးလိုက်သည်။-
1 Judas, servo de Jesus Cristo, e irmão de Tiago, aos chamados, amados em Deus Pai, e guardados em Jesus Cristo:
2 သင်တို့သည်ကရုဏာတော်၊ ငြိမ်သက်ခြင်း နှင့်မေတ္တာတော်ကိုအပြည့်အဝခံစားရ ကြပါစေသတည်း။
2 Misericórdia, paz e amor vos sejam multiplicados.
3 ချစ်ဆွေတို့၊ ငါတို့အားလုံးယုံကြည်လက်ခံ ကြသည့်ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်တို့ထံစာရေးရန်ကြိုးစားခဲ့၏။ သို့ရာ တွင်ကိုယ်တော်၏လူစုအား ဘုရားသခင် အပြီးအပိုင်ပေးအပ်တော်မူသည့်ယုံကြည် ခြင်းကိုကြံ့ကြံ့ခံကာကွယ်ကြရန် သင်တို့ ထံချက်ချင်းပင်စာရေး၍အားပေးတိုက် တွန်းရန်လိုအပ်လာ၏။-
3 Amados, enquanto eu empregava toda a diligência para escrever-vos acerca da salvação que nos é comum, senti a necessidade de vos escrever, exortando-vos a pelejar pela fé que de uma vez para sempre foi entregue aos santos.
4 အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။
4 Porque se introduziram furtivamente certos homens, que já desde há muito estavam destinados para este juízo, homens ímpios, que convertem em dissolução a graça de nosso Deus, e negam o nosso único Soberano e Senhor, Jesus Cristo.
5 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ကယ်ဆယ်ကာအီဂျစ်ပြည်မှ ထုတ်ဆောင်လာတော်မူပြီးနောက် မိမိအား မယုံကြည်မကိုးစားသူတို့ကိုဆုံးပါး ပျက်စီးစေတော်မူကြောင်းကို သင်တို့သိရှိ ကြပြီးဖြစ်သော်လည်းသင်တို့အားငါ ပြန်လည်သတိရစေလို၏။-
5 Ora, quero lembrar-vos, se bem que já de uma vez para sempre soubestes tudo isto, que, havendo o Senhor salvo um povo, tirando-o da terra do Egito, destruiu depois os que não creram;
6 မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။-
6 aos anjos que não guardaram o seu principado, mas deixaram a sua própria habitação, ele os tem reservado em prisões eternas na escuridão para o juízo do grande dia,
7 သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။
7 assim como Sodoma e Gomorra, e as cidades circunvizinhas, que, havendo-se prostituído como aqueles anjos, e ido após outra carne, foram postas como exemplo, sofrendo a pena do fogo eterno.
8 ဤဘုရားမဲ့သောသူတို့သည်လည်းထိုသူတို့ နည်းတူပင်ဖြစ်ကြ၏။ သူတို့သည်မိမိတို့ မြင်မက်သောရူပါရုံများကြောင့် မိမိတို့၏ ကိုယ်ခန္ဓာများကိုညစ်ညမ်းစေကြ၏။ ဘုရား သခင်၏အာဏာကိုမထီလေးစားပြုလျက် အထက်အရပ်မှဘုန်းအသရေရှင်တို့ကို စော်ကားကြ၏။-
8 Contudo, semelhantemente também estes falsos mestres, sonhando, contaminam a sua carne, rejeitam toda autoridade e blasfemam das dignidades.
9 ကောင်းကင်တမန်မင်းမိက္ခေလပင်လျှင်ဤ အမှုမျိုးကိုမပြုချေ။ မောရှေ၏ကိုယ်ခန္ဓာ ကို အဘယ်သူယူသင့်သည်ဟူသောအချက် နှင့်ပတ်သက်၍ နတ်မိစ္ဆာကြီးနှင့်အငြင်းပွား ရာတွင် သူသည်နတ်မိစ္ဆာကြီးအားပြစ်တင် ရှုတ်ချမှုကိုမပြုဝံ့ဘဲ ``သင့်အားထာဝရ ဘုရားဆုံးမတော်မူပါစေ'' ဟူ၍သာ ပြောဆိုလေသည်။-
9 Mas quando o arcanjo Miguel, discutindo com o Diabo, disputava a respeito do corpo de Moisés, não ousou pronunciar contra ele juízo de maldição, mas disse: O Senhor te repreenda
10 သို့ရာတွင်ဤသူတို့သည်ကား မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ပြစ်တင်ရှုတ်ချတတ်ကြ၏။ တောတိရစ္ဆာန် များနည်းတူ မိမိတို့၏ပင်ကိုယ်ဇာတိစိတ် အားဖြင့်သိရှိနားလည်ရသည့်အရာများ ကလည်း သူတို့အားဆုံးရှုံးပျက်စီးစေ တတ်ကြ၏။-
10 Estes, porém, blasfemam de tudo o que não entendem; e, naquilo que compreendem de modo natural, como os seres irracionais, mesmo nisso se corrompem.
11 သူတို့သည်အမင်္ဂလာရှိပါသည်တကား။ သူ တို့သည်ကာဣန၏လမ်းစဉ်ကိုလိုက်ကြလေ ကုန်ပြီ။ ငွေကိုစုံမက်သဖြင့်ဗာလမ်၏အမှား မျိုးကိုပြုကြလေကုန်ပြီ။ ကောရကဲ့သို့ တော်လှန်ပုန်ကန်ကြသဖြင့် ဆုံးရှုံးပျက်စီး ကြကုန်၏။-
11 Ai deles! porque foram pelo caminho de Caim, e por amor do lucro se atiraram ao erro de Balaão, e pereceram na rebelião de Coré.
12 သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။-
12 Estes são os escolhidos em vossos ágapes, quando se banqueteiam convosco, pastores que se apascentam a si mesmos sem temor; são nuvens sem água, levadas pelos ventos; são árvores sem folhas nem fruto, duas vezes mortas, desarraigadas;
13 ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။
13 ondas furiosas do mar, espumando as suas próprias torpezas, estrelas errantes, para as quais tem sido reservado para sempre o negrume das trevas.
14 အာဒံမှဆင်းသက်၍သတ္တမဆက်မြောက် သောသူဧနောက်က ဤသူတို့အကြောင်းနှင့် ပတ်သက်၍``ဘုရားသခင်သည်အတိုင်းမသိ များစွာသော မိမိ၏မြင့်မြတ်သန့်ရှင်းသော ကောင်းကင်တမန်များနှင့်ကြွလာ၍၊-
14 Para estes também profetizou Enoque, o sétimo depois de Adão, dizendo: Eis que veio o Senhor com os seus milhares de santos,
15 တစ်ကမ္ဘာလုံးကိုတရားစီရင်တော်မူလိမ့် မည်။ လူအပေါင်းတို့အား မိမိတို့၏ဆိုးသွမ်း ယုတ်မာမှုများအတွက်လည်းကောင်း၊ ဘုရား မဲ့အပြစ်သားတို့ဘုရားသခင်အား ရိုင်းပြ စွာပြစ်မှားပြောဆိုကြသည့်စကားများ အတွက်လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်'' ဟုရှေးမဆွကပင်လျှင်ကြို တင်ဟောပြောခဲ့လေသည်။-
15 para executar juízo sobre todos e convencer a todos os ímpios de todas as obras de impiedade, que impiamente cometeram, e de todas as duras palavras que ímpios pecadores contra ele proferiram.
16 ဤလူစုသည်အစဉ်ညည်းညူလျက်သူတစ် ပါးအား အပြစ်တင်လျက်သာနေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက် ၍ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်း ကိုကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ် ကြ၏။
16 Estes são murmuradores, queixosos, andando segundo as suas concupiscências; e a sua boca diz coisas muito arrogantes, adulando pessoas por causa do interesse.
17 သို့ရာတွင်ချစ်ဆွေတို့၊ ငါတို့အရှင်သခင် ယေရှုခရစ်၏တမန်တော်များက၊-
17 Mas vós, amados, lembrai-vos das palavras que foram preditas pelos apóstolos de nosso Senhor Jesus Cristo;
18 ``အဆုံးစွန်သောကာလ၌သင်တို့ကိုပြောင် လှောင်သူများ၊ မိမိတို့လိုအင်ဆန္ဒရှိသည့် အတိုင်း ဘုရားမဲ့ပြုမူကျင့်ကြံသူများ ပေါ်ပေါက်လာလိမ့်မည်'' ဟုယခင်ကသင် တို့အားပြောကြားခဲ့သည့်စကားကို သတိရကြလော့။-
18 os quais vos diziam: Nos últimos tempos haverá escarnecedores, andando segundo as suas ímpias concupiscências.
19 ထိုသူတို့သည်အသင်းတော်တွင်စိတ်ဝမ်း ကွဲပြားစေသူများ မိမိတို့နဂိုဇာတိစိတ် အလိုသို့လိုက်သူများ၊ ဝိညာဉ်တော်ကို မရသူများဖြစ်ကြ၏။-
19 Estes são os que causam divisões; são sensuais, e não têm o Espírito.
20 သို့ရာတွင်ချစ်ဆွေတို့၊ သင်တို့သည်မိမိတို့ ၏အလွန်သန့်ရှင်းမြင့်မြတ်သည့်ယုံကြည်ခြင်း အပေါ်အခြေပြု၍ မိမိတို့ကိုယ်ကိုကြီးပွား စေကြလော့၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကိုအမှီပြု၍ဆုတောင်းပတ္ထနာ ပြုကြလော့။-
20 Mas vós, amados, edificando-vos sobre a vossa santíssima fé, orando no Espírito Santo,
21 ဘုရားသခင်၏မေတ္တာတော်တွင်ခိုလှုံကြ လော့။ အရှင်သခင်ယေရှုခရစ်သည်မိမိ၏ ကရုဏာတော်ကိုထောက်၍ သင်တို့အား ထာဝရအသက်ကိုပေးတော်မူမည့်နေ့ရက် ကိုစောင့်မျှော်၍နေကြလော့။
21 conservai-vos no amor de Deus, esperando a misericórdia de nosso Senhor Jesus Cristo para a vida eterna.
22 — ausente —
22 E apiedai-vos de alguns que estão na dúvida,
23 — ausente —
23 e salvai-os, arrebatando-os do fogo; e de outros tende misericórdia com temor, abominação até a túnica manchada pela carne.
24 သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊-
24 Ora, àquele que é poderoso para vos guardar de tropeçar, e apresentar-vos ante a sua glória imaculados e jubilosos,
25 အရှင်သခင်ယေရှုခရစ်အားဖြင့် ငါတို့ အားကယ်တင်တော်မူသော၊ တစ်ဆူတည်း သောဘုရားသခင်သည် ရှေးကပ်ကာလမှ စ၍ယခုကာလနှင့်နောက်ကမ္ဘာအဆက် ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော် တော်၊ အစွမ်းသတ္တိအာဏာစက်ရှိတော် မူစေသတည်း။ အာမင်။ ရှင်ယုဒသြဝါဒစာပြီး၏။
25 ao único Deus, nosso Salvador, por Jesus Cristo nosso Senhor, glória, majestade, domínio e poder, antes de todos os séculos, e agora, e para todo o sempre. Amém.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Judas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.