Isaías 28
Common Language Bible (MYA) vs BKJ
1 ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
1 Ai da coroa de orgulho, para os bêbados de Efraim, cuja beleza gloriosa é uma flor que murcha, a qual está na cabeça dos vales férteis daqueles que são dominados pelo vinho!
2 ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် စေရန် တန်ခိုးခွန်အားကြီးမားသူတစ်ဦး ကိုအသင့်ထားရှိတော်မူ၏။ ထိုသူသည် မိုးသီးမုန်တိုင်းကဲ့သို့လည်းကောင်း၊ အဟုန် ပြင်းသည့်မိုးကဲ့သို့လည်းကောင်း၊ ထိန်းချုပ် ၍မရနိုင်သည့်မြစ်လျှံရေကဲ့သို့လည်း ကောင်း တစ်ပြည်လုံးကိုလွှမ်းခြုံနှိမ်နင်း ပစ်လိမ့်မည်။-
2 Eis que o Senhor tem alguém poderoso e forte, o qual como uma tempestade de granizo e um temporal destruidor, como uma inundação de poderosas águas transbordantes, arremessará para a terra com a mão.
3 ထိုသေသောက်ကြူးသောခေါင်းဆောင်တို့ ဂုဏ်ယူဝါကြွားမှုသည် ခြေနှင့်နင်းချေ ခြင်းကိုခံရလိမ့်မည်။-
3 A coroa de orgulho, os bêbados de Efraim, serão pisados sob os pés.
4 မာန်မာနထောင်လွှားသူခေါင်းဆောင်များ ၏မှေးမှိန်လျက်နေသောဂုဏ်အသရေသည် မှည့်သည်နှင့်တစ်ပြိုင်နက်ခူးဆွတ်စားသုံး လိုက်သည့်ရာသီစာသင်္ဘောသဖန်းသီး များကဲ့သို့ကွယ်ပျောက်၍သွားလိမ့်မည်။
4 E a beleza gloriosa, a qual está ao longo da cabeça do vale fértil, será uma flor murcha. E como a fruta temporã antes do verão, a qual quando aquele que a olha a vê, enquanto ainda está em sua mão, a devora.
5 အနန္တတန်ခိုးရှင်ထာဝရဘုရားသည်အသက် မသေဘဲ ကျန်ရှိခဲ့သည့်မိမိ၏လူမျိုးတော် အတွက် ဘုန်းအသရေတောက်ပသောဦးရစ် သရဖူသဖွယ် ဖြစ်တော်မူမည့်နေ့ရက်ကာလ ကျရောက်လာလိမ့်မည်။-
5 Naquele dia o SENHOR dos Exércitos será por uma coroa de glória e por um diadema de beleza para o remanescente de seu povo.
6 ကိုယ်တော်သည်တရားသူကြီးအဖြစ်ဆောင် ရွက်ရသူတို့အား တရားမျှတစွာပြုကျင့် တတ်သောစိတ်နေသဘောထားကိုလည်းကောင်း၊ ရန်သူတို့ကိုမြို့တံခါးများမှနှင်ထုတ်ရ ကြသောသူတို့အား ရဲစွမ်းသတ္တိကိုလည်း ကောင်းပေးတော်မူလိမ့်မည်။
6 E por um espírito de julgamento para aquele que se assenta em juízo, e por força para aqueles que rechaçam a batalha para o portão.
7 ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များပင် လျှင် သေသောက်ကြူးကြသဖြင့်ယိမ်းထိုး၍ နေကြ၏။ သူတို့သည်စပျစ်ရည်နှင့်သေရည် အသောက်လွန်သဖြင့် ဂယောင်ချောက်ချားဖြစ် ကာခြေချော်၍လဲကြ၏။ ပရောဖက်တို့သည် မူးယစ်လျက်နေရကား ဘုရားသခင်ပြ တော်မူသောဗျာဒိတ်ရူပါရုံများ၏အနက် အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ ယဇ်ပုရောဟိတ် တို့သည်လည်း မိမိတို့ထံသို့ရောက်ရှိလာ သည့်အမှုများကိုစီရင်ဆုံးဖြတ်ရန် မတတ်ကြ။-
7 Porém, eles também têm errado por causa do vinho, e através da bebida forte estão fora do caminho. O sacerdote e o profeta têm errado através da bebida forte, eles estão imersos no vinho, eles estão fora do caminho por causa da bebida forte. Eles erram na visão, eles tropeçam no julgamento.
8 သူတို့၏စားပွဲများသည်ရစရာမရှိ အောင်အန်ဖတ်များနှင့်ပေကျံ၍နေတော့၏။
8 Porque todas as mesas estão repletas de vômito e imundície, tanto que não há mais nenhum lugar limpo.
9 သူတို့က``ဤသူသည်ငါတို့အားအဘယ် သူထင်မှတ်၍ သွန်သင်နေပါသနည်း။ သူ ၏သတင်းစကားသည်အဘယ်သူတို့ အတွက်အကျိုးရှိပါမည်နည်း။ နို့ဖြတ် ကာစကလေးများနှင့်သာလျှင်သင့် တော်ပေသည်။-
9 A quem ele ensinará conhecimento? E a quem ele fará compreender doutrina? Àqueles que são desmamados e retirados dos seios.
10 သူသည်ငါတို့အားကြိုးစား၍လုံးစေ့ ပတ်စေ့၊ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ် ပြီးတစ်ပိုဒ်သင်ကြားလျက်နေ၏'' ဟုငါ ၏အကြောင်းညဉ်းညူပြောဆိုကြလေ သည်။
10 Porque preceito precisa ser sobre preceito, preceito sobre preceito; linha sobre linha, linha sobre linha, aqui um pouco, e lá um pouco.
11 အကယ်၍သင်တို့သည်ငါ၏စကားကိုနား မထောင်ကြပါမူထာဝရဘုရားသည် သင် တို့အားကျောင်းမှန်းကန်မှန်းသိအောင်ထူး ဆန်းသောဘာသာစကားပြောဆိုသူ လူ မျိုးခြားတို့ကိုအသုံးပြုတော်မူလိမ့်မည်။-
11 Porque com lábios que gaguejam e outra língua ele falará a este povo.
12 ကိုယ်တော်သည်သင်တို့အားငြိမ်းအေးချမ်းမြေ့ စွာနေထိုင်ခွင့်ကိုပေးတော်မူသော်လည်း သင် တို့သည်ကိုယ်တော်၏စကားကိုနားမထောင် ကြ။-
12 A quem ele disse: Este é o repouso por meio do qual vós podeis fazer o cansado descansar e este é o agradavelmente novo, ainda assim eles não ouviriam.
13 သို့ဖြစ်၍ထာဝရဘုရားသည်သင်တို့အား ကျောင်းမှန်းကန်မှန်းသိအောင်လုံးစေ့ပတ်စေ့ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ်ပြီးတစ် ပိုဒ် သွန်သင်တော်မူလိမ့်မည်။ ထိုအခါသင်တို့ သည်ခြေလှမ်းလိုက်တိုင်းလဲကျကြလိမ့်မည်။ သင်တို့သည်ထိခိုက်ဒဏ်ရာရလျက်ကျော့ ကွင်းတွင်မိကာအဖမ်းခံရကြလိမ့်မည်။
13 Porém, a palavra do SENHOR foi para eles preceito sobre preceito, mandato sobre mandato; regra sobre regra, linha sobre linha; aqui um pouco e lá um pouco, para que eles possam ir, e cair para trás, e ser quebrados, e enlaçados e capturados.
14 ယခုယေရုရှလင်မြို့တွင် ဤလူတို့အား အုပ်စိုးလျက်ရှိသည့်အချင်းမောက်မာ ထောင်လွှားသူတို့၊ ထာဝရဘုရားမိန့် တော်မူသည်ကိုနားထောင်ကြလော့။-
14 Por conseguinte, ouvi a palavra do SENHOR, vós homens que desdenham, que governam este povo, o qual está em Jerusalém.
15 သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။-
15 Porquanto, vós tendes dito: Nós temos feito um pacto com a morte, e com o inferno estamos de acordo; quando o transbordante flagelo vier atravessar, ele não chegará até nós, porquanto nós temos feito das mentiras nosso refúgio e sob a falsidade temos nos escondido.
16 ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
16 Portanto, assim diz o Senhor DEUS: Eis que eu ponho em Sião por alicerce uma pedra, uma pedra à toda prova, uma preciosa pedra de esquina, um alicerce inabalável. Aquele que crer não se apressará.
17 ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။
17 Também porei o juízo por linha e a justiça por prumo. E o granizo eliminará completamente o refúgio das mentiras, e as águas transbordarão o lugar de esconderijo.
18 သင်တို့သည်သေမင်းနှင့်ချုပ်ဆိုထားသည့်စာ ချုပ်ကိုပယ်ဖျက်၍ မရဏနိုင်ငံနှင့်ရရှိထား သည့်သဘောတူညီမှုကိုလည်းရုပ်သိမ်းရ ကြလိမ့်မည်။ ရန်သူများချင်းနင်းဝင်ရောက် လာသောအခါ သင်တို့သည်အရေးရှုံးနိမ့် ကြလိမ့်မည်။-
18 E seu pacto com a morte será anulado e seu acordo com o inferno não prevalecerá; quando o transbordante flagelo passar, então vós sereis pisoteados por ele.
19 သူတို့သည်သင်တို့အားနံနက်တိုင်းထပ်ကာ ထပ်ကာတိုက်ခိုက်ကြလိမ့်မည်။ သင်တို့သည် နေ့ရောညဥ့်ပါဒုက္ခရောက်ကြလိမ့်မည်။ ဘုရားသခင်၏ဗျာဒိတ်တော်ရောက်ရှိလာသည့် အခါတိုင်း ထိတ်လန့်၍နေကြလိမ့်မည်။-
19 Desde o momento em que isto passar, vos arrebatará. Pois estender-se-á de manhã a manhã, pelo dia e pela noite, e isto será um aborrecimento só o compreender a notícia.
20 သင်တို့သည်``ငယ်လွန်းသောစောင်ကိုခြုံ၍ တိုလွန်းသောကုတင်တွင်အိပ်ရန်ကြိုးစား သူ'' ကဲ့သို့ဖြစ်ကြလိမ့်မည်။-
20 Porque a cama é mais curta do que um homem é capaz de se esticar sobre ela. E a coberta mais estreita do que o necessário para ele envolver-se nela.
21 ထာဝရဘုရားသည်ပေရဇိမ်တောင်နှင့် ဂိဗောင်ချိုင့်ဝှမ်းတွင် ပြုတော်မူခဲ့သည့်နည်း တူစစ်ချီတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိပြုရန်ရှိသည့်အမှုကိုပြီးပြတ်အောင် ဆောင်ရွက်တော်မူလိမ့်မည်။ ထိုအမှုကား နက်နဲသိမ်မွေ့သည့်အရာဖြစ်၏။
21 Porque o SENHOR levantar-se-á como no monte Perazim. Ele estará furioso como no vale de Gibeão, para que ele possa fazer sua obra, sua estranha obra, e fará acontecer seu ato, seu estranho ato.
22 အနန္တတန်ခိုးရှင်ထာဝရဘုရားသည်တစ် ပြည်လုံးကိုဖျက်ဆီးပစ်တော်မူရန် သန္နိဋ္ဌာန် ချမှတ်ပြီးကြောင်းငါကြားသိရလေပြီ။ သင်တို့အားငါသတိပေးသည်ကိုပြက် ရယ်မပြုကြနှင့်။ ပြက်ရယ်ပြုကြပါမူ သင်တို့သည်အသက်ဘေးမှလွတ်ကင်း ရန်ပို၍ပင်ခဲယဉ်းပေလိမ့်မည်။
22 Agora, portanto, não sejais vós zombadores, por medo de que seus grilhões se tornem fortes. Porque eu tenho ouvido da parte do Senhor DEUS dos Exércitos uma destruição, determinada sobre a terra toda.
23 ငါပြောသည်ကိုနားထောင်ကြလော့။ သင်တို့ အားငါပြောသည့်စကားကိုအာရုံစိုက်၍ နားထောင်ကြလော့။-
23 Dai vós ouvidos e ouvi minha voz. Escutai e ouvi meu discurso.
24 အဘယ်လယ်သမားမျှစိုက်ပျိုးမှုအတွက် မိမိ၏လယ်ကိုအစဉ်အမြဲထွန်ယက်ပြင် ဆင်၍မနေတတ်။-
24 O fazendeiro ara o dia todo para semear? Ele abre e quebra os torrões de seu terreno?
25 မြေကိုပြုပြင်ပြီးလျှင်သူသည်စမုန်နက်၊ ဇီယာအစရှိသည့်မျိုးစေ့များကိုစိုက် ပျိုးတတ်၏။ ဂျုံစပါးနှင့်မုယောစပါးကို အတန်းလိုက်စိုက်ပျိုးကာ၊ လယ်အနားစွန်း တို့တွင်အခြားသောသီးနှံများကိုစိုက် ပျိုးတတ်လေသည်။-
25 Quando ele tem feito plana a face daquele lugar não lança ele sobre uma ampla área o endro, e espalha o cominho, e lança na área principal trigo, e a cevada selecionada e o centeio no seu devido lugar?
26 ဘုရားသခင်သည်သူ့အားအသိဉာဏ်ပေး ထားတော်မူသဖြင့် သူသည်မိမိအဘယ် သို့လုပ်ဆောင်ရမည်ကိုသိ၏။-
26 Porque seu Deus o instrui para discernir e o ensina.
27 စမုန်နက်နှင့်ဇီယာနှံများကိုတင်းပုတ်နှင့် ရိုက်၍မနယ်တတ်။ ယင်းသို့ပြုမည့်အစား ထိုက်လျောက်ရာတုတ်ငယ်ဖြင့်သာလျှင် ရိုက်နယ်တတ်၏။-
27 Pois o endro não é debulhado com um instrumento para debulhar, nem uma roda de carroça é movida sobre o cominho. Porém, o endro é debulhado com um bastão e o cominho com uma vara.
28 သူသည်ဂျုံနှံများကိုလည်းအဆက်မပြတ် နင်းနယ်ခြင်းအားဖြင့် ဂျုံဆံအများပျက်စီး အောင်မပြုတတ်။ ဂျုံဆံများမပွန်းမပဲ့ရ လေအောင်လှည်းဖြင့်အဘယ်သို့နင်းနယ်ရ မည်ကိုသိ၏။-
28 O grão usado para fazer pão é esmagado, pois ele não estará sempre o debulhando, nem o esmiúça com a roda de sua carroça nem o esmaga com seus cavaleiros.
29 သူသည်ဤအသိပညာမှန်သမျှကို အနန္တ တန်ခိုးရှင်ထာဝရဘုရားထံတော်မှရရှိ ပေသည်။ ထာဝရဘုရားပြုတော်မူသော အကြံအစည်တော်တို့သည် ဉာဏ်ပညာ အမြော်အမြင်နှင့်ပြည့်စုံ၍အစဉ်အောင် မြင်မှုရှိပါပေသည်။
29 Isto também vem do SENHOR dos Exércitos o qual é maravilhoso em aconselhar e excelente em trabalhar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Isaías 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.