Isaías 28

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​မ​င်္ဂ​လာ​ရှိ​၏။ မိ​မိ ၏​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​များ​ဆောင်း ထား​သည့်​ပန်း​ဦး​ရစ်​များ​နွမ်း​သ​ကဲ့​သို့၊ ထို နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​သည်​ညှိုး​နွမ်း​လျက် နေ​၏။ ထို​ခေါင်း​ဆောင်​တို့​သည်​ဝင့်​ဝါ​မော်​ကြွား ကာ၊ မိ​မိ​တို့​ဦး​ခေါင်း​ကို နံ့​သာ​ဆီ​မွှေး​ကောင်း စွာ​လိမ်း​၍​ထား​ကြ​သော်​လည်း​သေ​သောက် ကြူး​ကာ​လဲ​၍​နေ​ကြ​၏။-
1 Ai da vaidosa coroa dos bêbedos de Efraim, e da flor murchada do seu glorioso ornamento, que está sobre a cabeça do fértil vale dos vencidos do vinho.
2 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် စေ​ရန် တန်​ခိုး​ခွန်​အား​ကြီး​မား​သူ​တစ်​ဦး ကို​အ​သင့်​ထား​ရှိ​တော်​မူ​၏။ ထို​သူ​သည် မိုး​သီး​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ပြင်း​သည့်​မိုး​ကဲ့​သို့​လည်း​ကောင်း၊ ထိန်း​ချုပ် ၍​မ​ရ​နိုင်​သည့်​မြစ်​လျှံ​ရေ​ကဲ့​သို့​လည်း ကောင်း တစ်​ပြည်​လုံး​ကို​လွှမ်း​ခြုံ​နှိမ်​နင်း ပစ်​လိမ့်​မည်။-
2 Eis que o Senhor tem um valente e poderoso; como tempestade de saraiva, tormenta destruidora, como tempestade de impetuosas águas que transbordam, ele a derrubará violentamente por terra.
3 ထို​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​တို့ ဂုဏ်​ယူ​ဝါ​ကြွား​မှု​သည် ခြေ​နှင့်​နင်း​ချေ ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
3 A vaidosa coroa dos bêbedos de Efraim será pisada aos pés;
4 မာန်​မာ​န​ထောင်​လွှား​သူ​ခေါင်း​ဆောင်​များ ၏​မှေး​မှိန်​လျက်​နေ​သော​ဂုဏ်​အ​သ​ရေ​သည် မှည့်​သည်​နှင့်​တစ်​ပြိုင်​နက်​ခူး​ဆွတ်​စား​သုံး လိုက်​သည့်​ရာ​သီ​စာ​သ​င်္ဘော​သ​ဖန်း​သီး များ​ကဲ့​သို့​ကွယ်​ပျောက်​၍​သွား​လိမ့်​မည်။
4 e a flor murchada do seu glorioso ornamento, que está sobre a cabeça do fértil vale, será como figo que amadurece antes do verão, que, vendo-o alguém, e mal tomando-o na mão, o engole.
5 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​ခဲ့​သည့်​မိ​မိ​၏​လူ​မျိုး​တော် အ​တွက် ဘုန်း​အ​သ​ရေ​တောက်​ပ​သော​ဦး​ရစ် သ​ရ​ဖူ​သ​ဖွယ် ဖြစ်​တော်​မူ​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-
5 Naquele dia o Senhor dos exércitos será por coroa de glória e diadema de formosura para o restante de seu povo;
6 ကိုယ်​တော်​သည်​တ​ရား​သူ​ကြီး​အ​ဖြစ်​ဆောင် ရွက်​ရ​သူ​တို့​အား တ​ရား​မျှ​တ​စွာ​ပြု​ကျင့် တတ်​သော​စိတ်​နေ​သ​ဘော​ထား​ကို​လည်း​ကောင်း၊ ရန်​သူ​တို့​ကို​မြို့​တံ​ခါး​များ​မှ​နှင်​ထုတ်​ရ ကြ​သော​သူ​တို့​အား ရဲ​စွမ်း​သတ္တိ​ကို​လည်း ကောင်း​ပေး​တော်​မူ​လိမ့်​မည်။
6 e por espírito de juízo para o que se assenta a julgar, e por fortaleza para os que fazem recuar a peleja até a porta.
7 ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင် လျှင် သေ​သောက်​ကြူး​ကြ​သ​ဖြင့်​ယိမ်း​ထိုး​၍ နေ​ကြ​၏။ သူ​တို့​သည်​စ​ပျစ်​ရည်​နှင့်​သေ​ရည် အ​သောက်​လွန်​သ​ဖြင့် ဂ​ယောင်​ချောက်​ချား​ဖြစ် ကာ​ခြေ​ချော်​၍​လဲ​ကြ​၏။ ပ​ရော​ဖက်​တို့​သည် မူး​ယစ်​လျက်​နေ​ရ​ကား ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ ယဇ်​ပု​ရော​ဟိတ် တို့​သည်​လည်း မိ​မိ​တို့​ထံ​သို့​ရောက်​ရှိ​လာ သည့်​အ​မှု​များ​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် မ​တတ်​ကြ။-
7 Mas também estes cambaleiam por causa do vinho, e com a bebida forte se desencaminham; até o sacerdote e o profeta cambaleiam por causa da bebida forte, estão tontos do vinho, desencaminham-se por causa da bebida forte; erram na visão, e tropeçam no juizo.
8 သူ​တို့​၏​စား​ပွဲ​များ​သည်​ရ​စ​ရာ​မ​ရှိ အောင်​အန်​ဖတ်​များ​နှင့်​ပေ​ကျံ​၍​နေ​တော့​၏။
8 Pois todas as suas mesas estão cheias de vômitos e de sujidade, e não há lugar que esteja limpo.
9 သူ​တို့​က``ဤ​သူ​သည်​ငါ​တို့​အား​အ​ဘယ် သူ​ထင်​မှတ်​၍ သွန်​သင်​နေ​ပါ​သ​နည်း။ သူ ၏​သ​တင်း​စ​ကား​သည်​အ​ဘယ်​သူ​တို့ အ​တွက်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။ နို့​ဖြတ် ကာ​စ​က​လေး​များ​နှင့်​သာ​လျှင်​သင့် တော်​ပေ​သည်။-
9 Ora, a quem ensinará ele o conhecimento? e a quem fará entender a mensagem? aos desmamados, e aos arrancados dos seios?
10 သူ​သည်​ငါ​တို့​အား​ကြိုး​စား​၍​လုံး​စေ့ ပတ်​စေ့၊ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ် ပြီး​တစ်​ပိုဒ်​သင်​ကြား​လျက်​နေ​၏'' ဟု​ငါ ၏​အ​ကြောင်း​ညဉ်း​ညူ​ပြော​ဆို​ကြ​လေ သည်။
10 Pois é preceito sobre preceito, preceito sobre preceito; regra sobre regra, regra sobre regra; um pouco aqui, um pouco ali.
11 အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်​ကြ​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​ထူး ဆန်း​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သူ လူ မျိုး​ခြား​တို့​ကို​အ​သုံး​ပြု​တော်​မူ​လိမ့်​မည်။-
11 Na verdade por lábios estranhos e por outra língua falará a este povo;
12 ကိုယ်​တော်​သည်​သင်​တို့​အား​ငြိမ်း​အေး​ချမ်း​မြေ့ စွာ​နေ​ထိုင်​ခွင့်​ကို​ပေး​တော်​မူ​သော်​လည်း သင် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ​ထောင် ကြ။-
12 ao qual disse: Este é o descanso, dai descanso ao cansado; e este é o refrigério; mas não quiseram ouvir.
13 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျောင်း​မှန်း​ကန်​မှန်း​သိ​အောင်​လုံး​စေ့​ပတ်​စေ့ တစ်​ကြောင်း​ပြီး​တစ်​ကြောင်း​တစ်​ပိုဒ်​ပြီး​တစ် ပိုဒ် သွန်​သင်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့ သည်​ခြေ​လှမ်း​လိုက်​တိုင်း​လဲ​ကျ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ထိ​ခိုက်​ဒဏ်​ရာ​ရ​လျက်​ကျော့ ကွင်း​တွင်​မိ​ကာ​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။
13 Assim pois a palavra do Senhor lhes será preceito sobre preceito, preceito sobre preceito; regra sobre regra, regra sobre regra; um pouco aqui, um pouco ali; para que vão, e caiam para trás, e fiquem quebrantados, enlaçados, e presos.
14 ယ​ခု​ယေ​ရု​ရှ​လင်​မြို့​တွင် ဤ​လူ​တို့​အား အုပ်​စိုး​လျက်​ရှိ​သည့်​အ​ချင်း​မောက်​မာ ထောင်​လွှား​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-
14 Ouvi, pois, a palavra do Senhor, homens escarnecedores, que dominais este povo que está em Jerusalém.
15 သင်​တို့​သည်​သေ​မင်း​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ထား​ပြီ​ဟူ​၍​လည်း​ကောင်း၊ မ​ရ​ဏ နိုင်​ငံ​နှင့်​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​ပြီ​ဟူ​၍ လည်း​ကောင်း​ကြွား​ဝါ​တတ်​ကြ​၏။ သင်​တို့ သည်​လိမ်​လည်​လှည့်​စား​မှု​များ​ကို​အ​မှီ သ​ဟဲ​ပြု​ကာ​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရှာ​သူ များ​ဖြစ်​သ​ဖြင့် ဘေး​အန္တ​ရာယ်​ကျ​ရောက် ချိန်​၌​လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့် မည်​ဟု​စွဲ​မှတ်​ယုံ​ကြည်​ကြ​လေ​သည်။-
15 Porquanto dizeis: Fizemos pacto com a morte, e com o Seol fizemos aliança; quando passar o flagelo trasbordante, não chegará a nós; porque fizemos da mentira o nosso refúgio, e debaixo da falsidade nos escondemos.
16 ယ​ခု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား``ငါ​သည်​ဇိ​အုန်​တောင် တွင်​တည်​တံ့​ခိုင်​မြဲ​သည့်​အုတ်​မြစ်​ကို​ချ တော်​မူ​မည်။ ငါ​သည်`ခိုင်​မြဲ​စွာ​ယုံ​ကြည်​မျှော် လင့်​တတ်​သူ​သည် သည်း​ခံ​လျက်​စောင့်​ဆိုင်း တတ်​၏' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ပါ​ရှိ​သည့် အ​ဖိုး​တန်​ထောင့်​ချုပ်​ကျောက်​ကို​လည်း​ထို အုတ်​မြစ်​တွင်​ထည့်​သွင်း​ထား​ရှိ​မည်။-
16 Portanto assim diz o Senhor Deus: Eis que ponho em Sião como alicerce uma pedra, uma pedra provada, pedra preciosa de esquina, de firme fundamento; aquele que crer não se apressará.
17 ထို​အုတ်​မြစ်​အ​တွက်​တရား​မျှ​တ​မှု​ကို တံ​မျဉ်း​ကြိုး၊ ရိုး​သား​ဖြောင့်​မှန်​မှု​ကို​ချိန် သီး​ကြိုး​အ​ဖြစ်​အ​သုံး​ပြု​မည်။
17 E farei o juízo a linha para medir, e a justiça o prumo; e a saraiva varrerá o refúgio da mentira, e as águas inundarão o esconderijo.
18 သင်​တို့​သည်​သေ​မင်း​နှင့်​ချုပ်​ဆို​ထား​သည့်​စာ ချုပ်​ကို​ပယ်​ဖျက်​၍ မ​ရ​ဏ​နိုင်​ငံ​နှင့်​ရ​ရှိ​ထား သည့်​သ​ဘော​တူ​ညီ​မှု​ကို​လည်း​ရုပ်​သိမ်း​ရ ကြ​လိမ့်​မည်။ ရန်​သူ​များ​ချင်း​နင်း​ဝင်​ရောက် လာ​သော​အ​ခါ သင်​တို့​သည်​အ​ရေး​ရှုံး​နိမ့် ကြ​လိမ့်​မည်။-
18 E o vosso pacto com a morte será anulado; e a vossa aliança com o Seol não subsistirá; e, quando passar o flagelo trasbordante, sereis abatidos por ele.
19 သူ​တို့​သည်​သင်​တို့​အား​နံ​နက်​တိုင်း​ထပ်​ကာ ထပ်​ကာ​တိုက်​ခိုက်​ကြ​လိမ့်​မည်။ သင်​တို့​သည် နေ့​ရော​ညဥ့်​ပါ​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​သည့် အ​ခါ​တိုင်း ထိတ်​လန့်​၍​နေ​ကြ​လိမ့်​မည်။-
19 Todas as vezes que passar, vos arrebatará; porque de manhã em manhã passará, de dia e de noite; e será motivo de terror o só ouvir tal notícia.
20 သင်​တို့​သည်``ငယ်​လွန်း​သော​စောင်​ကို​ခြုံ​၍ တို​လွန်း​သော​ကု​တင်​တွင်​အိပ်​ရန်​ကြိုး​စား သူ'' ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-
20 Pois a cama é tão curta que nela ninguém se pode estender; e o cobertor tão estreito que com ele ninguém se pode cobrir.
21 ထာ​ဝ​ရ​ဘု​ရား​သည်​ပေ​ရ​ဇိမ်​တောင်​နှင့် ဂိ​ဗောင်​ချိုင့်​ဝှမ်း​တွင် ပြု​တော်​မူ​ခဲ့​သည့်​နည်း တူ​စစ်​ချီ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် မိ​မိ​ပြု​ရန်​ရှိ​သည့်​အ​မှု​ကို​ပြီး​ပြတ်​အောင် ဆောင်​ရွက်​တော်​မူ​လိမ့်​မည်။ ထို​အ​မှု​ကား နက်​နဲ​သိမ်​မွေ့​သည့်​အ​ရာ​ဖြစ်​၏။
21 Porque o Senhor se levantará como no monte Perazim, e se irará como no vale de Gibeão, para realizar a sua obra, a sua estranha obra, e para executar o seu ato, o seu estranho ato.
22 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​တစ် ပြည်​လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​ရန် သန္နိ​ဋ္ဌာန် ချ​မှတ်​ပြီး​ကြောင်း​ငါ​ကြား​သိ​ရ​လေ​ပြီ။ သင်​တို့​အား​ငါ​သ​တိ​ပေး​သည်​ကို​ပြက် ရယ်​မ​ပြု​ကြ​နှင့်။ ပြက်​ရယ်​ပြု​ကြ​ပါ​မူ သင်​တို့​သည်​အ​သက်​ဘေး​မှ​လွတ်​ကင်း ရန်​ပို​၍​ပင်​ခဲ​ယဉ်း​ပေ​လိမ့်​မည်။
22 Agora, pois, não sejais escarnecedores, para que os vossos grilhões não se façam mais fortes; porque da parte do Senhor Deus dos exércitos ouvi um decreto de destruição completa e decisiva, sobre toda terra.
23 ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့ အား​ငါ​ပြော​သည့်​စ​ကား​ကို​အာ​ရုံ​စိုက်​၍ နား​ထောင်​ကြ​လော့။-
23 Inclinai os ouvidos, e ouvi a minha voz; escutai, e ouvi o meu discurso.
24 အ​ဘယ်​လယ်​သ​မား​မျှ​စိုက်​ပျိုး​မှု​အ​တွက် မိ​မိ​၏​လယ်​ကို​အ​စဉ်​အ​မြဲ​ထွန်​ယက်​ပြင် ဆင်​၍​မ​နေ​တတ်။-
24 Porventura lavra continuamente o lavrador, para semear? ou está sempre abrindo e esterroando a sua terra?
25 မြေ​ကို​ပြု​ပြင်​ပြီး​လျှင်​သူ​သည်​စ​မုန်​နက်၊ ဇီ​ယာ​အ​စ​ရှိ​သည့်​မျိုး​စေ့​များ​ကို​စိုက် ပျိုး​တတ်​၏။ ဂျုံ​စ​ပါး​နှင့်​မု​ယော​စ​ပါး​ကို အ​တန်း​လိုက်​စိုက်​ပျိုး​ကာ၊ လယ်​အ​နား​စွန်း တို့​တွင်​အ​ခြား​သော​သီး​နှံ​များ​ကို​စိုက် ပျိုး​တတ်​လေ​သည်။-
25 Não é antes assim: quando já tem nivelado a sua superfície, não espalha a nigela, não semeia o cominho, não lança nela o trigo em leiras, ou cevada no lugar determinado, ou a espelta na margem?
26 ဘု​ရား​သ​ခင်​သည်​သူ့​အား​အ​သိ​ဉာဏ်​ပေး ထား​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ​အ​ဘယ် သို့​လုပ်​ဆောင်​ရ​မည်​ကို​သိ​၏။-
26 Pois o seu Deus o instrui devidamente e o ensina.
27 စ​မုန်​နက်​နှင့်​ဇီ​ယာ​နှံ​များ​ကို​တင်း​ပုတ်​နှင့် ရိုက်​၍​မ​နယ်​တတ်။ ယင်း​သို့​ပြု​မည့်​အ​စား ထိုက်​လျောက်​ရာ​တုတ်​ငယ်​ဖြင့်​သာ​လျှင် ရိုက်​နယ်​တတ်​၏။-
27 Porque a nigela não se trilha com instrumento de trilhar, nem sobre o cominho passa a roda de carro; mas a nigela é debulhada com uma vara, e o cominho com um pau.
28 သူ​သည်​ဂျုံ​နှံ​များ​ကို​လည်း​အ​ဆက်​မ​ပြတ် နင်း​နယ်​ခြင်း​အား​ဖြင့် ဂျုံ​ဆံ​အ​များ​ပျက်​စီး အောင်​မ​ပြု​တတ်။ ဂျုံ​ဆံ​များ​မ​ပွန်း​မ​ပဲ့​ရ လေ​အောင်​လှည်း​ဖြင့်​အ​ဘယ်​သို့​နင်း​နယ်​ရ မည်​ကို​သိ​၏။-
28 Acaso é esmiuçado o trigo? não; não se trilha continuamente, nem se esmiúça com as rodas do seu carro e os seus cavalos; não se esmiúça.
29 သူ​သည်​ဤ​အ​သိ​ပ​ညာ​မှန်​သ​မျှ​ကို အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​ရှိ ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​ကြံ​အ​စည်​တော်​တို့​သည် ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​နှင့်​ပြည့်​စုံ​၍​အ​စဉ်​အောင် မြင်​မှု​ရှိ​ပါ​ပေ​သည်။
29 Até isso procede do Senhor dos exércitos, que é maravilhoso em conselho e grande em obra.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.