Isaías 17

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဒ​မာ​သက်​မြို့​နှင့် သက်​ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။
1 Advertência contra Damasco: "Damasco deixará de ser cidade; e se tornará um monte de ruínas.
2 ရှု​ရိ​မြို့​များ​သည်​လည်း​ထာ​ဝ​စဉ်​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​တို့​သည်​သိုး များ​နှင့်​ကျွဲ​နွား​များ​၏​စား​ကျက်​ဖြစ်​လိမ့် မည်။ ထို​တိ​ရစ္ဆာန်​တို့​အား​မောင်း​ထုတ်​မည့်​သူ ရှိ​လိမ့်​မည်​မ​ဟုတ်။-
2 Suas cidades serão abandonadas; serão entregues aos rebanhos que ali se deitarão, e ninguém os espantará.
3 ဣ​သ​ရေ​လ​ပြည်​သည်​ရန်​သူ​တို့​အား​ခု​ခံ နိုင်​စွမ်း​ကင်း​မဲ့​လျက်​နေ​လိမ့်​မည်။ ဒ​မာ​သက် မြို့​သည်​လည်း​လွတ်​လပ်​ရေး​ဆုံး​ရှုံး​၍​သွား လိမ့်​မည်။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နည်း​တူ​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့် မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
3 Efraim deixará de ser uma fortaleza, e Damasco uma realeza; o remanescente de Arã será como a glória dos israelitas", anuncia o Senhor dos Exércitos.
4 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​၏ ဘုန်း​အ​သ​ရေ​မှေး​မှိန်​ရာ​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။ ထို​ပြည်​သည်​ကြွယ် ဝ​ချမ်း​သာ​ရာ​မှ​ဆင်း​ရဲ​နွမ်း​ပါး​၍​သွား လိမ့်​မည်။-
4 "Naquele dia a glória de Jacó se definhará, e a gordura do seu corpo se consumirá.
5 ဣ​သ​ရေ​လ​ပြည်​သည်​အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ထား​သည့်​လယ်​ကွက်​ကဲ့​သို့​လည်း​ကောင်း၊ အ​ကုန်​အ​စင်​ကောက်​သင်း​ကောက်​ထား​သည့် ရေ​ဖိမ်​ချိုင့်​ဝှမ်း​မှ လယ်​ယာ​ကဲ့​သို့​လည်း ကောင်း​ပြုတ်​ပြုတ်​ပြုန်း​၍​နေ​ပေ​လိမ့်​မည်။-
5 Será como quando um ceifeiro junta o trigo e colhe as espigas com o braço, como quando se apanham os feixes de trigo no vale de Refaim.
6 လူ​အ​နည်း​ငယ်​သာ​လျှင်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ခါ ဣ​သ​ရေ​လ​သည်​လည်း​အ​သီး​များ ကို​အ​ကုန်​အ​စင်​ဆွတ်​ခူး​ပြီး​နောက် အ​ပင် ထိပ်​ဖျား​တွင်​နှစ်​လုံး​သုံး​လုံး​နှင့်​အ​ကိုင်း​များ တွင် လေး​ငါး​လုံး​မျှ​သာ​ကျန်​ရှိ​သည့်​သံ​လွင် ပင်​နှင့်​တူ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
6 Contudo, restarão algumas espigas, como quando se sacode uma oliveira, ficam duas ou três azeitonas nos galhos mais altos e umas quatro ou cinco nos ramos mais produtivos", anuncia o Senhor, o Deus de Israel.
7 ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည်​မိ​မိ​တို့​အား​ကူ​မ​တော်​မူ​ရန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​တော် မူ​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ဖန်​ဆင်း တော်​မူ​ရှင်​ကို​ဖူး​မြော်​ကြ​လိမ့်​မည်။-
7 Naquele dia os homens olharão para aquele que os fez e voltarão os olhos para o Santo de Israel.
8 သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​ပြု​လုပ်​ထား​သည့် ယဇ်​ပလ္လင်​များ​ကို​သော်​လည်း​ကောင်း၊ အာ​ရှ​ရ နတ်​သ​မီး​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် မိ​မိ​လက် စွမ်း​လက်​စ​တံ​ခွန်​တိုင်​များ​နှင့်​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ယဇ်​ပလ္လင်​များ​ကို​လည်း​ကောင်း ယုံ ကြည်​ကိုး​စား​ကြ​တော့​မည်​မ​ဟုတ်။
8 Não olharão para os altares, obra de suas mãos, e não darão a mínima atenção aos postes sagrados e aos altares de incenso que os seus dedos fizeram.
9 ထို​နေ့​ရက်​ကျ​ရောက်​လာ​သော​အ​ခါ၊ အ​ခိုင် အ​မာ​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​များ​သည် ဟိ​ဝိ​နှင့်​အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး ရာ​တွင် စွန့်​ပစ်​ထား​ခဲ့​သည့်​မြို့​များ​ကဲ့​သို့​လူ သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ပျက်​စီး​ယို​ယွင်း ၍​နေ​လိမ့်​မည်။
9 Naquele dia as suas cidades fortes, que tinham sido abandonadas por causa dos israelitas, serão como lugares entregues aos bosques e ao mato. E tudo será desolação.
10 အို ဣ​သ​ရေ​လ​ပြည်၊ သင်​သည်​မိ​မိ​အား​ကယ် ဆယ်​တော်​မူ​၍​ကျောက်​တုံး​ကြီး​သ​ဖွယ်​ကွယ် ကာ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​မေ့​လျော့ ခဲ့​လေ​ပြီ။ သင်​သည်​လူ​မျိုး​ခြား​များ​၏​ဘု​ရား ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက် မွန်​မြတ်​သော အ​ပင်​များ​ကို​စိုက်​ပျိုး​ခဲ့​ပေ​သည်။
10 Porque vocês se esqueceram de Deus, do seu Salvador e não se lembraram da Rocha, da fortaleza de vocês; então vocês cultivarão as melhores plantas, videiras importadas.
11 သို့​သော်​ထို​ဥ​ယျာဉ်​များ​မှ​သစ်​စေ့​တို့​သည် သင်​စိုက်​ပျိုး​သည့်​နေ့​နံ​နက်​၌​ပင်​အ​ပင်​ပေါက် ၍​အ​ပွင့်​များ​ပွင့်​ကြ​သည်​ဆို​စေ​ကာ​မူ ယင်း တို့​မှ​သင်​သည်​အ​သီး​များ​ကို​ဆွတ်​ခူး​ရ​လိမ့် မည်​မ​ဟုတ်။ ဆင်း​ရဲ​ဒုက္ခ​နှင့်​မ​ပျောက်​နိုင်​သည့် ဝေ​ဒ​နာ​ကို​သာ​လျှင်​ခံ​စား​ရ​လိမ့်​မည်။
11 No dia em que as semearem as farão crescer, e de manhã florescerão. Contudo, não haverá colheita no dia da tristeza e do mal irremediável.
12 တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​များ​သည် ပင်​လယ် မြည်​ဟည်း​သံ၊ လှိုင်း​လုံး​ကြီး​များ​ရိုက်​ပုတ် သံ​ကဲ့​သို့​သော​အ​သံ​နှင့်​ထ​ကြွ​သောင်း ကျန်း​လျက်​ရှိ​ကြ​၏။-
12 Ah! O bramido das numerosas nações; bramam como o mar! Ah, o rugido dos povos; rugem como águas impetuosas!
13 ထို​နိုင်​ငံ​သား​တို့​သည်​လှိုင်း​လုံး​များ​သ​ဖွယ် တစ်​ဟုန်​တည်း​ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ဘု​ရား​သ​ခင်​က​သူ​တို့​အား​ဖြင့် ပြင်း ပြင်း​ထန်​ထန်​မိန့်​ကြား​ဆုံး​မ​တော်​မူ​သော အ​ခါ​သူ​တို့​သည်​တောင်​နံ​ရံ​မှ​မြေ​မှုန့်​များ ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗွေ​တွင်​လွင့်​ပါ​သွား သည့်​ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဆုတ်​ပြေး​ကြ ကုန်​၏။-
13 Embora os povos rujam como ondas encapeladas, quando ele os repreender, fugirão para longe, carregados pelo vento como palha nas colinas, como galhos arrancados pela ventania.
14 သူ​တို့​သည်​လူ​တို့​အား​ညဥ့်​ဦး​ယံ​၌ တုန်​လှုပ် ချောက်​ချား​စေ​ကြ​သော်​လည်း မိုး​သောက်​ယံ​၌ မ​ရှိ​ကြ​တော့​ပါ​တ​ကား။ ဤ​ကား​ငါ​တို့​ပြည် ကို​လု​ယက်​တိုက်​ခိုက်​သူ​မှန်​သ​မျှ​တို့​၏​ကံ ကြမ္မာ​ပင်​ဖြစ်​လေ​သည်။
14 Ao cair da tarde, pavor repentino! Antes do amanhecer, já se foram! Esse é o destino dos que nos saqueiam, essa é a parte que caberá aos que roubam.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Isaías 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.