Isaías 17
Common Language Bible (MYA) vs ACF
1 ဤဗျာဒိတ်တော်သည်ဒမာသက်မြို့နှင့် သက်ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။
1 Peso de Damasco. Eis que Damasco será tirada, e já não será cidade, antes será um montão de ruínas.
2 ရှုရိမြို့များသည်လည်းထာဝစဉ်လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ ထိုမြို့တို့သည်သိုး များနှင့်ကျွဲနွားများ၏စားကျက်ဖြစ်လိမ့် မည်။ ထိုတိရစ္ဆာန်တို့အားမောင်းထုတ်မည့်သူ ရှိလိမ့်မည်မဟုတ်။-
2 As cidades de Aroer serão abandonadas; hão de ser para os rebanhos que se deitarão sem que alguém os espante.
3 ဣသရေလပြည်သည်ရန်သူတို့အားခုခံ နိုင်စွမ်းကင်းမဲ့လျက်နေလိမ့်မည်။ ဒမာသက် မြို့သည်လည်းလွတ်လပ်ရေးဆုံးရှုံး၍သွား လိမ့်မည်။ အသက်မသေဘဲကျန်ရှိနေသူ ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့နည်းတူအသရေပျက်ရကြလိမ့် မည်။ ဤကားအနန္တတန်ခိုးရှင်၊ ငါထာဝရ ဘုရားမြွက်ဟသည်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
3 E a fortaleza de Efraim cessará, como também o reino de Damasco e o restante da Síria; serão como a glória dos filhos de Israel, diz o Senhor dos Exércitos.
4 ထာဝရဘုရားက``ဣသရေလပြည်၏ ဘုန်းအသရေမှေးမှိန်ရာနေ့ရက်ကာလ ကျရောက်လာလိမ့်မည်။ ထိုပြည်သည်ကြွယ် ဝချမ်းသာရာမှဆင်းရဲနွမ်းပါး၍သွား လိမ့်မည်။-
4 E naquele dia será diminuída a glória de Jacó, e a gordura da sua carne ficará emagrecida.
5 ဣသရေလပြည်သည်အသီးအနှံများရိတ် သိမ်းထားသည့်လယ်ကွက်ကဲ့သို့လည်းကောင်း၊ အကုန်အစင်ကောက်သင်းကောက်ထားသည့် ရေဖိမ်ချိုင့်ဝှမ်းမှ လယ်ယာကဲ့သို့လည်း ကောင်းပြုတ်ပြုတ်ပြုန်း၍နေပေလိမ့်မည်။-
5 Porque será como o segador que colhe a cana do trigo e com o seu braço sega as espigas; e será também como o que colhe espigas no vale de Refaim.
6 လူအနည်းငယ်သာလျှင်အသက်မသေဘဲ ကျန်ရှိခါ ဣသရေလသည်လည်းအသီးများ ကိုအကုန်အစင်ဆွတ်ခူးပြီးနောက် အပင် ထိပ်ဖျားတွင်နှစ်လုံးသုံးလုံးနှင့်အကိုင်းများ တွင် လေးငါးလုံးမျှသာကျန်ရှိသည့်သံလွင် ပင်နှင့်တူလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင် ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
6 Porém ainda ficarão nele alguns rabiscos, como no sacudir da oliveira: duas ou três azeitonas na mais alta ponta dos ramos, e quatro ou cinco nos seus ramos mais frutíferos, diz o Senhor Deus de Israel.
7 ထိုနေ့ရက်ကာလကျရောက်လာသောအခါ၊ လူတို့သည်မိမိတို့အားကူမတော်မူရန် ဣသရေလအမျိုးသားတို့၏ သန့်ရှင်းတော် မူသောဘုရားသခင်တည်းဟူသောဖန်ဆင်း တော်မူရှင်ကိုဖူးမြော်ကြလိမ့်မည်။-
7 Naquele dia atentará o homem para o seu Criador, e os seus olhos olharão para o Santo de Israel.
8 သူတို့သည်မိမိတို့ကိုယ်တိုင်ပြုလုပ်ထားသည့် ယဇ်ပလ္လင်များကိုသော်လည်းကောင်း၊ အာရှရ နတ်သမီးအားဝတ်ပြုကိုးကွယ်ရန် မိမိလက် စွမ်းလက်စတံခွန်တိုင်များနှင့်နံ့သာပေါင်း မီးရှို့ရာယဇ်ပလ္လင်များကိုလည်းကောင်း ယုံ ကြည်ကိုးစားကြတော့မည်မဟုတ်။
8 E não atentará para os altares, obra das suas mãos, nem olhará para o que fizeram seus dedos, nem para os bosques, nem para as imagens.
9 ထိုနေ့ရက်ကျရောက်လာသောအခါ၊ အခိုင် အမာတံတိုင်းကာရံထားသည့်မြို့များသည် ဟိဝိနှင့်အာမောရိအမျိုးသားတို့သည် ဣသရေလအမျိုးသားများထံမှထွက်ပြေး ရာတွင် စွန့်ပစ်ထားခဲ့သည့်မြို့များကဲ့သို့လူ သူဆိတ်ငြိမ်ရာဖြစ်လျက်ပျက်စီးယိုယွင်း ၍နေလိမ့်မည်။
9 Naquele dia as suas cidades fortificadas serão como lugares abandonados, no bosque ou sobre o cume das montanhas, os quais foram abandonados ante os filhos de Israel; e haverá assolação.
10 အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
10 Porque te esqueceste do Deus da tua salvação, e não te lembraste da rocha da tua fortaleza, portanto farás plantações formosas, e assentarás nelas sarmentos estranhos.
11 သို့သော်ထိုဥယျာဉ်များမှသစ်စေ့တို့သည် သင်စိုက်ပျိုးသည့်နေ့နံနက်၌ပင်အပင်ပေါက် ၍အပွင့်များပွင့်ကြသည်ဆိုစေကာမူ ယင်း တို့မှသင်သည်အသီးများကိုဆွတ်ခူးရလိမ့် မည်မဟုတ်။ ဆင်းရဲဒုက္ခနှင့်မပျောက်နိုင်သည့် ဝေဒနာကိုသာလျှင်ခံစားရလိမ့်မည်။
11 E no dia em que as plantares as farás crescer, e pela manhã farás que a tua semente brote; mas a colheita voará no dia da angústia e das dores insofríveis.
12 တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
12 Ai do bramido dos grandes povos que bramam como bramam os mares, e do rugido das nações que rugem como rugem as impetuosas águas.
13 ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
13 Rugirão as nações, como rugem as muitas águas, mas Deus as repreenderá e elas fugirão para longe; e serão afugentadas como a pragana dos montes diante do vento, e como o que rola levado pelo tufão.
14 သူတို့သည်လူတို့အားညဥ့်ဦးယံ၌ တုန်လှုပ် ချောက်ချားစေကြသော်လည်း မိုးသောက်ယံ၌ မရှိကြတော့ပါတကား။ ဤကားငါတို့ပြည် ကိုလုယက်တိုက်ခိုက်သူမှန်သမျှတို့၏ကံ ကြမ္မာပင်ဖြစ်လေသည်။
14 Ao anoitecer eis que há pavor, mas antes que amanheça já não existe; esta é a parte daqueles que nos despojam, e a sorte daqueles que nos saqueiam.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Isaías 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.