Habacuque 1

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ဤ​သ​တင်း​စ​ကား​သည်​ပ​ရော​ဖက်​ဟ​ဗက္ကုတ်​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​ပေ​သည်။
1 Esta é a mensagem que Deus, por meio de uma visão, deu a Habacuque.
2 ကျွန်​တော်​မျိုး​အား​အ​ကြမ်း​ဖက်​ခံ​ရ​မှု​မှ​ကယ်​တော်​မူ​သည့်​တိုင်​အောင် ကိုယ်​တော်​ရှင်​မ​ကြား​မ​ချင်း``ကူ​မ​တော်​မူ​ပါ'' ဟု​အ​ဘယ်​မျှ​ကြာ​အောင်​ဟစ်​အော်​တောင်း​လျှောက်​ရ​ပါ​မည်​နည်း။-
2 Ó Senhor Deus, até quando clamarei pedindo ajuda, e tu não me atenderás? Até quando gritarei: “Violência!”, e tu não nos salvarás?
3 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား ဤ​သို့​သော​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဆိုး​ညစ်​မှု​ကို​ကြုံ​တွေ့​စေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​သည်​အ​ကြမ်း​ဖက်​မှု၊ လု​ယက်​ဖျက်​ဆီး​မှု​တို့​နှင့်​ရင်​ဆိုင်​၍​နေ​ရ​ပါ​၏။ နေ​ရာ​တ​ကာ​တွင်​ခိုက်​ရန်​ဖြစ်​ပွား​မှု၊ ငြင်း​ခုံ​မှု​များ​ကို​လည်း​တွေ့​မြင်​ရ​ပါ​၏။-
3 Por que me fazes ver tanta maldade? Por que toleras a injustiça? Estou cercado de destruição e violência; há brigas e lutas por toda parte.
4 တ​ရား​ဥ​ပ​ဒေ​သည်​ပျော့​ညံ့​၍​အ​သုံး​မ​ဝင်​သ​ဖြင့် အ​ဘယ်​အ​ခါ​၌​တ​ရား​သ​ဖြင့်​စီ​ရင်​ဆုံး​ဖြတ်​မှု​မ​ပြု​နိုင်​ကြ​ပါ။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​များ​ကို​အ​နိုင်​ရ​ကြ​သည်​ဖြစ်​၍ တ​ရား​စီ​ရင်​မှု​သည်​အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ်​လျက်​ရှိ​ပါ​တော့​၏။
4 Por isso, ninguém obedece à lei , e a justiça nunca vence. Os maus levam vantagem sobre os bons, e a justiça é torcida.
5 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​လူ​မျိုး​တော်​အား``သင်​တို့​သည်​မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​ကို ဆက်​လက်​စောင့်​ဆိုင်း​ကြည့်​ရှု​နေ​ကြ​လော့။ ထို​အ​ခါ​သင်​တို့​တွေ့​မြင်​ရ​သည့်​အ​မှု​အ​တွက်​အံ့​သြ​သွား​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကြား​၍​ပင်​မ​ယုံ​နိုင်​မည့်​အ​မှု​တစ်​ခု​ကို​ပြု​မည်။-
5 O Senhor diz ao seu povo: “Olhem as nações em volta de vocês e fiquem admirados e assustados. Pois o que vou fazer agora é uma coisa em que vocês não acreditariam, mesmo que alguém contasse.
6 ငါ​သည်​ကြောက်​မက်​ဖွယ်​ကောင်း​၍​အ​ငြိမ်​မ​နေ​တတ်​သူ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​တန်​ခိုး​ကြီး​မား​လာ​စေ​မည်။ သူ​တို့​သည်​အ​ခြား​နိုင်​ငံ​များ​ကို​နှိမ်​နင်း​ရန် ကမ္ဘာ​မြေ​ပြင်​ကို​ဖြတ်​၍​ချီ​တက်​လာ​ကြ​လိမ့်​မည်။-
6 Estou atiçando os babilônios, aquele povo cruel e violento, sempre pronto a marchar pelo mundo inteiro, a fim de conquistar as terras dos outros.
7 လူ​တို့​အား​ကြောက်​လန့်​တုန်​လှုပ်​စေ​လျက် မာန်​မာ​န​ထောင်​လွှား​ကာ​တ​ရား​လက်​လွတ်​ပြု​ကျင့်​ကြ​လိမ့်​မည်။
7 “Eles espalham o medo e o terror e fazem valer as suas próprias ordens e
8 ``သူ​တို့​၏​မြင်း​များ​သည်​ကျား​သစ်​ထက်​လျင်​မြန်​၍ အ​စာ​ဆာ​လောင်​နေ​သော​ဝံ​ပု​လွေ​ထက်​ပင်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ မြင်း​စီး​သူ​ရဲ​တို့​သည်​မြင်း​များ​ကို ရပ်​ဝေး​မှ​အ​ပြင်း​နှင်​၍​လာ​ကြ​၏။ သူ​တို့​၏​မြင်း​များ​သည်​မြေ​ကို​ခွာ​ဖြင့်​ရှပ်​ကြ​၏။ သူ​တို့​သည်​အ​စာ​ကို​ချီ​သုတ်​မည့်​လင်း​ယုန်​ငှက်​ကဲ့​သို့​တစ်​ရှိန်​ထိုး​မောင်း​နှင်​လာ​လေ​သည်။
8 Os seus cavalos são mais rápidos do que os leopardos, são mais ferozes do que os lobos do deserto. Os seus cavaleiros avançam montados; eles vêm correndo de longe, rápidos como a águia quando se joga sobre o animal que ela está caçando.
9 ``သူ​တို့​၏​တပ်​များ​သည်​အ​ပြင်း​အ​ထန်​ရှေ့​သို့​ချီ​တက်​လျက်​တိုက်​ခိုက်​အောင်​မြင်​ကြ​ကုန်​၏။ သူ​တို့​ဖမ်း​ဆီး​ရ​မိ​သည့်​သုံ့​ပန်း​များ​မှာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပေ​သည်။-
9 Os soldados avançam, ansiosos para conquistar; conforme avançam, vão espalhando o terror. Os seus prisioneiros são muitos; são mais numerosos do que os grãos de areia da praia.
10 သူ​တို့​သည်​ပြည့်​ရှင်​မင်း​များ​ကို​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏။ မှူး​ကြီး​မတ်​ရာ​တို့​ကို​ပြက်​ရယ်​ပြု​ကြ​၏။ သူ​တို့​အား​အ​ဘယ်​ခံ​တပ်​မျှ​မ​တား​မ​ဆီး​နိုင်။ သူ​တို့​သည်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​၍​ခံ​တပ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကြ​လေ​သည်။-
10 Os soldados babilônios zombam dos reis e caçoam dos governadores. Eles riem das fortalezas; levantam uma rampa de ataque e as conquistam.
11 ထို​နောက်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​ကို ဘု​ရား​အ​မှတ်​ဖြင့်​ကိုး​ကွယ်​ကြ​ကုန်​သော​ထို​သူ​တို့​သည် လေ​ကဲ့​သို့​တ​ဟုန်​တည်း​ပြင်း​စွာ​ဖြတ်​ကျော်​ထွက်​ခွာ​သွား​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
11 Depois, vão em frente, como o vento que passa; eles não adoram outro deus senão a sua própria força.”
12 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စ​ဦး​ကာ​လ​က​ပင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​လျက်​ထာ​ဝ​ရ​ကာ​လ​တည်​ရှိ​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ကွယ်​ကာ​ရာ​ကျောက်​``ကိုယ်​တော်​ရှင်​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ရွေး​ချယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​နိုင်​စေ​ရန် သူ​တို့​ကို​ခွန်​အား​နှင့်​ပြည့်​စေ​တော်​မူ​ပြီ။-
12 Tu sempre exististe, ó Senhor . Ó meu Santo Deus, tu és Tu és o nosso protetor. Ó e lhes deste forças para nos castigar.
13 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဆိုး​ညစ်​သူ​သစ္စာ​ဖောက်​တို့​အား အ​ဘယ်​သို့​လျှင်​သည်း​ခံ​နိုင်​တော်​မူ​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​မျက်​စိ​တော်​တို့​သည်​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​လှ​သည်​ဖြစ်​၍​ဆိုး​ညစ်​မှု​ကို​ကြည့်​မ​ရ​ပါ။ ကိုယ်​တော်​ရှင်​သည်​လူ​တို့​ဒု​စ​ရိုက်​ပြု​ကျင့်​မှု​ကို​လည်း​သည်း​မ​ခံ​နိုင်​ပါ။ သို့​ဖြစ်​၍​မိ​မိ​တို့​ထက်​ကိုယ်​ကျင့်​တ​ရား​ကောင်း​မွန်​သူ​တို့​အား ထို​သူ​တို့​သုတ်​သင်​ပယ်​ရှင်း​ကြ​သော​အ​ခါ​ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ဆိတ်​ဆိတ်​နေ​တော်​မူ​ပါ​သ​နည်း။
13 Mas como podes tolerar esses traidores, essa gente má? Os teus olhos são puros demais para olhar o mal; tu não suportas ver as pessoas cometendo maldades. Como é, então, que ficas calado quando esses malvados matam pessoas que são melhores do que eles?
14 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ငါး​များ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အား​အုပ်​ချုပ်​လမ်း​ညွှန်​မည့်​သူ​မ​ရှိ​သည့်​ပိုး​အုံ​မွှား​အုံ​ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​တော်​မူ​ပါ​သ​နည်း။-
14 Por que tratas os seres humanos como se fossem peixes, como se fossem animais que não têm chefe?
15 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​လူ​တို့​အား​ငါး​များ​သ​ဖွယ် သံ​ချိပ်​များ​ဖြင့်​ဖမ်း​ဆီး​ကြ​ပါ​၏။ ပိုက်​ကွန်​များ​ဖြင့်​အုပ်​ဖမ်း​ဆွဲ​ထုတ်​နိုင်​သ​ဖြင့်​ဝမ်း​မြောက်​ဝမ်း​သာ​ဟစ်​အော်​ကြွေး​ကြော်​ကြ​ပါ​၏။-
15 Pois os babilônios pegam outros povos como os pescadores pegam peixes. Com os seus anzóis e redes pegam os povos e os arrastam para terra. Aí se alegram e ficam contentes.
16 သူ​တို့​သည်​မိ​မိ​တို့​ပိုက်​ကွန်​များ​ကြောင့်​စား​ဝတ်​နေ​ရေး​အ​တွက်​အ​လွန်​ချောင်​လည်​ကြ​သ​ဖြင့် ထို​ပိုက်​ကွန်​များ​အား​ရှိ​ခိုး​ဝတ်​ပြု​ကာ​ယဇ်​များ​ကို​ပင်​ပူ​ဇော်​ကြ​ပါ​၏။
16 Oferecem sacrifícios às redes e apresentam ofertas aos anzóis, pois é por causa deles que os pescadores ficam ricos e têm muito que comer.
17 သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား​ကို​ထာ​ဝ​စဉ်​အ​သုံး​ပြု​လျက် လူ​မျိုး​တ​ကာ​တို့​ကို​ရက်​စက်​စွာ​သုတ်​သင်​ဖျက်​ဆီး​လျက်​နေ​ကြ​ပါ​မည်​လော။
17 Será que os babilônios nunca deixarão de lutar e, sem dó nem piedade, continuarão a matar os povos?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Habacuque 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.