Habacuque 1
Common Language Bible (MYA) vs BKJ
1 ဤသတင်းစကားသည်ပရောဖက်ဟဗက္ကုတ်အား ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်ဖြစ်ပေသည်။
1 O peso que Habacuque, o profeta, viu.
2 ကျွန်တော်မျိုးအားအကြမ်းဖက်ခံရမှုမှကယ်တော်မူသည့်တိုင်အောင် ကိုယ်တော်ရှင်မကြားမချင်း``ကူမတော်မူပါ'' ဟုအဘယ်မျှကြာအောင်ဟစ်အော်တောင်းလျှောက်ရပါမည်နည်း။-
2 Ó SENHOR, até quando clamarei, e tu não me escutarás? Ainda que grite: Violência! Tu não salvarás?
3 ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား ဤသို့သောဆင်းရဲဒုက္ခနှင့်ဆိုးညစ်မှုကိုကြုံတွေ့စေတော်မူပါသနည်း။ ကျွန်တော်မျိုးသည်အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့နှင့်ရင်ဆိုင်၍နေရပါ၏။ နေရာတကာတွင်ခိုက်ရန်ဖြစ်ပွားမှု၊ ငြင်းခုံမှုများကိုလည်းတွေ့မြင်ရပါ၏။-
3 Por que me mostras a iniquidade, e me fazes ver a injustiça? Pois a destruição e a violência estão diante de mim, e há quem suscite a contenda e o litígio.
4 တရားဥပဒေသည်ပျော့ညံ့၍အသုံးမဝင်သဖြင့် အဘယ်အခါ၌တရားသဖြင့်စီရင်ဆုံးဖြတ်မှုမပြုနိုင်ကြပါ။ သူယုတ်မာတို့သည်သူတော်ကောင်းများကိုအနိုင်ရကြသည်ဖြစ်၍ တရားစီရင်မှုသည်အမှောက်မှောက်အမှားမှားဖြစ်လျက်ရှိပါတော့၏။
4 Por isso a lei é frouxa, e o julgamento nunca se manifesta; pois perverso se aproxima do justo e assim o julgamento prossegue errado.
5 ထိုအခါထာဝရဘုရားကမိမိလူမျိုးတော်အား``သင်တို့သည်မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတကာကို ဆက်လက်စောင့်ဆိုင်းကြည့်ရှုနေကြလော့။ ထိုအခါသင်တို့တွေ့မြင်ရသည့်အမှုအတွက်အံ့သြသွားလိမ့်မည်။ ငါသည်သင်တို့ကြား၍ပင်မယုံနိုင်မည့်အမှုတစ်ခုကိုပြုမည်။-
5 Vede entre os pagãos, e observai; maravilhai-vos e admirai-vos; pois eu realizarei uma obra em vossos dias que não crereis, quando for contada a vós.
6 ငါသည်ကြောက်မက်ဖွယ်ကောင်း၍အငြိမ်မနေတတ်သူဗာဗုလုန်အမျိုးသားတို့အားတန်ခိုးကြီးမားလာစေမည်။ သူတို့သည်အခြားနိုင်ငံများကိုနှိမ်နင်းရန် ကမ္ဘာမြေပြင်ကိုဖြတ်၍ချီတက်လာကြလိမ့်မည်။-
6 Pois eis que levanto os caldeus, aquela nação amarga e impetuosa, que marcha através da largura da terra, para apoderar-se de moradas que não são suas.
7 လူတို့အားကြောက်လန့်တုန်လှုပ်စေလျက် မာန်မာနထောင်လွှားကာတရားလက်လွတ်ပြုကျင့်ကြလိမ့်မည်။
7 Eles são horríveis e terríveis; o seu julgamento e sua dignidade sairão de si mesmos.
8 ``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။
8 Os seus cavalos também são mais velozes do que os leopardos, e mais ferozes do que os lobos à noite; os seus cavaleiros espalham-se por toda a parte, e virão de longe; voarão como águias que se apressam para comer.
9 ``သူတို့၏တပ်များသည်အပြင်းအထန်ရှေ့သို့ချီတက်လျက်တိုက်ခိုက်အောင်မြင်ကြကုန်၏။ သူတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများမှာသဲလုံးနှင့်အမျှများပေသည်။-
9 Todos eles virão para fazer violência; os seus rostos avançam como o vento oriental, e reunirão os cativos como areia.
10 သူတို့သည်ပြည့်ရှင်မင်းများကိုမထီမဲ့မြင်ပြုကြ၏။ မှူးကြီးမတ်ရာတို့ကိုပြက်ရယ်ပြုကြ၏။ သူတို့အားအဘယ်ခံတပ်မျှမတားမဆီးနိုင်။ သူတို့သည်မြေကတုတ်များကိုဖို့လုပ်၍ခံတပ်တို့ကိုတိုက်ခိုက်သိမ်းယူကြလေသည်။-
10 E zombarão dos reis, e os príncipes serão desprezados por eles; eles se rirão de todas as fortalezas, pois amontoarão terra, e as tomarão.
11 ထိုနောက်မိမိတို့၏တန်ခိုးအာဏာကို ဘုရားအမှတ်ဖြင့်ကိုးကွယ်ကြကုန်သောထိုသူတို့သည် လေကဲ့သို့တဟုန်တည်းပြင်းစွာဖြတ်ကျော်ထွက်ခွာသွားကြ၏'' ဟုမိန့်တော်မူ၏။
11 Então a sua mente mudará, e ele passará, e ofenderá, imputando este seu poder ao seu deus.
12 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဦးကာလကပင်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ သန့်ရှင်းမြင့်မြတ်တော်မူလျက်ထာဝရကာလတည်ရှိတော်မူ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်ကွယ်ကာရာကျောက်``ကိုယ်တော်ရှင်သည်ဗာဗုလုန်အမျိုးသားတို့ကိုရွေးချယ်တော်မူ၍ ကျွန်တော်မျိုးတို့အားအပြစ်ဒဏ်ခတ်နိုင်စေရန် သူတို့ကိုခွန်အားနှင့်ပြည့်စေတော်မူပြီ။-
12 Não és tu desde a eternidade, ó SENHOR meu Deus, meu Santo? Nós não morreremos. Ó SENHOR, o puseste para o julgamento, e tu, ó Deus Poderoso, o estabeleceste para correção.
13 သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
13 Tu és tão puro de olhos, que não podes ver o mal, e não podes contemplar a iniquidade: Por que olhas para os que procedem traiçoeiramente, e seguras a tua língua quando o perverso devora o homem que é mais justo do que ele?
14 ကိုယ်တော်ရှင်သည်အဘယ်ကြောင့်လူတို့အားငါးများကဲ့သို့လည်းကောင်း၊ မိမိတို့အားအုပ်ချုပ်လမ်းညွှန်မည့်သူမရှိသည့်ပိုးအုံမွှားအုံကဲ့သို့သော်လည်းကောင်းဖြစ်စေတော်မူပါသနည်း။-
14 E farias os homens como os peixes do mar, como os répteis, que não têm quem os governe?
15 ဗာဗုလုန်အမျိုးသားတို့သည်လူတို့အားငါးများသဖွယ် သံချိပ်များဖြင့်ဖမ်းဆီးကြပါ၏။ ပိုက်ကွန်များဖြင့်အုပ်ဖမ်းဆွဲထုတ်နိုင်သဖြင့်ဝမ်းမြောက်ဝမ်းသာဟစ်အော်ကြွေးကြော်ကြပါ၏။-
15 Eles levantam a todos com o anzol, e apanham-nos com a sua rede, e os ajuntam na sua varredoura; por isso se regozijam e se alegram.
16 သူတို့သည်မိမိတို့ပိုက်ကွန်များကြောင့်စားဝတ်နေရေးအတွက်အလွန်ချောင်လည်ကြသဖြင့် ထိုပိုက်ကွန်များအားရှိခိုးဝတ်ပြုကာယဇ်များကိုပင်ပူဇော်ကြပါ၏။
16 Por isso eles sacrificarão à sua rede, e queimarão incenso à sua varredoura; porque através delas a sua porção é gorda, e sua carne abundante.
17 သူတို့သည်မိမိတို့ဋ္ဌားကိုထာဝစဉ်အသုံးပြုလျက် လူမျိုးတကာတို့ကိုရက်စက်စွာသုတ်သင်ဖျက်ဆီးလျက်နေကြပါမည်လော။
17 Porventura esvaziarão a sua rede e não pouparão de matar continuamente as nações?
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Habacuque 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.