Gênesis 40

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​အီ​ဂျစ်​ပြည့်​ရှင် ၏​ဖ​လား​တော်​ဝန်​နှင့်​စား​တော်​ဆက်​ဝန်​တို့ သည်​ဘု​ရင့်​အ​မျက်​သင့်​ကြ​၏။-
1 Algum tempo depois, o chefe dos copeiros e o chefe dos padeiros do faraó ofenderam seu senhor, o rei do Egito.
2 ဘု​ရင်​သည်​ထို​အ​ရာ​ရှိ​နှစ်​ဦး​တို့​ကို​အ​မျက် ထွက်​၍၊-
2 O faraó se enfureceu com os dois oficiais
3 ယော​သပ်​အ​ကျဉ်း​ခံ​ရာ​ကိုယ်​ရံ​တော်​မှူး​အိမ် ၌​အ​ကျဉ်း​ချ​ထား​လေ​၏။-
3 e os mandou para a prisão onde José estava, no palácio do capitão da guarda.
4 သူ​တို့​သည်​ကာ​လ​အ​တန်​ကြာ​မျှ​အ​ကျဉ်း ခံ​နေ​ကြ​၏။ ကိုယ်​ရံ​တော်​မှူး​သည်​ထို​သူ​တို့ အား​ပြု​စု​ရန်​ယော​သပ်​ကို​တာ​ဝန်​ပေး​ထား လေ​၏။
4 Eles ficaram presos por um bom tempo, e o capitão da guarda os colocou sob a responsabilidade de José, para que cuidasse deles.
5 တစ်​ည​၌​ထောင်​ထဲ​တွင်​ဖ​လား​တော်​ဆက်​ဝန် နှင့်​စား​တော်​ဆက်​ဝန်​တို့​သည် သီး​ခြား​အ​နက် ပါ​ရှိ​သော​အိပ်​မက်​များ​ကို​မြင်​မက်​ကြ​လေ သည်။-
5 Certa noite, enquanto estavam presos, o copeiro e o padeiro tiveram, cada um, um sonho, e cada sonho tinha o seu significado.
6 နံ​နက်​ချိန်​၌​ယောသပ်​သည်​သူ​တို့​ထံ​သွား သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​လျက်​ရှိ​ကြ သည်​ကို​တွေ့​မြင်​ရ​သ​ဖြင့်၊-
6 Quando José os viu no dia seguinte, notou que os dois estavam perturbados
7 ယော​သပ်​က``သင်​တို့​သည်​ယ​နေ့​အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​နေ​ကြ​ပါ​သ​နည်း'' ဟု​သူ​တို့ အား​မေး​လေ​၏။
7 e perguntou: “Por que vocês estão preocupados?”.
8 သူ​တို့​က``ငါ​တို့​တစ်​ယောက်​စီ​အိပ်​မက်​မြင်​မက် ကြ​ပါ​သည်။ သို့​ရာ​တွင်​အိပ်​မက်​၏​အ​နက်​ကို ဖွင့်​ပြ​နိုင်​သူ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြ​၏။
8 Eles responderam: “Esta noite, nós dois tivemos sonhos, mas ninguém sabe nos dizer o que significam”. “A interpretação dos sonhos vem de Deus”, disse José. “Contem-me o que sonharam.”
9 ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က``ငါ​၏ အိပ်​မက်​ထဲ​တွင်​ငါ့​ရှေ့​၌​စပျစ်​နွယ်​ရှိ​ပါ​သည်။-
9 O chefe dos copeiros foi o primeiro a relatar seu sonho a José. “Em meu sonho, vi na minha frente uma videira”, disse ele.
10 ထို​စ​ပျစ်​နွယ်​တွင်​အ​ကိုင်း​သုံး​ကိုင်း​ရှိ​သည်။ အ​ကိုင်း​များ​မှ​အ​ရွက်​များ​ထွက်​လာ​သည်​နှင့် တစ်​ပြိုင်​နက်​အ​ပွင့်​များ​ပွင့်​၍​စပျစ်​သီး​များ မှည့်​လာ​သည်။-
10 “Havia três ramos que começaram a brotar e florescer e, em pouco tempo, produziram cachos de uvas.
11 ငါ​သည်​ဖာ​ရော​ဘု​ရင်​၏​ဖ​လား​တော်​ကို​ကိုင် လျက်​စ​ပျစ်​သီး​များ​ကို​ယူ​၍ ဖ​လား​တော်​ထဲ သို့​အ​ရည်​ကို​ညှစ်​ထည့်​ပြီး​လျှင်​ဘု​ရင်​၏​လက် တော်​သို့​ဆက်​ရ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။
11 Eu tinha na mão o copo do faraó. Tomei um dos cachos de uva, espremi o suco na taça e a coloquei na mão do faraó.”
12 ယော​သပ်​က``သင်​၏​အိပ်မက်​အ​နက်​သည်​ကား ဤ​သို့​တည်း။ အ​ကိုင်း​သုံး​ကိုင်း​သည်​သုံး​ရက် ကို​ဆို​လို​သည်။-
12 José disse: “Este é o significado do sonho: os três ramos representam três dias.
13 သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​၍ သင်​၏​ရာ​ထူး​ကို​ပြန် ပေး​တော်​မူ​သ​ဖြင့် သင်​သည်​ယခင်​က​ဖလား တော်​ဆက်​ခဲ့​ရ​သည့်​နည်း​တူ​ယ​ခု​တစ်​ဖန် ပြန်​ဆက်​ရ​လိမ့်​မည်။-
13 Dentro de três dias, o faraó o elevará de volta ao seu cargo de chefe dos copeiros.
14 သင်​ပြန်​၍​ကောင်း​စား​လာ​သော​အ​ခါ​ကျွန်​တော် ကို​မ​မေ့​ပါ​နှင့်။ ဘု​ရင့်​ထံ​ကျွန်​တော်​အ​တွက် သံ​တော်​ဦး​တင်​၍​ဤ​ထောင်​ထဲ​မှ​လွတ်​မြောက် ရန်​ကူ​ညီ​ပေး​ပါ။-
14 Quando a situação estiver bem para você, peço que se lembre de mim. Fale de mim ao faraó, para que ele me tire deste lugar,
15 စင်​စစ်​အား​ဖြင့်​ကျွန်​တော်​သည်​ဟေ​ဗြဲ​အ​မျိုး သား​တို့​၏​နိုင်​ငံ​မှ​ခိုး​ထုတ်​ခြင်း​ကို​ခံ​ခဲ့​ရ​ပါ သည်။ ဤ​ပြည်​၌​လည်း​ကျွန်​တော်​သည်​အ​ကျဉ်း​ခံ ထိုက်​သည့်​အ​ဘယ်​ပြစ်​မှု​ကို​မျှ​မ​ကူး​လွန်​ခဲ့ ရ​ပါ'' ဟု​ဖလား​တော်​ဆက်​ဝန်​အား​ပြော​လေ​၏။
15 pois fui trazido à força da minha terra natal, a terra dos hebreus, e agora estou nesta prisão, onde fui lançado sem motivo justo”.
16 စား​တော်​ဆက်​ဝန်​သည်​ဖလား​တော်​ဆက်​ဝန်​၏ အိပ်​မက်​အ​နက်​ကောင်း​သည်​ကို​သိ​မြင်​လျှင် ယော​သပ်​အား``ငါ​လည်း​အိပ်​မက်​မြင်​မက်​သည်။ အိပ်​မက်​ထဲ​၌​ငါ​သည်​မုန့်​တောင်း​သုံး​လုံး​ကို ဦး​ခေါင်း​ပေါ်​တွင်​ရွက်​လာ​၏။-
16 Ao ouvir a interpretação favorável de José para o primeiro sonho, o chefe dos padeiros lhe disse: “Também tive um sonho. Nele, havia três cestos de pães brancos empilhados sobre a minha cabeça.
17 အ​ပေါ်​ဆုံး​တောင်း​ထဲ​တွင်​ဘု​ရင်​အား​ဆက်​သ ရ​သော​မုန့်​မျိုး​စုံ​ပါ​ရှိ​၍ ငှက်​များ​သည်​ထို တောင်း​ထဲ​မှ​မုန့်​များ​ကို​စား​ကြ​၏'' ဟု​ပြော ပြ​လေ​သည်။
17 No cesto de cima, havia pães e doces de todo tipo para o faraó, mas as aves vieram e comeram do cesto que estava sobre a minha cabeça”.
18 ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့ တည်း။ တောင်း​သုံး​လုံး​သည်​သုံး​ရက်​ကို​ဆို လို​သည်။-
18 José lhe disse: “Este é o significado do sonho: os três cestos também representam três dias.
19 သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​ထောင်​ထဲ မှ​လွှတ်​၍​သင်​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​စေ​လိမ့် မည်။ ထို​နောက်​သင်​၏​ကိုယ်​ခန္ဓာ​ကို​တိုင်​ပေါ်​မှာ ဆွဲ​ထား​၍​ငှက်​တို့​သည်​သင်​၏​အ​သား​ကို​စား ကြ​လိမ့်​မည်'' ဟု​စား​တော်​ဆက်​ဝန်​အား​ပြော လေ​၏။
19 Dentro de três dias, o faraó pendurará sua cabeça em um poste, e as aves comerão sua carne”.
20 ထို​နောက်​တ​တိ​ယ​နေ့​၌​ဖာ​ရော​ဘု​ရင်​၏​မွေး နေ့​ကျ​ရောက်​သ​ဖြင့် မင်း​မှု​ထမ်း​အား​လုံး​တို့ အား​စား​သောက်​ပွဲ​ဖြင့်​ဧည့်​ခံ​တော်​မူ​၏။ ဘု​ရင် သည်​ဖ​လား​တော်​ဆက်​ဝန်​နှင့်​စား​တော်​ဆက်​ဝန် တို့​ကို​ထောင်​မှ​လွှတ်​၍​မင်း​ပရိသတ်​ရှေ့​သို့​ခေါ် ဆောင်​ခဲ့​စေ​တော်​မူ​၏။-
20 Três dias depois, era o aniversário do faraó, e ele preparou um banquete para todos os seus oficiais e funcionários. Convocou o chefe dos copeiros e o chefe dos padeiros para comparecerem à festa.
21 ဘု​ရင်​သည်​ဖ​လား​တော်​ဆက်​ဝန်​ကို​ယ​ခင် ရာ​ထူး​တွင်​ပြန်​ခန့်​ထား​၍၊-
21 Elevou o chefe dos copeiros de volta a seu cargo, para que voltasse a entregar o copo ao faraó.
22 စား​တော်​ဆက်​ဝန်​ကို​မူ​ကား​ကွပ်​မျက်​စေ တော်​မူ​၏။ သို့​ဖြစ်​၍​ယော​သပ်​အ​နက်​ဖွင့်​သည့် အ​တိုင်း​ဖြစ်​ပျက်​လေ​၏။-
22 Quanto ao chefe dos padeiros, mandou enforcá-lo, como José havia previsto ao interpretar o sonho dele.
23 သို့​သော်​လည်း​ဖ​လား​တော်​ဆက်​ဝန်​သည်​ယော​သပ် ကို​သတိ​မ​ရ​ဘဲ​မေ့​လျော့​လျက်​နေ​လေ​၏။
23 O chefe dos copeiros, porém, se esqueceu completamente de José e não pensou mais nele.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 40, comparar traduções ou montar um estudo — tudo direto pelo WhatsApp.