Gênesis 40
Common Language Bible (MYA) vs NVI
1 ကာလအတန်ကြာပြီးနောက်အီဂျစ်ပြည့်ရှင် ၏ဖလားတော်ဝန်နှင့်စားတော်ဆက်ဝန်တို့ သည်ဘုရင့်အမျက်သင့်ကြ၏။-
1 Algum tempo depois, o copeiro e o padeiro do rei do Egito fizeram uma ofensa ao seu senhor, o rei do Egito.
2 ဘုရင်သည်ထိုအရာရှိနှစ်ဦးတို့ကိုအမျက် ထွက်၍၊-
2 O faraó irou-se com os dois oficiais, o chefe dos copeiros e o chefe dos padeiros,
3 ယောသပ်အကျဉ်းခံရာကိုယ်ရံတော်မှူးအိမ် ၌အကျဉ်းချထားလေ၏။-
3 e mandou prendê-los na casa do capitão da guarda, na prisão em que José estava.
4 သူတို့သည်ကာလအတန်ကြာမျှအကျဉ်း ခံနေကြ၏။ ကိုယ်ရံတော်မှူးသည်ထိုသူတို့ အားပြုစုရန်ယောသပ်ကိုတာဝန်ပေးထား လေ၏။
4 O capitão da guarda os deixou aos cuidados de José, que os servia. Depois de certo tempo,
5 တစ်ည၌ထောင်ထဲတွင်ဖလားတော်ဆက်ဝန် နှင့်စားတော်ဆက်ဝန်တို့သည် သီးခြားအနက် ပါရှိသောအိပ်မက်များကိုမြင်မက်ကြလေ သည်။-
5 o copeiro e o padeiro do rei do Egito, que estavam na prisão, sonharam. Cada um teve um sonho, ambos na mesma noite, e cada sonho tinha a sua própria interpretação.
6 နံနက်ချိန်၌ယောသပ်သည်သူတို့ထံသွား သောအခါ မျက်နှာညှိုးငယ်လျက်ရှိကြ သည်ကိုတွေ့မြင်ရသဖြင့်၊-
6 Quando José foi vê-los na manhã seguinte, notou que estavam abatidos.
7 ယောသပ်က``သင်တို့သည်ယနေ့အဘယ်ကြောင့် မျက်နှာညှိုးငယ်နေကြပါသနည်း'' ဟုသူတို့ အားမေးလေ၏။
7 Por isso perguntou aos oficiais do faraó que também estavam presos na casa do seu senhor: "Por que hoje vocês estão com o semblante triste? "
8 သူတို့က``ငါတို့တစ်ယောက်စီအိပ်မက်မြင်မက် ကြပါသည်။ သို့ရာတွင်အိပ်မက်၏အနက်ကို ဖွင့်ပြနိုင်သူမရှိပါ'' ဟုဖြေကြ၏။
8 Eles responderam: "Tivemos sonhos, mas não há quem os interprete". Disse-lhes José: "Não são de Deus as interpretações? Contem-me os sonhos".
9 ထိုအခါဖလားတော်ဆက်ဝန်က``ငါ၏ အိပ်မက်ထဲတွင်ငါ့ရှေ့၌စပျစ်နွယ်ရှိပါသည်။-
9 Então o chefe dos copeiros contou o seu sonho a José: "Em meu sonho vi diante de mim uma videira,
10 ထိုစပျစ်နွယ်တွင်အကိုင်းသုံးကိုင်းရှိသည်။ အကိုင်းများမှအရွက်များထွက်လာသည်နှင့် တစ်ပြိုင်နက်အပွင့်များပွင့်၍စပျစ်သီးများ မှည့်လာသည်။-
10 com três ramos. Ela brotou, floresceu e deu uvas que amadureciam em cachos.
11 ငါသည်ဖာရောဘုရင်၏ဖလားတော်ကိုကိုင် လျက်စပျစ်သီးများကိုယူ၍ ဖလားတော်ထဲ သို့အရည်ကိုညှစ်ထည့်ပြီးလျှင်ဘုရင်၏လက် တော်သို့ဆက်ရပါသည်'' ဟုပြောပြလေ၏။
11 A taça do faraó estava em minha mão. Peguei as uvas, e as espremi na taça do faraó, e a entreguei em sua mão".
12 ယောသပ်က``သင်၏အိပ်မက်အနက်သည်ကား ဤသို့တည်း။ အကိုင်းသုံးကိုင်းသည်သုံးရက် ကိုဆိုလိုသည်။-
12 Disse-lhe José: "Esta é a interpretação: Os três ramos são três dias.
13 သုံးရက်အတွင်းဘုရင်သည်သင့်အားလွတ် ငြိမ်းချမ်းသာခွင့်ပေး၍ သင်၏ရာထူးကိုပြန် ပေးတော်မူသဖြင့် သင်သည်ယခင်ကဖလား တော်ဆက်ခဲ့ရသည့်နည်းတူယခုတစ်ဖန် ပြန်ဆက်ရလိမ့်မည်။-
13 Dentro de três dias o faraó vai exaltá-lo e restaurá-lo à sua posição; e você servirá a taça na mão dele, como costumava fazer quando era seu copeiro.
14 သင်ပြန်၍ကောင်းစားလာသောအခါကျွန်တော် ကိုမမေ့ပါနှင့်။ ဘုရင့်ထံကျွန်တော်အတွက် သံတော်ဦးတင်၍ဤထောင်ထဲမှလွတ်မြောက် ရန်ကူညီပေးပါ။-
14 Quando tudo estiver indo bem com você, lembre-se de mim e seja bondoso comigo; fale de mim ao faraó e tire-me desta prisão,
15 စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
15 pois fui trazido à força da terra dos hebreus, e também aqui nada fiz para ser jogado neste calabouço".
16 စားတော်ဆက်ဝန်သည်ဖလားတော်ဆက်ဝန်၏ အိပ်မက်အနက်ကောင်းသည်ကိုသိမြင်လျှင် ယောသပ်အား``ငါလည်းအိပ်မက်မြင်မက်သည်။ အိပ်မက်ထဲ၌ငါသည်မုန့်တောင်းသုံးလုံးကို ဦးခေါင်းပေါ်တွင်ရွက်လာ၏။-
16 Ouvindo o chefe dos padeiros essa interpretação favorável, disse a José: "Eu também tive um sonho: Sobre a minha cabeça havia três cestas de pão branco.
17 အပေါ်ဆုံးတောင်းထဲတွင်ဘုရင်အားဆက်သ ရသောမုန့်မျိုးစုံပါရှိ၍ ငှက်များသည်ထို တောင်းထဲမှမုန့်များကိုစားကြ၏'' ဟုပြော ပြလေသည်။
17 Na cesta de cima havia todo tipo de pães e doces que o faraó aprecia, mas as aves vinham comer da cesta que eu trazia na cabeça".
18 ယောသပ်က``အိပ်မက်၏အနက်ကားဤသို့ တည်း။ တောင်းသုံးလုံးသည်သုံးရက်ကိုဆို လိုသည်။-
18 E disse José: "Esta é a interpretação: As três cestas são três dias.
19 သုံးရက်အတွင်းဘုရင်သည်သင့်အားထောင်ထဲ မှလွှတ်၍သင်၏ဦးခေါင်းကိုဖြတ်ပစ်စေလိမ့် မည်။ ထိုနောက်သင်၏ကိုယ်ခန္ဓာကိုတိုင်ပေါ်မှာ ဆွဲထား၍ငှက်တို့သည်သင်၏အသားကိုစား ကြလိမ့်မည်'' ဟုစားတော်ဆက်ဝန်အားပြော လေ၏။
19 Dentro de três dias o faraó vai decapitá-lo e pendurá-lo numa árvore. E as aves comerão a sua carne".
20 ထိုနောက်တတိယနေ့၌ဖာရောဘုရင်၏မွေး နေ့ကျရောက်သဖြင့် မင်းမှုထမ်းအားလုံးတို့ အားစားသောက်ပွဲဖြင့်ဧည့်ခံတော်မူ၏။ ဘုရင် သည်ဖလားတော်ဆက်ဝန်နှင့်စားတော်ဆက်ဝန် တို့ကိုထောင်မှလွှတ်၍မင်းပရိသတ်ရှေ့သို့ခေါ် ဆောင်ခဲ့စေတော်မူ၏။-
20 Três dias depois era o aniversário do faraó, e ele ofereceu um banquete a todos os seus conselheiros. Na presença deles reapresentou o chefe dos copeiros e o chefe dos padeiros:
21 ဘုရင်သည်ဖလားတော်ဆက်ဝန်ကိုယခင် ရာထူးတွင်ပြန်ခန့်ထား၍၊-
21 Restaurou à sua posição o chefe dos copeiros, de modo que ele voltou a ser aquele que servia a taça do faraó,
22 စားတော်ဆက်ဝန်ကိုမူကားကွပ်မျက်စေ တော်မူ၏။ သို့ဖြစ်၍ယောသပ်အနက်ဖွင့်သည့် အတိုင်းဖြစ်ပျက်လေ၏။-
22 mas ao chefe dos padeiros mandou enforcar, como José lhes dissera em sua interpretação.
23 သို့သော်လည်းဖလားတော်ဆက်ဝန်သည်ယောသပ် ကိုသတိမရဘဲမေ့လျော့လျက်နေလေ၏။
23 O chefe dos copeiros, porém, não se lembrou de José; ao contrário, esqueceu-se dele.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 40, comparar traduções ou montar um estudo — tudo direto pelo WhatsApp.