Gênesis 38

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ၎င်း​အ​ချိန်​လောက်​တွင်​ယု​ဒ​သည်​သူ​၏​ညီ​အစ် ကို​တို့​ထံ​မှ​ထွက်​ခွာ​၍ အ​ဒု​လံ​မြို့​သား​ဟိ​ရ ထံ​၌​သွား​ရောက်​နေ​ထိုင်​လေ​၏။-
1 Aconteceu, por esse tempo, que Judá se afastou de seus irmãos e se hospedou na casa de um adulamita, chamado Hira.
2 ထို​အ​ရပ်​တွင်​ယု​ဒ​သည် ခါ​နာန်​အ​မျိုး​သား ရှု​အာ​ဆို​သူ​၏​သ​မီး​ကို​တွေ့​မြင်​၍​ထိမ်း​မြား လေ​၏။-
2 Ali Judá viu a filha de um cananeu, chamado Sua; ele a tomou por mulher e teve relações com ela.
3 သူ့​မ​ယား​သည်​သား​တစ်​ယောက်​ကို​ဖွား​လျှင် ထို​သား​ကို​ဧ​ရ​ဟု​နာ​မည်​မှည့်​လေ​၏။-
3 A mulher ficou grávida e deu à luz um filho, e Judá lhe deu o nome de Er.
4 တစ်​ဖန်​သား​တစ်​ယောက်​ဖွား​လျှင်​သြ​နန်​ဟု နာ​မည်​မှည့်​လေ​သည်။-
4 Ela ficou grávida outra vez e deu à luz um filho, a quem ela deu o nome de Onã.
5 နောက်​တစ်​ဖန်​သား​တစ်​ယောက်​ဖွား​မြင်​၍​ရှေ​လ ဟု​နာ​မည်​မှည့်​လေ​သည်။ ရှေ​လ​ကို​ဖွား​မြင်​သော အ​ခါ​ယု​ဒ​သည်​ခေ​ဇိပ်​မြို့​တွင်​နေ​ထိုင်​လျက် ရှိ​၏။
5 Mais uma vez ela ficou grávida e deu à luz outro filho, a quem ela chamou de Selá. Ela estava em Quezibe quando o teve.
6 ယု​ဒ​သည်​သူ​၏​သား​ဦး​ဧ​ရ​ကို​တာ​မာ​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​နှင့်​ထိမ်း​မြား​ပေး​လေ​၏။-
6 Judá tomou uma esposa para Er, o seu primogênito; o nome dela era Tamar.
7 ဧ​ရ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​အ​ကျင့် ဆိုး​သော​သူ​ဖြစ်​ခြင်း​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​အ​သက်​တို​စေ​တော်​မူ​၏။-
7 No entanto, Er, o primogênito de Judá, era mau aos olhos do Senhor , e por isso o Senhor fez com que ele morresse.
8 ထို​အ​ခါ​ယု​ဒ​သည်​သား​သြ​နန်​အား``သင် သည်​အစ်​ကို​၏​ဇ​နီး​အား​မတ်​တစ်​ယောက် အ​နေ​ဖြင့်​တာ​ဝန်​ရှိ​သူ​ဖြစ်​သော​ကြောင့် သူ နှင့်​အိမ်​ထောင်​ပြု​၍​အစ်​ကို​အ​တွက်​မျိုး​ဆက် ပွား​စေ​လော့'' ဟု​ဆို​လေ​၏။-
8 Então Judá disse a Onã: — Tenha relações com a mulher do seu irmão, cumpra a obrigação de cunhado e dê uma descendência ao seu irmão.
9 သြ​နန်​က​မရီး​နှင့်​ရ​မည့်​က​လေး​သည်​အစ်​ကို ၏​မျိုး​ဆက်​သာ​ဖြစ်​ကြောင်း​သိ​မြင်​သ​ဖြင့် အစ် ကို​အ​တွက်​သား​မ​ထွန်း​ကား​စေ​ခြင်း​ငှာ​သူ​နှင့် ဆက်​ဆံ​သည့်​အ​ခါ​တိုင်း​သုက်​ရည်​ကို​အ​ပြင် ၌​သာ​စွန့်​လေ​၏။-
9 Mas Onã sabia que o filho não seria considerado seu. Por isso, todas as vezes que tinha relações com a mulher de seu irmão deixava o sêmen cair na terra, para não dar descendência a seu irmão.
10 သြ​နန်​ထို​ကဲ့​သို့​ပြု​ခြင်း​ကို​ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သ​ဖြင့် သူ့​ကို​လည်း​အ​သက်​တို​စေ တော်​မူ​၏။-
10 Isso, porém, que fazia, era mau aos olhos do Senhor , e por isso fez com que também este morresse.
11 ထို​အ​ခါ​ယု​ဒ​သည်​သူ​၏​ချွေး​မ​တာ​မာ အား``ငါ့​သား​ရှေ​လ​အ​ရွယ်​ရောက်​သည်​အ​ထိ သင်​သည်​အ​ဖ​အိမ်​သို့​ပြန်​၍​မု​ဆိုး​မ​ဘ​ဝ နှင့်​နေ​လော့'' ဟု​ဆို​လေ​၏။ ထို​သို့​ဆို​ရ​ခြင်း​မှာ သား​ရှေ​လ​သည် သူ​၏​အစ်​ကို​တို့​ကဲ့​သို့​သေ မည်​ကို​စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍ တာ​မာ​သည်​သူ​၏​ဖခင်​အိမ်​သို့​ပြန်​၍​နေ​ထိုင် လေ​သည်။
11 Então Judá disse a Tamar, sua nora: — Continue viúva na casa de seu pai, até que Selá, meu filho, cresça. Pois Judá pensava assim: “É para que não morra também este, como os seus irmãos.” Assim, Tamar se foi, passando a morar na casa do pai dela.
12 ကာ​လ​အ​တန်​ကြာ​လေ​သော်​ယု​ဒ​၏​မ​ယား ရှု​အာ​ကွယ်​လွန်​လေ​၏။ ယု​ဒ​သည်​မ​ယား​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရာ​နေ့​ရက်​ပြီး​ဆုံး​သော​အ​ခါ မိ​မိ​မိတ်​ဆွေ​အ​ဒု​လံ​အ​မျိုး​သား​ဟိ​ရ​နှင့် အ​တူ​မိ​မိ​၏​သိုး​များ​ကို​အ​မွေး​ညှပ်​ရန် တိ​မ​နတ်​မြို့​သို့​သွား​လေ​၏။-
12 Algum tempo depois morreu a mulher de Judá, que era filha de Sua. Quando terminou o período de luto, Judá foi até onde estavam os tosquiadores de suas ovelhas, em Timna, ele e seu amigo Hira, o adulamita.
13 တစ်​စုံ​တစ်​ယောက်​က​တာ​မာ​အား``သင်​၏​ယောက္ခမ သည်​တိ​မ​နတ်​မြို့​သို့​သိုး​မွေး​ညှပ်​ရန်​သွား​လေ ပြီ'' ဟု​သ​တင်း​ပေး​လေ​၏။-
13 E alguém foi dizer a Tamar: — Eis que o seu sogro está a caminho de Timna, para tosquiar as ovelhas.
14 ထို​အ​ခါ​သူ​သည်​မု​ဆိုး​မ​အ​ဝတ်​တို့​ကို​ချွတ်​၍ မျက်​နှာ​ကို​ပု​ဝါ​ဖြင့်​ဖုံး​လျက် တိ​မ​နတ်​သို့​သွား ရာ​လမ်း​တွင်​တည်​ရှိ​သော​ဧ​နိမ်​မြို့​အ​ဝင်​ဝ​၌ ထိုင်​နေ​လေ​၏။ သူ​သည်​ယု​ဒ​၏​အ​ငယ်​ဆုံး​သား ရှေ​လ​အ​ရွယ်​ရောက်​ပြီ​ဖြစ်​သော်​လည်း​သူ​နှင့် ထိမ်း​မြား​ပေး​ခြင်း​မ​ပြု​ဘဲ​ထား​သော​ကြောင့် ဤ​သို့​ပြု​မူ​ရ​ခြင်း​ဖြစ်​သည်။
14 Então ela tirou as suas roupas de viúva, e, cobrindo-se com um véu, se disfarçou e se sentou à entrada de Enaim, no caminho de Timna. Porque ela sabia que Selá já era homem, e ela não lhe havia sido dada por mulher.
15 ယု​ဒ​သည်​တာ​မာ​ကို​မြင်​လျှင်​မျက်​နှာ​ကို​ပုဝါ နှင့်​ဖုံး​ထား​သော​ကြောင့် ပြည့်​တန်​ဆာ​မ​တစ်​ယောက် ဟု​ထင်​မှတ်​လေ​၏။-
15 Quando Judá a viu, pensou que se tratava de uma prostituta, pois ela havia coberto o rosto.
16 သူ​သည်​လမ်း​ဘေး​၌​ထိုင်​နေ​သော​တာမာ​ထံ​သို့ သွား​ပြီး​လျှင်``ငါ​သင်​နှင့်​အိပ်​လို​သည်'' ဟု​ဆို လေ​၏။ (ထို​မိန်း​မ​သည်​သူ​၏​ချွေးမ​ဖြစ်​မှန်း မ​သိ​ချေ။) မိန်း​မ​က​သူ့​အား``ကျွန်​မ​နှင့်​အိပ် လို​လျှင်​မည်​သည့်​အ​ခ​ကို​ပေး​မည်​နည်း'' ဟု မေး​လေ​၏။
16 Então se dirigiu a ela no caminho e lhe disse: — Venha, quero ter relações com você! Acontece que ele não sabia que ela era a sua nora. Ela respondeu: — O que você me dá para ter relações comigo?
17 သူ​က``ငါ​၏​တိရစ္ဆာန်​ထဲ​မှ​ဆိတ်​ငယ်​တစ်​ကောင် ကို​ပို့​လိုက်​မည်'' ဟု​ပြန်​ဖြေ​၏။
17 Ele respondeu: — Eu mando para você um cabrito do meu rebanho. Ela perguntou: — Você deixa comigo alguma garantia até mandar o cabrito?
18 သူ​က``မည်​သည့်​အာ​မ​ခံ​ကို​ပေး​ရ​မည်​နည်း'' ဟု မေး​၏။
18 Ele respondeu: — Que garantia posso deixar com você? Ela disse: — O seu selo, o seu cordão e o cajado que você tem na mão. Ele lhe deu os objetos, teve relações com ela, e ela ficou grávida dele.
19 တာ​မာ​သည်​အိမ်​သို့​ပြန်​၍​ပုဝါ​ကို​ချွတ်​ပြီး လျှင် မု​ဆိုး​မ​အ​ဝတ်​ကို​ပြန်​လည်​ဝတ်​ဆင် လေ​၏။
19 Tamar se levantou e foi embora. Tirou o véu e pôs outra vez as suas roupas de viúva.
20 ယု​ဒ​သည်​မိန်း​မ​ထံ​မှ​အာ​မ​ခံ​ပစ္စည်း​များ​ကို ပြန်​ယူ​ရန် သူ​၏​မိတ်​ဆွေ​ဟိရ​ကို​ဆိတ်​ငယ်​နှင့် အ​တူ​စေ​လွှတ်​လေ​၏။ ဟိ​ရ​သည်​မိန်း​မ​ကို ရှာ​မ​တွေ့​လျှင်၊-
20 Judá enviou o cabrito, por meio do adulamita, seu amigo, para reaver a garantia que tinha deixado com a mulher, mas ele não a encontrou.
21 ဧ​နိမ်​မြို့​သား​တို့​အား``လမ်း​ဘေး​၌​ထိုင်​လေ့ ရှိ​သော​ပြည့်​တန်​ဆာ​မ​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လေ​၏။
21 Então o amigo de Judá perguntou aos homens daquele lugar: — Onde está a prostituta cultual que costumava ficar junto ao caminho de Enaim? Responderam: — Aqui não havia nenhuma prostituta cultual.
22 ထို​အ​ခါ​သူ​သည်​ယုဒ​ထံ​သို့​ပြန်​လာ​၍``ကျွန်ုပ် သည်​ထို​မိန်းမ​ကို​ရှာ​၍​မ​တွေ့​ပါ။ အ​ရပ်​သား​တို့ က​လည်း​ထို​နေ​ရာ​တွင်​ပြည့်​တန်​ဆာ​မ​ဟူ​၍ မ​ရှိ​ကြောင်း​ပြော​ပါ​သည်'' ဟု​ဆို​လေ​၏။
22 Ele voltou a Judá e disse: — Não encontrei a mulher. E além disso os homens do lugar me disseram que lá nunca houve nenhuma prostituta cultual.
23 ယု​ဒ​က``ထို​ပစ္စည်း​များ​ကို​သူ​ယူ​ထား​ပါ​စေ။ ကျွန်ုပ်​တို့​ကဲ့​ရဲ့​ခြင်း​ကို​မ​ခံ​လို​ပါ။ ကျွန်ုပ်​သည် သူ့​အား​အ​ခ​ပေး​ရန်​ကြိုး​စား​သော်​လည်း သင် သည်​သူ့​ကို​ရှာ​မ​တွေ့​ခဲ့​ပါ'' ဟု​ဆို​လေ​၏။
23 Judá respondeu: — Que ela fique com aquelas coisas para si, para que não venhamos a passar vergonha. Eis que mandei o cabrito, mas você não encontrou a mulher.
24 သုံး​လ​ခန့်​ကြာ​လေ​သော်​တစ်​စုံ​တစ်​ယောက်​က ယု​ဒ​အား``သင်​၏​ချွေး​မ​တာ​မာ​သည်​ယောကျာ်း တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သ​ဖြင့် ယ​ခု​ကိုယ်​ဝန် ဆောင်​လျက်​ရှိ​လေ​ပြီ'' ဟု​ပြော​လေ​၏။
24 Passados quase três meses, foram dizer a Judá: — A sua nora Tamar se prostituiu, pois está grávida. Ao que Judá respondeu: — Tragam-na para fora para que seja queimada.
25 တာ​မာ​ကို​အ​ပြင်​သို့​ထုတ်​ဆောင်​လာ​ကြ​သော အ​ခါ​တာ​မာ​က``ကျွန်ုပ်​သည်​ဤ​ပစ္စည်း​များ​ကို ပိုင်​ဆိုင်​သူ​နှင့်​ကိုယ်​ဝန်​ရှိ​ပါ​သည်။ ဤ​တံ​ဆိပ် နှင့်​စ​လွယ်​ကြိုး၊ ဤ​တောင်​ဝှေး​တို့​မှာ​မည်​သူ့ ပစ္စည်း​ဖြစ်​သည်​ကို​ကြည့်​ပါ'' ဟူ​၍​ယောက္ခ​မ ထံ​သို့​အ​ကြောင်း​ကြား​လိုက်​လေ​၏။
25 Quando a estavam trazendo para fora, ela mandou dizer ao sogro: — Eu estou grávida do homem a quem pertencem estas coisas. E disse mais: — Veja se reconhece de quem é este selo, este cordão e este cajado.
26 ထို​ပစ္စည်း​များ​သည်​သူ​၏​ပစ္စည်း​ဖြစ်​မှန်း​ယု​ဒ သိ​သ​ဖြင့်​ယု​ဒ​က``ငါ​သည်​သူ့​အား​ငါ့​သား ရှေ​လ​နှင့်​ထိမ်း​မြား​ပေး​ရန်​ဝတ္တ​ရား​ပျက်​ကွက် သော​ကြောင့်​ထို​သို့​သူ​ပြု​မူ​ပုံ​မှာ​နည်း​လမ်း ကျ​ပေ​သည်'' ဟု​ဆို​လေ​၏။ ယု​ဒ​သည်​နောက် တစ်​ဖန်​သူ​နှင့်​မ​အိပ်​တော့​ချေ။
26 Judá os reconheceu e disse: — Ela é mais justa do que eu, porque não a dei a Selá, meu filho. E nunca mais teve relações com ela.
27 တာ​မာ​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ​ကိုယ်​ဝန် တွင်​အ​မြွှာ​ရှိ​ကြောင်း​သိ​ရ​လေ​သည်။-
27 E aconteceu que, estando ela para dar à luz, havia gêmeos no seu ventre.
28 မီး​ဖွား​နေ​စဉ်​က​လေး​တစ်​ယောက်​က​လက်​ကို​အ​ပြင် သို့​ဆန့်​ထုတ်​လေ​၏။ ဝမ်း​ဆွဲ​က​ထို​လက်​ကို​ဖမ်း​ကိုင် ၍​ကြိုး​နီ​စ​ချည်​လျက်``ဤ​က​လေး​သည်​သား​ဦး ဖြစ်​သည်'' ဟု​ဆို​၏။-
28 Ao nascerem, um pôs a mão para fora, e a parteira, tomando-a, amarrou nela um fio vermelho, dizendo: — Este saiu primeiro.
29 သို့​ရာ​တွင်​ကလေး​သည်​လက်​ကို​ပြန်​ရုပ်​ရာ​အ​ခြား အ​မြွှာ​သား​က​ဦး​စွာ​ဖွား​မြင်​လာ​လေ​သည်။ ထို အ​ခါ​ဝမ်း​ဆွဲ​က``သင်​သည်​နိုင်​လို​မင်း​ထက်​ပြု​၍ ထွက်​လာ​သည်'' ဟု​ဆို​၏။ ထို​ကြောင့်​ထို​က​လေး အား​ဖာ​ရက်​ဟု​နာ​မည်​မှည့်​ကြ​၏။-
29 Mas, recolhendo ele a mão, o outro nasceu primeiro. E a parteira disse: — Como você rompeu a saída? E lhe deram o nome de Perez.
30 ထို​နောက်​လက်​တွင်​ကြိုး​နီ​ချည်​ထား​သော​ညီ​ဖွား မြင်​လာ​၏။ သူ့​အား​ဇာ​ရ​ဟု​နာ​မည်​မှည့်​လေ​သည်။
30 Depois nasceu o irmão, em cuja mão estava o fio vermelho. E lhe deram o nome de Zera.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 38, comparar traduções ou montar um estudo — tudo direto pelo WhatsApp.