Gênesis 38
Common Language Bible (MYA) vs ARA
1 ၎င်းအချိန်လောက်တွင်ယုဒသည်သူ၏ညီအစ် ကိုတို့ထံမှထွက်ခွာ၍ အဒုလံမြို့သားဟိရ ထံ၌သွားရောက်နေထိုင်လေ၏။-
1 Aconteceu, por esse tempo, que Judá se apartou de seus irmãos e se hospedou na casa de um adulamita, chamado Hira.
2 ထိုအရပ်တွင်ယုဒသည် ခါနာန်အမျိုးသား ရှုအာဆိုသူ၏သမီးကိုတွေ့မြင်၍ထိမ်းမြား လေ၏။-
2 Ali viu Judá a filha de um cananeu, chamado Sua; ele a tomou por mulher e a possuiu.
3 သူ့မယားသည်သားတစ်ယောက်ကိုဖွားလျှင် ထိုသားကိုဧရဟုနာမည်မှည့်လေ၏။-
3 E ela concebeu e deu à luz um filho, e o pai lhe chamou Er.
4 တစ်ဖန်သားတစ်ယောက်ဖွားလျှင်သြနန်ဟု နာမည်မှည့်လေသည်။-
4 Tornou a conceber e deu à luz um filho; a este deu a mãe o nome de Onã.
5 နောက်တစ်ဖန်သားတစ်ယောက်ဖွားမြင်၍ရှေလ ဟုနာမည်မှည့်လေသည်။ ရှေလကိုဖွားမြင်သော အခါယုဒသည်ခေဇိပ်မြို့တွင်နေထိုင်လျက် ရှိ၏။
5 Continuou ainda e deu à luz outro filho, cujo nome foi Selá; ela estava em Quezibe quando o teve.
6 ယုဒသည်သူ၏သားဦးဧရကိုတာမာနာမည် ရှိသောအမျိုးသမီးနှင့်ထိမ်းမြားပေးလေ၏။-
6 Judá, pois, tomou esposa para Er, o seu primogênito; o nome dela era Tamar.
7 ဧရသည်ထာဝရဘုရားရှေ့တော်တွင်အကျင့် ဆိုးသောသူဖြစ်ခြင်းကြောင့် ထာဝရဘုရား သည်သူ့အားအသက်တိုစေတော်မူ၏။-
7 Er, porém, o primogênito de Judá, era perverso perante o Senhor , pelo que o Senhor o fez morrer.
8 ထိုအခါယုဒသည်သားသြနန်အား``သင် သည်အစ်ကို၏ဇနီးအားမတ်တစ်ယောက် အနေဖြင့်တာဝန်ရှိသူဖြစ်သောကြောင့် သူ နှင့်အိမ်ထောင်ပြု၍အစ်ကိုအတွက်မျိုးဆက် ပွားစေလော့'' ဟုဆိုလေ၏။-
8 Então, disse Judá a Onã: Possui a mulher de teu irmão, cumpre o levirato e suscita descendência a teu irmão.
9 သြနန်ကမရီးနှင့်ရမည့်ကလေးသည်အစ်ကို ၏မျိုးဆက်သာဖြစ်ကြောင်းသိမြင်သဖြင့် အစ် ကိုအတွက်သားမထွန်းကားစေခြင်းငှာသူနှင့် ဆက်ဆံသည့်အခါတိုင်းသုက်ရည်ကိုအပြင် ၌သာစွန့်လေ၏။-
9 Sabia, porém, Onã que o filho não seria tido por seu; e todas as vezes que possuía a mulher de seu irmão deixava o sêmen cair na terra, para não dar descendência a seu irmão.
10 သြနန်ထိုကဲ့သို့ပြုခြင်းကိုထာဝရဘုရား မနှစ်သက်သဖြင့် သူ့ကိုလည်းအသက်တိုစေ တော်မူ၏။-
10 Isso, porém, que fazia, era mau perante o Senhor , pelo que também a este fez morrer.
11 ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
11 Então, disse Judá a Tamar, sua nora: Permanece viúva em casa de teu pai, até que Selá, meu filho, venha a ser homem. Pois disse: Para que não morra também este, como seus irmãos. Assim, Tamar se foi, passando a residir em casa de seu pai.
12 ကာလအတန်ကြာလေသော်ယုဒ၏မယား ရှုအာကွယ်လွန်လေ၏။ ယုဒသည်မယားအတွက် ငိုကြွေးမြည်တမ်းရာနေ့ရက်ပြီးဆုံးသောအခါ မိမိမိတ်ဆွေအဒုလံအမျိုးသားဟိရနှင့် အတူမိမိ၏သိုးများကိုအမွေးညှပ်ရန် တိမနတ်မြို့သို့သွားလေ၏။-
12 No correr do tempo morreu a filha de Sua, mulher de Judá; e, consolado Judá, subiu aos tosquiadores de suas ovelhas, em Timna, ele e seu amigo Hira, o adulamita.
13 တစ်စုံတစ်ယောက်ကတာမာအား``သင်၏ယောက္ခမ သည်တိမနတ်မြို့သို့သိုးမွေးညှပ်ရန်သွားလေ ပြီ'' ဟုသတင်းပေးလေ၏။-
13 E o comunicaram a Tamar: Eis que o teu sogro sobe a Timna, para tosquiar as ovelhas.
14 ထိုအခါသူသည်မုဆိုးမအဝတ်တို့ကိုချွတ်၍ မျက်နှာကိုပုဝါဖြင့်ဖုံးလျက် တိမနတ်သို့သွား ရာလမ်းတွင်တည်ရှိသောဧနိမ်မြို့အဝင်ဝ၌ ထိုင်နေလေ၏။ သူသည်ယုဒ၏အငယ်ဆုံးသား ရှေလအရွယ်ရောက်ပြီဖြစ်သော်လည်းသူနှင့် ထိမ်းမြားပေးခြင်းမပြုဘဲထားသောကြောင့် ဤသို့ပြုမူရခြင်းဖြစ်သည်။
14 Então, ela despiu as vestes de sua viuvez, e, cobrindo-se com um véu, se disfarçou, e se assentou à entrada de Enaim, no caminho de Timna; pois via que Selá já era homem, e ela não lhe fora dada por mulher.
15 ယုဒသည်တာမာကိုမြင်လျှင်မျက်နှာကိုပုဝါ နှင့်ဖုံးထားသောကြောင့် ပြည့်တန်ဆာမတစ်ယောက် ဟုထင်မှတ်လေ၏။-
15 Vendo-a Judá, teve-a por meretriz; pois ela havia coberto o rosto.
16 သူသည်လမ်းဘေး၌ထိုင်နေသောတာမာထံသို့ သွားပြီးလျှင်``ငါသင်နှင့်အိပ်လိုသည်'' ဟုဆို လေ၏။ (ထိုမိန်းမသည်သူ၏ချွေးမဖြစ်မှန်း မသိချေ။) မိန်းမကသူ့အား``ကျွန်မနှင့်အိပ် လိုလျှင်မည်သည့်အခကိုပေးမည်နည်း'' ဟု မေးလေ၏။
16 Então, se dirigiu a ela no caminho e lhe disse: Vem, deixa-me possuir-te; porque não sabia que era a sua nora. Ela respondeu: Que me darás para coabitares comigo?
17 သူက``ငါ၏တိရစ္ဆာန်ထဲမှဆိတ်ငယ်တစ်ကောင် ကိုပို့လိုက်မည်'' ဟုပြန်ဖြေ၏။
17 Ele respondeu: Enviar-te-ei um cabrito do rebanho. Perguntou ela: Dar-me-ás penhor até que o mandes?
18 သူက``မည်သည့်အာမခံကိုပေးရမည်နည်း'' ဟု မေး၏။
18 Respondeu ele: Que penhor te darei? Ela disse: O teu selo, o teu cordão e o cajado que seguras. Ele, pois, lhos deu e a possuiu; e ela concebeu dele.
19 တာမာသည်အိမ်သို့ပြန်၍ပုဝါကိုချွတ်ပြီး လျှင် မုဆိုးမအဝတ်ကိုပြန်လည်ဝတ်ဆင် လေ၏။
19 Levantou-se ela e se foi; tirou de sobre si o véu e tornou às vestes da sua viuvez.
20 ယုဒသည်မိန်းမထံမှအာမခံပစ္စည်းများကို ပြန်ယူရန် သူ၏မိတ်ဆွေဟိရကိုဆိတ်ငယ်နှင့် အတူစေလွှတ်လေ၏။ ဟိရသည်မိန်းမကို ရှာမတွေ့လျှင်၊-
20 Enviou Judá o cabrito, por mão do adulamita, seu amigo, para reaver o penhor da mão da mulher; porém não a encontrou.
21 ဧနိမ်မြို့သားတို့အား``လမ်းဘေး၌ထိုင်လေ့ ရှိသောပြည့်တန်ဆာမအဘယ်မှာရှိသနည်း'' ဟုမေးလေ၏။
21 Então, perguntou aos homens daquele lugar: Onde está a prostituta cultual que se achava junto ao caminho de Enaim? Responderam: Aqui não esteve meretriz nenhuma.
22 ထိုအခါသူသည်ယုဒထံသို့ပြန်လာ၍``ကျွန်ုပ် သည်ထိုမိန်းမကိုရှာ၍မတွေ့ပါ။ အရပ်သားတို့ ကလည်းထိုနေရာတွင်ပြည့်တန်ဆာမဟူ၍ မရှိကြောင်းပြောပါသည်'' ဟုဆိုလေ၏။
22 Tendo voltado a Judá, disse: Não a encontrei; e também os homens do lugar me disseram: Aqui não esteve prostituta cultual nenhuma.
23 ယုဒက``ထိုပစ္စည်းများကိုသူယူထားပါစေ။ ကျွန်ုပ်တို့ကဲ့ရဲ့ခြင်းကိုမခံလိုပါ။ ကျွန်ုပ်သည် သူ့အားအခပေးရန်ကြိုးစားသော်လည်း သင် သည်သူ့ကိုရှာမတွေ့ခဲ့ပါ'' ဟုဆိုလေ၏။
23 Respondeu Judá: Que ela o guarde para si, para que não nos tornemos em opróbrio; mandei-lhe, com efeito, o cabrito, todavia, não a achaste.
24 သုံးလခန့်ကြာလေသော်တစ်စုံတစ်ယောက်က ယုဒအား``သင်၏ချွေးမတာမာသည်ယောကျာ်း တစ်ဦးဦးနှင့်ဖောက်ပြန်သဖြင့် ယခုကိုယ်ဝန် ဆောင်လျက်ရှိလေပြီ'' ဟုပြောလေ၏။
24 Passados quase três meses, foi dito a Judá: Tamar, tua nora, adulterou, pois está grávida. Então, disse Judá: Tirai-a fora para que seja queimada.
25 တာမာကိုအပြင်သို့ထုတ်ဆောင်လာကြသော အခါတာမာက``ကျွန်ုပ်သည်ဤပစ္စည်းများကို ပိုင်ဆိုင်သူနှင့်ကိုယ်ဝန်ရှိပါသည်။ ဤတံဆိပ် နှင့်စလွယ်ကြိုး၊ ဤတောင်ဝှေးတို့မှာမည်သူ့ ပစ္စည်းဖြစ်သည်ကိုကြည့်ပါ'' ဟူ၍ယောက္ခမ ထံသို့အကြောင်းကြားလိုက်လေ၏။
25 Em tirando-a, mandou ela dizer a seu sogro: Do homem de quem são estas coisas eu concebi. E disse mais: Reconhece de quem é este selo, e este cordão, e este cajado.
26 ထိုပစ္စည်းများသည်သူ၏ပစ္စည်းဖြစ်မှန်းယုဒ သိသဖြင့်ယုဒက``ငါသည်သူ့အားငါ့သား ရှေလနှင့်ထိမ်းမြားပေးရန်ဝတ္တရားပျက်ကွက် သောကြောင့်ထိုသို့သူပြုမူပုံမှာနည်းလမ်း ကျပေသည်'' ဟုဆိုလေ၏။ ယုဒသည်နောက် တစ်ဖန်သူနှင့်မအိပ်တော့ချေ။
26 Reconheceu-os Judá e disse: Mais justa é ela do que eu, porquanto não a dei a Selá, meu filho. E nunca mais a possuiu.
27 တာမာသည်သားဖွားချိန်စေ့သောအခါကိုယ်ဝန် တွင်အမြွှာရှိကြောင်းသိရလေသည်။-
27 E aconteceu que, estando ela para dar à luz, havia gêmeos no seu ventre.
28 မီးဖွားနေစဉ်ကလေးတစ်ယောက်ကလက်ကိုအပြင် သို့ဆန့်ထုတ်လေ၏။ ဝမ်းဆွဲကထိုလက်ကိုဖမ်းကိုင် ၍ကြိုးနီစချည်လျက်``ဤကလေးသည်သားဦး ဖြစ်သည်'' ဟုဆို၏။-
28 Ao nascerem, um pôs a mão fora, e a parteira, tomando-a, lhe atou um fio encarnado e disse: Este saiu primeiro.
29 သို့ရာတွင်ကလေးသည်လက်ကိုပြန်ရုပ်ရာအခြား အမြွှာသားကဦးစွာဖွားမြင်လာလေသည်။ ထို အခါဝမ်းဆွဲက``သင်သည်နိုင်လိုမင်းထက်ပြု၍ ထွက်လာသည်'' ဟုဆို၏။ ထိုကြောင့်ထိုကလေး အားဖာရက်ဟုနာမည်မှည့်ကြ၏။-
29 Mas, recolhendo ele a mão, saiu o outro; e ela disse: Como rompeste saída? E lhe chamaram Perez.
30 ထိုနောက်လက်တွင်ကြိုးနီချည်ထားသောညီဖွား မြင်လာ၏။ သူ့အားဇာရဟုနာမည်မှည့်လေသည်။
30 Depois, lhe saiu o irmão, em cuja mão estava o fio encarnado; e lhe chamaram Zera.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 38, comparar traduções ou montar um estudo — tudo direto pelo WhatsApp.