Gênesis 37
Common Language Bible (MYA) vs ARA
1 ယာကုပ်သည်သူ၏ဖခင်နေထိုင်ရာ ခါနာန် ပြည်တွင် ဆက်လက်နေထိုင်လေ၏။-
1 Habitou Jacó na terra das peregrinações de seu pai, na terra de Canaã.
2 ယာကုပ်မိသားစု၏အတ္ထုပ္ပတ္တိကိုဖော်ပြပေအံ့။
2 Esta é a história de Jacó. Tendo José dezessete anos, apascentava os rebanhos com seus irmãos; sendo ainda jovem, acompanhava os filhos de Bila e os filhos de Zilpa, mulheres de seu pai; e trazia más notícias deles a seu pai.
3 ယာကုပ်သည်အသက်အရွယ်ကြီးမှယောသပ် ကိုရခြင်းကြောင့်အခြားသားများထက်သူ့ အားပို၍ချစ်၏။ သူသည်ယောသပ်အတွက် ထူးခြားစွာတန်ဆာဆင်ထားသောဝတ်ရုံ ကိုချုပ်ပေး၏။-
3 Ora, Israel amava mais a José que a todos os seus filhos, porque era filho da sua velhice; e fez-lhe uma túnica talar de mangas compridas.
4 ဖခင်ကယောသပ်အားသူတို့ထက်ပို၍ချစ် သဖြင့်သူ၏အစ်ကိုတို့သည် သူ့အားကြင်နာ သည့်စကားတစ်ခွန်းကိုမျှမပြောနိုင်လောက် အောင်ရွံမုန်းကြလေသည်။
4 Vendo, pois, seus irmãos que o pai o amava mais que a todos os outros filhos, odiaram-no e já não lhe podiam falar pacificamente.
5 တစ်ခါကယောသပ်သည် အိပ်မက်မြင်မက်သ ဖြင့်အစ်ကိုတို့အားထိုအိပ်မက်အကြောင်း ကိုပြောပြသောအခါ သူတို့သည်ပို၍ပင် ရွံမုန်းကြ၏။-
5 Teve José um sonho e o relatou a seus irmãos; por isso, o odiaram ainda mais.
6 ယောသပ်ကသူတို့အား``ကျွန်တော်မြင်မက် သောအိပ်မက်ကိုနားထောင်ကြပါ။-
6 Pois lhes disse: Rogo-vos, ouvi este sonho que tive:
7 ကျွန်တော်တို့သည်လယ်ထဲ၌ကောက်လှိုင်းများ ကိုစည်းနေကြစဉ် ကျွန်တော်၏ကောက်လှိုင်းစည်း သည်လဲရာမှထောင်မတ်လာ၏။ အစ်ကိုတို့၏ ကောက်လှိုင်းစည်းများသည်ကျွန်တော်၏ကောက် လှိုင်းစည်းကိုဝိုင်းလာပြီးလျှင်ဦးညွှတ်ရှိခိုး ကြပါသည်'' ဟုပြောပြလေ၏။
7 Atávamos feixes no campo, e eis que o meu feixe se levantou e ficou em pé; e os vossos feixes o rodeavam e se inclinavam perante o meu.
8 အစ်ကိုတို့က``သင်ကငါတို့အပေါ်မှာမင်း ပြုလိုသလော။ ငါတို့ကိုအုပ်စိုးမည်လော''ဟု မေးလေ၏။ ထိုသို့ယောသပ်သည်သူ၏အိပ်မက် အကြောင်းကိုဖော်ပြမိသဖြင့် သူတို့ကသူ့ ကိုပို၍ရွံမုန်းကြ၏။
8 Então, lhe disseram seus irmãos: Reinarás, com efeito, sobre nós? E sobre nós dominarás realmente? E com isso tanto mais o odiavam, por causa dos seus sonhos e de suas palavras.
9 တစ်ဖန်ယောသပ်သည်အိပ်မက်မက်ပြန်၍အစ် ကိုတို့အား``ကျွန်တော်သည်အိပ်မက်မြင်မက် ပြန်ပြီ။ ထိုအိပ်မက်ထဲတွင်နေ၊ လနှင့်ကြယ် တစ်ဆယ့်တစ်လုံးတို့ကကျွန်တော်အားဦး ညွှတ်ရှိခိုးကြသည်ကိုမြင်ရပါသည်''ဟု ပြောလေ၏။
9 Teve ainda outro sonho e o referiu a seus irmãos, dizendo: Sonhei também que o sol, a lua e onze estrelas se inclinavam perante mim.
10 သူ၏အိပ်မက်ကိုဖခင်အားလည်းပြောပြသော အခါဖခင်က``သင်၏အိပ်မက်ကားအဘယ်သို့ နည်း။ သင်၏မိခင်၊ ဖခင်နှင့်အစ်ကိုတို့ကသင့် အားဦးညွှတ်ရှိခိုးရမည်လော'' ဟုဆုံးမ လိုက်လေ၏။-
10 Contando-o a seu pai e a seus irmãos, repreendeu-o o pai e lhe disse: Que sonho é esse que tiveste? Acaso, viremos, eu e tua mãe e teus irmãos, a inclinar-nos perante ti em terra?
11 ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
11 Seus irmãos lhe tinham ciúmes; o pai, no entanto, considerava o caso consigo mesmo.
12 တစ်နေ့သ၌ယောသပ်၏အစ်ကိုတို့သည်ရှေခင် မြို့အနီးတွင်ဖခင်၏သိုးဆိတ်များကိုကျောင်း နေကြစဉ်၊-
12 E, como foram os irmãos apascentar o rebanho do pai, em Siquém,
13 ယာကုပ်ကယောသပ်အား``သင်၏အစ်ကိုတို့ သိုးဆိတ်ကျောင်းရာရှေခင်မြို့သို့သွားပါ လော့'' ဟုဆို၏။
13 perguntou Israel a José: Não apascentam teus irmãos o rebanho em Siquém? Vem, enviar-te-ei a eles. Respondeu-lhe José: Eis-me aqui.
14 သူ၏ဖခင်က``အစ်ကိုများနှင့်သိုးဆိတ်များ ဘေးကင်းလုံခြုံစွာရှိသည်မရှိသည်ကို သင် သွား၍စုံစမ်းပြီးလျှင်ငါ့အားပြန်ပြောပါ လော့'' ဟုစေခိုင်းလေ၏။ ထိုနောက်ယောသပ် သည်ဖခင်လမ်းညွှန်သည့်အတိုင်း ဟေဗြုန် ချိုင့်ဝှမ်းလမ်းမှသွား၍ရှေခင်မြို့သို့ရောက် ရှိလာ၏။
14 Disse-lhe Israel: Vai, agora, e vê se vão bem teus irmãos e o rebanho; e traze-me notícias. Assim, o enviou do vale de Hebrom, e ele foi a Siquém.
15 သူသည်မြို့ပြင်၌လှည့်လည်ရှာဖွေနေစဉ် လူ တစ်ယောက်ကသူ့ကိုမြင်၍``သင်ဘာကိုရှာ နေသနည်း'' ဟုမေး၏။
15 E um homem encontrou a José, que andava errante pelo campo, e lhe perguntou: Que procuras?
16 ``သိုးဆိတ်များကိုထိန်းကျောင်းနေသောအစ် ကိုများကိုရှာနေပါသည်။ သူတို့အဘယ်မှာ ရှိသည်ကိုပြောနိုင်ပါသလော'' ဟုဆို၏။
16 Respondeu: Procuro meus irmãos; dize-me: Onde apascentam eles o rebanho?
17 ထိုသူက``သူတို့ဤအရပ်မှထွက်ခွာသွား ကြပြီ။ ဒေါသန်မြို့ဘက်သို့သွားကြမည် ဟုပြောသံကြားလိုက်ရသည်'' ဟုဖြေ၏။ ထို့ ကြောင့်ယောသပ်သည်အစ်ကိုများနောက်သို့ လိုက်သွားရာသူတို့ကိုဒေါသန်မြို့၌တွေ့ လေ၏။
17 Disse-lhe o homem: Foram-se daqui, pois ouvi-os dizer: Vamos a Dotã. Então, seguiu José atrás dos irmãos e os achou em Dotã.
18 ယောသပ်အဝေး၌ရှိစဉ်ပင်အစ်ကိုတို့သည် သူ့ကိုမြင်လျှင် သူ့အားသတ်ပစ်ရန်တိုင်ပင် ကြ၏။-
18 De longe o viram e, antes que chegasse, conspiraram contra ele para o matar.
19 သူတို့က``အိပ်မက်ဆရာလာနေပြီ။-
19 E dizia um ao outro: Vem lá o tal sonhador!
20 လာကြ၊ သူ့ကိုသတ်၍တွင်းတစ်တွင်းထဲသို့ သူ့အလောင်းကိုပစ်လိုက်ကြစို့။ သူ့ကိုသားရဲ တိရစ္ဆာန်တစ်ကောင်ကကိုက်သတ်ပြီဟုဖခင် အားပြောကြမည်။ ထိုအခါကျမှသူ၏ အိပ်မက်အတိုင်းတကယ်ဖြစ်မဖြစ်ကိုသိ ရမည်'' ဟုအချင်းချင်းပြောဆိုကြ၏။
20 Vinde, pois, agora, matemo-lo e lancemo-lo numa destas cisternas; e diremos: Um animal selvagem o comeu; e vejamos em que lhe darão os sonhos.
21 ရုဗင်သည်သူတို့၏အကြံကိုကြားရလျှင် ယောသပ်ကိုကယ်ရန်ကြိုးစားလေ၏။ သူက``သူ့ ကိုမသတ်ပစ်ကြနှင့်။-
21 Mas Rúben, ouvindo isso, livrou-o das mãos deles e disse: Não lhe tiremos a vida.
22 သူ့ကိုဤတောကန္တာရတွင်ရှိသောတွင်းထဲသို့ ပစ်ချကြစို့။ သူ့အားအနာတရမဖြစ်စေ ကြနှင့်'' ဟုဆိုလေ၏။ ထိုကဲ့သို့အကြံပေးရ ခြင်းမှာသူသည်ယောသပ်အားညီအစ်ကိုတို့ လက်မှကယ်၍ဖခင်ထံသို့ပြန်အပ်ရန်အကြံ ရှိခြင်းကြောင့်ဖြစ်သည်။-
22 Também lhes disse Rúben: Não derrameis sangue; lançai-o nesta cisterna que está no deserto, e não ponhais mão sobre ele; isto disse para o livrar deles, a fim de o restituir ao pai.
23 အစ်ကိုများထံသို့ယောသပ်ရောက်လာသော အခါ သူတို့ကသူ၏လက်ရှည်ဝတ်ရုံကို ချွတ်ပစ်ကြ၏။-
23 Mas, logo que chegou José a seus irmãos, despiram-no da túnica, a túnica talar de mangas compridas que trazia.
24 ထိုနောက်သူ့အားချုပ်ကိုင်၍ရေခန်းခြောက် သောတွင်းထဲသို့ချလိုက်ကြ၏။
24 E, tomando-o, o lançaram na cisterna, vazia, sem água.
25 ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
25 Ora, sentando-se para comer pão, olharam e viram que uma caravana de ismaelitas vinha de Gileade; seus camelos traziam arômatas, bálsamo e mirra, que levavam para o Egito.
26 ယုဒကသူ၏ညီအစ်ကိုတို့အား``ငါတို့၏ ညီကိုသတ်၍အဖြစ်မှန်ကိုထိမ်ဝှက်ထား ခြင်းဖြင့် ငါတို့၌မည်သို့အကျိုးကျေးဇူး ရှိနိုင်ပါမည်နည်း။-
26 Então, disse Judá a seus irmãos: De que nos aproveita matar o nosso irmão e esconder-lhe o sangue?
27 ငါတို့သည်သူ့အားအနာတရဖြစ်စေမည့် အစားဣရှမေလအမျိုးသားတို့ထံ၌သူ့ ကိုရောင်းလိုက်ကြပါစို့။ သူသည်ငါတို့၏ညီ၊ ငါတို့၏သွေးသားပင်ဖြစ်သည်မဟုတ်လော'' ဟုဆိုလေ၏။ သူ၏ညီအစ်ကိုတို့ကလည်း သဘောတူကြ၏။-
27 Vinde, vendamo-lo aos ismaelitas; não ponhamos sobre ele a mão, pois é nosso irmão e nossa carne. Seus irmãos concordaram.
28 ထိုအတောအတွင်းမိဒျန်အမျိုးသားကုန် သည်အချို့တို့ဖြတ်သန်းရောက်ရှိလာ၏။ သူ တို့သည်ယောသပ်အားတွင်းထဲမှဆွဲတင်၍ ဣရှမေလအမျိုးသားတို့ထံ၌ငွေသား ကျပ်နှစ်ဆယ်ဖြင့်ရောင်းလိုက်ကြသည်။ ထို ကုန်သည်တို့ကယောသပ်အားအီဂျစ်သို့ ခေါ်ဆောင်သွားလေသည်။
28 E, passando os mercadores midianitas, os irmãos de José o alçaram, e o tiraram da cisterna, e o venderam por vinte siclos de prata aos ismaelitas; estes levaram José ao Egito.
29 ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
29 Tendo Rúben voltado à cisterna, eis que José não estava nela; então, rasgou as suas vestes.
30 ထိုနောက်သူ၏ညီများရှိရာသို့ပြန်လာ၍``တွင်း ထဲမှာသူငယ်မရှိတော့ပြီ။ ငါအဘယ်သို့ပြု လုပ်ရပါမည်နည်း'' ဟုဆိုလေ၏။
30 E, voltando a seus irmãos, disse: Não está lá o menino; e, eu, para onde irei?
31 သူတို့သည်ဆိတ်တစ်ကောင်ကိုသတ်၍ယောသပ် ၏ဝတ်ရုံကိုဆိတ်သွေးထဲ၌နှစ်လေ၏။-
31 Então, tomaram a túnica de José, mataram um bode e a molharam no sangue.
32 ထိုနောက်ထူးဆန်းစွာတန်ဆာဆင်ထားသော ဝတ်ရုံကိုဖခင်ထံသို့ယူခဲ့ပြီးလျှင်``ကျွန်တော် တို့ဤအင်္ကျီကိုတွေ့ရပါသည်။ ဖခင်သား၏ အင်္ကျီဖြစ်ပါသလော'' ဟုမေးကြ၏။
32 E enviaram a túnica talar de mangas compridas, fizeram-na levar a seu pai e lhe disseram: Achamos isto; vê se é ou não a túnica de teu filho.
33 ယာကုပ်သည်ထိုအင်္ကျီကိုမှတ်မိသဖြင့်``ငါ့ သား၏အင်္ကျီပင်ဖြစ်သည်။ သားရဲတစ်ကောင် ကောင်ကသူ့ကိုကိုက်သတ်လေပြီ။ ငါ့သားကို အပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကား'' ဟုဆို လေ၏။-
33 Ele a reconheceu e disse: É a túnica de meu filho; um animal selvagem o terá comido, certamente José foi despedaçado.
34 ယာကုပ်သည်ဝမ်းနည်းကြေကွဲသဖြင့် မိမိ၏ အဝတ်အင်္ကျီကိုဆုတ်ဖြဲ၍လျှော်တေအဝတ်ကို ဝတ်လေ၏။ သူသည်သားအတွက်ကာလအတန် ကြာမျှပူဆွေးတမ်းတလျက်နေလေ၏။-
34 Então, Jacó rasgou as suas vestes, e se cingiu de pano de saco, e lamentou o filho por muitos dias.
35 သူ၏သားသမီးအားလုံးတို့ကသူ့အားနှစ် သိမ့်ကြသော်လည်းပူဆွေးခြင်းမပြေနိုင်ချေ။ သူက``ငါသည်သေသည်အထိငါ့သားအတွက် ဝမ်းနည်းပူဆွေးရတော့မည်'' ဟုဆိုလေ၏။ ထို့ ကြောင့်သူသည်သားယောသပ်အတွက်ဆက် လက်၍ငိုကြွေးမြည်တမ်းလျက်ရှိနေလေ၏။-
35 Levantaram-se todos os seus filhos e todas as suas filhas, para o consolarem; ele, porém, recusou ser consolado e disse: Chorando, descerei a meu filho até à sepultura. E de fato o chorou seu pai.
36 ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
36 Entrementes, os midianitas venderam José no Egito a Potifar, oficial de Faraó, comandante da guarda.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 37, comparar traduções ou montar um estudo — tudo direto pelo WhatsApp.