Gênesis 37

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​နေ​ထိုင်​ရာ ခါ​နာန် ပြည်​တွင် ဆက်​လက်​နေ​ထိုင်​လေ​၏။-
1 Jacó habitava na terra das peregrinações de seu pai, na terra de Canaã.
2 ယာ​ကုပ်​မိ​သား​စု​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ​ပေ​အံ့။
2 Estas são as gerações de Jacó. José, aos dezessete anos de idade, estava com seus irmãos apascentando os rebanhos; sendo ainda jovem, andava com os filhos de Bila, e com os filhos de Zilpa, mulheres de seu pai; e José trazia a seu pai más notícias a respeito deles.
3 ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​ကြီး​မှ​ယော​သပ် ကို​ရ​ခြင်း​ကြောင့်​အ​ခြား​သား​များ​ထက်​သူ့ အား​ပို​၍​ချစ်​၏။ သူ​သည်​ယော​သပ်​အ​တွက် ထူး​ခြား​စွာ​တန်​ဆာ​ဆင်​ထား​သော​ဝတ်​ရုံ ကို​ချုပ်​ပေး​၏။-
3 Israel amava mais a José do que a todos os seus filhos, porque era filho da sua velhice; e fez-lhe uma túnica de várias cores.
4 ဖ​ခင်​က​ယော​သပ်​အား​သူ​တို့​ထက်​ပို​၍​ချစ် သ​ဖြင့်​သူ​၏​အစ်​ကို​တို့​သည် သူ့​အား​ကြင်​နာ သည့်​စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြော​နိုင်​လောက် အောင်​ရွံ​မုန်း​ကြ​လေ​သည်။
4 Vendo, pois, seus irmãos que seu pai o amava mais do que a todos eles, odiavam-no, e não lhe podiam falar pacificamente.
5 တစ်​ခါ​က​ယော​သပ်​သည် အိပ်​မက်​မြင်​မက်​သ ဖြင့်​အစ်​ကို​တို့​အား​ထို​အိပ်​မက်​အ​ကြောင်း ကို​ပြော​ပြ​သော​အ​ခါ သူ​တို့​သည်​ပို​၍​ပင် ရွံ​မုန်း​ကြ​၏။-
5 José teve um sonho, que contou a seus irmãos; por isso o odiaram ainda mais.
6 ယော​သပ်​က​သူ​တို့​အား``ကျွန်​တော်​မြင်​မက် သော​အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ။-
6 Pois ele lhes disse: Ouvi, peço-vos, este sonho que tive:
7 ကျွန်​တော်​တို့​သည်​လယ်​ထဲ​၌​ကောက်​လှိုင်း​များ ကို​စည်း​နေ​ကြ​စဉ် ကျွန်​တော်​၏​ကောက်​လှိုင်း​စည်း သည်​လဲ​ရာ​မှ​ထောင်​မတ်​လာ​၏။ အစ်​ကို​တို့​၏ ကောက်​လှိုင်း​စည်း​များ​သည်​ကျွန်​တော်​၏​ကောက် လှိုင်း​စည်း​ကို​ဝိုင်း​လာ​ပြီး​လျှင်​ဦး​ညွှတ်​ရှိ​ခိုး ကြ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။
7 Estávamos nós atando molhos no campo, e eis que o meu molho, levantando-se, ficou em pé; e os vossos molhos o rodeavam, e se inclinavam ao meu molho.
8 အစ်​ကို​တို့​က``သင်​က​ငါ​တို့​အ​ပေါ်​မှာ​မင်း ပြု​လို​သ​လော။ ငါ​တို့​ကို​အုပ်​စိုး​မည်​လော''ဟု မေး​လေ​၏။ ထို​သို့​ယော​သပ်​သည်​သူ​၏​အိပ်​မက် အ​ကြောင်း​ကို​ဖော်​ပြ​မိ​သ​ဖြင့် သူ​တို့​က​သူ့ ကို​ပို​၍​ရွံ​မုန်း​ကြ​၏။
8 Responderam-lhe seus irmãos: Tu pois, deveras reinarás sobre nós? Tu deveras terás domínio sobre nós? Por isso ainda mais o odiavam por causa dos seus sonhos e das suas palavras.
9 တစ်​ဖန်​ယော​သပ်​သည်​အိပ်​မက်​မက်​ပြန်​၍​အစ် ကို​တို့​အား``ကျွန်​တော်​သည်​အိပ်​မက်​မြင်​မက် ပြန်​ပြီ။ ထို​အိပ်​မက်​ထဲ​တွင်​နေ၊ လ​နှင့်​ကြယ် တစ်​ဆယ့်​တစ်​လုံး​တို့​က​ကျွန်​တော်​အား​ဦး ညွှတ်​ရှိ​ခိုး​ကြ​သည်​ကို​မြင်​ရ​ပါ​သည်''ဟု ပြော​လေ​၏။
9 Teve José outro sonho, e o contou a seus irmãos, dizendo: Tive ainda outro sonho; e eis que o sol, e a lua, e onze estrelas se inclinavam perante mim.
10 သူ​၏​အိပ်​မက်​ကို​ဖ​ခင်​အား​လည်း​ပြော​ပြ​သော အ​ခါ​ဖ​ခင်​က``သင်​၏​အိပ်​မက်​ကား​အ​ဘယ်​သို့ နည်း။ သင်​၏​မိ​ခင်၊ ဖ​ခင်​နှင့်​အစ်​ကို​တို့​က​သင့် အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​လော'' ဟု​ဆုံး​မ လိုက်​လေ​၏။-
10 Quando o contou a seu pai e a seus irmãos, repreendeu-o seu pai, e disse-lhe: Que sonho é esse que tiveste? Porventura viremos, eu e tua mãe, e teus irmãos, a inclinar-nos com o rosto em terra diante de ti?
11 ယော​သပ်​၏​အစ်​ကို​တို့​က​သူ့​အား​မုန်း​တီး ကြ​၏။ သူ​၏​ဖ​ခင်​က​မူ​ထို​အ​ကြောင်း​ကို မှတ်​ကျုံး​ထား​လေ​၏။
11 Seus irmãos, pois, o invejavam; mas seu pai guardava o caso no seu coração.
12 တစ်​နေ့​သ​၌​ယော​သပ်​၏​အစ်​ကို​တို့​သည်​ရှေ​ခင် မြို့​အ​နီး​တွင်​ဖ​ခင်​၏​သိုး​ဆိတ်​များ​ကို​ကျောင်း နေ​ကြ​စဉ်၊-
12 Ora, foram seus irmãos apascentar o rebanho de seu pai, em Siquém.
13 ယာ​ကုပ်​က​ယော​သပ်​အား``သင်​၏​အစ်​ကို​တို့ သိုး​ဆိတ်​ကျောင်း​ရာ​ရှေ​ခင်​မြို့​သို့​သွား​ပါ လော့'' ဟု​ဆို​၏။
13 Disse, pois, Israel a José: Não apascentam teus irmãos o rebanho em Siquém? Vem, e enviar-te-ei a eles. Respondeu-lhe José: Eis-me aqui.
14 သူ​၏​ဖ​ခင်​က``အစ်​ကို​များ​နှင့်​သိုး​ဆိတ်​များ ဘေး​ကင်း​လုံ​ခြုံ​စွာ​ရှိ​သည်​မ​ရှိ​သည်​ကို သင် သွား​၍​စုံ​စမ်း​ပြီး​လျှင်​ငါ့​အား​ပြန်​ပြော​ပါ လော့'' ဟု​စေ​ခိုင်း​လေ​၏။ ထို​နောက်​ယော​သပ် သည်​ဖ​ခင်​လမ်း​ညွှန်​သည့်​အ​တိုင်း ဟေ​ဗြုန် ချိုင့်​ဝှမ်း​လမ်း​မှ​သွား​၍​ရှေ​ခင်​မြို့​သို့​ရောက် ရှိ​လာ​၏။
14 Disse-lhe Israel: Vai, vê se vão bem teus irmãos, e o rebanho; e traze-me resposta. Assim o enviou do vale de Hebrom; e José foi a Siquém.
15 သူ​သည်​မြို့​ပြင်​၌​လှည့်​လည်​ရှာ​ဖွေ​နေ​စဉ် လူ တစ်​ယောက်​က​သူ့​ကို​မြင်​၍``သင်​ဘာ​ကို​ရှာ နေ​သ​နည်း'' ဟု​မေး​၏။
15 E um homem encontrou a José, que andava errante pelo campo, e perguntou-lhe: Que procuras?
16 ``သိုး​ဆိတ်​များ​ကို​ထိန်း​ကျောင်း​နေ​သော​အစ် ကို​များ​ကို​ရှာ​နေ​ပါ​သည်။ သူ​တို့​အ​ဘယ်​မှာ ရှိ​သည်​ကို​ပြော​နိုင်​ပါ​သ​လော'' ဟု​ဆို​၏။
16 Respondeu ele: Estou procurando meus irmãos; dize-me, peço-te, onde apascentam eles o rebanho.
17 ထို​သူ​က``သူ​တို့​ဤ​အ​ရပ်​မှ​ထွက်​ခွာ​သွား ကြ​ပြီ။ ဒေါ​သန်​မြို့​ဘက်​သို့​သွား​ကြ​မည် ဟု​ပြော​သံ​ကြား​လိုက်​ရ​သည်'' ဟု​ဖြေ​၏။ ထို့ ကြောင့်​ယော​သပ်​သည်​အစ်​ကို​များ​နောက်​သို့ လိုက်​သွား​ရာ​သူ​တို့​ကို​ဒေါ​သန်​မြို့​၌​တွေ့ လေ​၏။
17 Disse o homem: Foram-se daqui; pois ouvi-lhes dizer: Vamos a Dotã. José, pois, seguiu seus irmãos, e os achou em Dotã.
18 ယော​သပ်​အ​ဝေး​၌​ရှိ​စဉ်​ပင်​အစ်​ကို​တို့​သည် သူ့​ကို​မြင်​လျှင် သူ့​အား​သတ်​ပစ်​ရန်​တိုင်​ပင် ကြ​၏။-
18 Eles o viram de longe e, antes que chegasse aonde estavam, conspiraram contra ele, para o matarem,
19 သူ​တို့​က``အိပ်​မက်​ဆ​ရာ​လာ​နေ​ပြီ။-
19 dizendo uns aos outros: Eis que lá vem o sonhador!
20 လာ​ကြ၊ သူ့​ကို​သတ်​၍​တွင်း​တစ်​တွင်း​ထဲ​သို့ သူ့​အ​လောင်း​ကို​ပစ်​လိုက်​ကြ​စို့။ သူ့​ကို​သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​က​ကိုက်​သတ်​ပြီ​ဟု​ဖ​ခင် အား​ပြော​ကြ​မည်။ ထို​အ​ခါ​ကျ​မှ​သူ​၏ အိပ်​မက်​အ​တိုင်း​တ​ကယ်​ဖြစ်​မ​ဖြစ်​ကို​သိ ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
20 Vinde pois agora, matemo-lo e lancemo-lo numa das covas; e diremos: uma besta-fera o devorou. Veremos, então, o que será dos seus sonhos.
21 ရု​ဗင်​သည်​သူ​တို့​၏​အ​ကြံ​ကို​ကြား​ရ​လျှင် ယော​သပ်​ကို​ကယ်​ရန်​ကြိုး​စား​လေ​၏။ သူ​က``သူ့ ကို​မ​သတ်​ပစ်​ကြ​နှင့်။-
21 Mas Rúben, ouvindo isso, livrou-o das mãos deles, dizendo: Não lhe tiremos a vida.
22 သူ့​ကို​ဤ​တော​ကန္တာ​ရ​တွင်​ရှိ​သော​တွင်း​ထဲ​သို့ ပစ်​ချ​ကြ​စို့။ သူ့​အား​အ​နာ​တ​ရ​မ​ဖြစ်​စေ ကြ​နှင့်'' ဟု​ဆို​လေ​၏။ ထို​ကဲ့​သို့​အ​ကြံ​ပေး​ရ ခြင်း​မှာ​သူ​သည်​ယော​သပ်​အား​ညီ​အစ်​ကို​တို့ လက်​မှ​ကယ်​၍​ဖ​ခင်​ထံ​သို့​ပြန်​အပ်​ရန်​အ​ကြံ ရှိ​ခြင်း​ကြောင့်​ဖြစ်​သည်။-
22 Também lhes disse Rúben: Não derrameis sangue; lançai-o nesta cova, que está no deserto, e não lanceis mão nele. Disse isto para livrá-lo das mãos deles, a fim de restituí-lo a seu pai.
23 အစ်​ကို​များ​ထံ​သို့​ယော​သပ်​ရောက်​လာ​သော အ​ခါ သူ​တို့​က​သူ​၏​လက်​ရှည်​ဝတ်​ရုံ​ကို ချွတ်​ပစ်​ကြ​၏။-
23 Logo que José chegou a seus irmãos, estes o despiram da sua túnica, a túnica de várias cores, que ele trazia;
24 ထို​နောက်​သူ့​အား​ချုပ်​ကိုင်​၍​ရေ​ခန်း​ခြောက် သော​တွင်း​ထဲ​သို့​ချ​လိုက်​ကြ​၏။
24 e tomando-o, lançaram-no na cova; mas a cova estava vazia, não havia água nela.
25 ထို​နောက်​သူ​တို့​သည်​ထိုင်​၍​အ​စာ​စား​နေ​စဉ် ဂိ​လဒ်​ပြည်​မှ အီ​ဂျစ်​ပြည်​သို့​သွား​မည့်​ဣ​ရှ မေ​လ​အ​မျိုး​သား​တစ်​စု​ကို​မြင်​ရ​ကြ​၏။ သူ​တို့​၏​ကု​လား​အုတ်​များ​ပေါ်​တွင်​နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး​နှင့်​မု​ရန်​စေး​များ​ကို​တင်​ဆောင် လာ​ကြ​၏။-
25 Depois sentaram-se para comer; e, levantando os olhos, viram uma caravana de ismaelitas que vinha de Gileade; nos seus camelos traziam tragacanto, bálsamo e mirra, que iam levar ao Egito.
26 ယု​ဒ​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ငါ​တို့​၏ ညီ​ကို​သတ်​၍​အ​ဖြစ်​မှန်​ကို​ထိမ်​ဝှက်​ထား ခြင်း​ဖြင့် ငါ​တို့​၌​မည်​သို့​အ​ကျိုး​ကျေး​ဇူး ရှိ​နိုင်​ပါ​မည်​နည်း။-
26 Disse Judá a seus irmãos: De que nos aproveita matar nosso irmão e encobrir o seu sangue?
27 ငါ​တို့​သည်​သူ့​အား​အ​နာ​တ​ရ​ဖြစ်​စေ​မည့် အ​စား​ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​သူ့ ကို​ရောင်း​လိုက်​ကြ​ပါ​စို့။ သူ​သည်​ငါ​တို့​၏​ညီ၊ ငါ​တို့​၏​သွေး​သား​ပင်​ဖြစ်​သည်​မ​ဟုတ်​လော'' ဟု​ဆို​လေ​၏။ သူ​၏​ညီ​အစ်​ကို​တို့​က​လည်း သ​ဘော​တူ​ကြ​၏။-
27 Vinde, vendamo-lo a esses ismaelitas, e não seja nossa mão sobre ele; porque é nosso irmão, nossa carne. E escutaram-no seus irmãos.
28 ထို​အ​တော​အ​တွင်း​မိ​ဒျန်​အ​မျိုး​သား​ကုန် သည်​အ​ချို့​တို့​ဖြတ်​သန်း​ရောက်​ရှိ​လာ​၏။ သူ တို့​သည်​ယော​သပ်​အား​တွင်း​ထဲ​မှ​ဆွဲ​တင်​၍ ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​ထံ​၌​ငွေ​သား ကျပ်​နှစ်​ဆယ်​ဖြင့်​ရောင်း​လိုက်​ကြ​သည်။ ထို ကုန်​သည်​တို့​က​ယော​သပ်​အား​အီ​ဂျစ်​သို့ ခေါ်​ဆောင်​သွား​လေ​သည်။
28 Ao passarem os negociantes midianitas, tiraram José, alçando-o da cova, e venderam-no por vinte siclos de prata aos ismaelitas, os quais o levaram para o Egito.
29 ရု​ဗင်​သည်​တွင်း​သို့​ပြန်​လာ​ပြီး​လျှင်​ယော​သပ် ကို​ရှာ​၍​မ​တွေ့​ရ​သော​အ​ခါ အ​လွန်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​သ​ဖြင့်​မိ​မိ​အ​ဝတ်​များ​ကို​ဆုတ် ဖြဲ​လေ​၏။-
29 Ora, Rúben voltou à cova, e eis que José não estava na cova; pelo que rasgou as suas vestes
30 ထို​နောက်​သူ​၏​ညီ​များ​ရှိ​ရာ​သို့​ပြန်​လာ​၍``တွင်း ထဲ​မှာ​သူ​ငယ်​မ​ရှိ​တော့​ပြီ။ ငါ​အ​ဘယ်​သို့​ပြု လုပ်​ရ​ပါ​မည်​နည်း'' ဟု​ဆို​လေ​၏။
30 e, tornando a seus irmãos, disse: O menino não aparece; e eu, aonde irei?
31 သူ​တို့​သည်​ဆိတ်​တစ်​ကောင်​ကို​သတ်​၍​ယော​သပ် ၏​ဝတ်​ရုံ​ကို​ဆိတ်​သွေး​ထဲ​၌​နှစ်​လေ​၏။-
31 Tomaram, então, a túnica de José, mataram um cabrito, e tingiram a túnica no sangue.
32 ထို​နောက်​ထူး​ဆန်း​စွာ​တန်​ဆာ​ဆင်​ထား​သော ဝတ်​ရုံ​ကို​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​ပြီး​လျှင်``ကျွန်​တော် တို့​ဤ​အင်္ကျီ​ကို​တွေ့​ရ​ပါ​သည်။ ဖ​ခင်​သား​၏ အင်္ကျီ​ဖြစ်​ပါ​သ​လော'' ဟု​မေး​ကြ​၏။
32 Enviaram a túnica de várias cores, mandando levá-la a seu pai e dizer-lhe: Achamos esta túnica; vê se é a túnica de teu filho, ou não.
33 ယာ​ကုပ်​သည်​ထို​အင်္ကျီ​ကို​မှတ်​မိ​သ​ဖြင့်``ငါ့ သား​၏​အင်္ကျီ​ပင်​ဖြစ်​သည်။ သား​ရဲ​တစ်​ကောင် ကောင်​က​သူ့​ကို​ကိုက်​သတ်​လေ​ပြီ။ ငါ့​သား​ကို အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား'' ဟု​ဆို လေ​၏။-
33 Ele a reconheceu e exclamou: A túnica de meu filho! uma besta-fera o devorou; certamente José foi despedaçado.
34 ယာ​ကုပ်​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့် မိ​မိ​၏ အ​ဝတ်​အင်္ကျီ​ကို​ဆုတ်​ဖြဲ​၍​လျှော်တေ​အ​ဝတ်​ကို ဝတ်​လေ​၏။ သူ​သည်​သား​အ​တွက်​ကာ​လ​အ​တန် ကြာ​မျှ​ပူ​ဆွေး​တမ်း​တ​လျက်​နေ​လေ​၏။-
34 Então Jacó rasgou as suas vestes, e pôs saco sobre os seus lombos e lamentou seu filho por muitos dias.
35 သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။-
35 E levantaram-se todos os seus filhos e todas as suas filhas, para o consolarem; ele, porém, recusou ser consolado, e disse: Na verdade, com choro hei de descer para meu filho até o Seol. Assim o chorou seu pai.
36 ထို​အ​ချိန်​အ​တော​အ​တွင်း​အီ​ဂျစ်​၌​မိ​ဒျန် အ​မျိုး​သား​တို့​သည် ဖာ​ရော​ဘု​ရင်​၏​အ​ရာ​ရှိ တစ်​ဦး​ဖြစ်​သူ​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ ထံ​၌​ယော​သပ်​အား​ရောင်း​ကြ​လေ​သည်။
36 Os midianitas venderam José no Egito a Potifar, oficial de Faraó, capitão da guarda.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 37, comparar traduções ou montar um estudo — tudo direto pelo WhatsApp.