Gênesis 21
Common Language Bible (MYA) vs VC
1 ထာဝရဘုရားသည်ကတိတော်ရှိသည်အတိုင်း စာရာကိုကောင်းချီးပေးတော်မူသဖြင့်၊-
1 O Senhor visitou Sara, como ele tinha dito, e cumpriu em seu favor o que havia prometido.
2 အာဗြဟံအသက်အရွယ်ကြီးရင့်သည့်အခါ ၌ စာရာသည်ကိုယ်ဝန်ဆောင်၍သားကိုဖွားမြင် လေ၏။ ဘုရားသခင်သတ်မှတ်သောအချိန်၌ ထိုသားကိုဖွားမြင်၏။-
2 Sara concebeu e, apesar de sua velhice, deu à luz um filho a Abraão, no tempo fixado por Deus.
3 အာဗြဟံသည်ထိုသားကိုဣဇာက်ဟုနာမည် မှည့်၍၊-
3 Abraão pôs o nome de Isaac ao filho que lhe nascera de Sara.
4 ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်းရှစ်ရက် သားအရွယ်၌အရေဖျားလှီးခြင်းမင်္ဂလာကို စီရင်လေသည်။-
4 E, passados oito dias do seu nascimento, circuncidou-o, como Deus lhe tinha ordenado.
5 ဣဇာက်ကိုဖွားမြင်သောအခါအာဗြဟံသည် အသက်တစ်ရာရှိပြီဖြစ်၏။-
5 Abraão tinha cem anos, quando nasceu o seu filho Isaac.
6 စာရာကလည်း``ဘုရားသခင်သည်ငါ့အားရယ် စေတော်မူပြီ။ ဤသတင်းကိုကြားရသောသူ တိုင်းငါနှင့်အတူရယ်လိမ့်မည်'' ဟုဆိုလေ၏။-
6 Sara disse: "Deus deu-me algo de que rir; e todos aqueles que o souberem se rirão de mim."
7 စာရာကဆက်လက်၍``စာရာသည်သားကိုနို့ တိုက်မည်ဟုမည်သူကအာဗြဟံအားပြောမည် နည်း။ ယခုမူကားအသက်အရွယ်ကြီးရင့်သော အချိန်၌ငါသည်သူ့အတွက်သားကိုဖွားပြီ'' ဟုဆိုလေ၏။
7 E ajuntou: "Quem teria previsto que Sara amamentaria filhos a Abraão? Porque eu lhe dei um filho em sua velhice."
8 ထိုသူငယ်သည်ကြီးထွားလာ၍နို့ခွဲသောနေ့၌ အာဗြဟံသည်ဧည့်ခံပွဲကြီးကျင်းပလေ၏။
8 O menino cresceu e foi desmamado. No dia em que foi desmamado, Abraão fez uma grande festa.
9 တစ်နေ့သ၌အီဂျစ်အမျိုးသမီးဟာဂရ နှင့်ရသော အာဗြဟံ၏သားဣရှမေလသည် စာရာ၏သားဣဇာက်နှင့်အတူကစားလျက် ရှိသည်။-
9 Sara viu que o filho nascido a Abraão de Agar, a egípcia, escarnecia de seu filho Isaac,
10 ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။
10 e disse a Abraão: "Expulsa esta escrava com o seu filho, porque o filho desta escrava não será herdeiro com meu filho Isaac."
11 ဣရှမေလသည်မိမိ၏သားဖြစ်သောကြောင့် အာဗြဟံသည်ထိုစကားကိုကြားရလျှင် စိတ်မချမ်းမသာဖြစ်လေ၏။-
11 Isso desagradou muitíssimo a Abraão, por causa de seu filho Ismael.
12 သို့ရာတွင်ဘုရားသခင်က``ထိုသူငယ်နှင့် သင်၏ကျွန်မဟာဂရအတွက်စိတ်မချမ်း မသာမဖြစ်နှင့်။ ငါကတိထားသည့်အတိုင်း ဣဇာက်မှသင်၏အမျိုးအနွယ်ဆင်းသက်မည် ဖြစ်သောကြောင့် စာရာပြောသမျှအတိုင်း ဆောင်ရွက်လော့။-
12 Mas Deus disse-lhe: "Não te preocupes com o menino e com a tua escrava. Faze tudo o que Sara te pedir, pois é de Isaac que nascerá a posteridade que terá o teu nome.
13 ကျွန်မ၏သားသည်လည်းသင်၏သားဖြစ်သော ကြောင့်သူ၏အဆက်အနွယ်ကိုလည်းလူမျိုး ကြီးဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
13 Mas do filho da escrava também farei um grande povo, por ser de tua raça."
14 နောက်တစ်နေ့နံနက်စောစော၌အာဗြဟံသည် အစားအစာနှင့်ရေဘူးကိုဟာဂရအားပေး လေ၏။ သူငယ်ကိုလည်းကျွန်မ၏ပခုံးပေါ်တွင် တင်၍အိမ်မှထွက်ခွာသွားစေ၏။ ဟာဂရသည် လည်းအိမ်မှထွက်ခွာခဲ့ရာဗေရရှေဘဟုခေါ် သောတောကန္တာရသို့ရောက်လေ၏။-
14 No dia seguinte, pela manhã, Abraão tomou pão e um odre de água, e deu-os a Agar, colocando-os às suas costas, e despediu-a com seu filho. Ela partiu, errando pelo deserto de Bersabéia.
15 ရေဘူးတွင်ရေကုန်သောအခါသူသည် ကလေးကိုချုံအောက်၌ထားခဲ့ပြီးလျှင်၊-
15 Acabada a água do odre, deixou o menino sob um arbusto,
16 ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။
16 e foi assentar-se em frente, à distância de um tiro de flecha, "porque, dizia ela, não quero ver morrer o menino". Ela assentou-se, pois, em frente e pôs-se a chorar.
17 ဘုရားသခင်သည်သားငယ်ငိုသံကိုကြား တော်မူ၏။ ထိုကြောင့်ဘုရားသခင်၏ကောင်းကင် တမန်သည်ကောင်းကင်မှ``ဟာဂရ၊ သင်သည် အဘယ်ကြောင့်စိတ်ပူပန်ရသနည်း။ မစိုးရိမ် နှင့်။ ဘုရားသခင်သည်သား၏ငိုသံကိုကြား တော်မူပြီ။-
17 Deus ouviu a voz do menino, e o anjo de Deus chamou Agar, do céu, dizendo-lhe: "Que tens, Agar? Nada temas, porque Deus ouviu a voz do menino do lugar onde está.
18 ထလော့၊ သွား၍သူငယ်ကိုပိုက်ချီလော့။ ငါသည် သူ၏အဆက်အနွယ်ကိုလူမျိုးကြီးဖြစ်စေ မည်'' ဟုဆိုလေ၏။-
18 Levanta-te, toma o menino e tem-no pela mão, porque farei dele uma grande nação."
19 ထိုနောက်ဘုရားသခင်သည်ဟာဂရ၏မျက်စိ ကိုဖွင့်တော်မူသဖြင့်သူသည်ရေတွင်းကိုမြင်ရ လေ၏။ သူသည်သားရေဘူးတွင်ရေတွင်းမှရေ နှင့်ဖြည့်၍သားငယ်ကိုရေတိုက်လေသည်။-
19 Deus abriu-lhe os olhos, e ela viu um poço, onde foi encher o odre, e deu de beber ao menino.
20 ဘုရားသခင်သည်သူငယ်နှင့်အတူရှိတော် မူ၏။ သူငယ်သည်လည်းကြီးထွား၍ပါရန်ဟု ခေါ်သောတောကန္တာရ၌နေထိုင်သဖြင့်ကျင် လည်သောမုဆိုးဖြစ်လာသည်။-
20 Deus esteve com este menino. Ele cresceu, habitou no deserto e tornou-se um hábil flecheiro.
21 သူသည်ပါရန်တောကန္တာရတွင်နေ-ထိုင်လျက် သူ့မိခင်သည်သူ့အားအီဂျစ်အမျိုးသမီး တစ်ဦးနှင့်စုံဖက်ပေးလေ၏။
21 E habitou no deserto de Farã, e sua mãe tomou para ele uma mulher egípcia.
22 ထိုအချိန်အခါအဘိမလက်သည်သူ၏စစ်ဗိုလ် ချုပ်ဖိကောလနှင့်အတူအာဗြဟံထံသို့သွား ၍``သင်ဆောင်ရွက်သမျှတို့၌ဘုရားသခင်ပါ ရှိတော်မူ၏။-
22 Por aquele tempo, Abimelec, acompanhado de Ficol, general do seu exército, disse a Abraão: "Deus está contigo em tudo o que fazes.
23 သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။
23 Jura-me, pois, pelo nome de Deus, que não me enganarás, nem a mim, nem a meus filhos, nem aos meus descendentes, mas que usarás para comigo e com a terra onde habitas, da mesma benevolência que eu te tenho testemunhado."
24 အာဗြဟံကလည်း``ထိုအတိုင်းငါကတိ သစ္စာဆိုပါ၏'' ဟုဆို၏။
24 "Eu juro", respondeu Abraão.
25 အာဗြဟံသည်အဘိမလက်၏ကျွန်တို့က အတင်းအဋ္ဌမ္မသိမ်းယူသောရေတွင်းအကြောင်း ကိုအဘိမလက်အားတိုင်ကြားလေ၏။-
25 Mas Abraão queixou-se a Abimelec por causa de um poço que os seus homens lhe tinham tirado à força.
26 ထိုအခါအဘိမလက်က``မည်သူဤသို့ ပြုလုပ်သည်ဟူ၍ငါမသိရ။ သင်ကငါ့ကို ယခင်ကမပြောသဖြင့် ဤကိစ္စအကြောင်း ကိုယခုမှငါသိရသည်'' ဟုဆိုလေ၏။-
26 "Ignoro quem tenha feito isto, respondeu Abimelec; tu mesmo nunca me disseste nada a respeito, e só hoje estou ouvindo falar disso."
27 ထိုနောက်အာဗြဟံသည်အဘိမလက်အား သိုးနှင့်နွားတို့ကိုပေး၍သူတို့နှစ်ဦးကတိ သစ္စာပြုကြလေသည်။-
27 Abraão tomou então ovelhas e bois e deu-os a Abimelec, e fizeram aliança entre si.
28 တစ်ဖန်အာဗြဟံသည်သူ၏သိုးအုပ်မှသိုး ကလေးခုနစ်ကောင်ကိုခွဲထုတ်လေ၏။-
28 Abraão pôs à parte sete jovens ovelhas do rebanho.
29 အဘိမလက်က``သင်အဘယ်ကြောင့်ထိုသို့ ပြုလုပ်သနည်း'' ဟုမေး၏။
29 "Que significam, disse-lhe o rei, estas sete ovelhinhas que puseste à parte?
30 အာဗြဟံက``ဤရေတွင်းသည်ငါတူးသော ရေတွင်းဖြစ်သည်ဟုအသိအမှတ်ပြုသည့် အနေဖြင့် ဤသိုးကလေးခုနစ်ကောင်ကို လက်ခံပါ'' ဟုဖြေကြားလေသည်။-
30 "Aceitarás de minhas mãos estas sete ovelhinhas, respondeu Abraão, como testemunho de que fui eu que cavei este poço".
31 ထိုသို့သူတို့နှစ်ဦးသည်သစ္စာဆိုကြသည် ဖြစ်၍ ထိုအရပ်ကိုဗေရရှေဘဟုခေါ်တွင် ကြသည်။
31 Por isso deu-se àquele lugar o nome de Bersabéia; porque ambos ali tinham jurado.
32 ဗေရရှေဘအရပ်တွင်သူတို့ကတိသစ္စာ ဆိုပြီးသည့်နောက် အဘိမလက်နှင့်ဖိကော လတို့သည်ဖိလိတ္တိပြည်သို့ပြန်ကြလေ၏။-
32 Foi assim que fizeram aliança em Bersabéia. Depois disso, voltou Abimelec para a terra dos filisteus com Ficol, general do seu exército.
33 အာဗြဟံသည်ဗေရရှေဘအရပ်တွင်မန် ကျည်းတစ်ပင်ကိုစိုက်၍အစဉ်အမြဲတည် တော်မူသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားကိုတိုင်တည်၍ဝတ်ပြု ကိုးကွယ်လေ၏။-
33 Abraão plantou um tamariz em Bersabéia e invocou ali o nome do Senhor, Deus da eternidade.
34 ထိုနောက်အာဗြဟံသည်ဖိလိတ္တိပြည်တွင် ကြာမြင့်စွာနေထိုင်လေသည်။
34 Abraão habitou muito tempo na terra dos filisteus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.