Gênesis 21

Common Language Bible (MYA) vs BKJ

Sair da comparação
1 ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း စာ​ရာ​ကို​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊-
1 E o SENHOR visitou a Sara como ele dissera, e fez o SENHOR a Sara como ele tinha falado.
2 အာ​ဗြ​ဟံ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သည့်​အ​ခါ ၌ စာ​ရာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ကို​ဖွား​မြင် လေ​၏။ ဘု​ရား​သ​ခင်​သတ်​မှတ်​သော​အ​ချိန်​၌ ထို​သား​ကို​ဖွား​မြင်​၏။-
2 Pois Sara concebeu e gerou um filho a Abraão em sua velhice, no tempo estabelecido de que Deus lhe falara.
3 အာ​ဗြ​ဟံ​သည်​ထို​သား​ကို​ဣ​ဇာက်​ဟု​နာ​မည် မှည့်​၍၊-
3 E Abraão chamou o nome de seu filho que lhe nasceu, que Sara lhe concebeu, Isaque.
4 ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ရှစ်​ရက် သား​အ​ရွယ်​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို စီ​ရင်​လေ​သည်။-
4 E Abraão circuncidou seu filho Isaque, sendo ele de oito dias de idade, como Deus lhe ordenara.
5 ဣ​ဇာက်​ကို​ဖွား​မြင်​သော​အ​ခါ​အာ​ဗြ​ဟံ​သည် အ​သက်​တစ်​ရာ​ရှိ​ပြီ​ဖြစ်​၏။-
5 E Abraão era da idade de cem anos quando seu filho Isaque lhe nasceu.
6 စာ​ရာ​က​လည်း``ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရယ် စေ​တော်​မူ​ပြီ။ ဤ​သတင်း​ကို​ကြား​ရ​သော​သူ တိုင်း​ငါ​နှင့်​အ​တူ​ရယ်​လိမ့်​မည်'' ဟု​ဆို​လေ​၏။-
6 E Sara disse: Deus me fez rir, de modo que todos os que ouvirem rirão comigo.
7 စာ​ရာ​က​ဆက်​လက်​၍``စာ​ရာ​သည်​သား​ကို​နို့ တိုက်​မည်​ဟု​မည်​သူ​က​အာ​ဗြ​ဟံ​အား​ပြော​မည် နည်း။ ယ​ခု​မူ​ကား​အ​သက်​အ​ရွယ်​ကြီး​ရင့်​သော အ​ချိန်​၌​ငါ​သည်​သူ့​အ​တွက်​သား​ကို​ဖွား​ပြီ'' ဟု​ဆို​လေ​၏။
7 E ela disse: Quem teria dito a Abraão que Sara daria de mamar a filhos? Pois eu lhe dei um filho em sua velhice.
8 ထို​သူ​ငယ်​သည်​ကြီး​ထွား​လာ​၍​နို့​ခွဲ​သော​နေ့​၌ အာ​ဗြ​ဟံ​သည်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​လေ​၏။
8 E o menino cresceu, e foi desmamado. E Abraão fez um grande banquete no mesmo dia em que Isaque foi desmamado.
9 တစ်​နေ့​သ​၌​အီ​ဂျစ်​အ​မျိုး​သ​မီး​ဟာ​ဂ​ရ နှင့်​ရ​သော အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​သည် စာ​ရာ​၏​သား​ဣ​ဇာက်​နှင့်​အ​တူ​ကစား​လျက် ရှိ​သည်။-
9 E Sara viu o filho de Agar, a egípcia, que ela dera a Abraão, zombando.
10 ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​စာရာ​က``ဤ​ကျွန်​မ နှင့်​သူ​၏​သား​ကို​နှင်​ပစ်​ပါ။ ကျွန်​မ​၏​သား​ဣ​ဇာက် ဆက်​ခံ​ရ​မည့်​အ​မွေ​ဥစ္စာ​ကို​ဤ​ကျွန်​မ​၏​သား ပါ​ဝင်​ခံ​စား​ခွင့်​မ​ရှိ​ရ'' ဟု​အာ​ဗြ​ဟံ​အား ပြော​လေ​သည်။
10 Por isso ela disse a Abraão: Lança fora esta serva e seu filho, porque o filho dessa serva não será herdeiro com meu filho, com Isaque.
11 ဣ​ရှ​မေ​လ​သည်​မိ​မိ​၏​သား​ဖြစ်​သော​ကြောင့် အာ​ဗြ​ဟံ​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လေ​၏။-
11 E a coisa pareceu muito grave aos olhos de Abraão por causa de seu filho.
12 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သူ​ငယ်​နှင့် သင်​၏​ကျွန်​မ​ဟာ​ဂ​ရ​အ​တွက်​စိတ်​မ​ချမ်း မ​သာ​မ​ဖြစ်​နှင့်။ ငါ​က​တိ​ထား​သည့်​အ​တိုင်း ဣ​ဇာက်​မှ​သင်​၏​အ​မျိုး​အ​နွယ်​ဆင်း​သက်​မည် ဖြစ်​သော​ကြောင့် စာ​ရာ​ပြော​သ​မျှ​အ​တိုင်း ဆောင်​ရွက်​လော့။-
12 E Deus disse a Abraão: Não seja isso grave a tua vista por causa do rapaz, e por causa da tua serva. Em tudo que Sara disser, dá ouvidos à sua voz, porque em Isaque será chamada a tua semente.
13 ကျွန်​မ​၏​သား​သည်​လည်း​သင်​၏​သား​ဖြစ်​သော ကြောင့်​သူ​၏​အ​ဆက်​အ​နွယ်​ကို​လည်း​လူ​မျိုး ကြီး​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
13 E também do filho da serva eu farei uma nação, porque ele é tua semente.
14 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် အ​စား​အ​စာ​နှင့်​ရေ​ဘူး​ကို​ဟာ​ဂ​ရ​အား​ပေး လေ​၏။ သူ​ငယ်​ကို​လည်း​ကျွန်​မ​၏​ပ​ခုံး​ပေါ်​တွင် တင်​၍​အိမ်​မှ​ထွက်​ခွာ​သွား​စေ​၏။ ဟာ​ဂ​ရ​သည် လည်း​အိမ်​မှ​ထွက်​ခွာ​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ် သော​တော​ကန္တာ​ရ​သို့​ရောက်​လေ​၏။-
14 E Abraão se levantou cedo de manhã, e tomou pão, e um odre de água, e os deu a Agar, pondo-os sobre o seu ombro, e ao filho, e a despediu. E ela partiu, e peregrinou pelo deserto de Berseba.
15 ရေ​ဘူး​တွင်​ရေ​ကုန်​သော​အ​ခါ​သူ​သည် က​လေး​ကို​ချုံ​အောက်​၌​ထား​ခဲ့​ပြီး​လျှင်၊-
15 E a água do odre foi consumida, e ela colocou o filho debaixo de um dos arbustos.
16 ကိုက်​တစ်​ရာ​ခန့်​အ​ကွာ​သို့​သွား​၍​ထိုင်​၏။ သူ က``သူ​ငယ်​ရေ​ငတ်​၍​သေ​သည်​ကို​ငါ​မ​မြင်​လို'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​မ​သည်​ကျယ်​လောင်​စွာ ငို​လေ​၏။
16 E ela foi sentar-se em frente dele a boa distância, como a de um tiro de arco. Pois ela disse: Que eu não veja a morte da criança. E sentada em frente dele, levantou sua voz e chorou.
17 ဘု​ရား​သ​ခင်​သည်​သား​ငယ်​ငို​သံ​ကို​ကြား တော်​မူ​၏။ ထို​ကြောင့်​ဘု​ရား​သခင်​၏​ကောင်း​ကင် တ​မန်​သည်​ကောင်း​ကင်​မှ``ဟာ​ဂ​ရ၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ပူ​ပန်​ရ​သ​နည်း။ မ​စိုး​ရိမ် နှင့်။ ဘု​ရား​သ​ခင်​သည်​သား​၏​ငို​သံ​ကို​ကြား တော်​မူ​ပြီ။-
17 E Deus ouviu a voz do menino. E o anjo de Deus chamou Agar desde o céu, e lhe disse: Que te aflige, Agar? Não temas, pois Deus ouviu a voz do menino de onde ele está.
18 ထ​လော့၊ သွား​၍​သူ​ငယ်​ကို​ပိုက်​ချီ​လော့။ ငါ​သည် သူ​၏​အ​ဆက်​အ​နွယ်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ မည်'' ဟု​ဆို​လေ​၏။-
18 Ergue-te, levanta o menino nos teus braços, pois farei dele uma grande nação.
19 ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဟာ​ဂ​ရ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့်​သူ​သည်​ရေ​တွင်း​ကို​မြင်​ရ လေ​၏။ သူ​သည်​သား​ရေ​ဘူး​တွင်​ရေ​တွင်း​မှ​ရေ နှင့်​ဖြည့်​၍​သား​ငယ်​ကို​ရေ​တိုက်​လေ​သည်။-
19 E Deus abriu-lhe os olhos, e ela viu um poço de água. E foi, e encheu o odre com água, e deu de beber ao menino.
20 ဘု​ရား​သ​ခင်​သည်​သူ​ငယ်​နှင့်​အ​တူ​ရှိ​တော် မူ​၏။ သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​၌​နေ​ထိုင်​သ​ဖြင့်​ကျင် လည်​သော​မုဆိုး​ဖြစ်​လာ​သည်။-
20 E Deus estava com o menino, e ele cresceu e habitou no deserto, e se tornou um arqueiro.
21 သူ​သည်​ပါ​ရန်​တော​ကန္တာ​ရ​တွင်​နေ-ထိုင်​လျက် သူ့​မိ​ခင်​သည်​သူ့​အား​အီ​ဂျစ်​အ​မျိုး​သ​မီး တစ်​ဦး​နှင့်​စုံ​ဖက်​ပေး​လေ​၏။
21 E ele habitou no deserto de Parã; e sua mãe lhe tomou uma mulher da terra do Egito.
22 ထို​အ​ချိန်​အ​ခါ​အ​ဘိ​မ​လက်​သည်​သူ​၏​စစ်​ဗိုလ် ချုပ်​ဖိ​ကော​လ​နှင့်​အ​တူ​အာ​ဗြ​ဟံ​ထံ​သို့​သွား ၍``သင်​ဆောင်​ရွက်​သ​မျှ​တို့​၌​ဘု​ရား​သ​ခင်​ပါ ရှိ​တော်​မူ​၏။-
22 E aconteceu naquele tempo que Abimeleque e Ficol, capitão-chefe de seu exército, falou a Abraão, dizendo: Deus está contigo em tudo que tu fazes;
23 သို့​ဖြစ်​၍​သင်​သည်​ငါ့​ကို​သော်​လည်း​ကောင်း၊ ငါ ၏​သား​သမီး​နှင့်​အ​ဆက်​အ​နွယ်​များ​ကို​သော် လည်း​ကောင်း​မ​လှည့်​စား​ပါ​ဟူ​၍​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ဆို​ပါ​လော့။ ငါ​သည် သင့်​အား​သစ္စာ​စောင့်​သည့်​နည်း​တူ ငါ့​ကို​သော် လည်း​ကောင်း၊ သင်​မှီ​တင်း​နေ​ထိုင်​ရာ​ဤ​ပြည် ကို​သော်​လည်း​ကောင်း​သစ္စာ​စောင့်​ပါ​မည်​ဟူ​၍ က​တိ​ပြု​လော့'' ဟု​အာ​ဗြ​ဟံ​အား​ဆို​လေ​၏။
23 por isso, agora, jura a mim por Deus que não agirás falsamente comigo, nem com meu filho, nem com o filho de meu filho, mas, de acordo com a bondade que eu te fiz, tu farás comigo, e para com a terra na qual peregrinaste.
24 အာ​ဗြ​ဟံ​က​လည်း``ထို​အ​တိုင်း​ငါ​က​တိ သစ္စာ​ဆို​ပါ​၏'' ဟု​ဆို​၏။
24 E Abraão disse: Eu jurarei.
25 အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​၏​ကျွန်​တို့​က အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ​သော​ရေ​တွင်း​အ​ကြောင်း ကို​အ​ဘိ​မ​လက်​အား​တိုင်​ကြား​လေ​၏။-
25 E Abraão repreendeu Abimeleque por causa de um poço de água, que os servos de Abimeleque tinham tomado violentamente.
26 ထို​အ​ခါ​အ​ဘိ​မ​လက်​က``မည်​သူ​ဤ​သို့ ပြု​လုပ်​သည်​ဟူ​၍​ငါ​မ​သိ​ရ။ သင်​က​ငါ့​ကို ယ​ခင်​က​မ​ပြော​သ​ဖြင့် ဤ​ကိစ္စ​အ​ကြောင်း ကို​ယ​ခု​မှ​ငါ​သိ​ရ​သည်'' ဟု​ဆို​လေ​၏။-
26 E Abimeleque disse: Eu não sei quem fez isso, nem tampouco me contaste, nem ouvi a respeito disso, a não ser hoje.
27 ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အား သိုး​နှင့်​နွား​တို့​ကို​ပေး​၍​သူ​တို့​နှစ်​ဦး​က​တိ သစ္စာ​ပြု​ကြ​လေ​သည်။-
27 E Abraão tomou ovelhas e bois, e os deu a Abimeleque, e os dois fizeram um pacto.
28 တစ်​ဖန်​အာ​ဗြ​ဟံ​သည်​သူ​၏​သိုး​အုပ်​မှ​သိုး က​လေး​ခု​နစ်​ကောင်​ကို​ခွဲ​ထုတ်​လေ​၏။-
28 E Abraão pôs à parte sete cordeiras do rebanho.
29 အ​ဘိ​မ​လက်​က``သင်​အ​ဘယ်​ကြောင့်​ထို​သို့ ပြု​လုပ်​သ​နည်း'' ဟု​မေး​၏။
29 E Abimeleque disse a Abraão: O que significam essas sete cordeiras que puseste à parte?
30 အာ​ဗြ​ဟံ​က``ဤ​ရေ​တွင်း​သည်​ငါ​တူး​သော ရေ​တွင်း​ဖြစ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​သည့် အ​နေ​ဖြင့် ဤ​သိုး​က​လေး​ခု​နစ်​ကောင်​ကို လက်​ခံ​ပါ'' ဟု​ဖြေ​ကြား​လေ​သည်။-
30 E ele disse: Estas sete cordeiras tomarás da minha mão, para que sejam uma testemunha para mim de que eu cavei este poço.
31 ထို​သို့​သူ​တို့​နှစ်​ဦး​သည်​သစ္စာ​ဆို​ကြ​သည် ဖြစ်​၍ ထို​အ​ရပ်​ကို​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ်​တွင် ကြ​သည်။
31 Por isso, chamou aquele lugar Berseba, porque ambos juraram ali.
32 ဗေ​ရ​ရှေ​ဘ​အ​ရပ်​တွင်​သူ​တို့​က​တိ​သစ္စာ ဆို​ပြီး​သည့်​နောက် အ​ဘိ​မ​လက်​နှင့်​ဖိ​ကော လ​တို့​သည်​ဖိ​လိတ္တိ​ပြည်​သို့​ပြန်​ကြ​လေ​၏။-
32 Assim, eles fizeram um pacto em Berseba; então levantaram-se Abimeleque e Ficol, o capitão-chefe do seu exército, e eles retornaram à terra dos filisteus.
33 အာ​ဗြ​ဟံ​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​တွင်​မန် ကျည်း​တစ်​ပင်​ကို​စိုက်​၍​အ​စဉ်​အ​မြဲ​တည် တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ဝတ်​ပြု ကိုး​ကွယ်​လေ​၏။-
33 E Abraão plantou um bosque em Berseba, e invocou ali o nome do SENHOR, o Deus eterno.
34 ထို​နောက်​အာ​ဗြ​ဟံ​သည်​ဖိလိတ္တိ​ပြည်​တွင် ကြာ​မြင့်​စွာ​နေ​ထိုင်​လေ​သည်။
34 E Abraão peregrinou na terra dos filisteus muitos dias.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.