Gênesis 19

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထို​နေ့​ည​၌​ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် သော​ဒုံ​မြို့​သို့​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ လော​တ​သည်​မြို့​တံ​ခါး​ဝ​မှာ​ထိုင်​လျက်​ရှိ​၏။ ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင် သူ​သည်​ထ​၍​ခ​ရီး​ဦး​ကြို​ပြု​လေ​၏။ သူ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​လျက်၊-
1 Os dois anjos chegaram a Sodoma ao anoitecer, e Ló estava sentado à porta da cidade. Quando os avistou, levantou-se e foi recebê-los. Prostrou-se, rosto em terra,
2 အ​ကျွန်ုပ်​သည်​အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု​ပါ​ရ​စေ။ အ​ကျွန်ုပ်​အိမ်​သို့​ကြွ​တော်​မူ​ကြ​ပါ။ ခြေ​ကို​ဆေး​၍​ည​အိပ်​တည်း​ခို​ကြ​ပါ။ နံ​နက်​စော​စော​ထ​၍​ခ​ရီး​ဆက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​၏။
2 e disse: "Meus senhores, por favor, acompanhem-me à casa do seu servo. Lá poderão lavar os pés, passar a noite e, pela manhã, seguir caminho. Não, passaremos a noite na praça", responderam.
3 ဧည့်​သည်​နှစ်​ဦး​တို့​သည်​လော​တ​အ​ဖန်​တ​လဲ​လဲ​ခေါ်​ဖိတ်​ခြင်း​ကြောင့် သူ​၏​အိမ်​သို့​လိုက်​လာ​ကြ​၏။ လော​တ​သည်​သူ​၏​အ​စေ​ခံ​တို့​အား​မုန့်​ဖုတ်​စေ​၍ စား​ဖွယ်​ကောင်း​များ​ကို​ပြင်​ဆင်​စေ​၏။ ထို့​နောက်​ဧည့်​သည်​တို့​သည်​သုံး​ဆောင်​ကြ​၏။
3 Mas ele insistiu tanto com eles que, finalmente, o acompanharam e entraram em sua casa. Ló mandou preparar-lhes uma refeição e assar pão sem fermento, e eles comeram.
4 ဧည့်​သည်​များ​အိပ်​ရာ​မ​ဝင်​မီ​ယောကျာ်း​အ​ကြီး​အ​ငယ်​အ​ပါ​အ​ဝင် သော​ဒုံ​မြို့​သား​အ​ပေါင်း​တို့​သည်​လော​တ​၏​အိမ်​ကို​ဝိုင်း​ထား​ကြ​၏။-
4 Ainda não tinham ido deitar-se, quando todos os homens de toda parte da cidade de Sodoma, dos mais jovens aos mais velhos, cercaram a casa.
5 သူ​တို့​သည်​လော​တ​ကို​ဟစ်​ခေါ်​လျက်``သင့်​ထံ​၌​ဤ​ည​တည်း​ခို​ရန်​ရောက်​ရှိ​လာ​သူ​များ​အ​ဘယ်​မှာ​နည်း။ သူ​တို့​ကို​ထုတ်​ပေး​ပါ'' ဟု​တောင်း​ဆို​ကြ​လေ​သည်။ သော​ဒုံ​မြို့​သား​တို့​က ထို​ဧည့်​သည်​တို့​နှင့်​ကာ​မ​စပ်​ယှက်​လို​ကြ​၏။
5 Chamaram Ló e lhe disseram: "Onde estão os homens que vieram à sua casa esta noite? Traga-os para nós aqui fora para que tenhamos relações com eles".
6 လော​တ​က​အိမ်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​ကို​ပိတ်​လျက်၊-
6 Ló saiu da casa, fechou a porta atrás de si
7 အ​ဆွေ​တို့၊ ဤ​ကဲ့​သို့​ယုတ်​မာ​သော​အ​မှု​ကို​မ​ပြု​ရန် တောင်း​ပန်​ပါ​၏။-
7 e lhes disse: "Não, meus amigos! Não façam essa perversidade!
8 ကျွန်ုပ်​၌​အ​ပျို​စင်​သ​မီး​နှစ်​ယောက်​ရှိ​ပါ​၏။ ထို​သ​မီး​တို့​ကို​သင်​တို့​ပြု​လို​သ​မျှ​အ​တိုင်း​ပြု​နိုင်​ရန် ထုတ်​ပေး​ပါ​မည်။ ဤ​သူ​တို့​ကို​ကား​ချမ်း​သာ​ပေး​ကြ​ပါ။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဧည့်​သည်​ဖြစ်​၍ သူ​တို့​အား​စောင့်​ရှောက်​ရန်​အ​ကျွန်ုပ်​မှာ​တာ​ဝန်​ရှိ​ပါ​သည်'' ဟု​တောင်း​ပန်​လေ​၏။
8 Olhem, tenho duas filhas que ainda são virgens. Vou trazê-las para que vocês façam com elas o que bem entenderem. Mas não façam nada a estes homens, porque se acham debaixo da proteção do meu teto".
9 သို့​ရာ​တွင်​သူ​တို့​က``သင်​သည်​တစ်​ရပ်​တစ်​ကျေး​မှ​လာ​၍ ငါ​တို့​ကို​သြ​ဇာ​မ​ပေး​နှင့်။ ဖယ်​ပေး၊ မ​ဖယ်​ပေး​လျှင်​သူ​တို့​ခံ​ရ​သည်​ထက်​သင်​ပို​၍​ခံ​ရ​မည်'' ဟု​ဆို​လေ​သည်။ သူ​တို့​သည်​လော​တ​ကို​နောက်​သို့​ဖိ​တွန်း​လျက် အိမ်​တံ​ခါး​ကို​ချိုး​ဖျက်​ရန်​ရှေ့​သို့​တက်​လာ​ကြ​သည်။-
9 "Saia da frente! ", gritaram. E disseram: "Este homem chegou aqui como estrangeiro, e agora quer ser o juiz! Faremos a você pior do que a eles". Então empurraram Ló com violência e avançaram para arrombar a porta.
10 သို့​ရာ​တွင်​ဧည့်​သည်​နှစ်​ဦး​က​တံ​ခါး​ကို​ဖွင့်​လျက် လော​တ​ကို​အိမ်​ထဲ​သို့​ဆွဲ​သွင်း​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​လိုက်​ကြ​၏။-
10 Nisso, os dois visitantes agarraram Ló, puxaram-no para dentro e fecharam a porta.
11 ထို​နောက်​အ​ပြင်​ဘက်​၌​ရှိ​သော​သူ​အား​လုံး​တို့​ကို​မျက်​စိ​ကွယ်​စေ​ရန်​ဒဏ်​ခတ်​သ​ဖြင့် သူ​တို့​သည်​တံ​ခါး​ပေါက်​ကို​ရှာ​၍​မ​တွေ့​နိုင်​ကြ။
11 Depois feriram de cegueira os homens que estavam à porta da casa, dos mais jovens aos mais velhos, de maneira que não conseguiam encontrar a porta.
12 ဧည့်​သည်​နှစ်​ဦး​တို့​က``ငါ​တို့​သည်​ဤ​အ​ရပ်​ကို​ဖျက်​ဆီး​ပစ်​မည်​ဖြစ်​သော​ကြောင့် မြို့​ထဲ​တွင်​သင်​နှင့်​ဆိုင်​သော​သင်​၏​သား​သ​မီး၊ သ​မက်​နှင့်​အ​ခြား​ဆွေ​မျိုး​သား​ချင်း​များ​ရှိ​ကြ​လျှင်​ထွက်​ခွာ​သွား​ကြ​စေ။-
12 Os dois homens perguntaram a Ló: "Você tem mais alguém na cidade — genros, filhos ou filhas, ou qualquer outro parente? Tire-os daqui,
13 သော​ဒုံ​မြို့​သား​တို့​အား​ကြီး​လေး​သော​အ​ပြစ်​တင်​စွပ်​စွဲ​သံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​ရ​သ​ဖြင့် သော​ဒုံ​မြို့​ကို​ဖျက်​ဆီး​ပစ်​ရန် ငါ​တို့​ကို​စေ​လွှတ်​လိုက်​သည်'' ဟု​လော​တ​အား​ဆို​လေ​သည်။
13 porque estamos para destruir este lugar. As acusações feitas ao Senhor contra este povo são tantas que ele nos enviou para destruir a cidade".
14 ထို​အ​ခါ​လော​တ​သည် မိ​မိ​၏​သ​မက်​လောင်း​များ​ထံ​သို့​သွား​၍``ဤ​အ​ရပ်​မှ​အ​မြန်​ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​တော်​မူ​မည်'' ဟု​တိုက်​တွန်း​လေ​၏။ သို့​ရာ​တွင်​သ​မက်​လောင်း​တို့​သည် လော​တ​ကျီ​စား​ပြော​နေ​သည်​ဟု​ထင်​မှတ်​ကြ​လေ​သည်။
14 Então Ló foi falar com seus genros, os quais iam casar-se com suas filhas, e lhes disse: "Saiam imediatamente deste lugar, porque o Senhor está para destruir a cidade! " Mas eles pensaram que ele estava brincando.
15 နံ​နက်​အ​ချိန်​အ​ရုဏ်​တက်​အ​ချိန်​၌ ကောင်း​ကင်​တ​မန်​တို့​က​လော​တ​အား​အ​မြန်​ထွက်​သွား​ရန်​တိုက်​တွန်း​လေ​သည်။ သူ​တို့​က``မြို့​ကို​ဖျက်​ဆီး​သော​အ​ခါ​သင်​၏​မ​ယား​နှင့်​သ​မီး​နှစ်​ယောက်​အ​သက်​မ​ဆုံး​ရ​စေ​ရန် သူ​တို့​ကို​ခေါ်​၍​ယ​ခု​အ​မြန်​ထွက်​လော့'' ဟု​ဆို​၏။-
15 Ao raiar do dia, os anjos insistiam com Ló, dizendo: "Depressa! Leve daqui sua mulher e suas duas filhas, ou vocês também serão mortos quando a cidade for castigada".
16 သို့​သော်​လည်း​လော​တ​သည်​ဖင့်​နွဲ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​တို့​သည် သူ​နှင့်​သူ​၏​မ​ယား၊ သူ​၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ​၍ မြို့​ပြင်​သို့​ထုတ်​ကြ​၏။-
16 Tendo ele hesitado, os homens o agarraram pela mão, como também a mulher e as duas filhas, e os tiraram dali à força e os deixaram fora da cidade, porque o Senhor teve misericórdia deles.
17 ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က``အ​သက်​ဘေး​မှ​လွတ်​အောင်​ပြေး​ကြ​လော့။ နောက်​သို့​လှည့်​မ​ကြည့်​နှင့်။ ချိုင့်​ဝှမ်း​ထဲ​၌​မ​ရပ်​နား​နေ​နှင့်။ အ​သက်​ချမ်း​သာ​ရာ​ရ​ရန်​တောင်​ပေါ်​သို့​ပြေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။
17 Assim que os tiraram da cidade, um deles disse a Ló: "Fuja por amor à vida! Não olhe para trás e não pare em lugar nenhum da planície! Fuja para as montanhas, ou você será morto! "
18 လော​တ​က``ကိုယ်​တော်၊ အ​ကျွန်ုပ်​တို့​တောင်​ပေါ်​သို့​မ​ပြေး​ပါ​ရ​စေ​နှင့်။-
18 Ló, porém, lhes disse: "Não, meu senhor!
19 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​သ​ဖြင့် အ​သက်​ချမ်း​သာ​ရာ​ရ​ခဲ့​ပါ​ပြီ။ တောင်​များ​သည်​ခ​ရီး​ဝေး​လှ​ပါ​၏။ တောင်​ပေါ်​သို့​မ​ရောက်​မီ​ဘေး​သင့်​မည်​ဟု​စိုး​ရိမ်​ရ​ပါ​၏။-
19 Seu servo foi favorecido por sua benevolência, pois o senhor foi bondoso comigo, poupando-me a vida. Não posso fugir para as montanhas, se não esta calamidade cairá sobre mim, e morrerei.
20 ရှေ့​တွင်​မြို့​က​လေး​တစ်​မြို့​ရှိ​ပါ​သည်။ ထို​မြို့​သည်​နီး​သ​ဖြင့်​ရောက်​လွယ်​ပါ​သည်။ ထို​မြို့​သို့​ပြေး​ပါ​ရ​စေ။ မြို့​ငယ်​က​လေး​ဖြစ်​၍ အ​ကျွန်ုပ်​အ​တွက်​လုံ​ခြုံ​မှု​ရှိ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
20 Aqui perto há uma cidade pequena. Está tão próxima que dá para correr até lá. Deixe-me ir para lá! Mesmo sendo tão pequena, lá estarei a salvo".
21 ကောင်း​ကင်​တ​မန်​က``ကောင်း​ပြီ။ ထို​မြို့​ကို​ငါ​မ​ဖျက်​ဆီး။-
21 "Está bem", respondeu ele. "Também lhe atenderei esse pedido; não destruirei a cidade da qual você fala.
22 မြန်​မြန်​ပြေး​လော့။ ထို​မြို့​သို့​သင်​မ​ရောက်​မီ ငါ​သည်​သော​ဒုံ​မြို့​ကို​ဒဏ်​မ​စီ​ရင်​နိုင်'' ဟု​ဆို​လေ​၏။
22 Fuja depressa, porque nada poderei fazer enquanto você não chegar lá". Por isso a cidade foi chamada Zoar.
23 နေ​ထွက်​ချိန်​၌​ဇော​ရ​မြို့​သို့​လော​တ​ရောက်​ရှိ​လေ​၏။-
23 Quando Ló chegou a Zoar, o sol já havia nascido sobre a terra.
24 ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​များ​ပေါ်​သို့ ကန့်​မီး​မိုး​ကို​ရွာ​ချ​စေ​တော်​မူ​သ​ဖြင့်၊-
24 Então o Senhor, o próprio Senhor, fez chover do céu fogo e enxofre sobre Sodoma e Gomorra.
25 ထို​မြို့​များ​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ရှိ​လူ​တို့​နှင့်​အ​ပင်​တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​၏။-
25 Assim ele destruiu aquelas cidades e toda a planície, com todos os habitantes das cidades e a vegetação.
26 လော​တ​၏​မ​ယား​က​မူ​နောက်​သို့​လှည့်​ကြည့်​မိ​သ​ဖြင့် ဆား​တိုင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လေ​သည်။
26 Mas a mulher de Ló olhou para trás e se transformou numa coluna de sal.
27 နောက်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ရပ်​ခဲ့​ဖူး​သော​နေ​ရာ​သို့​အ​မြန်​သွား​လေ​၏။-
27 Na manhã seguinte, Abraão se levantou e voltou ao lugar onde tinha estado diante do Senhor.
28 သူ​သည်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​လှမ်း​ကြည့်​လိုက်​ရာ မီး​ဖို​ကြီး​တစ်​ခု​မှ​မီး​ခိုး​တက်​သ​ကဲ့​သို့ မြေ​ပြင်​မှ​အ​ခိုး​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။-
28 E olhou para Sodoma e Gomorra, para toda a planície, e viu uma densa fumaça subindo da terra, como fumaça de uma fornalha.
29 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လော​တ​နေ​ထိုင်​ရာ ချိုင့်​ဝှမ်း​ရှိ​မြို့​များ​ကို​ဖျက်​ဆီး​သော​အ​ခါ​၌ အာ​ဗြ​ဟံ​ကို​သ​တိ​ရ​တော်​မူ​၏။ လော​တ​ကို​လည်း​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​မြောက်​စေ​တော်​မူ​၏။
29 Quando Deus arrasou as cidades da planície, lembrou-se de Abraão e tirou Ló do meio da catástrofe que destruiu as cidades onde Ló vivia.
30 လော​တ​သည်​ဇော​ရ​မြို့​တွင်​မ​နေ​ထိုင်​ဝံ့​သ​ဖြင့် သ​မီး​နှစ်​ယောက်​တို့​နှင့်​အ​တူ​တောင်​ပေါ်​သို့​ပြောင်း​ရွှေ့​ပြီး​လျှင် လိုဏ်​ဂူ​တစ်​ခု​အ​တွင်း​၌​နေ​လေ​၏။-
30 Ló partiu de Zoar com suas duas filhas e passou a viver nas montanhas, porque tinha medo de permanecer em Zoar. Ele e suas duas filhas ficaram morando numa caverna.
31 သ​မီး​အ​ကြီး​က​သူ​၏​ညီ​မ​အား``ငါ​တို့​၏​အ​ဖ​လည်း​အို​ပြီ။ ငါ​တို့​မှ​အ​မျိုး​ဆက်​ကျန်​ရစ်​ခဲ့​စေ​ရန် ကမ္ဘာ​မှာ​ငါ​တို့​အား​ထိမ်း​မြား​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။-
31 Um dia, a filha mais velha disse à mais jovem: "Nosso pai já está velho, e não há homens nas redondezas que nos possuam, segundo o costume de toda a terra.
32 သို့​ဖြစ်​သော​ကြောင့်​ဖ​ခင်​ကို​စ​ပျစ်​ရည်​တိုက်​၍​မူး​ယစ်​စေ​ပြီး​လျှင် သူ​၏​အ​မျိုး​ဆက်​မ​ပြတ်​စေ​ရန်​သူ​နှင့်​အ​တူ​အိပ်​ကြ​စို့'' ဟု​ဆို​လေ​၏။-
32 Vamos dar vinho a nosso pai e então nos deitaremos com ele para preservar a linhagem de nosso pai".
33 ထို​ည​၌​သူ​တို့​သည်​ဖ​ခင်​အား​စ​ပျစ်​ရည်​တိုက်​၍ သ​မီး​အ​ကြီး​သည်​ဖ​ခင်​နှင့်​အိပ်​လေ​၏။ ဖ​ခင်​သည်​မူး​ယစ်​နေ​သ​ဖြင့် မိ​မိ​ပြု​သည့်​အ​မှု​ကို​မိ​မိ​မ​သိ​ချေ။
33 Naquela noite deram vinho ao pai, e a filha mais velha entrou e se deitou com ele. E ele não percebeu quando ela se deitou nem quando se levantou.
34 နောက်​တစ်​နေ့​၌​သ​မီး​အ​ကြီး​က​ညီ​မ​အား``ယ​မန်​နေ့​ည​က​ငါ​သည်​ဖ​ခင်​နှင့်​အိပ်​ပြီး​ပြီ။ ယ​နေ့​ည​တွင်​သူ့​အား​တစ်​ဖန်​မူး​ယစ်​စေ​၍ သင်​က​လည်း​ငါ​ကဲ့​သို့​သူ​နှင့်​ဝင်​၍​အိပ်​လော့။ သို့​မှ​သာ​လျှင်​ငါ​တို့​တစ်​ယောက်​စီ​၌ ဖ​ခင်​နှင့်​သား​သ​မီး​မျိုး​ဆက်​ရ​မည်'' ဟု​ဆို​လေ​၏။-
34 No dia seguinte a filha mais velha disse à mais nova: "Ontem à noite deitei-me com meu pai. Vamos dar-lhe vinho também esta noite, e você se deitará com ele, para que preservemos a linhagem de nosso pai".
35 ထို​ည​၌​လည်း​သူ​တို့​သည်​ဖ​ခင်​ကို​စ​ပျစ်​ရည်​တိုက်​၍​မူး​ယစ်​စေ​ပြီး​လျှင် သ​မီး​အ​ငယ်​သည်​သူ​နှင့်​အိပ်​လေ​၏။ ဖ​ခင်​လည်း​မူး​ယစ်​နေ​သ​ဖြင့် မိ​မိ​ပြု​သည့်​အ​မှု​ကို​မိ​မိ​မ​သိ​ချေ။-
35 Então, outra vez deram vinho ao pai naquela noite, e a mais nova foi e se deitou com ele. E ele não percebeu quando ela se deitou nem quando se levantou.
36 ထို​သို့​အား​ဖြင့်​လော​တ​၏​သ​မီး​နှစ်​ယောက်​တို့​သည် သူ​တို့​၏​ဖ​ခင်​နှင့်​သန္ဓေ​စွဲ​ကြ​လေ​သည်။-
36 Assim, as duas filhas de Ló engravidaram do próprio pai.
37 သ​မီး​အ​ကြီး​တွင်​သား​တစ်​ယောက်​ဖွား​မြင်​၍ မော​ဘ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​မော​ဘ​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​သ​တည်း။-
37 A mais velha teve um filho, e deu-lhe o nome de Moabe; este é o pai dos moabitas de hoje.
38 သ​မီး​အ​ငယ်​လည်း​သား​တစ်​ယောက်​ဖွား​မြင်​၍ ဗေ​နမ္မိ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​အမ္မုန်​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​သ​တည်း။
38 A mais nova também teve um filho, e deu-lhe o nome de Ben-Ami; este é o pai dos amonitas de hoje.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gênesis 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.