Gênesis 19
Common Language Bible (MYA) vs ARA
1 ထိုနေ့ည၌ကောင်းကင်တမန်နှစ်ပါးတို့သည် သောဒုံမြို့သို့ရောက်ရှိလာကြသောအခါ လောတသည်မြို့တံခါးဝမှာထိုင်လျက်ရှိ၏။ ကောင်းကင်တမန်တို့ကိုမြင်လျှင် သူသည်ထ၍ခရီးဦးကြိုပြုလေ၏။ သူသည်သူတို့ရှေ့တွင်ဦးညွှတ်လျက်၊-
1 Ao anoitecer, vieram os dois anjos a Sodoma, a cuja entrada estava Ló assentado; este, quando os viu, levantou-se e, indo ao seu encontro, prostrou-se, rosto em terra.
2 အကျွန်ုပ်သည်အရှင်တို့အားဧည့်ဝတ်ပြုပါရစေ။ အကျွန်ုပ်အိမ်သို့ကြွတော်မူကြပါ။ ခြေကိုဆေး၍ညအိပ်တည်းခိုကြပါ။ နံနက်စောစောထ၍ခရီးဆက်ကြပါ'' ဟုခေါ်ဖိတ်လေ၏။
2 E disse-lhes: Eis agora, meus senhores, vinde para a casa do vosso servo, pernoitai nela e lavai os pés; levantar-vos-eis de madrugada e seguireis o vosso caminho. Responderam eles: Não; passaremos a noite na praça.
3 ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
3 Instou-lhes muito, e foram e entraram em casa dele; deu-lhes um banquete, fez assar uns pães asmos, e eles comeram.
4 ဧည့်သည်များအိပ်ရာမဝင်မီယောကျာ်းအကြီးအငယ်အပါအဝင် သောဒုံမြို့သားအပေါင်းတို့သည်လောတ၏အိမ်ကိုဝိုင်းထားကြ၏။-
4 Mas, antes que se deitassem, os homens daquela cidade cercaram a casa, os homens de Sodoma, tanto os moços como os velhos, sim, todo o povo de todos os lados;
5 သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
5 e chamaram por Ló e lhe disseram: Onde estão os homens que, à noitinha, entraram em tua casa? Traze-os fora a nós para que abusemos deles.
6 လောတကအိမ်အပြင်သို့ထွက်၍ တံခါးကိုပိတ်လျက်၊-
6 Saiu-lhes, então, Ló à porta, fechou-a após si
7 အဆွေတို့၊ ဤကဲ့သို့ယုတ်မာသောအမှုကိုမပြုရန် တောင်းပန်ပါ၏။-
7 e lhes disse: Rogo-vos, meus irmãos, que não façais mal;
8 ကျွန်ုပ်၌အပျိုစင်သမီးနှစ်ယောက်ရှိပါ၏။ ထိုသမီးတို့ကိုသင်တို့ပြုလိုသမျှအတိုင်းပြုနိုင်ရန် ထုတ်ပေးပါမည်။ ဤသူတို့ကိုကားချမ်းသာပေးကြပါ။ သူတို့သည်အကျွန်ုပ်၏ဧည့်သည်ဖြစ်၍ သူတို့အားစောင့်ရှောက်ရန်အကျွန်ုပ်မှာတာဝန်ရှိပါသည်'' ဟုတောင်းပန်လေ၏။
8 tenho duas filhas, virgens, eu vo-las trarei; tratai-as como vos parecer, porém nada façais a estes homens, porquanto se acham sob a proteção de meu teto.
9 သို့ရာတွင်သူတို့က``သင်သည်တစ်ရပ်တစ်ကျေးမှလာ၍ ငါတို့ကိုသြဇာမပေးနှင့်။ ဖယ်ပေး၊ မဖယ်ပေးလျှင်သူတို့ခံရသည်ထက်သင်ပို၍ခံရမည်'' ဟုဆိုလေသည်။ သူတို့သည်လောတကိုနောက်သို့ဖိတွန်းလျက် အိမ်တံခါးကိုချိုးဖျက်ရန်ရှေ့သို့တက်လာကြသည်။-
9 Eles, porém, disseram: Retira-te daí. E acrescentaram: Só ele é estrangeiro, veio morar entre nós e pretende ser juiz em tudo? A ti, pois, faremos pior do que a eles. E arremessaram-se contra o homem, contra Ló, e se chegaram para arrombar a porta.
10 သို့ရာတွင်ဧည့်သည်နှစ်ဦးကတံခါးကိုဖွင့်လျက် လောတကိုအိမ်ထဲသို့ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်လိုက်ကြ၏။-
10 Porém os homens, estendendo a mão, fizeram entrar Ló e fecharam a porta;
11 ထိုနောက်အပြင်ဘက်၌ရှိသောသူအားလုံးတို့ကိုမျက်စိကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးပေါက်ကိုရှာ၍မတွေ့နိုင်ကြ။
11 e feriram de cegueira aos que estavam fora, desde o menor até ao maior, de modo que se cansaram à procura da porta.
12 ဧည့်သည်နှစ်ဦးတို့က``ငါတို့သည်ဤအရပ်ကိုဖျက်ဆီးပစ်မည်ဖြစ်သောကြောင့် မြို့ထဲတွင်သင်နှင့်ဆိုင်သောသင်၏သားသမီး၊ သမက်နှင့်အခြားဆွေမျိုးသားချင်းများရှိကြလျှင်ထွက်ခွာသွားကြစေ။-
12 Então, disseram os homens a Ló: Tens aqui alguém mais dos teus? Genro, e teus filhos, e tuas filhas, todos quantos tens na cidade, faze-os sair deste lugar;
13 သောဒုံမြို့သားတို့အားကြီးလေးသောအပြစ်တင်စွပ်စွဲသံများကိုထာဝရဘုရားကြားရသဖြင့် သောဒုံမြို့ကိုဖျက်ဆီးပစ်ရန် ငါတို့ကိုစေလွှတ်လိုက်သည်'' ဟုလောတအားဆိုလေသည်။
13 pois vamos destruir este lugar, porque o seu clamor se tem aumentado, chegando até à presença do Senhor ; e o Senhor nos enviou a destruí-lo.
14 ထိုအခါလောတသည် မိမိ၏သမက်လောင်းများထံသို့သွား၍``ဤအရပ်မှအမြန်ထွက်ကြလော့။ ထာဝရဘုရားသည်ဤမြို့ကိုဖျက်ဆီးတော်မူမည်'' ဟုတိုက်တွန်းလေ၏။ သို့ရာတွင်သမက်လောင်းတို့သည် လောတကျီစားပြောနေသည်ဟုထင်မှတ်ကြလေသည်။
14 Então, saiu Ló e falou a seus genros, aos que estavam para casar com suas filhas e disse: Levantai-vos, saí deste lugar, porque o Senhor há de destruir a cidade. Acharam, porém, que ele gracejava com eles.
15 နံနက်အချိန်အရုဏ်တက်အချိန်၌ ကောင်းကင်တမန်တို့ကလောတအားအမြန်ထွက်သွားရန်တိုက်တွန်းလေသည်။ သူတို့က``မြို့ကိုဖျက်ဆီးသောအခါသင်၏မယားနှင့်သမီးနှစ်ယောက်အသက်မဆုံးရစေရန် သူတို့ကိုခေါ်၍ယခုအမြန်ထွက်လော့'' ဟုဆို၏။-
15 Ao amanhecer, apertaram os anjos com Ló, dizendo: Levanta-te, toma tua mulher e tuas duas filhas, que aqui se encontram, para que não pereças no castigo da cidade.
16 သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
16 Como, porém, se demorasse, pegaram-no os homens pela mão, a ele, a sua mulher e as duas filhas, sendo-lhe o Senhor misericordioso, e o tiraram, e o puseram fora da cidade.
17 ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
17 Havendo-os levado fora, disse um deles: Livra-te, salva a tua vida; não olhes para trás, nem pares em toda a campina; foge para o monte, para que não pereças.
18 လောတက``ကိုယ်တော်၊ အကျွန်ုပ်တို့တောင်ပေါ်သို့မပြေးပါရစေနှင့်။-
18 Respondeu-lhes Ló: Assim não, Senhor meu!
19 ကိုယ်တော်သည်အကျွန်ုပ်အားကျေးဇူးပြုသဖြင့် အသက်ချမ်းသာရာရခဲ့ပါပြီ။ တောင်များသည်ခရီးဝေးလှပါ၏။ တောင်ပေါ်သို့မရောက်မီဘေးသင့်မည်ဟုစိုးရိမ်ရပါ၏။-
19 Eis que o teu servo achou mercê diante de ti, e engrandeceste a tua misericórdia que me mostraste, salvando-me a vida; não posso escapar no monte, pois receio que o mal me apanhe, e eu morra.
20 ရှေ့တွင်မြို့ကလေးတစ်မြို့ရှိပါသည်။ ထိုမြို့သည်နီးသဖြင့်ရောက်လွယ်ပါသည်။ ထိုမြို့သို့ပြေးပါရစေ။ မြို့ငယ်ကလေးဖြစ်၍ အကျွန်ုပ်အတွက်လုံခြုံမှုရှိပါမည်'' ဟုလျှောက်လေ၏။
20 Eis aí uma cidade perto para a qual eu posso fugir, e é pequena. Permite que eu fuja para lá (porventura, não é pequena?), e nela viverá a minha alma.
21 ကောင်းကင်တမန်က``ကောင်းပြီ။ ထိုမြို့ကိုငါမဖျက်ဆီး။-
21 Disse-lhe: Quanto a isso, estou de acordo, para não subverter a cidade de que acabas de falar.
22 မြန်မြန်ပြေးလော့။ ထိုမြို့သို့သင်မရောက်မီ ငါသည်သောဒုံမြို့ကိုဒဏ်မစီရင်နိုင်'' ဟုဆိုလေ၏။
22 Apressa-te, refugia-te nela; pois nada posso fazer, enquanto não tiveres chegado lá. Por isso, se chamou Zoar o nome da cidade.
23 နေထွက်ချိန်၌ဇောရမြို့သို့လောတရောက်ရှိလေ၏။-
23 Saía o sol sobre a terra, quando Ló entrou em Zoar.
24 ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
24 Então, fez o Senhor chover enxofre e fogo, da parte do Senhor , sobre Sodoma e Gomorra.
25 ထိုမြို့များနှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးရှိလူတို့နှင့်အပင်တို့ကိုသေကြေပျက်စီးစေတော်မူ၏။-
25 E subverteu aquelas cidades, e toda a campina, e todos os moradores das cidades, e o que nascia na terra.
26 လောတ၏မယားကမူနောက်သို့လှည့်ကြည့်မိသဖြင့် ဆားတိုင်အဖြစ်သို့ပြောင်းလဲသွားလေသည်။
26 E a mulher de Ló olhou para trás e converteu-se numa estátua de sal.
27 နောက်နေ့နံနက်စောစော၌အာဗြဟံသည် ထာဝရဘုရား၏ရှေ့တော်တွင်ရပ်ခဲ့ဖူးသောနေရာသို့အမြန်သွားလေ၏။-
27 Tendo-se levantado Abraão de madrugada, foi para o lugar onde estivera na presença do Senhor ;
28 သူသည်သောဒုံမြို့၊ ဂေါမောရမြို့နှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးကိုလှမ်းကြည့်လိုက်ရာ မီးဖိုကြီးတစ်ခုမှမီးခိုးတက်သကဲ့သို့ မြေပြင်မှအခိုးတက်လျက်ရှိသည်ကိုမြင်ရလေသည်။-
28 e olhou para Sodoma e Gomorra e para toda a terra da campina e viu que da terra subia fumaça, como a fumarada de uma fornalha.
29 သို့ရာတွင်ထာဝရဘုရားသည်လောတနေထိုင်ရာ ချိုင့်ဝှမ်းရှိမြို့များကိုဖျက်ဆီးသောအခါ၌ အာဗြဟံကိုသတိရတော်မူ၏။ လောတကိုလည်းပျက်စီးခြင်းဘေးမှလွတ်မြောက်စေတော်မူ၏။
29 Ao tempo que destruía as cidades da campina, lembrou-se Deus de Abraão e tirou a Ló do meio das ruínas, quando subverteu as cidades em que Ló habitara.
30 လောတသည်ဇောရမြို့တွင်မနေထိုင်ဝံ့သဖြင့် သမီးနှစ်ယောက်တို့နှင့်အတူတောင်ပေါ်သို့ပြောင်းရွှေ့ပြီးလျှင် လိုဏ်ဂူတစ်ခုအတွင်း၌နေလေ၏။-
30 Subiu Ló de Zoar e habitou no monte, ele e suas duas filhas, porque receavam permanecer em Zoar; e habitou numa caverna, e com ele as duas filhas.
31 သမီးအကြီးကသူ၏ညီမအား``ငါတို့၏အဖလည်းအိုပြီ။ ငါတို့မှအမျိုးဆက်ကျန်ရစ်ခဲ့စေရန် ကမ္ဘာမှာငါတို့အားထိမ်းမြားမည့်သူတစ်စုံတစ်ယောက်မျှမရှိ။-
31 Então, a primogênita disse à mais moça: Nosso pai está velho, e não há homem na terra que venha unir-se conosco, segundo o costume de toda terra.
32 သို့ဖြစ်သောကြောင့်ဖခင်ကိုစပျစ်ရည်တိုက်၍မူးယစ်စေပြီးလျှင် သူ၏အမျိုးဆက်မပြတ်စေရန်သူနှင့်အတူအိပ်ကြစို့'' ဟုဆိုလေ၏။-
32 Vem, façamo-lo beber vinho, deitemo-nos com ele e conservemos a descendência de nosso pai.
33 ထိုည၌သူတို့သည်ဖခင်အားစပျစ်ရည်တိုက်၍ သမီးအကြီးသည်ဖခင်နှင့်အိပ်လေ၏။ ဖခင်သည်မူးယစ်နေသဖြင့် မိမိပြုသည့်အမှုကိုမိမိမသိချေ။
33 Naquela noite, pois, deram a beber vinho a seu pai, e, entrando a primogênita, se deitou com ele, sem que ele o notasse, nem quando ela se deitou, nem quando se levantou.
34 နောက်တစ်နေ့၌သမီးအကြီးကညီမအား``ယမန်နေ့ညကငါသည်ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညတွင်သူ့အားတစ်ဖန်မူးယစ်စေ၍ သင်ကလည်းငါကဲ့သို့သူနှင့်ဝင်၍အိပ်လော့။ သို့မှသာလျှင်ငါတို့တစ်ယောက်စီ၌ ဖခင်နှင့်သားသမီးမျိုးဆက်ရမည်'' ဟုဆိုလေ၏။-
34 No dia seguinte, disse a primogênita à mais nova: Deitei-me, ontem, à noite, com o meu pai. Demos-lhe a beber vinho também esta noite; entra e deita-te com ele, para que preservemos a descendência de nosso pai.
35 ထိုည၌လည်းသူတို့သည်ဖခင်ကိုစပျစ်ရည်တိုက်၍မူးယစ်စေပြီးလျှင် သမီးအငယ်သည်သူနှင့်အိပ်လေ၏။ ဖခင်လည်းမူးယစ်နေသဖြင့် မိမိပြုသည့်အမှုကိုမိမိမသိချေ။-
35 De novo, pois, deram, aquela noite, a beber vinho a seu pai, e, entrando a mais nova, se deitou com ele, sem que ele o notasse, nem quando ela se deitou, nem quando se levantou.
36 ထိုသို့အားဖြင့်လောတ၏သမီးနှစ်ယောက်တို့သည် သူတို့၏ဖခင်နှင့်သန္ဓေစွဲကြလေသည်။-
36 E assim as duas filhas de Ló conceberam do próprio pai.
37 သမီးအကြီးတွင်သားတစ်ယောက်ဖွားမြင်၍ မောဘဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိမောဘလူမျိုးတို့၏ဖခင်ဖြစ်သတည်း။-
37 A primogênita deu à luz um filho e lhe chamou Moabe: é o pai dos moabitas, até ao dia de hoje.
38 သမီးအငယ်လည်းသားတစ်ယောက်ဖွားမြင်၍ ဗေနမ္မိဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိအမ္မုန်လူမျိုး၏ဖခင်ဖြစ်သတည်း။
38 A mais nova também deu à luz um filho e lhe chamou Ben-Ami: é o pai dos filhos de Amom, até ao dia de hoje.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gênesis 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.