Ezequiel 32
Common Language Bible (MYA) vs ACF
1 ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒွါဒသမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
1 E sucedeu que, no ano duodécimo, no duodécimo mês, ao primeiro do mês, veio a mim a palavra do SENHOR, dizendo:
2 ကိုယ်တော်က``အီဂျစ်ဘုရင်အားကြပ်တည်း စွာသတိပေးရမည်မှာသင်သည်လူမျိုး တကာတွင်ခြင်္သေ့ကဲ့သို့ပြုကျင့်တတ်သော် လည်း တဗွမ်းဗွမ်းဖြင့်မြစ်ထဲ၌လှုပ်ရှား သည့်မိချောင်းနှင့်ပို၍တူ၏။ သင်၏ခြေဖြင့် မြစ်ရေကိုနောက်ကျိစေရန်မွှေနှောက်၏။-
2 Filho do homem, levanta uma lamentação sobre Faraó, rei do Egito, e dize-lhe: Eras semelhante a um filho do leão entre as nações, mas tu és como uma baleia nos mares, e rompias os teus rios, e turbavas as águas com os teus pés, e pisavas os teus rios.
3 အရှင်ထာဝရဘုရားကလူမျိုးတကာ တို့တွေ့ဆုံစုဝေးကြသောအခါ ငါသည် သင့်အားပိုက်ကွန်ဖြင့်အုပ်၍ဖမ်းကာသူ တို့အားကမ်းသို့ဆွဲတင်စေမည်။-
3 Assim diz o Senhor DEUS: Portanto, estenderei sobre ti a minha rede com reunião de muitos povos, e te farão subir na minha rede.
4 ထိုနောက်ကုန်းပေါ်တွင်ချထားစေပြီး ကွင်း ပြင်ထဲသို့ဆွဲသွားမည်။ ကမ္ဘာပေါ်ရှိငှက် များနှင့်တိရစ္ဆာန်တို့၏အစာဖြစ်စေမည်။-
4 Então te deixarei em terra; sobre a face do campo te lançarei, e farei posar sobre ti todas as aves do céu, e fartarei de ti os animais de toda a terra.
5 သင်၏ပုပ်ပျက်နေသောအလောင်းဖြင့် တောင်များ၊ ချိုင့်ဝှမ်းများကိုငါဖုံးလွှမ်းမည်။-
5 E porei as tuas carnes sobre os montes, e encherei os vales da tua altura.
6 မြေကြီးကိုသင်၏သွေးနှင့်စိုစေမည်။ ထို သွေးသည်တောင်ထိပ်တိုင်အောင်စိုမည်။ မြစ် တို့သည်သင့်သွေးဖြင့်ပြည့်လျှံလိမ့်မည်။-
6 E regarei com o teu sangue a terra onde nadas, até aos montes; e os rios se encherão de ti.
7 သင့်အားသုတ်သင်ဖျက်ဆီးချိန်၌ငါသည် မိုးကောင်းကင်ကိုဖုံးအုပ်ကွယ်ကာ၍ ကြယ် တာရာများကိုကွယ်ပျောက်စေမည်။ နေကို မိုးတိမ်များဖုံးအုပ်လိမ့်မည်။ လသည် လည်းအလင်းရောင်ပေးလိမ့်မည်မဟုတ်။-
7 E, apagando-te eu, cobrirei os céus, e enegrecerei as suas estrelas; ao sol encobrirei com uma nuvem, e a lua não fará resplandecer a sua luz.
8 ငါသည်မိုးကောင်းကင်မှအလင်းအိမ်ရှိ သမျှကိုကွယ်ပျောက်စေ၍သင့်ပြည်၌ အမှောင်ကျစေမည်။ ဤကားငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
8 Todas as brilhantes luzes do céu enegrecerei sobre ti, e trarei trevas sobre a tua terra, diz o Senhor DEUS.
9 ``သင်အဘယ်အခါကမျှမကြားခဲ့ဘူး သည့်တိုင်းပြည်များသို့ သင်ပျက်စီးသည့် သတင်းကိုငါလွှင့်လိုက်သောအခါလူမျိုး တကာတို့သည်စိတ်ဒုက္ခရောက်ကြလိမ့်မည်။-
9 E afligirei os corações de muitos povos, quando eu levar a tua destruição entre as nações, às terras que não conheceste.
10 သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
10 E farei com que muitos povos fiquem pasmados de ti, e os seus reis tremam sobremaneira, quando eu brandir a minha espada ante os seus rostos; e estremecerão a cada momento, cada um pela sua vida, no dia da tua queda.
11 အရှင်ထာဝရဘုရားကအီဂျစ်ဘုရင် အား``သင်သည်ဗာဗုလုန်ဘုရင်၏ဋ္ဌားကို ရင်ဆိုင်ရလိမ့်မည်။-
11 Porque assim diz o Senhor DEUS: A espada do rei de babilônia virá sobre ti.
12 ငါသည်ရက်စက်သောလူမျိုးတို့၏စစ်သူရဲ တို့အားဋ္ဌားလက်နက်ကိုင်စွဲစေပြီးလျှင် သင် ၏ပြည်သားအပေါင်းကိုသတ်ဖြတ်စေမည်။ သင်၏လူအပေါင်းနှင့်သင်ဂုဏ်ယူဝါကြွား သမျှသောအရာတို့သည်ဖျက်ဆီးခြင်း ကိုခံရမည်။-
12 Farei cair a tua multidão pelas espadas dos poderosos, que são todos os mais terríveis das nações; e destruirão a soberba do Egito, e toda a sua multidão será destruída.
13 ငါသည်သင်၏တိရစ္ဆာန်များကိုသူတို့ရေ သောက်ရာအရပ်မှန်သမျှတို့တွင်သတ်ဖြတ် မည်။ ရေကိုနောက်စေမည့်လူနှင့်တိရစ္ဆာန်ရှိ တော့မည်မဟုတ်။-
13 E exterminarei todos os seus animais sobre as muitas águas; nem as turbará mais pé de homem, nem as turbarão unhas de animais.
14 ငါသည်သင်၏ရေတို့ကိုအနယ်ထိုင်၍ ကြည်လင်လာစေမည်။ သင်၏မြစ်များကို လည်းဆီကဲ့သို့ငြိမ်သက်စွာစီးစေမည်။ ဤ ကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။-
14 Então farei assentar as suas águas, e farei correr os seus rios como o azeite, diz o Senhor DEUS.
15 အီဂျစ်ပြည်ကိုလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်စေ၍ ဥစ္စာပစ္စည်းရှိသမျှကိုဖျက်ဆီး၍ ထိုပြည်တွင်နေထိုင်ကြသူလူအပေါင်း အား သုတ်သင်ဖျက်ဆီးပစ်သောအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။-
15 Quando eu tornar a terra do Egito em desolação, e ela for despojada da sua plenitude, e quando ferir a todos os que habitam nela, então saberão que eu sou o Senhor.
16 ဤသို့ကြပ်တည်းစွာငါသတိပေးသော စကားများသည်ငိုချင်းဖြစ်လာလိမ့်မည်။ အမျိုးသမီးတို့သည်အီဂျစ်ပြည်နှင့်ထို ပြည်သားအပေါင်းတို့အတွက်ငိုကြွေးမြည် တမ်းကာ ထိုငိုချင်းကိုသီဆိုကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့် တော်မူ၏။
16 Esta é a lamentação que se fará; que as filhas das nações farão; sobre o Egito e sobre toda a sua multidão, diz o Senhor DEUS.
17 ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ပထမလ၊ လဆန်းတစ်ဆယ့်ငါးရက် နေ့၌ထာဝရဘုရား၏နှုတ်ကပတ်တော် သည်ငါ့ထံသို့ရောက်လာ၏။-
17 E sucedeu que, no ano duodécimo, aos quinze do mês, veio a mim a palavra do Senhor, dizendo:
18 ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။
18 Filho do homem, pranteia sobre a multidão do Egito, e faze-a descer, a ela e às filhas das nações magníficas, às partes mais baixas da terra, juntamente com os que descem à cova.
19 သူတို့အားဆင့်ဆိုရမည်မှာ
19 A quem sobrepujas tu em formosura? Desce, e deita-te com os incircuncisos.
20 ``အီဂျစ်ပြည်သူတို့သည်စစ်ပွဲတွင်ကျဆုံး သူများနှင့်အတူ သေကြလိမ့်မည်။ အီဂျစ် ပြည်သူအပေါင်းတို့အားသုတ်သင်ပစ်၍ ဆွဲထုတ်သွားရန် ဋ္ဌားသည်အဆင်သင့်ရှိနေ၏။-
20 No meio daqueles que foram mortos à espada cairão; à espada ela está entregue; arrastai-a e a toda a sua multidão.
21 အပြောင်မြောက်ဆုံးသူရဲကောင်းများက အီဂျစ်ပြည်သားတို့နှင့်သူတို့ဘက်မှတိုက် ခိုက်သူများကို မရဏာနိုင်ငံမှကြိုဆို ကြလိမ့်မည်။ သူတို့က`စစ်ပွဲတွင်ကျဆုံးခဲ့ ကြသောအရေဖျားလှီးမင်္ဂလာမခံသူ တို့သည် ဤအရပ်သို့ဆင်းသက်ကာအိပ် ကြပြီ' ဟုအော်ဟစ်ကြ၏။''
21 Os mais poderosos dos fortes lhe falarão desde o meio do inferno, com os que a socorrem; desceram, jazeram com os incircuncisos mortos à espada.
22 ``အာရှုရိသည်မိမိစစ်သူရဲတို့၏သင်္ချိုင်း များခြံရံလျက်ထိုအရပ်တွင်ရှိ၏။ သူတို့ အားလုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများ ဖြစ်ကြ၏။-
22 Ali está Assur com toda a sua multidão; em redor dele estão os seus sepulcros; todos eles mortos, abatidos à espada.
23 သူတို့၏သင်္ချိုင်းများသည်မရဏာနိုင်ငံ ၏အနက်ရှိုင်းဆုံးအရပ်၌ရှိ၏။ အာရှုရိ စစ်သူရဲအားလုံးသည်စစ်ပွဲတွင်ကျဆုံး ၍သူတို့၏သင်္ချိုင်းများသည်အာရှုရိ၏ ဂူကိုဝိုင်းရံလျက်နေ၏။ သို့ရာတွင်အခါ တစ်ပါးကသူတို့သည်အသက်ရှင်သူတို့ ကိုတုန်လှုပ်ချောက်ချားစေခဲ့သူများဖြစ် သတည်း။
23 Os seus sepulcros foram postos nas extremidades da cova, e a sua multidão está em redor do seu sepulcro; todos eles mortos, abatidos à espada; os que tinham causado espanto na terra dos viventes.
24 ``ဧလံသည်မိမိစစ်သူရဲတို့၏သင်္ချိုင်းများ ခြံရံလျက် ထိုအရပ်တွင်ရှိ၏။ သူတို့အား လုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများဖြစ်၍ အရေဖျားလှီးမင်္ဂလာမခံဘဲမရဏာ နိုင်ငံသို့ဆင်းသက်သွားသူများဖြစ်ကြ၏။ အသက်ရှင်စဉ်အခါကသူတို့သည်သူ တစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင် ပြုခဲ့ကြသော်လည်းယခုအခါ၌မူ မရဏာနိုင်ငံသို့ဆင်းသက်သူများ နှင့်အတူအသရေပျက်၍သေရကြ လေပြီ။-
24 Ali está Elão com toda a sua multidão em redor do seu sepulcro; todos eles mortos, abatidos à espada; desceram incircuncisos às partes mais baixas da terra, causaram terror na terra dos viventes e levaram a sua vergonha com os que desceram à cova.
25 ဧလံသည်စစ်ပွဲတွင်ကျဆုံးသူများနှင့် အတူလဲ၍နေရ၏။ သူ၏ပတ်လည်၌စစ် သူရဲတို့၏သင်္ချိုင်းများရှိ၏။ ထိုသူတို့ အားလုံးပင်အရေဖျားလှီးမင်္ဂလာမခံသူ များနှင့်စစ်ပွဲတွင်ကျဆုံးသူများဖြစ် ကြ၏။ သူတို့သည်အသက်ရှင်စဉ်အခါ ကသူတစ်ပါးတို့အားတုန်လှုပ်ချောက် ချားအောင်ပြုခဲ့ကြသော်လည်း ယခု အခါ၌မူစစ်ပွဲတွင်ကျဆုံးသူတို့၏ ကံကြမ္မာကိုခံယူကာ မရဏာနိုင်ငံသို့ ဆင်းသက်သူများနှင့်အတူအသရေ ပျက်၍သေရကြလေပြီ။
25 No meio dos mortos lhe puseram uma cama, entre toda a sua multidão; ao redor dele estão os seus sepulcros; todos eles são incircuncisos, mortos à espada; porque causaram terror na terra dos viventes, e levaram a sua vergonha com os que desceram à cova; foi posto no meio dos mortos.
26 ``မေရှက်နှင့်တုဗလတို့သည်မိမိတို့၏ စစ်သူရဲသင်္ချိုင်းများခြံရံလျက်ထိုအရပ် တွင်ရှိကြ၏။ သူတို့အားလုံးသည်အရေဖျား လှီးမင်္ဂလာမခံဘဲစစ်ပွဲတွင်ကျဆုံးကြ၍ မရဏာနိုင်ငံသို့ဆင်းသက်ရကြ၏။ သို့ ရာတွင်သူတို့သည်အခါတစ်ပါးက အသက်ရှင်သူတို့ကိုထိတ်လန့်တုန်လှုပ် စေခဲ့သူများဖြစ်ကြ၏။-
26 Ali estão Meseque, Tubal e toda a sua multidão; ao redor deles estão os seus sepulcros; todos eles são incircuncisos, e mortos à espada, porquanto causaram terror na terra dos viventes.
27 သူတို့သည်လက်နက်အပြည့်အစုံကိုင်စွဲ လျက်မရဏာနိုင်ငံသို့ဆင်းသက်သူရှေး သူရဲကောင်းကြီးများကဲ့သို့ မိမိတို့၏ဋ္ဌား များကိုဦးခေါင်းအောက်တွင်လည်းကောင်း၊ ဒိုင်းလွှားများကိုရင်ပတ်ပေါ်တွင်လည်းကောင်း ထားရှိကာဂုဏ်ပြုသင်္ဂြိုဟ်ခြင်းကိုမခံရ ကြ။ သူတို့သည်အရေဖျားလှီးမင်္ဂလာမခံ သူအခြားကျဆုံးလေပြီးသော စစ်သူရဲ ကောင်းများနှင့်အတူလဲလျောင်းနေလေပြီ။ ဤသူရဲကောင်းများသည်အခါတစ်ပါး ကအသက်ရှင်သူတို့ကိုတုန်လှုပ်ချောက် ချားရန် ပြုလုပ်သည့်တန်ခိုးကြီးမားသူ များဖြစ်ခဲ့ကြ၏။
27 Porém não jazerão com os poderosos que caíram dos incircuncisos, os quais desceram ao inferno com as suas armas de guerra e puseram as suas espadas debaixo das suas cabeças; e a sua iniqüidade está sobre os seus ossos, porquanto eram o terror dos fortes na terra dos viventes.
28 ``အီဂျစ်ပြည်သားတို့သည်စစ်ပွဲတွင်ကျဆုံး ခဲ့သောအရေဖျားလှီးမင်္ဂလာမခံသူတို့နှင့် အတူ ချေမှုန်းခြင်းခံရကြမည်မှာဤနည်း အတိုင်းပင်ဖြစ်သတည်း။
28 Também tu serás quebrado no meio dos incircuncisos, e jazerás com os que foram mortos à espada.
29 ``ဧဒုံသည်လည်းမိမိ၏ဘုရင်များ၊ မင်းညီမင်း သားများနှင့်ထိုအရပ်တွင်ရှိ၏။ သူတို့သည်စွမ်း အားကြီးသည့်စစ်သူရဲများဖြစ်သော်လည်း စစ် ပွဲတွင်ကျဆုံးခဲ့သည့်အရေဖျားလှီးမင်္ဂလာ မခံသူတို့နှင့်အတူမရဏာနိုင်ငံတွင်လဲ လျက်နေရကြလေပြီ။
29 Ali está Edom, os seus reis e todos os seus príncipes, que com o seu poder foram postos com os que foram mortos à espada; estes jazem com os incircuncisos e com os que desceram à cova.
30 ``မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဇိဒုန်မြို့သားတို့သည်ထိုအရပ်တွင်ရှိကြ ၏။ အခါတစ်ပါးကသူတို့သည်မိမိတို့ ၏တန်ခိုးအာဏာဖြင့်သူတစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင်ပြုခဲ့ကြသော်လည်း ယခုအခါ၌စစ်ပွဲတွင်ကျဆုံးသူများ နှင့်အတူအသရေပျက်၍ သေကြပြီး လျှင်အရေဖျားလှီးမင်္ဂလာမခံရသူ များနှင့်အတူသေသူတို့ကမ္ဘာသို့ဆင်း သက်ကြရ၏။
30 Ali estão os príncipes do norte, todos eles, e todos os sidônios, que desceram com os mortos, envergonhados com o terror causado pelo seu poder; e jazem incircuncisos com os que foram mortos à espada, e levam a sua vergonha com os que desceram à cova.
31 ``အီဂျစ်ဘုရင်နှင့် သူ၏တပ်မတော်သည် စစ်ပွဲတွင်ကျဆုံးသော ထိုသူအပေါင်းကို တွေ့မြင်သောအခါမိမိတို့ကိုယ်ကိုနှစ် သိမ့်နိုင်ကြလိမ့်မည်'' ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
31 Faraó os verá, e se consolará com toda a sua multidão; sim, o próprio Faraó, e todo o seu exército, mortos à espada, diz o Senhor DEUS.
32 ``အီဂျစ်ဘုရင်သည်အသက်ရှင်သူတို့ကို တုန်လှုပ်ချောက်ချားအောင်ပြုခဲ့၏။ သို့ရာ တွင်သူနှင့်သူ၏စစ်သူရဲအပေါင်းတို့သည် သုတ်သင်ခြင်းကိုခံရ၏။ စစ်ပွဲတွင်ကျဆုံး ခဲ့သောအရေဖျားလှီးမင်္ဂလာမခံသူတို့ နှင့်အတူမြှုပ်နှံခြင်းကိုခံရလိမ့်မည်။'' ဤကားအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။
32 Porque também eu pus o meu espanto na terra dos viventes; por isso jazerá no meio dos incircuncisos, com os mortos à espada, Faraó e toda a sua multidão, diz o Senhor DEUS.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 32, comparar traduções ou montar um estudo — tudo direto pelo WhatsApp.