Ezequiel 32

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒွါ​ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
1 Sucedeu que, no ano duodécimo, no mês duodécimo, ao primeiro do mês, veio a mim a palavra do Senhor, dizendo:
2 ကိုယ်​တော်​က``အီ​ဂျစ်​ဘု​ရင်​အား​ကြပ်​တည်း စွာ​သ​တိ​ပေး​ရ​မည်​မှာ​သင်​သည်​လူ​မျိုး တ​ကာ​တွင်​ခြင်္သေ့​ကဲ့​သို့​ပြု​ကျင့်​တတ်​သော် လည်း တ​ဗွမ်း​ဗွမ်း​ဖြင့်​မြစ်​ထဲ​၌​လှုပ်​ရှား သည့်​မိ​ချောင်း​နှင့်​ပို​၍​တူ​၏။ သင်​၏​ခြေ​ဖြင့် မြစ်​ရေ​ကို​နောက်​ကျိ​စေ​ရန်​မွှေ​နှောက်​၏။-
2 Filho do homem, faze uma lamentação sobre Faraó, rei do Egito, e dize-lhe: Foste assemelhado a um leão novo entre as nações; contudo tu és como um dragão nos mares; pulavas nos teus rios e os sujavas, turvando com os pés as suas águas.
3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​လူ​မျိုး​တ​ကာ တို့​တွေ့​ဆုံ​စု​ဝေး​ကြ​သော​အ​ခါ ငါ​သည် သင့်​အား​ပိုက်​ကွန်​ဖြင့်​အုပ်​၍​ဖမ်း​ကာ​သူ တို့​အား​ကမ်း​သို့​ဆွဲ​တင်​စေ​မည်။-
3 Assim diz o Senhor Deus: Estenderei sobre ti a minha rede por meio duma companhia de muitos povos, e eles te alçarão na minha rede.
4 ထို​နောက်​ကုန်း​ပေါ်​တွင်​ချ​ထား​စေ​ပြီး ကွင်း ပြင်​ထဲ​သို့​ဆွဲ​သွား​မည်။ ကမ္ဘာ​ပေါ်​ရှိ​ငှက် များ​နှင့်​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ​မည်။-
4 Então te deixarei em terra; sobre a face do campo te lançarei, e farei pousar sobre ti todas as aves do céu, e fartarei de ti os animais de toda a terra.
5 သင်​၏​ပုပ်​ပျက်​နေ​သော​အ​လောင်း​ဖြင့် တောင်​များ၊ ချိုင့်​ဝှမ်း​များ​ကို​ငါ​ဖုံး​လွှမ်း​မည်။-
5 E porei as tuas carnes sobre os montes, e encherei os vales da tua altura.
6 မြေ​ကြီး​ကို​သင်​၏​သွေး​နှင့်​စို​စေ​မည်။ ထို သွေး​သည်​တောင်​ထိပ်​တိုင်​အောင်​စို​မည်။ မြစ် တို့​သည်​သင့်​သွေး​ဖြင့်​ပြည့်​လျှံ​လိမ့်​မည်။-
6 Também com o teu sangue regarei a terra onde nadas, até os montes; e as correntes se encherão de ti.
7 သင့်​အား​သုတ်​သင်​ဖျက်​ဆီး​ချိန်​၌​ငါ​သည် မိုး​ကောင်း​ကင်​ကို​ဖုံး​အုပ်​ကွယ်​ကာ​၍ ကြယ် တာ​ရာ​များ​ကို​ကွယ်​ပျောက်​စေ​မည်။ နေ​ကို မိုး​တိမ်​များ​ဖုံး​အုပ်​လိမ့်​မည်။ လ​သည် လည်း​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။-
7 E, apagando-te eu, cobrirei o céu, e enegrecerei as suas estrelas; ao sol encobrirei com uma nuvem, e a lua não dará a sua luz.
8 ငါ​သည်​မိုး​ကောင်း​ကင်​မှ​အ​လင်း​အိမ်​ရှိ သ​မျှ​ကို​ကွယ်​ပျောက်​စေ​၍​သင့်​ပြည်​၌ အ​မှောင်​ကျ​စေ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
8 Todas as brilhantes luzes do céu, eu as enegrecerei sobre ti, e trarei trevas sobre a tua terra, diz o Senhor Deus.
9 ``သင်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့​ဘူး သည့်​တိုင်း​ပြည်​များ​သို့ သင်​ပျက်​စီး​သည့် သ​တင်း​ကို​ငါ​လွှင့်​လိုက်​သော​အ​ခါ​လူ​မျိုး တ​ကာ​တို့​သည်​စိတ်​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။-
9 E afligirei o coração de muitos povos, quando eu levar a efeito a tua destruição entre as nações, até as terras que não conheceste.
10 သင့်​အား​ငါ​ပြု​သော​အ​မှု​ကြောင့်​သူ​တို့ သည်​အံ့​အား​သင့်​ကြ​လိမ့်​မည်။ ငါ​သည်​ဋ္ဌား ကို​ဝှေ့​ယမ်း​လိုက်​သော​အ​ခါ​ရှင်​ဘု​ရင် များ​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သင်​ပြို​လဲ​သော​နေ့​၌​သူ​တို့​အား​လုံး​ပင် မိ​မိ​တို့​၏​အ​သက်​အန္တ​ရာယ်​အ​တွက်​စိုး ရိမ်​ပူ​ပန်​ကာ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
10 Demais farei com que muitos povos fiquem pasmados a teu respeito, e os seus reis serão sobremaneira amedrontados, quando eu brandir a minha espada diante deles; e estremecerão a cada momento, cada qual pela sua vida, no dia da tua queda.
11 အ​ရှင်​ထာ​ဝရ​ဘု​ရား​က​အီ​ဂျစ်​ဘု​ရင် အား``သင်​သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ဋ္ဌား​ကို ရင်​ဆိုင်​ရ​လိမ့်​မည်။-
11 Pois assim diz o Senhor Deus: A espada do rei de Babilônia virá sobre ti.
12 ငါ​သည်​ရက်​စက်​သော​လူ​မျိုး​တို့​၏​စစ်​သူ​ရဲ တို့​အား​ဋ္ဌား​လက်​နက်​ကိုင်​စွဲ​စေ​ပြီး​လျှင် သင် ၏​ပြည်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​စေ​မည်။ သင်​၏​လူ​အ​ပေါင်း​နှင့်​သင်​ဂုဏ်​ယူ​ဝါ​ကြွား သ​မျှ​သော​အ​ရာ​တို့​သည်​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​မည်။-
12 Farei cair a tua multidão pelas espadas dos valentes; terríveis dentre as nações são todos eles; despojarão a soberba do Egito, e toda a sua multidão será destruída.
13 ငါ​သည်​သင်​၏​တိ​ရစ္ဆာန်​များ​ကို​သူ​တို့​ရေ သောက်​ရာ​အ​ရပ်​မှန်​သ​မျှ​တို့​တွင်​သတ်​ဖြတ် မည်။ ရေ​ကို​နောက်​စေ​မည့်​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ တော့​မည်​မ​ဟုတ်။-
13 Exterminarei também todos os seus animais de junto às muitas águas; não as turvará mais pé de homem, não as turvarão unhas de animais.
14 ငါ​သည်​သင်​၏​ရေ​တို့​ကို​အ​နယ်​ထိုင်​၍ ကြည်​လင်​လာ​စေ​မည်။ သင်​၏​မြစ်​များ​ကို လည်း​ဆီ​ကဲ့​သို့​ငြိမ်​သက်​စွာ​စီး​စေ​မည်။ ဤ ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။-
14 Então tornarei claras as suas águas, e farei correr os seus rios como o azeite, diz o Senhor Deus.
15 အီ​ဂျစ်​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​စေ​၍ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ ထို​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း အား သုတ်​သင်​ဖျက်​ဆီး​ပစ်​သော​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
15 Quando eu tornar desolada a terra do Egito, e ela for despojada da sua plenitude, e quando eu ferir a todos os que nela habitarem, então saberão que eu sou o Senhor.
16 ဤ​သို့​ကြပ်​တည်း​စွာ​ငါ​သ​တိ​ပေး​သော စ​ကား​များ​သည်​ငို​ချင်း​ဖြစ်​လာ​လိမ့်​မည်။ အ​မျိုး​သ​မီး​တို့​သည်​အီ​ဂျစ်​ပြည်​နှင့်​ထို ပြည်​သား​အ​ပေါင်း​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကာ ထို​ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
16 Esta é a lamentação que se fará; que as filhas das nações farão sobre o Egito e sobre toda a sua multidão, diz o Senhor Deus.
17 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​ငါး​ရက် နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
17 Também sucedeu que, no ano duodécimo, aos quinze do mês, veio a mim a palavra do Senhor, dizendo:
18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ပြည်​မှ မြောက်​မြား​စွာ​သော​လူ​အ​ပေါင်း​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လော့။ သူ​မ​ကို​အ​ခြား​တန် ခိုး​ကြီး​သူ​လူ​မျိုး​များ​၏​သ​မီး​ပျို​များ နှင့်​အ​တူ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​လော့။
18 Filho do homem, pranteia sobre a multidão do Egito, e faze-a descer, a ela e às filhas das nações majestosas, até as partes inferiores da terra, juntamente com os que descem à cova.
19 သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ
19 A quem sobrepujas tu em beleza? Desce, e deita-te com os incircuncisos.
20 ``အီ​ဂျစ်​ပြည်​သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး သူ​များ​နှင့်​အ​တူ သေ​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​သူ​အ​ပေါင်း​တို့​အား​သုတ်​သင်​ပစ်​၍ ဆွဲ​ထုတ်​သွား​ရန် ဋ္ဌား​သည်​အ​ဆင်​သင့်​ရှိ​နေ​၏။-
20 No meio daqueles que foram mortos à espada eles cairão; à espada ela está entregue; arrastai-a e a toda a sua multidão.
21 အ​ပြောင်​မြောက်​ဆုံး​သူ​ရဲ​ကောင်း​များ​က အီ​ဂျစ်​ပြည်​သား​တို့​နှင့်​သူ​တို့​ဘက်​မှ​တိုက် ခိုက်​သူ​များ​ကို မ​ရ​ဏာ​နိုင်​ငံ​မှ​ကြို​ဆို ကြ​လိမ့်​မည်။ သူ​တို့​က`စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့ ကြ​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ တို့​သည် ဤ​အ​ရပ်​သို့​ဆင်း​သက်​ကာ​အိပ် ကြ​ပြီ' ဟု​အော်​ဟစ်​ကြ​၏။''
21 Os poderosos entre os valentes lhe falarão desde o meio do Seol, com os que o socorrem; já desceram, jazem quietos os incircuncisos, mortos a espada.
22 ``အာ​ရှု​ရိ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း များ​ခြံ​ရံ​လျက်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့ အား​လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ ဖြစ်​ကြ​၏။-
22 Ali está Assur com toda a sua companhia. Em redor dele estão os seus sepulcros; todos eles foram mortos, caíram à espada.
23 သူ​တို့​၏​သင်္ချိုင်း​များ​သည်​မ​ရ​ဏာ​နိုင်​ငံ ၏​အ​နက်​ရှိုင်း​ဆုံး​အ​ရပ်​၌​ရှိ​၏။ အာ​ရှု​ရိ စစ်​သူ​ရဲ​အား​လုံး​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ၍​သူ​တို့​၏​သင်္ချိုင်း​များ​သည်​အာ​ရှု​ရိ​၏ ဂူ​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ သို့​ရာ​တွင်​အ​ခါ တစ်​ပါး​က​သူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကို​တုန်​လှုပ်​ချောက်​ချား​စေ​ခဲ့​သူ​များ​ဖြစ် သ​တည်း။
23 Os seus sepulcros foram postos no mais interior da cova, e a sua companhia está em redor do seu sepulcro; foram mortos, caíram à espada todos esses que tinham causado espanto na terra dos viventes.
24 ``ဧ​လံ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း​များ ခြံ​ရံ​လျက် ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​အား လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ​ဖြစ်​၍ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​မ​ရ​ဏာ နိုင်​ငံ​သို့​ဆင်း​သက်​သွား​သူ​များ​ဖြစ်​ကြ​၏။ အ​သက်​ရှင်​စဉ်​အ​ခါ​က​သူ​တို့​သည်​သူ တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင် ပြု​ခဲ့​ကြ​သော်​လည်း​ယ​ခု​အ​ခါ​၌​မူ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍​သေ​ရ​ကြ လေ​ပြီ။-
24 Ali está Elão com toda a sua multidão em redor do seu sepulcro; foram mortos, cairam a espada, e desceram incircuncisos às partes inferiores da terra, todos esses que causaram terror na terra dos viventes; e levaram a sua vergonha juntamente com os que descem à cova.
25 ဧ​လံ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​နှင့် အ​တူ​လဲ​၍​နေ​ရ​၏။ သူ​၏​ပတ်​လည်​၌​စစ် သူ​ရဲ​တို့​၏​သင်္ချိုင်း​များ​ရှိ​၏။ ထို​သူ​တို့ အား​လုံး​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​သူ များ​နှင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​အ​သက်​ရှင်​စဉ်​အ​ခါ က​သူ​တစ်​ပါး​တို့​အား​တုန်​လှုပ်​ချောက် ချား​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​မူ​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ ကံ​ကြမ္မာ​ကို​ခံ​ယူ​ကာ မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​သူ​များ​နှင့်​အ​တူ​အ​သ​ရေ ပျက်​၍​သေ​ရ​ကြ​လေ​ပြီ။
25 No meio dos mortos lhe puseram a cama entre toda a sua multidão; ao redor dele estão os seus sepulcros; todos esses incircuncisos foram mortos à espada; porque causaram terror na terra dos viventes; e levaram a sua vergonha com os que descem à cova. Está posto no meio dos mortos.
26 ``မေ​ရှက်​နှင့်​တု​ဗ​လ​တို့​သည်​မိ​မိ​တို့​၏ စစ်​သူ​ရဲ​သင်္ချိုင်း​များ​ခြံ​ရံ​လျက်​ထို​အ​ရပ် တွင်​ရှိ​ကြ​၏။ သူ​တို့​အား​လုံး​သည်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​ရ​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​သူ​တို့​ကို​ထိတ်​လန့်​တုန်​လှုပ် စေ​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-
26 Ali estão Meseque, Tubal e toda a sua multidão; ao redor deles estão os seus sepulcros; todos esses incircuncisos foram mortos à espada; porque causaram terror na terra dos viventes.
27 သူ​တို့​သည်​လက်​နက်​အ​ပြည့်​အ​စုံ​ကိုင်​စွဲ လျက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​ရှေး သူ​ရဲ​ကောင်း​ကြီး​များ​ကဲ့​သို့ မိ​မိ​တို့​၏​ဋ္ဌား များ​ကို​ဦး​ခေါင်း​အောက်​တွင်​လည်း​ကောင်း၊ ဒိုင်း​လွှား​များ​ကို​ရင်​ပတ်​ပေါ်​တွင်​လည်း​ကောင်း ထား​ရှိ​ကာ​ဂုဏ်​ပြု​သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ ကြ။ သူ​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ သူ​အ​ခြား​ကျ​ဆုံး​လေ​ပြီး​သော စစ်​သူ​ရဲ ကောင်း​များ​နှင့်​အ​တူ​လဲ​လျောင်း​နေ​လေ​ပြီ။ ဤ​သူ​ရဲ​ကောင်း​များ​သည်​အ​ခါ​တစ်​ပါး က​အ​သက်​ရှင်​သူ​တို့​ကို​တုန်​လှုပ်​ချောက် ချား​ရန် ပြု​လုပ်​သည့်​တန်​ခိုး​ကြီး​မား​သူ များ​ဖြစ်​ခဲ့​ကြ​၏။
27 E não jazem com os valentes que dentre os incircuncisos caíram, os quais desceram ao Seol com as suas armas de guerra e puseram as suas espadas debaixo das suas cabeças, tendo os seus escudos sobre os seus ossos; porque eram o terror dos poderosos na terra dos viventes.
28 ``အီ​ဂျစ်​ပြည်​သား​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့​နှင့် အ​တူ ချေ​မှုန်း​ခြင်း​ခံ​ရ​ကြ​မည်​မှာ​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​သ​တည်း။
28 Mas tu serás quebrado no meio dos incircuncisos, e jazerás com os que foram mortos a espada.
29 ``ဧ​ဒုံ​သည်​လည်း​မိ​မိ​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း သား​များ​နှင့်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​သည်​စွမ်း အား​ကြီး​သည့်​စစ်​သူ​ရဲ​များ​ဖြစ်​သော်​လည်း စစ် ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​တွင်​လဲ လျက်​နေ​ရ​ကြ​လေ​ပြီ။
29 Ali está Edom, os seus reis e todos os seus príncipes, que no seu poder foram postos com os que foram mortos à espada; estes jazerão com os incircuncisos e com os que descem a cova.
30 ``မြောက်​အ​ရပ်​မှ​မင်း​ညီ​မင်း​သား​များ​နှင့် ဇိ​ဒုန်​မြို့​သား​တို့​သည်​ထို​အ​ရပ်​တွင်​ရှိ​ကြ ၏။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မိ​မိ​တို့ ၏​တန်​ခိုး​အာ​ဏာ​ဖြင့်​သူ​တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု​အ​ခါ​၌​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍ သေ​ကြ​ပြီး လျှင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သူ များ​နှင့်​အ​တူ​သေ​သူ​တို့​ကမ္ဘာ​သို့​ဆင်း သက်​ကြ​ရ​၏။
30 Ali estão os príncipes do norte, todos eles, e todos os sidônios, que desceram com os mortos; envergonhados são pelo terror causado pelo seu poder; jazem incircuncisos com os que foram mortos à espada, e levam a sua vergonha com os que descem à cova.
31 ``အီ​ဂျစ်​ဘု​ရင်​နှင့် သူ​၏​တပ်​မ​တော်​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သော ထို​သူ​အ​ပေါင်း​ကို တွေ့​မြင်​သော​အ​ခါ​မိ​မိ​တို့​ကိုယ်​ကို​နှစ် သိမ့်​နိုင်​ကြ​လိမ့်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။
31 Faraó os verá, e se consolará sobre toda a sua multidão; sim, o próprio Faraó, e todo o seu exército, traspassados à espada, diz o Senhor Deus.
32 ``အီ​ဂျစ်​ဘု​ရင်​သည်​အ​သက်​ရှင်​သူ​တို့​ကို တုန်​လှုပ်​ချောက်​ချား​အောင်​ပြု​ခဲ့​၏။ သို့​ရာ တွင်​သူ​နှင့်​သူ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် သုတ်​သင်​ခြင်း​ကို​ခံ​ရ​၏။ စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့ နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။'' ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။
32 Pois também eu pus o terror dele na terra dos viventes; pelo que jazerá no meio dos incircuncisos, com os mortos à espada, o próprio Faraó e toda a sua multidão, diz o Senhor Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ezequiel 32, comparar traduções ou montar um estudo — tudo direto pelo WhatsApp.