Ezequiel 1
Common Language Bible (MYA) vs VC
1 သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
1 No trigésimo ano, no quinto dia do quarto mês, quando me encontrava entre os deportados, às margens do rio Cobar, abriram-se os céus e contemplei visões divinas.
2 (ထိုနှစ်ကားယေခေါနိမင်းပြည်နှင်ဒဏ်သင့်ချိန်ငါးနှစ်မြောက်ဖြစ်သတည်း။-)
2 No quinto dia do mês - era o quinto ano de cativeiro do rei Joaquin -
3 ဗာဗုလုန်ပြည်ခေဗာမြစ်အနီးတွင် ဗုဇိ၏သားယဇ်ပုရောဟိတ်ဖြစ်သူယေဇကျေလသည် ဘုရားသခင်မိန့်တော်မူသံကိုကြားရ၍တန်ခိုးတော်သည်သူ့အပေါ်သို့သက်ရောက်၏။
3 foi a palavra do Senhor dirigida ao sacerdote Ezequiel, filho de Buzi, na Caldéia, às margens do rio Cobar. Nesse lugar veio a mão do Senhor sobre mim.
4 ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။-
4 Tive então uma visão: soprava do lado norte um vento impetuoso, uma espessa nuvem com um feixe de fogo resplandecente, e, no centro, saído do meio do fogo, algo que possuía um brilho vermelho.
5 မီးတောက်၏အလယ်ဗဟိုတွင် သတ္တဝါလေးဦးနှင့်တူသောပုံသဏ္ဌာန်များကိုငါမြင်ရ၏။ သူတို့သည်လူ၏အသွင်ကိုဆောင်၏။-
5 Distinguia-se no centro a imagem de quatro seres que aparentavam possuir forma humana.
6 သို့ရာတွင်သူတို့၌မျက်နှာလေးခုနှင့်တောင်ပံလေးခုစီရှိ၏။-
6 Cada um tinha quatro faces e quatro asas.
7 သူတို့၏ခြေတို့သည်ဖြောင့်တန်းလျက်နေသော်လည်း ယင်းတို့တွင်နွားခွာနှင့်တူသောခွာများရှိ၏။ ထိုသတ္တဝါတို့သည်တိုက်ချွတ်ထားသောကြေးဝါကဲ့သို့တောက်ပြောင်လျက်နေ၏။-
7 Suas pernas eram direitas e as plantas de seus pés se assemelhavam às do touro, e cintilavam como bronze polido.
8 သူတို့တွင်မျက်နှာလေးခုနှင့်တောင်ပံလေးခုအပြင် တောင်ပံတစ်ခုစီ၏အောက်၌လူလက်ရှိ၏။-
8 De seus quatro lados mãos humanas saíam por debaixo de suas asas. Todos os quatro possuíam rostos, e asas.
9 ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးထိအောင်တောင်ပံနှစ်ခုစီကိုဖြန့်လျက် ရှေ့တူရူသို့အသီးသီးမျက်နှာမူလျက်နေကြ၏။ သူတို့သည်မိမိတို့၏ကိုယ်ကိုမလှည့်ဘဲအစုလိုက်သွားလာကြ၏။
9 Suas asas tocavam uma na outra. Quando se locomoviam, não se voltavam: cada um andava para a frente.
10 ထိုသတ္တဝါတစ်ပါးစီ၌ရှိသောမျက်နှာလေးခုတို့သည် တစ်ခုနှင့်တစ်ခုမတူကြ။ ရှေ့ဘက်တွင်လူမျက်နှာ၊ လက်ယာဘက်တွင်ခြင်္သေ့မျက်နှာ၊ လက်ဝဲဘက်တွင်နွားမျက်နှာ၊ နောက်ဘက်တွင်လင်းယုန်မျက်နှာရှိ၏။-
10 Quanto ao aspecto de seus rostos tinham todos eles figura humana, todos os quatro uma face de leão pela direita, todos os quatro uma face de touro pela esquerda, e todos os quatro uma face de águia.
11 ထိုသတ္တဝါတို့သည်တစ်ပါးနှင့်တစ်ပါးအတောင်ဖျားချင်းထိအောင် တောင်ပံနှစ်ခုစီဖြန့်၍ထားပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။-
11 Eis o que havia no tocante as suas faces. Suas asas estendiam-se para o alto; cada qual tinha duas asas que tocavam às dos outros, e duas que lhe cobriam o corpo.
12 သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူတို့သည်အစုလိုက်မိမိတို့လိုရာအရပ်သို့မလှည့်ဘဲသွားနိုင်ကြ၏။
12 Cada qual caminhava para a frente: iam para o lado aonde os impelia o espírito; não se voltavam quando iam andando.
13 ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေသောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှမီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များထွက်ပေါ်လာ၏။-
13 No meio desses seres, divisava-se algo parecido com brasas incandescentes, como tochas que circulavam entre eles; e desse fogo que projetava uma luz deslumbrante, saíam relâmpagos.
14 သတ္တဝါများကိုယ်တိုင်ပင်လျှင်လျှပ်စစ်သဖွယ် လျင်မြန်စွာသွားလာကြ၏။
14 Os seres ziguezagueavam como o raio.
15 ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါလေးပါးကိုကြည့်၍နေစဉ် သူတို့အသီးသီး၏အနီးတွင်မြေနှင့်ထိ၍နေသောရထားဘီးတစ်ခုစီရှိ၍နေသည်ကိုမြင်ရ၏။-
15 Ora, enquanto contemplava esses seres vivos, divisei uma roda sobre a terra ao lado de cada um dos quatro.
16 ထိုဘီးအားလုံးသည်ကျောက်မျက်ရတနာကဲ့သို့ တောက်ပလျက်တစ်ခုနှင့်တစ်ခုတူကြ၏။ ဘီးတိုင်းတွင်အလယ်မှထောင့်မှန်ကန့်လန့်ဖြတ်၍နေသောဘီးတစ်ခုရှိ၏။-
16 O aspecto e a estrutura dessas rodas eram os de uma gema de Társis. Todas as quatro se assemelhavam, e pareciam construídas uma dentro da outra.
17 သို့ဖြစ်၍ထိုဘီးတို့သည်မလှည့်ဘဲအရပ်လေးမျက်နှာသို့ သတ္တဝါလေးပါးသွားလာသည့်အတိုင်းသွားနိုင်ကြ၏။-
17 Podiam deslocar-se em quatro direções, sem retornar em seus movimentos.
18 ဘီးခွေတို့သည်မျက်စိများဖြင့်ပြည့်နှက်လျက်ရှိ၍ မြင့်မားလျက်စိုးရိမ်ထိတ်လန့်ဖွယ်ကောင်း၏။-
18 Seus aros eram de uma altura assombrosa, guarnecidos de olhos em toda a circunferência.
19 — ausente —
19 Quando os seres vivos se deslocavam ou se erguiam da terra, locomoviam-se as rodas e se elevavam com eles.
20 — ausente —
20 Para onde os impulsionava o espírito. iam eles, e as rodas com eles se erguiam, pois o espírito do ser vivo {de igual modo} animava as rodas.
21 ဝိညာဉ်သည်မိမိတို့လိုရာအရပ်သို့သွားကြသောအခါ ဘီးတို့သည်လည်းသတ္တဝါများပြုသည့်အတိုင်းအထက်သို့တက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သတ္တဝါများ၏ဝိညာဉ်သည်ဘီးတို့အားထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍သတ္တဝါများလှုပ်ရှားသွားလာသောအခါ ရပ်ဆိုင်းသည့်အခါလေထဲသို့တက်ကြသည့်အခါ၌ ဘီးတို့သည်ထပ်တူထပ်မျှလိုက်၍ပြုကြ၏။ အဘယ်ကြောင့်ဆိုသော်ယင်းတို့အားသတ္တဝါတို့၏ဝိညာဉ်တို့က ထိန်းချုပ်ထားသောကြောင့်ဖြစ်၏။
21 Quando caminhavam, elas se moviam; quando paravam, também elas interrompiam o curso; se se erguiam da terra, as rodas do mesmo modo se suspendiam, pois o espírito desses seres vivos estava {também} nas rodas.
22 သတ္တဝါများ၏ဦးခေါင်းအထက်တွင်အရောင်လက်၍နေသောကျောက်သလင်းသဖွယ်ရှိ၍ ထိတ်လန့်ဖွယ်ကောင်းသောလိပ်ခုံးပုံသဏ္ဌာန်ကြီးတစ်ခုရှိ၏။-
22 Pairando acima desses seres, havia algo que se assemelhava a uma abóbada, límpida como cristal, estendida sobre suas cabeças.
23 ထိုအရာ၏အောက်တွင်သတ္တဝါတစ်ပါးစီတို့သည် မိမိတို့နှင့်နီးရာသတ္တဝါများဘက်သို့တောင်ပံနှစ်ခုကိုဖြန့်ပြီးလျှင် အခြားတောင်ပံနှစ်ခုဖြင့်မိမိတို့ကိုယ်ကိုအုပ်ထားကြ၏။-
23 Sob essa abóbada, alongavam-se as suas asas até se tocarem, tendo cada um {sempre} duas que lhe cobriam o corpo.
24 သူတို့ပျံသန်းကြသောအခါအတောင်ခတ်သည့်အသံကိုငါကြားရ၏။ ထိုအသံသည်ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏အတောင်များကိုချထားကြ၏။-
24 Eu escutava, quando eles caminhavam, o ruído de suas asas, semelhante ao barulho das grandes águas, à voz do Onipotente, um vozerio igual ao de um campo {de batalha}.
25 ထိုသို့အတောင်များကိုချလျက်ရပ်နေစဉ် သူတို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးအပေါ်မှ အသံတစ်ခုထွက်ပေါ်လာ၏။
25 Quando paravam, abaixavam as asas, e fazia-se um ruído acima da abóbada que ficava sobre as cabeças.
26 ထိုလိပ်ခုံးမိုးအပေါ်၌နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့်တူသောအရာတစ်ခုရှိ၏။ ထိုရာဇပလ္လင်ပေါ်တွင်လူပုံသဏ္ဌာန်ရှိသူတစ်ဦးထိုင်နေ၏။-
26 Acima dessa abóbada havia uma espécie de trono, semelhante a uma pedra de safira; e, bem no alto dessa espécie de trono, uma silhueta humana.
27 ထိုသူ၏ခါးအထက်ပိုင်းသည်မီးလျှံထဲမှကြေးဝါကဲ့သို့တောက်ပြောင်၍နေ၏။ ခါးမှခြေဖျားထိသူ၏အောက်ပိုင်းသည် မီးရောင်ဖြင့်ပင်လျှင်တစ်ကိုယ်လုံးထွန်းလင်းတောက်ပလျက်ရှိပေသည်။-
27 Vi que ela possuía um fulgor vermelho, como se houvesse sido banhada no fogo, desde o que parecia ser a sua cintura, para cima; enquanto que, para baixo, vi algo como fogo que esparzia clarões por todos os lados.
28 ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။
28 Como o arco-íris que aparece nas nuvens em dias de chuva, assim era o resplendor que a envolvia. Era esta visão a imagem da glória do Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.