Ezequiel 1

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 သုံး​ဆယ်​နှစ်​မြောက် စ​တုတ္ထ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ငါ​သည် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​တူ​ဗာ​ဗု​လုန်​ပြည်၊ ခေ​ဗာ​မြစ်​အ​နီး​တွင်​နေ​ထိုင်​လျက်​ရှိ​စဉ် မိုး​ကောင်း​ကင်​ကွဲ​ဟ​၍​ဘုရား​သ​ခင်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်​ရ​၏။-
1 Aconteceu no trigésimo ano, no quinto dia do quarto mês, que, estando eu no meio dos exilados, junto ao rio Quebar, se abriram os céus, e eu tive visões de Deus.
2 (ထို​နှစ်​ကား​ယေ​ခေါ​နိ​မင်း​ပြည်​နှင်​ဒဏ်​သင့်​ချိန်​ငါး​နှစ်​မြောက်​ဖြစ်​သ​တည်း။-)
2 No quinto dia do referido mês, no quinto ano de cativeiro do rei Joaquim,
3 ဗာ​ဗု​လုန်​ပြည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ဗု​ဇိ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​ယေ​ဇ​ကျေ​လ​သည် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​၍​တန်​ခိုး​တော်​သည်​သူ့​အ​ပေါ်​သို့​သက်​ရောက်​၏။
3 veio expressamente a palavra do Senhor a Ezequiel, filho de Buzi, o sacerdote, na terra dos caldeus, junto ao rio Quebar, e ali esteve sobre ele a mão do Senhor .
4 ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။-
4 Olhei, e eis que um vento tempestuoso vinha do Norte, e uma grande nuvem, com fogo a revolver-se, e resplendor ao redor dela, e no meio disto, uma coisa como metal brilhante, que saía do meio do fogo.
5 မီး​တောက်​၏​အ​လယ်​ဗ​ဟို​တွင် သတ္တ​ဝါ​လေး​ဦး​နှင့်​တူ​သော​ပုံ​သဏ္ဌာန်​များ​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည်​လူ​၏​အ​သွင်​ကို​ဆောင်​၏။-
5 Do meio dessa nuvem saía a semelhança de quatro seres viventes, cuja aparência era esta: tinham a semelhança de homem.
6 သို့​ရာ​တွင်​သူ​တို့​၌​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​စီ​ရှိ​၏။-
6 Cada um tinha quatro rostos, como também quatro asas.
7 သူ​တို့​၏​ခြေ​တို့​သည်​ဖြောင့်​တန်း​လျက်​နေ​သော်​လည်း ယင်း​တို့​တွင်​နွား​ခွာ​နှင့်​တူ​သော​ခွာ​များ​ရှိ​၏။ ထို​သတ္တ​ဝါ​တို့​သည်​တိုက်​ချွတ်​ထား​သော​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​၏။-
7 As suas pernas eram direitas, a planta de cujos pés era como a de um bezerro e luzia como o brilho de bronze polido.
8 သူ​တို့​တွင်​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​အ​ပြင် တောင်​ပံ​တစ်​ခု​စီ​၏​အောက်​၌​လူ​လက်​ရှိ​၏။-
8 Debaixo das asas tinham mãos de homem, aos quatro lados; assim todos os quatro tinham rostos e asas.
9 ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​ထိ​အောင်​တောင်​ပံ​နှစ်​ခု​စီ​ကို​ဖြန့်​လျက် ရှေ့​တူ​ရူ​သို့​အ​သီး​သီး​မျက်​နှာ​မူ​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ကိုယ်​ကို​မ​လှည့်​ဘဲ​အ​စု​လိုက်​သွား​လာ​ကြ​၏။
9 Estas se uniam uma à outra; não se viravam quando iam; cada qual andava para a sua frente.
10 ထို​သတ္တ​ဝါ​တစ်​ပါး​စီ​၌​ရှိ​သော​မျက်​နှာ​လေး​ခု​တို့​သည် တစ်​ခု​နှင့်​တစ်​ခု​မ​တူ​ကြ။ ရှေ့​ဘက်​တွင်​လူ​မျက်​နှာ၊ လက်​ယာ​ဘက်​တွင်​ခြင်္သေ့​မျက်​နှာ၊ လက်​ဝဲ​ဘက်​တွင်​နွား​မျက်​နှာ၊ နောက်​ဘက်​တွင်​လင်း​ယုန်​မျက်​နှာ​ရှိ​၏။-
10 A forma de seus rostos era como o de homem; à direita, os quatro tinham rosto de leão; à esquerda, rosto de boi; e também rosto de águia, todos os quatro.
11 ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​အ​တောင်​ဖျား​ချင်း​ထိ​အောင် တောင်​ပံ​နှစ်​ခု​စီ​ဖြန့်​၍​ထား​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။-
11 Assim eram os seus rostos. Suas asas se abriam em cima; cada ser tinha duas asas, unidas cada uma à do outro; outras duas cobriam o corpo deles.
12 သူ​တို့​အား​လုံး​ပင်​အ​ရပ်​လေး​မျက်​နှာ​သို့​မျက်​နှာ​ပြု​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​စု​လိုက်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​မ​လှည့်​ဘဲ​သွား​နိုင်​ကြ​၏။
12 Cada qual andava para a sua frente; para onde o espírito havia de ir, iam; não se viravam quando iam.
13 ထို​သတ္တ​ဝါ​တို့​၏​အ​လယ်​တွင်​မီး​လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​နှင့်​တူ​သည့်​အ​ရာ​တစ်​ခု​သည် အ​စဉ်​ပင်​ရွေ့​လျား​လျက်​နေ​၏။ ထို​အ​ရာ​မှ​မီး​လျှံ​တက်​ပြီး​လျှင်​လျှပ်​စစ်​နွယ်​များ​ထွက်​ပေါ်​လာ​၏။-
13 O aspecto dos seres viventes era como carvão em brasa, à semelhança de tochas; o fogo corria resplendente por entre os seres, e dele saíam relâmpagos,
14 သတ္တ​ဝါ​များ​ကိုယ်​တိုင်​ပင်​လျှင်​လျှပ်​စစ်​သ​ဖွယ် လျင်​မြန်​စွာ​သွား​လာ​ကြ​၏။
14 os seres viventes ziguezagueavam à semelhança de relâmpagos.
15 ငါ​သည်​မျက်​နှာ​လေး​မျိုး​ရှိ​သော​သတ္တ​ဝါ​လေး​ပါး​ကို​ကြည့်​၍​နေ​စဉ် သူ​တို့​အ​သီး​သီး​၏​အ​နီး​တွင်​မြေ​နှင့်​ထိ​၍​နေ​သော​ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ​၍​နေ​သည်​ကို​မြင်​ရ​၏။-
15 Vi os seres viventes; e eis que havia uma roda na terra, ao lado de cada um deles.
16 ထို​ဘီး​အား​လုံး​သည်​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ တောက်​ပ​လျက်​တစ်​ခု​နှင့်​တစ်​ခု​တူ​ကြ​၏။ ဘီး​တိုင်း​တွင်​အ​လယ်​မှ​ထောင့်​မှန်​ကန့်​လန့်​ဖြတ်​၍​နေ​သော​ဘီး​တစ်​ခု​ရှိ​၏။-
16 O aspecto das rodas e a sua estrutura eram brilhantes como o berilo; tinham as quatro a mesma aparência, cujo aspecto e estrutura eram como se estivera uma roda dentro da outra.
17 သို့​ဖြစ်​၍​ထို​ဘီး​တို့​သည်​မ​လှည့်​ဘဲ​အ​ရပ်​လေး​မျက်​နှာ​သို့ သတ္တ​ဝါ​လေး​ပါး​သွား​လာ​သည့်​အ​တိုင်း​သွား​နိုင်​ကြ​၏။-
17 Andando elas, podiam ir em quatro direções; e não se viravam quando iam.
18 ဘီး​ခွေ​တို့​သည်​မျက်​စိ​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၍ မြင့်​မား​လျက်​စိုး​ရိမ်​ထိတ်​လန့်​ဖွယ်​ကောင်း​၏။-
18 As suas cambotas eram altas, e metiam medo; e, nas quatro rodas, as mesmas eram cheias de olhos ao redor.
19 — ausente —
19 Andando os seres viventes, andavam as rodas ao lado deles; elevando-se eles, também elas se elevavam.
20 — ausente —
20 Para onde o espírito queria ir, iam, pois o espírito os impelia; e as rodas se elevavam juntamente com eles, porque nelas havia o espírito dos seres viventes.
21 ဝိ​ညာဉ်​သည်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​သွား​ကြ​သော​အ​ခါ ဘီး​တို့​သည်​လည်း​သတ္တ​ဝါ​များ​ပြု​သည့်​အ​တိုင်း​အ​ထက်​သို့​တက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သတ္တ​ဝါ​များ​၏​ဝိ​ညာဉ်​သည်​ဘီး​တို့​အား​ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍​သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သော​အ​ခါ ရပ်​ဆိုင်း​သည့်​အ​ခါ​လေ​ထဲ​သို့​တက်​ကြ​သည့်​အ​ခါ​၌ ဘီး​တို့​သည်​ထပ်​တူ​ထပ်​မျှ​လိုက်​၍​ပြု​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​တို့​အား​သတ္တ​ဝါ​တို့​၏​ဝိ​ညာဉ်​တို့​က ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​၏။
21 Andando eles, andavam elas e, parando eles, paravam elas, e, elevando-se eles da terra, elevavam-se também as rodas juntamente com eles; porque o espírito dos seres viventes estava nas rodas.
22 သတ္တ​ဝါ​များ​၏​ဦး​ခေါင်း​အ​ထက်​တွင်​အ​ရောင်​လက်​၍​နေ​သော​ကျောက်​သ​လင်း​သ​ဖွယ်​ရှိ​၍ ထိတ်​လန့်​ဖွယ်​ကောင်း​သော​လိပ်​ခုံး​ပုံ​သဏ္ဌာန်​ကြီး​တစ်​ခု​ရှိ​၏။-
22 Sobre a cabeça dos seres viventes havia algo semelhante ao firmamento, como cristal brilhante que metia medo, estendido por sobre a sua cabeça.
23 ထို​အ​ရာ​၏​အောက်​တွင်​သတ္တ​ဝါ​တစ်​ပါး​စီ​တို့​သည် မိ​မိ​တို့​နှင့်​နီး​ရာ​သတ္တ​ဝါ​များ​ဘက်​သို့​တောင်​ပံ​နှစ်​ခု​ကို​ဖြန့်​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။-
23 Por debaixo do firmamento, estavam estendidas as suas asas, a de um em direção à de outro; cada um tinha outras duas asas com que cobria o corpo de um e de outro lado.
24 သူ​တို့​ပျံ​သန်း​ကြ​သော​အ​ခါ​အ​တောင်​ခတ်​သည့်​အ​သံ​ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​ပင်​လယ်​မြည်​ဟည်း​သ​ကဲ့​သို့​လည်း​ကောင်း၊ ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​၏​အ​သံ​ကဲ့​သို့​ကဲ့​သို့​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကဲ့​သို့​ဖြစ်​၏။ သူ​တို့​ရပ်​နား​ကြ​သော​အ​ခါ​မိ​မိ​တို့​၏​အ​တောင်​များ​ကို​ချ​ထား​ကြ​၏။-
24 Andando eles, ouvi o tatalar das suas asas, como o rugido de muitas águas, como a voz do Onipotente; ouvi o estrondo tumultuoso, como o tropel de um exército. Parando eles, abaixavam as asas.
25 ထို​သို့​အ​တောင်​များ​ကို​ချ​လျက်​ရပ်​နေ​စဉ် သူ​တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​အ​ပေါ်​မှ အ​သံ​တစ်​ခု​ထွက်​ပေါ်​လာ​၏။
25 Veio uma voz de cima do firmamento que estava sobre a sua cabeça. Parando eles, abaixavam as asas.
26 ထို​လိပ်​ခုံး​မိုး​အ​ပေါ်​၌​နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့်​တူ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​လူ​ပုံ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​ထိုင်​နေ​၏။-
26 Por cima do firmamento que estava sobre a sua cabeça, havia algo semelhante a um trono, como uma safira; sobre esta espécie de trono, estava sentada uma figura semelhante a um homem.
27 ထို​သူ​၏​ခါး​အ​ထက်​ပိုင်း​သည်​မီး​လျှံ​ထဲ​မှ​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​၍​နေ​၏။ ခါး​မှ​ခြေ​ဖျား​ထိ​သူ​၏​အောက်​ပိုင်း​သည် မီး​ရောင်​ဖြင့်​ပင်​လျှင်​တစ်​ကိုယ်​လုံး​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​ပေ​သည်။-
27 Vi-a como metal brilhante, como fogo ao redor dela, desde os seus lombos e daí para cima; e desde os seus lombos e daí para baixo, vi-a como fogo e um resplendor ao redor dela.
28 ယင်း​သို့​ထွန်း​လင်း​တောက်​ပ​သော​အ​ရောင်​အ​ဝါ​သည် မိုး​တိမ်​များ​၌​ဖြစ်​ပေါ်​တတ်​သော​သက်​တံ​နှင့်​တူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ဖော်​ပြ​သော​တောက်​ပ​သည့်​အ​လင်း​ရောင်​ဖြစ်​သ​တည်း။
28 Como o aspecto do arco que aparece na nuvem em dia de chuva, assim era o resplendor em redor. Esta era a aparência da glória do Senhor ; vendo isto, caí com o rosto em terra e ouvi a voz de quem falava.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ezequiel 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.