Ezequiel 12
Common Language Bible (MYA) vs NVI
1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
1 Veio a mim esta palavra do Senhor:
2 ကိုယ်တော်က``အချင်းလူသား၊ သင်သည်ပုန်ကန် တတ်သည့်လူမျိုးအထဲမှာနေရ၏။ သူတို့သည် မျက်စိရှိလျက်နှင့်အဘယ်အရာကိုမျှမမြင် ကြ။ နားရှိလျက်နှင့်အဘယ်အရာကိုမျှမ ကြားကြ။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ပုန်ကန်တတ်သူများဖြစ်သောကြောင့်တည်း။''
2 "Filho do homem, você vive no meio de uma nação rebelde. Eles têm olhos para ver, mas não vêem, e ouvidos para ouvir, mas não ouvem, pois são uma nação rebelde.
3 ``အချင်းလူသား၊ ယခုသင်သည်ဒုက္ခသည် တစ်ဦးကဲ့သို့ အထုပ်အပိုးကိုယူ၍နေ့ အချိန်၌ထွက်ခွာသွားလော့။ ယင်းသို့သင် အရပ်တစ်ပါးသို့ထွက်ခွာသွားသည်ကို လူတိုင်းမြင်ပါစေ။ ပုန်ကန်တတ်သူတို့သည် လည်းသင့်အားနားလည်ကောင်းနားလည် ကြလိမ့်မည်။-
3 "Portanto, filho do homem, arrume os seus pertences para o exílio e, durante o dia, à vista de todos, parta, e vá para outro lugar. Talvez eles compreendam, embora sejam uma nação rebelde.
4 သူတို့မြင်နိုင်စေရန်နေ့အချိန်၌ သင်သည် အရပ်တစ်ပါးသို့ပြောင်းရွှေ့မည့်အမူအရာ ဖြင့်အထုပ်အပိုးပြင်ဆင်၍ ညနေချိန်၌ သူတို့၏မျက်မှောက်တွင်ဒုက္ခသည်ကဲ့သို့ ထွက်ခွာသွားလော့။-
4 Durante o dia, sem fugir aos olhares do povo, leve para fora os seus pertences arrumados para o exílio. Então, à tarde, saia como aqueles que vão para o exílio. E que os outros o vejam fazer isso.
5 သူတို့ရှေ့မှောက်၌ပင်သင်သည်မိမိ၏အိမ် နံရံတွင်အပေါက်ဖောက်၍ ထိုအပေါက်မှ သင်၏အထုပ်အပိုးကိုထုတ်ယူလော့။-
5 Enquanto eles o observam, faça um buraco no muro e passe os seus pertences através dele.
6 ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
6 Ponha-os nos ombros, enquanto o povo estiver observando, e carregue-os ao entardecer. Cubra o rosto para que você não possa ver nada do país, pois eu fiz de você um sinal para a nação de Israel".
7 ငါသည်ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြု၏။ ထိုနေ့၌ဒုက္ခသည်တစ်ဦးကဲ့သို့ငါသည် အထုပ်အပိုးကိုယူပြီးနောက်ညနေချိန်မှောင် စပြုသောအခါ အိမ်နံရံကိုလက်ဖြင့်တူး ဖောက်ကာထိုသူတို့၏ရှေ့တွင်အထုပ်ကို ပခုံးပေါ်သို့တင်၏။
7 Então eu fiz o que me foi ordenado. Durante o dia levei para fora as minhas coisas arrumadas para o exílio. Depois, à tarde, fiz com as mãos um buraco no muro. Ao entardecer saí com os meus pertences carregando-os nos ombros à vista de todos.
8 နောက်တစ်နေ့နံနက်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
8 De manhã me veio esta palavra do Senhor:
9 ကိုယ်တော်က``အချင်းလူသား၊ ပုန်ကန်တတ် သောဣသရေလအမျိုးသားတို့သည်ယခု သင်အဘယ်အမှုကိုပြုလျက်နေသည်ကို မေးမြန်းနေကြပြီဖြစ်၍။-
9 "Filho do homem, acaso aquela nação rebelde de Israel não lhe perguntou: ‘Que é que você está fazendo? ’
10 သူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်ဆိုတော်မူသည်ကိုဆင့်ဆိုလော့။ ဤ မိန့်ဆိုချက်သည်ယေရုရှလင်မြို့ကိုအုပ် စိုးလျက်ရှိသောမင်းနှင့်ထိုမြို့ရှိလူတို့ အတွက်ဖြစ်၏။-
10 "Diga-lhes: ‘Assim diz o Soberano Senhor: Esta advertência diz respeito ao príncipe de Jerusalém e a toda a nação de Israel que está ali’.
11 သင်ပြုသောအမှုများသည်သူတို့တွေ့ကြုံ ရကြမည့်အမှုအရာများ၏ရှေ့ပြေး နိမိတ်ဖြစ်၍သူတို့သည်ဒုက္ခသည်များ၊ သုံ့ပန်းများဖြစ်ရကြမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။-
11 Diga-lhes: ‘Eu sou um sinal para vocês. Como eu fiz, assim lhes será feito. Eles irão para o exílio como prisioneiros’.
12 သူတို့အားအုပ်စိုးလျက်ရှိသောမင်းသည်မိမိ အထုပ်ကိုထမ်း၍အုတ်တံတိုင်းတွင်သူတို့တူး ဖောက်ပေးသည့်အပေါက်မှထွက်ပြေးရလိမ့်မည်။ သူ၏မျက်စိများကိုဖုံး၍ထားသဖြင့်သူသည် မိမိသွားရာလမ်းကိုမြင်ရလိမ့်မည်မဟုတ်။-
12 "O príncipe deles porá os seus pertences nos ombros ao entardecer e sairá por um buraco que será escavado no muro para ele passar. Ele cobrirá o rosto para que não possa ver nada do país.
13 ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-
13 Estenderei a minha rede para ele, e ele será apanhado em meu laço; eu o trarei para a Babilônia, terra dos caldeus, mas ele não a verá, e ali morrerá.
14 ငါသည်သူ၏မှူးမတ်များ၊ အကြံပေးအရာ ရှိများနှင့်ကိုယ်ရံတော်တပ်သားများအား အရပ်တကာသို့ပျံ့လွင့်သွားစေမည်။ လူ တို့သည်သူတို့ကိုဋ္ဌားဖြင့်သတ်ဖြတ်ရန် လိုက်လံရှာဖွေကြလိမ့်မည်။
14 Espalharei aos ventos todos os que estão ao seu redor, os seus oficiais e todas as suas tropas, e os perseguirei com a espada em punho.
15 ``ငါသည်သူတို့အားအတိုင်းတိုင်းအပြည် ပြည်နှင့်လူမျိုးတကာတို့ထံသို့ပျံ့လွင့် စေသောအခါ သူတို့သည်ငါကားထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသိရှိကြ လိမ့်မည်။-
15 "Eles saberão que eu sou o Senhor, quando eu os dispersar entre as nações e os espalhar pelas terras.
16 သူတို့အနက်အနည်းငယ်အားစစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါ ဘေးတို့မှငါချမ်းသာပေးမည်။ သို့မှသာ လျှင်လူမျိုးတကာတို့တွင်ရောက်ရှိနေသော သူတို့သည် မိမိတို့ပြုခဲ့သောအမှုများကို စက်ဆုပ်ဖွယ်ဖြစ်ကြောင်းနားလည်သဘော ပေါက်၍ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကိုသိကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
16 Mas pouparei uns poucos deles da espada, da fome e da peste para que, nas nações aonde forem, contem todas as suas práticas repugnantes. Então saberão que eu sou o Senhor".
17 ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
17 Esta palavra do Senhor veio a mim:
18 ကိုယ်တော်က``အချင်းလူသား၊ သင်သည် တုန်လှုပ်လျက်အစားအစာကိုစားလော့။ ကြောက်လန့်တုန်လှုပ်လျက်ရေကိုသောက် လော့။-
18 "Filho do homem, trema enquanto come a sua comida, e fique arrepiado de medo enquanto bebe a sua água.
19 အရှင်ထာဝရဘုရားပေးတော်မူသောဤ ဗျာဒိတ်တော်ကိုဣသရေလပြည်ယေရု ရှလင်မြို့တွင် ယခုနေထိုင်လျက်ရှိသော လူတို့အတွက်ဖြစ်ကြောင်းပြောကြားလော့။ ထိုသူတို့သည်တုန်လှုပ်လျက်အစားအစာ ကိုစားရကြလိမ့်မည်။ ကြောက်လန့်တုန်လှုပ် လျက်ရေကိုသောက်ရကြလိမ့်မည်။ လူတိုင်း ပင်တရားလက်လွတ်ပြုကျင့်ကြသည်ဖြစ် ၍ သူတို့၏ပြည်ကိုငါသည်ပြောင်တလင်း ဖြစ်စေမည်။-
19 Diga ao povo do país: ‘Assim diz o Senhor Soberano acerca daqueles que vivem em Jerusalém e em Israel: Eles comerão sua comida com ansiedade e beberão sua água desesperados, pois tudo o que existe em sua terra dela será arrancado por causa da violência de todos os que ali vivem.
20 လူနေစည်ကားသည့်မြို့ကြီးတို့ကိုဖြို ဖျက်ကာ တစ်ပြည်လုံးကိုလူသူကင်းမဲ့စေ မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
20 As cidades habitadas serão arrasadas e a terra ficará abandonada. Então vocês saberão que eu sou o Senhor’ ".
21 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
21 O Senhor me falou:
22 ကိုယ်တော်က``အချင်းလူသား၊ အဘယ်ကြောင့် ဣသရေလအမျိုးသားတို့သည်`အချိန်သာ ကုန်လွန်၍ဗျာဒိတ်ရူပါရုံများကားအ ကောင်အထည်မပေါ်လာ' ဟူသောစကားပုံ ကိုအဖန်တလဲလဲသုံးစွဲနေကြသနည်း။-
22 "Filho do homem, que provérbio é este que vocês têm em Israel: ‘Os dias passam e todas as visões dão em nada’?
23 ထိုစကားပုံနှင့်ပတ်သက်၍ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကိုသူတို့ အား ယခုပြောကြားလော့။ ငါသည်ထိုစကား ပုံကိုပပျောက်စေမည်။ ဣသရေလပြည် တွင်အဘယ်အခါ၌မျှထပ်မံ၍သုံးစွဲရ ကြမည်မဟုတ်။ အချိန်ကာလကျရောက်လာ ပြီဖြစ်၍ဗျာဒိတ်ရူပါရုံများသည် အကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်းထိုသူတို့ အားဆင့်ဆိုလော့။''
23 Diga-lhes, pois: ‘Assim diz o Soberano Senhor: Vou dar fim a esse provérbio, e não será mais citado em Israel’. Diga-lhes: ‘Estão chegando os dias em que toda visão se cumprirá.
24 ``ဣသရေလအမျိုးသားတို့တွင်ဗျာဒိတ် ရူပါရုံအတုများ၊ မှားယွင်းသောဗျာဒိတ် များ၊ နောက်ထပ်မပေါ်ပေါက်ရ။-
24 Pois não haverá mais visões falsas ou adivinhações bajuladoras entre o povo de Israel.
25 ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
25 Mas eu, o Senhor, falarei o que eu quiser, e isso se cumprirá sem demora. Pois em seus dias, ó nação rebelde, cumprirei tudo o que eu disser, palavra do Soberano Senhor’ ".
26 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံရောက်လာ၏။-
26 Veio a mim esta palavra do Senhor:
27 ``အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ကသင်မြင်သောဗျာဒိတ်ရူပါရုံများနှင့် သင် ဟောကြားသောဗျာဒိတ်စကားများသည် ဝေး ကွာသည့်အနာဂတ်ကာလနှင့်ဆိုင်သည်ဟု ထင်မှတ်ကြ၏။-
27 "Filho do homem, a nação de Israel está dizendo: ‘A visão que ele vê é para daqui a muitos anos, e ele profetiza sobre o futuro distante’.
28 သို့ဖြစ်၍ကြန့်ကြာမှုရှိတော့မည်မဟုတ်။ ငါ ဖော်ပြခဲ့သည့်အတိုင်းဖြစ်လိမ့်မည်ဟု ငါ အရှင်ထာဝရဘုရားမိန့်တော်မူပြီဖြစ် ကြောင်း ထိုသူတို့အားဆင့်ဆိုလော့။ ဤကား ငါအရှင်ထာဝရဘုရားမိန့်မြွက်တော်မူ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
28 "Pois diga a eles: ‘Assim diz o Soberano Senhor: Nenhuma de minhas palavras sofrerá mais demora; tudo o que eu disser se cumprirá, palavra do Soberano Senhor’ ".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.