Ezequiel 12

Common Language Bible (MYA) vs BKJ

Sair da comparação
1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
1 A palavra do SENHOR também veio a mim, dizendo:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​ပုန်​ကန် တတ်​သည့်​လူ​မျိုး​အ​ထဲ​မှာ​နေ​ရ​၏။ သူ​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ကြ။ နား​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ ကြား​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သော​ကြောင့်​တည်း။''
2 Filho do homem, tu habitas no meio de uma casa rebelde, que tem olhos para ver e não vê; eles têm ouvidos para ouvir e não ouvem; porque eles são uma casa rebelde.
3 ``အ​ချင်း​လူ​သား၊ ယ​ခု​သင်​သည်​ဒုက္ခ​သည် တစ်​ဦး​ကဲ့​သို့ အ​ထုပ်​အ​ပိုး​ကို​ယူ​၍​နေ့ အ​ချိန်​၌​ထွက်​ခွာ​သွား​လော့။ ယင်း​သို့​သင် အ​ရပ်​တစ်​ပါး​သို့​ထွက်​ခွာ​သွား​သည်​ကို လူ​တိုင်း​မြင်​ပါ​စေ။ ပုန်​ကန်​တတ်​သူ​တို့​သည် လည်း​သင့်​အား​နား​လည်​ကောင်း​နား​လည် ကြ​လိမ့်​မည်။-
3 Portanto, tu, filho do homem, prepara tuas coisas para a remoção, e remove de dia à vista deles; e tu removerás do teu lugar para outro lugar à vista deles; pode ser que eles considerem isso, ainda que eles sejam uma casa rebelde.
4 သူ​တို့​မြင်​နိုင်​စေ​ရန်​နေ့​အ​ချိန်​၌ သင်​သည် အ​ရပ်​တစ်​ပါး​သို့​ပြောင်း​ရွှေ့​မည့်​အ​မူ​အ​ရာ ဖြင့်​အ​ထုပ်​အ​ပိုး​ပြင်​ဆင်​၍ ည​နေ​ချိန်​၌ သူ​တို့​၏​မျက်​မှောက်​တွင်​ဒုက္ခ​သည်​ကဲ့​သို့ ထွက်​ခွာ​သွား​လော့။-
4 Então, tu trarás adiante as tuas coisas de dia à vista deles, como coisas para a remoção, e irás adiante até a vista deles à tarde, como aqueles que vão adiante para o cativeiro.
5 သူ​တို့​ရှေ့​မှောက်​၌​ပင်​သင်​သည်​မိ​မိ​၏​အိမ် နံ​ရံ​တွင်​အ​ပေါက်​ဖောက်​၍ ထို​အ​ပေါက်​မှ သင်​၏​အ​ထုပ်​အ​ပိုး​ကို​ထုတ်​ယူ​လော့။-
5 Cava tu através da parede à vista deles, e carrega-as para fora, desse modo.
6 ထို​အ​ထုပ်​အ​ပိုး​ကို​ပ​ခုံး​ပေါ်​သို့​တင်​သည် ကို​လည်း​ကောင်း၊ မိ​မိ​သွား​မည့်​လမ်း​ကို​မ​မြင် နိုင်​စေ​ရန်​မျက်​နှာ​ကို​ဖုံး​၍​မှောင်​ထဲ​တွင် သင် ထွက်​ခွာ​သည်​ကို​လည်း​ကောင်း​ထို​သူ​တို့​မြင် ကြ​ပါ​စေ။ သင်​ပြု​သော​အ​မှု​သည်​ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အ​တွက် သ​တိ​ပေး​သည့် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
6 À vista deles as carregarás sobre teus ombros, e carrega-as adiante no crepúsculo; cobrirás a tua face para que não vejas o chão; porque eu te designei por sinal para a casa de Israel.
7 ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​၏။ ထို​နေ့​၌​ဒုက္ခ​သည်​တစ်​ဦး​ကဲ့​သို့​ငါ​သည် အ​ထုပ်​အ​ပိုး​ကို​ယူ​ပြီး​နောက်​ည​နေ​ချိန်​မှောင် စ​ပြု​သော​အ​ခါ အိမ်​နံ​ရံ​ကို​လက်​ဖြင့်​တူး ဖောက်​ကာ​ထို​သူ​တို့​၏​ရှေ့​တွင်​အ​ထုပ်​ကို ပ​ခုံး​ပေါ်​သို့​တင်​၏။
7 E eu fiz assim, como me foi ordenado; trouxe adiante minhas coisas para de dia, como coisas para o cativeiro, e à tarde cavei através da parede com minha mão; trouxe-as adiante no crepúsculo, e carreguei-as sobre meus ombros à vista deles.
8 နောက်​တစ်​နေ့​နံ​နက်​၌ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
8 E, pela manhã, veio a palavra do SENHOR a mim, dizendo:
9 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယ​ခု သင်​အ​ဘယ်​အ​မှု​ကို​ပြု​လျက်​နေ​သည်​ကို မေး​မြန်း​နေ​ကြ​ပြီ​ဖြစ်​၍။-
9 Filho do homem, não te disse a casa de Israel, a casa rebelde: O que fazes tu?
10 သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​ဆို​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ဤ မိန့်​ဆို​ချက်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ် စိုး​လျက်​ရှိ​သော​မင်း​နှင့်​ထို​မြို့​ရှိ​လူ​တို့ အ​တွက်​ဖြစ်​၏။-
10 Dize-lhes: Assim diz o Senhor DEUS: Este fardo diz respeito ao príncipe em Jerusalém, e a toda a casa de Israel, que está entre eles.
11 သင်​ပြု​သော​အ​မှု​များ​သည်​သူ​တို့​တွေ့​ကြုံ ရ​ကြ​မည့်​အ​မှု​အ​ရာ​များ​၏​ရှေ့​ပြေး နိ​မိတ်​ဖြစ်​၍​သူ​တို့​သည်​ဒုက္ခ​သည်​များ၊ သုံ့​ပန်း​များ​ဖြစ်​ရ​ကြ​မည်​ဖြစ်​ကြောင်း ဆင့်​ဆို​လော့။-
11 Dize: Eu sou o vosso sinal. Como eu tenho feito, assim será feito a eles; eles se removerão e irão para o cativeiro.
12 သူ​တို့​အား​အုပ်​စိုး​လျက်​ရှိ​သော​မင်း​သည်​မိ​မိ အ​ထုပ်​ကို​ထမ်း​၍​အုတ်​တံ​တိုင်း​တွင်​သူ​တို့​တူး ဖောက်​ပေး​သည့်​အ​ပေါက်​မှ​ထွက်​ပြေး​ရ​လိမ့်​မည်။ သူ​၏​မျက်​စိ​များ​ကို​ဖုံး​၍​ထား​သ​ဖြင့်​သူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
12 E o príncipe que está entre eles carregará sobre seus ombros no crepúsculo, e irão adiante; cavarão através da parede para carregar para fora através dela; ele cobrirá a sua face para que não veja o chão com os seus olhos.
13 ငါ​သည်​ပိုက်​ကွန်​ကို​ဖြန့်​၍​သူ့​အား​အုပ်​မိ​ကာ ငါ​၏​ထောင်​ချောက်​တွင်​မိ​စေ​လျက်​ခါ​လ​ဒဲ ပြည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​မည်။ သူ​သည်​ထို​မြို့​ကို​မ​မြင်​ရ​ဘဲ​ထို​မြို့​၌ ပင်​သေ​ရ​လိမ့်​မည်။-
13 Minha rede também estenderei sobre ele, e ele será apanhado no meu laço; e o trarei para a Babilônia, para a terra dos caldeus; ainda assim, ele não a verá, ainda que morra lá.
14 ငါ​သည်​သူ​၏​မှူး​မတ်​များ၊ အ​ကြံ​ပေး​အ​ရာ ရှိ​များ​နှင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​သွား​စေ​မည်။ လူ တို့​သည်​သူ​တို့​ကို​ဋ္ဌား​ဖြင့်​သတ်​ဖြတ်​ရန် လိုက်​လံ​ရှာ​ဖွေ​ကြ​လိမ့်​မည်။
14 E eu espalharei em direção a todo vento, todos os que estiverem perto dele para ajudá-lo, e a todas as suas tropas; e desembainharei a espada atrás deles.
15 ``ငါ​သည်​သူ​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့် စေ​သော​အ​ခါ သူ​တို့​သည်​ငါ​ကား​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ​ရှိ​ကြ လိမ့်​မည်။-
15 E eles saberão que eu sou o SENHOR, quando eu os espalhar entre as nações, e os dispersar nas nações.
16 သူ​တို့​အ​နက်​အ​နည်း​ငယ်​အား​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အနာ​ရော​ဂါ ဘေး​တို့​မှ​ငါ​ချမ်း​သာ​ပေး​မည်။ သို့​မှ​သာ လျှင်​လူ​မျိုး​တ​ကာ​တို့​တွင်​ရောက်​ရှိ​နေ​သော သူ​တို့​သည် မိ​မိ​တို့​ပြု​ခဲ့​သော​အ​မှု​များ​ကို စက်​ဆုပ်​ဖွယ်​ဖြစ်​ကြောင်း​နား​လည်​သ​ဘော ပေါက်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို​သိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
16 Mas poucos homens deles pouparei da espada, da fome, e da peste, para que eles possam declarar todas as suas abominações entre os pagãos para onde vierem; e saberão que eu sou o SENHOR.
17 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
17 Além disso, a palavra do SENHOR veio a mim, dizendo:
18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည် တုန်​လှုပ်​လျက်​အ​စား​အ​စာ​ကို​စား​လော့။ ကြောက်​လန့်​တုန်​လှုပ်​လျက်​ရေ​ကို​သောက် လော့။-
18 Filho do homem, come o teu pão com tremor, e bebe a tua água com estremecimento e com cuidado.
19 အ​ရှင်​ထာ​ဝရ​ဘု​ရား​ပေး​တော်​မူ​သော​ဤ ဗျာ​ဒိတ်​တော်​ကို​ဣ​သ​ရေ​လ​ပြည်​ယေ​ရု ရှ​လင်​မြို့​တွင် ယ​ခု​နေ​ထိုင်​လျက်​ရှိ​သော လူ​တို့​အ​တွက်​ဖြစ်​ကြောင်း​ပြော​ကြား​လော့။ ထို​သူ​တို့​သည်​တုန်​လှုပ်​လျက်​အ​စား​အ​စာ ကို​စား​ရ​ကြ​လိမ့်​မည်။ ကြောက်​လန့်​တုန်​လှုပ် လျက်​ရေ​ကို​သောက်​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း ပင်​တ​ရား​လက်​လွတ်​ပြု​ကျင့်​ကြ​သည်​ဖြစ် ၍ သူ​တို့​၏​ပြည်​ကို​ငါ​သည်​ပြောင်​တ​လင်း ဖြစ်​စေ​မည်။-
19 E dize ao povo da terra: Assim diz o Senhor DEUS aos habitantes de Jerusalém, e da terra de Israel: Eles comerão o seu pão com cuidado, e beberão a sua água com espanto, para que a sua terra possa ser desolada de tudo o que está nela, por causa da violência de todos os que nela habitam.
20 လူ​နေ​စည်​ကား​သည့်​မြို့​ကြီး​တို့​ကို​ဖြို ဖျက်​ကာ တစ်​ပြည်​လုံး​ကို​လူ​သူ​ကင်း​မဲ့​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
20 E as cidades que são habitadas serão devastadas, e a terra será desolada; e sabereis que eu sou o SENHOR.
21 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
21 E a palavra do SENHOR veio a mim, dizendo:
22 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အ​ဘယ်​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်`အ​ချိန်​သာ ကုန်​လွန်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကား​အ ကောင်​အ​ထည်​မ​ပေါ်​လာ' ဟူ​သော​စ​ကား​ပုံ ကို​အ​ဖန်​တ​လဲ​လဲ​သုံး​စွဲ​နေ​ကြ​သ​နည်း။-
22 Filho do homem, qual é aquele provérbio que tendes na terra de Israel, dizendo: Os dias são prolongados, e toda visão falha?
23 ထို​စ​ကား​ပုံ​နှင့်​ပတ်​သက်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သူ​တို့ အား ယ​ခု​ပြော​ကြား​လော့။ ငါ​သည်​ထို​စ​ကား ပုံ​ကို​ပ​ပျောက်​စေ​မည်။ ဣ​သ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​ထပ်​မံ​၍​သုံး​စွဲ​ရ ကြ​မည်​မ​ဟုတ်။ အ​ချိန်​ကာ​လ​ကျ​ရောက်​လာ ပြီ​ဖြစ်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​ကောင် အ​ထည်​ပေါ်​လာ​မည်​ဖြစ်​ကြောင်း​ထို​သူ​တို့ အား​ဆင့်​ဆို​လော့။''
23 Dize-lhes, portanto: Assim diz o Senhor DEUS: Eu farei este provérbio cessar, e eles não mais o usarão como provérbio em Israel; mas dize-lhes: Os dias estão à mão, e o efeito de cada visão.
24 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ၊ မှား​ယွင်း​သော​ဗျာ​ဒိတ် များ၊ နောက်​ထပ်​မ​ပေါ်​ပေါက်​ရ။-
24 Porque não haverá mais nenhuma vã visão, nem adivinhação lisonjeira, dentro da casa de Israel.
25 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်​အ​တိုင်း​ပြု​ရ​မည်။ ကြန့်​ကြာ မှု​ရှိ​တော့​မည်​မ​ဟုတ်။ အ​ချင်း​ပုန်​ကန်​တတ်​သူ တို့၊ သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သင်​တို့​လက်​ထက်​၌​ပင်​ငါ​ပြု​မည်။ ဤ​ကား​ငါ မိန့်​မြွက်​တော်​မူ​သည့်​စ​ကား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
25 Porque eu sou o SENHOR. Eu falarei, e a palavra que eu falar sucederá; ela não será mais prolongada; porque em vossos dias, ó casa rebelde, eu falarei a palavra e a cumprirei, diz o Senhor DEUS.
26 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​ရောက်​လာ​၏။-
26 Novamente, a palavra do SENHOR veio a mim, dizendo:
27 ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​သင်​မြင်​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​နှင့် သင် ဟော​ကြား​သော​ဗျာ​ဒိတ်​စ​ကား​များ​သည် ဝေး ကွာ​သည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည်​ဟု ထင်​မှတ်​ကြ​၏။-
27 Filho do homem, eis que aqueles da casa de Israel dizem: A visão que vês é para muitos dias que virão, e ele profetiza de tempos que estão longe.
28 သို့​ဖြစ်​၍​ကြန့်​ကြာ​မှု​ရှိ​တော့​မည်​မ​ဟုတ်။ ငါ ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ​ဖြစ် ကြောင်း ထို​သူ​တို့​အား​ဆင့်​ဆို​လော့။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
28 Portanto dize-lhes: Assim diz o Senhor DEUS: Nenhuma das minhas palavras será mais prolongada, mas a palavra que eu tenho falado será feita, diz o Senhor DEUS.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ezequiel 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.