Ezequiel 11

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ပင့်​၍ ဗိ​မာန်​တော်​အ​ရှေ့​တံ​ခါး​သို့​ခေါ် ဆောင်​သွား​တော်​မူ​၏။ တံ​ခါး​အ​နီး​၌​နိုင်​ငံ့ ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော အ​ဇု​ရ​၏​သား ယာ​ဇ​ညာ​နှင့်​ဗေ​နာ​ယ​၏​သား​ပေ​လ​တိ အ​ပါ​အ​ဝင်​လူ​ပေါင်း​နှစ်​ဆယ့်​ငါး​ယောက် ကို​ငါ​မြင်​ရ​၏။
1 Então o Espírito me pôs em pé e me levou à porta leste do templo do S enhor , onde vi 25 homens. Entre eles estavam Jazanias, filho de Azur, e Pelatias, filho de Benaia, líderes do povo.
2 ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဤ​မြို့​၌​မ​ကောင်း​သော​အ​ကြံ​ကို​ပေး​ကြ သူ​လူ​ယုတ်​မာ​များ​ကား​ဤ​သူ​တို့​ပင် ဖြစ်​၏။-
2 O Espírito me disse: “Filho do homem, estes são os homens que planejam o mal e dão conselhos perversos nesta cidade.
3 သူ​တို့​က`ငါ​တို့​သည်​အိမ်​များ​ကို​မ​ကြာ​မီ တစ်​ဖန်​ဆောက်​လုပ်​ကြ​မည်။ ဤ​မြို့​သည်​အိုး ကင်း​နှင့်​တူ​၍ ငါ​တို့​ကား​အိုး​ကင်း​ထဲ​မှ အ​မဲ​သား​နှင့်​တူ​ကြ​၏' ဟု​ဆို​ကြ​၏။-
3 Dizem ao povo: ‘Não acham que é uma boa hora para construir casas? Esta cidade é como uma panela de ferro; estamos seguros dentro dela, como a carne na panela’.
4 သို့​ဖြစ်​၍​အ​ချင်း​လူ​သား​သူ​တို့​အား​ရှုတ် ချ​၍​ပ​ရော​ဖက်​ပြု​ကြ​လော့'' ဟု​မိန့်​တော် မူ​၏။
4 Portanto, filho do homem, profetize contra eles em alta voz”.
5 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​၏။ ထာ​ဝရ ဘု​ရား​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​များ နှင့်​သင်​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ငါ သိ​၏။-
5 Então o Espírito do S enhor veio sobre mim e ordenou que eu dissesse: “Assim diz o S enhor ao povo de Israel: Eu sei o que vocês dizem, pois conheço cada pensamento que lhes vem à mente.
6 သင်​တို့​သတ်​ဖြတ်​သော​သူ​တို့​သည်​လွန်​စွာ များ​ပြား​လှ​သ​ဖြင့် လမ်း​များ​သည်​လူ​သေ ကောင်​တို့​ဖြင့်​ပြည့်​နှက်​နေ​လေ​ပြီ။
6 Assassinaram muitos nesta cidade e encheram suas ruas de cadáveres.
7 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``ဤ​မြို့​သည်​အ​မှန်​ပင်​အိုး​ကင်း နှင့်​တူ​လိမ့်​မည်။ သို့​ရာ​တွင်​အ​မဲ​သား​က အ​ဘယ်​အ​ရာ​ဖြစ်​သ​နည်း။ သင်​တို့​လက် ဖြင့်​သေ​ရ​သည့်​အ​လောင်း​များ​ပင်​ဖြစ်​ပါ သည်​တ​ကား။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့ အား​မြို့​ပြင်​သို့​ပစ်​ထုတ်​လိုက်​မည်။-
7 “Portanto, assim diz o S enhor Soberano: De fato, esta cidade é a panela de ferro, mas os pedaços de carne são aqueles que vocês mataram. Quanto a vocês, em breve os arrancarei da panela.
8 သင်​တို့​သည်​ဋ္ဌား​ကို​ကြောက်​ကြ​သ​လော။ သင် တို့​အား​ဋ္ဌား​ဖြင့်​ခုတ်​ဖြတ်​မည့်​သူ​တို့​ကို​ငါ ခေါ်​ဆောင်​ခဲ့​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​ဆို​၏။-
8 Trarei sobre vocês a espada de guerra que tanto temem, diz o S enhor Soberano.
9 သင်​တို့​အား​မြို့​ပြင်​သို့​ထုတ်​၍​တစ်​ကျွန်း တစ်​နိုင်​ငံ​သား​တို့​၏​လက်​သို့​ပေး​အပ်​မည်။ ငါ​သည်​သင်​တို့​အား​ပြစ်​ဒဏ်​စီ​ရင်​ပြီ။-
9 Eu os expulsarei de Jerusalém e os entregarei a estrangeiros, que executarão meus julgamentos contra vocês.
10 သင်​တို့​သည်​မိ​မိ​တို့​ပြည်​နယ်​စပ်​၌​သင်​တို့ ကို​တ​ရား​စီ​ရင်​သ​ဖြင့် စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။-
10 Vocês serão massacrados até as fronteiras de Israel. Eu os julgarei, e vocês saberão que eu sou o S enhor .
11 အိုး​ကင်း​သည်​အ​မဲ​သား​ကို​ကာ​ကွယ်​သ​ကဲ့ သို့ ဤ​မြို့​သည်​သင်​တို့​အား​အ​ကာ​အ​ကွယ် ပေး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ဣ​သ​ရေ​လ ပြည်​နယ်​စပ်​တွင် ငါ​သည်​သင်​တို့​ကို​အ​ပြစ် ဒဏ်​ခတ်​မည်။-
11 Esta cidade não será para vocês como uma panela de ferro, e vocês não serão como a carne, segura dentro dela. Eu os julgarei até as fronteiras de Israel,
12 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​၏​တ​ရား ဥ​ပ​ဒေ​ကို​လိုက်​နာ​၍​ငါ​၏​ပညတ်​များ၊ အ​မိန့် များ​ကို​ချိုး​ဖောက်​ကြောင်း​ကို​လည်း​ကောင်း သင် တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​ငါ့​အား​မိန့်​တော် မူ​၏။
12 e vocês saberão que eu sou o S enhor . Pois não quiseram seguir meus decretos e estatutos; em vez disso, imitaram as práticas das nações ao seu redor”.
13 ငါ​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​နေ​စဉ် ဗေ​နာ​ယ​၏​သား​ပေ​လ​တိ​သည်​လဲ​၍​သေ လေ​၏။ ထို​အ​ခါ​ငါ​သည်​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​လိုက်​ပြီး​လျှင်``အို အ​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျန်​ရှိ​နေ​သေး သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​မှန်​သ​မျှ တို့​အား​သုတ်​သင်​ပစ်​တော်​မူ​မည်​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​၏။
13 Enquanto eu ainda profetizava, Pelatias, filho de Benaia, morreu. Então prostrei-me com o rosto no chão e clamei: “Ó S enhor Soberano, matarás todos que restarem em Israel?”.
14 — ausente —
14 Então recebi esta mensagem do S enhor :
15 — ausente —
15 “Filho do homem, aqueles que ainda restam em Jerusalém falam de você, de seus parentes e de todo o povo de Israel que está no exílio. Dizem: ‘Estão longe do S enhor , por isso agora ele nos deu a terra deles!’.
16 ထို့​ကြောင့်​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``သူ​တို့​အား​ရပ်​ဝေး​ရှိ​လူ​မျိုး​ခြား နှင့်​အ​တူ​နေ​ထိုင်​ရန်​စေ​လွှတ်​၍ တိုင်း​တစ်​ပါး တို့​တွင်​ပျံ့​လွင့်​စေ​ခဲ့​သော်​လည်း​အ​ခိုက်​အ​တန့် အား​ဖြင့် သူ​တို့​ရှိ​ရာ​အ​ရပ်​၌​သူ​တို့​နှင့် အ​တူ​ငါ​ရှိ​မည်။''
16 “Portanto, diga aos exilados: ‘Assim diz o S enhor Soberano: Embora eu os tenha espalhado entre as nações do mundo, serei um santuário para vocês durante seu tempo no exílio.
17 ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​သူ​တို့​အား​ဆင့်​ဆို​လော့။ ငါ​သည် လူ​မျိုး​ခြား​တို့​ထဲ​မှ​သူ​တို့​အား​ပြန်​လည်​သိမ်း ဆည်း​၍ သူ​တို့​ပျံ့​လွင့်​လျက်​ရှိ​သည့်​ပြည်​များ မှ​သူ​တို့​ကို​ပြန်​လည်​စု​သိမ်း​မည်။ ဣ​သ​ရေ​လ ပြည်​ကို​ပြန်​လည်​ပေး​အပ်​မည်။-
17 Eu, o S enhor Soberano, digo que os reunirei das nações onde foram espalhados e lhes devolverei a terra de Israel’.
18 သူ​တို့​သည်​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​တို့​တွေ့​ရှိ​ရ​သ​မျှ​သော​စက်​ဆုပ်​ဖွယ်​ကောင်း သည့်​ရုပ်​တု​များ​ကို​ပယ်​ရှား​ရ​ကြ​မည်။-
18 “Quando eles regressarem para sua terra natal, removerão todos os resquícios de suas imagens repugnantes e de seus ídolos detestáveis.
19 သူ​တို့​အား​စိတ်​သ​ဘော​တ​ညီ​တ​ညွတ်​တည်း ဖြစ်​စေ​၍ စိတ်​သစ်​နှ​လုံး​သစ်​ကို​ငါ​ပေး​မည်။ ငါ​သည်​သူ​တို့​၏​ခိုင်​မာ​သော​ကျောက်​နှ​လုံး ကို​ယူ​ပစ်​၍ နာ​ခံ​တတ်​သော​နှ​လုံး​ကို​ပေး မည်။-
19 Eu lhes darei um só coração e colocarei dentro deles um novo espírito. Removerei seu coração de pedra e lhes darei coração de carne,
20 သို့​ဖြစ်​၍​သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​များ​ကို​တိ​ကျ စွာ​လိုက်​နာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏ လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-
20 para que obedeçam a meus decretos e estatutos. Então eles serão o meu povo, e eu serei o seu Deus.
21 သို့​ဖြစ်​၍​ငါ​သည်​ညစ်​ညမ်း​စက်​ဆုပ်​ဖွယ် ကောင်း​သော​ရုပ်​တု​များ​ကို​စိတ်​စွဲ​လမ်း​သူ တို့​ကို​ဒဏ်​ခတ်​တော်​မူ​မည်။ သူ​တို့​ပြု​ခဲ့ သည့်​အ​မှု​များ​အ​တွက်​ဒဏ်​ခတ်​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​ချက် ပင်​ဖြစ်​သ​တည်း။
21 Quanto àqueles que anseiam por suas imagens repugnantes e seus ídolos detestáveis, darei a eles o castigo merecido por seus pecados. Eu, o S enhor Soberano, falei!”.
22 အ​သက်​ရှင်​သော​သတ္တ​ဝါ​တို့​သည်​စ​၍​ပျံ ကြ​သော​အ​ခါ​ဘီး​များ​သည်​လည်း​လိုက် သွား​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​သည်​သူ​တို့​၏​အ​ပေါ်​၌​တည် လျက်​ရှိ​၏။-
22 Então os querubins levantaram as asas, acompanhados de suas rodas, e a glória do Deus de Israel pairava sobre eles.
23 ထို​နောက်​တောက်​ပ​သော​ဘုန်း​တော်​ရောင်​ခြည် သည်​မြို့​မှ​ထွက်​ခွာ​၍ အ​ရှေ့​ဘက်​တွင်​ရှိ သော​တောင်​ရိုး​သို့​ရွေ့​လျား​သွား​တော်​မူ​၏။-
23 Então a glória do S enhor subiu da cidade e parou acima do monte a leste.
24 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ပေး​တော်​မူ သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌ ဘု​ရား​သ​ခင် ၏​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​ပင့်​တော်​မူ ပြီး​လျှင် ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​ရှိ​ရာ ဗာ​ဗု​လုန်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော် မူ​၏။ ထို​နောက်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​မှေး မှိန်​၍​သွား​လေ​သည်။-
24 Depois disso, o Espírito de Deus me levou de volta à Babilônia, para o povo no exílio. Assim terminou a minha visão.
25 ငါ​သည်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ တော်​မူ​သ​မျှ​သော​အ​မှု​အ​ခြင်း​အ​ရာ တို့​ကို ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​တို့​အား​ပြန် ကြား​လေ​၏။
25 E eu relatei aos exilados tudo que o S enhor me tinha mostrado.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ezequiel 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.