Ezequiel 11
Common Language Bible (MYA) vs NVI
1 ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ့အား ချီပင့်၍ ဗိမာန်တော်အရှေ့တံခါးသို့ခေါ် ဆောင်သွားတော်မူ၏။ တံခါးအနီး၌နိုင်ငံ့ ခေါင်းဆောင်များဖြစ်ကြသော အဇုရ၏သား ယာဇညာနှင့်ဗေနာယ၏သားပေလတိ အပါအဝင်လူပေါင်းနှစ်ဆယ့်ငါးယောက် ကိုငါမြင်ရ၏။
1 Então o Espírito me ergueu e me levou para a porta do templo do Senhor, que dá para o oriente. Ali, à entrada da porta, havia vinte e cinco homens, e vi entre eles Jazanias, filho de Azur, e Pelatias, filho de Benaia, líderes do povo.
2 ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဤမြို့၌မကောင်းသောအကြံကိုပေးကြ သူလူယုတ်မာများကားဤသူတို့ပင် ဖြစ်၏။-
2 O Senhor me disse: "Filho do homem, estes são os homens que estão tramando o mal e dando maus conselhos nesta cidade.
3 သူတို့က`ငါတို့သည်အိမ်များကိုမကြာမီ တစ်ဖန်ဆောက်လုပ်ကြမည်။ ဤမြို့သည်အိုး ကင်းနှင့်တူ၍ ငါတို့ကားအိုးကင်းထဲမှ အမဲသားနှင့်တူကြ၏' ဟုဆိုကြ၏။-
3 Eles dizem: ‘Não será logo o tempo de construir casas? Esta cidade é uma panela, e nós somos a carne dentro dela’.
4 သို့ဖြစ်၍အချင်းလူသားသူတို့အားရှုတ် ချ၍ပရောဖက်ပြုကြလော့'' ဟုမိန့်တော် မူ၏။
4 Portanto, profetize contra eles; profetize, filho do homem".
5 ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ၏ အပေါ်သို့သက်ရောက်တော်မူ၏။ ထာဝရ ဘုရားက``အို ဣသရေလအမျိုးသားတို့၊ သင်တို့ပြောဆိုနေကြသောစကားများ နှင့်သင်တို့၏အကြံအစည်များကိုငါ သိ၏။-
5 Então o Espírito do Senhor veio sobre mim, e mandou-me dizer: "Assim diz o Senhor: É isso que vocês estão dizendo, ó nação de Israel, mas eu sei em que vocês estão pensando.
6 သင်တို့သတ်ဖြတ်သောသူတို့သည်လွန်စွာ များပြားလှသဖြင့် လမ်းများသည်လူသေ ကောင်တို့ဖြင့်ပြည့်နှက်နေလေပြီ။
6 Vocês mataram muita gente nesta cidade e encheram as suas ruas de cadáveres.
7 သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်ကား``ဤမြို့သည်အမှန်ပင်အိုးကင်း နှင့်တူလိမ့်မည်။ သို့ရာတွင်အမဲသားက အဘယ်အရာဖြစ်သနည်း။ သင်တို့လက် ဖြင့်သေရသည့်အလောင်းများပင်ဖြစ်ပါ သည်တကား။ သို့ရာတွင်ငါသည်သင်တို့ အားမြို့ပြင်သို့ပစ်ထုတ်လိုက်မည်။-
7 "Portanto, assim diz o Soberano Senhor: Os corpos que vocês jogaram nas ruas são a carne, e esta cidade é a panela, mas eu os expulsarei dela.
8 သင်တို့သည်ဋ္ဌားကိုကြောက်ကြသလော။ သင် တို့အားဋ္ဌားဖြင့်ခုတ်ဖြတ်မည့်သူတို့ကိုငါ ခေါ်ဆောင်ခဲ့မည်ဟုအရှင်ထာဝရဘုရား မိန့်ဆို၏။-
8 Vocês têm medo da espada, e a espada é o que trarei contra vocês, palavra do Soberano Senhor.
9 သင်တို့အားမြို့ပြင်သို့ထုတ်၍တစ်ကျွန်း တစ်နိုင်ငံသားတို့၏လက်သို့ပေးအပ်မည်။ ငါသည်သင်တို့အားပြစ်ဒဏ်စီရင်ပြီ။-
9 Eu os expulsarei da cidade e os entregarei nas mãos de estrangeiros e lhes castigarei.
10 သင်တို့သည်မိမိတို့ပြည်နယ်စပ်၌သင်တို့ ကိုတရားစီရင်သဖြင့် စစ်ပွဲတွင်ကျဆုံးရ ကြလိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို လူတိုင်းသိရှိကြ လိမ့်မည်။-
10 Vocês cairão pela espada, e eu os julgarei nas fronteiras de Israel. Então vocês saberão que eu sou o Senhor.
11 အိုးကင်းသည်အမဲသားကိုကာကွယ်သကဲ့ သို့ ဤမြို့သည်သင်တို့အားအကာအကွယ် ပေးလိမ့်မည်မဟုတ်။ သင်တို့သည်ဣသရေလ ပြည်နယ်စပ်တွင် ငါသည်သင်တို့ကိုအပြစ် ဒဏ်ခတ်မည်။-
11 Esta cidade não será uma panela para vocês, nem vocês serão carne nela; eu os julgarei nas fronteiras de Israel.
12 ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ အိမ်နီးချင်းတိုင်းပြည်များ၏တရား ဥပဒေကိုလိုက်နာ၍ငါ၏ပညတ်များ၊ အမိန့် များကိုချိုးဖောက်ကြောင်းကိုလည်းကောင်း သင် တို့သိရှိကြလိမ့်မည်'' ဟူ၍ငါ့အားမိန့်တော် မူ၏။
12 E vocês saberão que eu sou o Senhor, pois vocês não agiram segundo os meus decretos nem obedeceram às minhas leis, mas se conformaram aos padrões das nações ao seu redor".
13 ငါသည်ထိုဗျာဒိတ်တော်ကိုဆင့်ဆိုနေစဉ် ဗေနာယ၏သားပေလတိသည်လဲ၍သေ လေ၏။ ထိုအခါငါသည်မြေပေါ်သို့လှဲချ ပျပ်ဝပ်လိုက်ပြီးလျှင်``အို အရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ကျန်ရှိနေသေး သည့်ဣသရေလအမျိုးသားမှန်သမျှ တို့အားသုတ်သင်ပစ်တော်မူမည်လော'' ဟုဟစ်အော်လျှောက်ထား၏။
13 Ora, enquanto eu estava profetizando, Pelatias, filho de Benaia, morreu. Então prostrei-me, rosto em terra, e clamei em alta voz: "Ah! Soberano Senhor! Destruirás totalmente o remanescente de Israel? "
14 — ausente —
14 Esta palavra do Senhor veio a mim:
15 — ausente —
15 "Filho do homem, seus irmãos, sim, seus irmãos que são seus parentes consangüíneos e toda a nação de Israel, são aqueles de quem o povo de Jerusalém tem dito: ‘Eles estão longe do Senhor. É a nós que esta terra foi dada, para ser nossa propriedade’.
16 ထို့ကြောင့်ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်ကား``သူတို့အားရပ်ဝေးရှိလူမျိုးခြား နှင့်အတူနေထိုင်ရန်စေလွှတ်၍ တိုင်းတစ်ပါး တို့တွင်ပျံ့လွင့်စေခဲ့သော်လည်းအခိုက်အတန့် အားဖြင့် သူတို့ရှိရာအရပ်၌သူတို့နှင့် အတူငါရှိမည်။''
16 "Portanto diga: ‘Assim diz o Soberano Senhor: Embora eu os tenha mandado para terras muito distantes entre os povos e os tenha espalhado entre as nações, por breve período tenho sido um santuário para eles nas terras para onde foram’.
17 ``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားကိုသူတို့အားဆင့်ဆိုလော့။ ငါသည် လူမျိုးခြားတို့ထဲမှသူတို့အားပြန်လည်သိမ်း ဆည်း၍ သူတို့ပျံ့လွင့်လျက်ရှိသည့်ပြည်များ မှသူတို့ကိုပြန်လည်စုသိမ်းမည်။ ဣသရေလ ပြည်ကိုပြန်လည်ပေးအပ်မည်။-
17 "Portanto, diga: ‘Assim diz o Soberano Senhor: Eu os ajuntarei dentre as nações e os trarei de volta das terras para onde vocês foram espalhados, e lhes devolverei a terra de Israel’.
18 သူတို့သည်ပြန်လည်ရောက်ရှိလာသောအခါ မိမိတို့တွေ့ရှိရသမျှသောစက်ဆုပ်ဖွယ်ကောင်း သည့်ရုပ်တုများကိုပယ်ရှားရကြမည်။-
18 "Eles voltarão para ela e retirarão todas as suas imagens repugnantes e os seus ídolos detestáveis.
19 သူတို့အားစိတ်သဘောတညီတညွတ်တည်း ဖြစ်စေ၍ စိတ်သစ်နှလုံးသစ်ကိုငါပေးမည်။ ငါသည်သူတို့၏ခိုင်မာသောကျောက်နှလုံး ကိုယူပစ်၍ နာခံတတ်သောနှလုံးကိုပေး မည်။-
19 Darei a eles um coração não dividido e porei um novo espírito dentro deles; retirarei deles o coração de pedra e lhes darei um coração de carne.
20 သို့ဖြစ်၍သူတို့သည်ငါ၏ပညတ်များကို စောင့်ထိန်း၍ငါ၏အမိန့်များကိုတိကျ စွာလိုက်နာကြလိမ့်မည်။ သူတို့သည်ငါ၏ လူမျိုးတော်ဖြစ်၍ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။-
20 Então agirão segundo os meus decretos e serão cuidadosos em obedecer às minhas leis. Eles serão o meu povo, e eu serei o seu Deus.
21 သို့ဖြစ်၍ငါသည်ညစ်ညမ်းစက်ဆုပ်ဖွယ် ကောင်းသောရုပ်တုများကိုစိတ်စွဲလမ်းသူ တို့ကိုဒဏ်ခတ်တော်မူမည်။ သူတို့ပြုခဲ့ သည့်အမှုများအတွက်ဒဏ်ခတ်တော်မူ မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်မြွက်တော်မူချက် ပင်ဖြစ်သတည်း။
21 Mas, quanto àqueles cujos corações estão afeiçoados às suas imagens repugnantes e aos ídolos detestáveis, farei cair sobre suas próprias cabeças aquilo que eles têm feito, palavra do Soberano Senhor".
22 အသက်ရှင်သောသတ္တဝါတို့သည်စ၍ပျံ ကြသောအခါဘီးများသည်လည်းလိုက် သွားကြ၏။ ဣသရေလအမျိုးသားတို့ ဘုရားသခင်၏တောက်ပသောဘုန်းအသ ရေတော်သည်သူတို့၏အပေါ်၌တည် လျက်ရှိ၏။-
22 Então os querubins, com as rodas ao lado, estenderam as asas, e a glória do Deus de Israel estava sobre eles.
23 ထိုနောက်တောက်ပသောဘုန်းတော်ရောင်ခြည် သည်မြို့မှထွက်ခွာ၍ အရှေ့ဘက်တွင်ရှိ သောတောင်ရိုးသို့ရွေ့လျားသွားတော်မူ၏။-
23 A glória do Senhor subiu da cidade e parou sobre o monte que fica a leste dela.
24 ဘုရားသခင်၏ဝိညာဉ်တော်ပေးတော်မူ သောဗျာဒိတ်ရူပါရုံထဲ၌ ဘုရားသခင် ၏ဝိညာဉ်တော်သည်ငါ့ကိုချီပင့်တော်မူ ပြီးလျှင် ပြည်နှင်ဒဏ်ခံရသူများရှိရာ ဗာဗုလုန်ပြည်သို့ပြန်လည်ပို့ဆောင်တော် မူ၏။ ထိုနောက်ဗျာဒိတ်ရူပါရုံသည်မှေး မှိန်၍သွားလေသည်။-
24 Então o Espírito ergueu-me e levou-me aos que estavam exilados na Babilônia, na visão dada pelo Espírito de Deus. Findou-se então a visão que eu estava tendo,
25 ငါသည်ငါ့အားထာဝရဘုရားဖော်ပြ တော်မူသမျှသောအမှုအခြင်းအရာ တို့ကို ပြည်နှင်ဒဏ်ခံရသူတို့အားပြန် ကြားလေ၏။
25 e contei aos exilados tudo o que o Senhor tinha me mostrado.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.