Êxodo 6

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဖာ ရော​ဘု​ရင်​အား​ငါ​မည်​သို့​ပြု​မည်​ကို​သင်​မြင် ရ​လိမ့်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး​တော် အား​ဖြင့် သူ​သည်​ထို​သူ​တို့​ကို​သွား​ခွင့်​ပေး​စေ ရန်​ငါ​စီ​ရင်​မည်။ ငါ​၏​ကြီး​မား​သော​တန်​ခိုး တော်​အား​ဖြင့် သူ​သည်​မိ​မိ​၏​တိုင်း​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​ရ​သည်​အ​ထိ​ငါ​စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။
1 Então o Senhor Deus respondeu a Moisés: — Agora você verá o que vou fazer com o rei do Egito. Eu vou obrigá-lo a deixar que o meu povo vá embora. Sim, eu o forçarei a expulsar os israelitas do seu país.
2 ဘု​ရား​သ​ခင်​က မော​ရှေ​အား``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။-
2 Deus disse a Moisés: — Eu sou o
3 အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​သည်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​အ​ဖြစ်​နှင့်​ထင်​ရှား​ခဲ့ သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​ဖြင့် သူ​တို့​သည်​ငါ့​ကို​မ​သိ​ကြ။-
3 Eu apareci a Abraão, a Isaque e a Jacó como o Deus Todo-Poderoso, porém não deixei que me conhecessem pelo meu nome de .
4 ထို့​အ​ပြင်​သူ​တို့​သည်​ဧည့်​သည်​အ​ဖြစ်​ဖြင့်​နေ ထိုင်​ခဲ့​ရ​သော​ခါ​နာန်​ပြည်​ကို သူ​တို့​အား​ပေး မည်​ဟု​ငါ​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့​၏။-
4 Fiz uma aliança com eles e prometi dar-lhes a terra de Canaã, onde tinham vivido como estrangeiros.
5 ယ​ခု​ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ​၌ ကျွန်​ခံ​ရ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ညည်း​ညူ​သံ​ကို ကြား​ရ​သ​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ် ကို​သ​တိ​ရ​ပြီ။-
5 Agora eu ouvi os gemidos dos israelitas, que estão sendo escravizados pelos egípcios, e lembrei da aliança que fiz com eles.
6 ထို့​ကြောင့်​သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား`ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​ထံ​၌​ကျွန်​ခံ​ရ​သည့်​ဘ​ဝ​မှ သင်​တို့​အား​ငါ​လွတ်​မြောက်​စေ​မည်။ ငါ​၏ မ​ဟာ​လက်​ရုံး​တော်​ကို​ဆန့်​၍ ကြောက်​မက် ဖွယ်​သော​ဒဏ်​စီ​ရင်​ခြင်း​ဖြင့်​သင်​တို့​ကို ကယ်​တင်​မည်။-
6 Portanto, diga aos israelitas o seguinte: “Eu sou o Senhor . Vou livrá-los da escravidão do Egito. Estenderei o braço poderoso para fazer cair sobre os egípcios um castigo horrível e salvarei vocês.
7 ငါ​သည်​သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ် ရွေး​ကောက်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် မည်။ သင်​တို့​အား​ကျွန်​အ​ဖြစ်​စေ​ခိုင်း​သော အီ​ဂျစ်​အ​မျိုး​သား​တို့​၏​လက်​မှ ငါ​လွတ် မြောက်​စေ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။-
7 Farei com que vocês sejam o meu povo e eu serei o seu Deus. Vocês ficarão sabendo que eu sou o Senhor , seu Deus, o Deus que os vai livrar da escravidão no Egito.
8 အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ငါ​က​တိ​ထား​သော​ပြည်​သို့​သင်​တို့​အား​ပို့ ဆောင်​မည်။ ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား အ​ပိုင်​ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ၏' ဟူ​၍​ပြော​ကြား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
8 Eu os levarei para a terra que jurei que daria a Abraão, a Isaque e a Jacó. E eu darei essa terra para ser propriedade de vocês. Eu sou o Senhor .”
9 မော​ရှေ​သည်​ထို​အ​မိန့်​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြန်​ကြား​သော်​လည်း သူ တို့​သည်​ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့်​အ​လွန်​ပင် ပန်း​နေ​ကြ​သ​ဖြင့်​နား​ထောင်​လက်​ခံ​နိုင်​စွမ်း မ​ရှိ​ကြ​ချေ။
9 Moisés repetiu essas palavras aos israelitas, mas eles não quiseram ouvi-lo, pois estavam desanimados por causa da dureza da sua escravidão.
10 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
10 Então o Senhor disse a Moisés:
11 ``အီ​ဂျစ်​ဘု​ရင်​ထံ​သို့​ဝင်​၍​သူ​၏​တိုင်း​ပြည် မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထွက်​ခွင့် ပြု​စေ​ရန်​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။
11 — Vá dizer a Faraó, rei do Egito, que deixe que os israelitas saiam do país.
12 ထို​အ​ခါ​မော​ရှေ​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင် အ​ကျွန်ုပ်​၏​စ​ကား​ကို​နား​မ ထောင်​ဘဲ စ​ကား​ထစ်​သူ​အ​ကျွန်ုပ်​၏​စ​ကား ကို​ဘု​ရင်​က​မည်​သို့​နား​ထောင်​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​လေ​၏။
12 Porém Moisés respondeu ao Senhor : — Se até os israelitas não querem me dar atenção, o rei também não vai querer. Eu não tenho facilidade para falar.
13 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ရန်​သင်​တို့​အား ငါ​အ​မိန့် ပေး​တော်​မူ​ကြောင်း​ဣသ​ရေ​လ​အ​မျိုး​သား တို့​နှင့်​အီ​ဂျစ်​ဘု​ရင်​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
13 No entanto o Senhor ordenou que Moisés e Arão dissessem aos israelitas e a Faraó, rei do Egito, que eles dois tinham ordem para tirar do país o povo de Israel.
14 ဣ​သ​ရေ​လ​အ​မျိုး​သား မိ​သား​စု​များ​၏ အ​ကြီး​အ​ကဲ​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ယာ​ကုပ် ၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​သား​များ​မှာ​ဟာ နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တို့​ဖြစ်​ကြ​၏။ ဤ သူ​တို့​သည်​မိ​မိ​တို့​၏​နာမည်​များ​ကို​ခံ​ယူ သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ် ကြ​၏။-
14 Esta é a lista dos grupos de famílias dos antepassados de Moisés e Arão: Rúben, o primeiro filho de Jacó, foi pai de quatro filhos: Enoque, Palu, Hezrom e Carmi. São esses os grupos de famílias de Rúben.
15 ရှိ​မောင်​၏​သား​ခြောက်​ယောက်​မှာ​ယ​မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ​နှင့်​ခါ​နာန် အ​မျိုး​သ​မီး​မှ​ဖွား​သော​ရှော​လ​တို့​ဖြစ်​ကြ ၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့​၏​နာ​မည်​များ​ကို ခံ​ယူ​သော​အ​ဆက်​အ​နွယ်​များ​၏​ဖ​ခင်​များ ဖြစ်​ကြ​၏။-
15 Simeão foi pai de seis filhos: Jemuel, Jamim, Oade, Jaquim, Zoar e Saul, filho de uma mulher cananeia. São esses os grupos de famílias de Simeão.
16 လေ​ဝိ​၏​သား​သုံး​ယောက်​မှာ​ဂေ​ရ​ရှုံ၊ ကော ဟတ်၊ မေ​ရာ​ရိ​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​များ​ကို​ခံ​ယူ​သော​အ​ဆက် အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ လေ​ဝိ သည်​တစ်​ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက် ရှည်​၏။-
16 Levi foi pai de três filhos: Gérson, Coate e Merari. Levi viveu cento e trinta e sete anos.
17 ဂေ​ရ​ရှုံ​၏​သား​နှစ်​ယောက်​မှာ​လိဗနိ​နှင့်​ရှိ​မိ တို့​ဖြစ်​ကြ​၏။ သူ​တို့​၌​သား​မြေး​များ​စွာ ရှိ​ကြ​၏။-
17 Gérson foi pai de dois filhos: Libni e Simei, e eles tiveram muitos descendentes.
18 ကော​ဟတ်​၏​သား​လေး​ယောက်​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​တို့​ဖြစ်​ကြ​၏။ ကော​ဟတ်​သည်​တစ်​ရာ​သုံး​ဆယ့်​သုံး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-
18 São estes os filhos de Coate: Anrão, Isar, Hebrom e Uziel. Coate viveu cento e trinta e três anos.
19 မေ​ရာ​ရိ​၏​သား​နှစ်​ယောက်​မှာ​မ​ဟာ​လိ​နှင့် မု​ရှိ​တို့​ဖြစ်​ကြ​၏။ အ​ထက်​ဖော်​ပြ​ပါ​တို့ သည်​လေ​ဝိ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် ကြ​သ​တည်း။
19 Merari foi pai de dois filhos: Mali e Musi. São esses os grupos de famílias de Levi, com os seus descendentes.
20 အာ​မ​ရံ​သည်​ဖ​ခင်​၏​နှ​မ ယော​ခေ​ဗက်​နှင့် စုံ​ဖက်​၍​ယော​ခေ​ဗက်​သည် သား​အာ​ရုန်​နှင့် မော​ရှေ​တို့​ကို​ဖွား​မြင်​၏။ အာ​မ​ရံ​သည်​တစ် ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက်​ရှည်​၏။-
20 Anrão casou com Joquebede, sua tia por parte de pai, e ela lhe deu dois filhos: Arão e Moisés. Anrão viveu cento e trinta e sete anos.
21 ဣဇ​ဟာ​၏​သား​တို့​မှာ​ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ တို့​ဖြစ်​၏။-
21 Isar foi pai de três filhos: Corá, Nefegue e Zicri.
22 သြ​ဇေ​လ​၏​သား​တို့​မှာ​မိ​ရှေ​လ၊ ဧ​လ​ဇာ​ဖန်၊ သိ​သ​ရိ​တို့​ဖြစ်​ကြ​၏။
22 Uziel também foi pai de três filhos: Misael, Elzafã e Sitri.
23 အာ​ရုန်​သည်​အ​မိ​န​ဒပ်​၏​သ​မီး၊ နာ​ရှုန်​၏ နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်​၍​ဧ​လိ​ရှ​ဘ​သည် သား​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့ ကို​ဖွား​မြင်​၏။-
23 Arão casou com Eliseba, filha de Aminadabe e irmã de Nasom. Ela lhe deu quatro filhos: Nadabe, Abiú, Eleazar e Itamar.
24 ကော​ရ​၏​သား​သုံး​ယောက်​တို့​မှာ​အ​ဿိ​ရ၊ ဧ​လ ကာ​န၊ အ​ဗျာ​သပ်​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် ကော​ရ​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​များ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-
24 Corá foi pai de três filhos: Assir, Elcana e Abiasafe. São esses os grupos de famílias de Corá.
25 အာ​ရုန်​၏​သား​ဧ​လ​ဇာ​သည်​ပု​တျေ​လ​၏ သ​မီး​တစ်​ယောက်​နှင့်​စုံ​ဖက်​၍ သူ​သည်​သား ဖိ​န​ဟတ်​ကို​ဖွား​မြင်​၏။ ဤ​သူ​တို့​သည်​လေ​ဝိ မိ​သား​စု​နှင့်​အ​ဆက်​အ​နွယ်​များ​၏​အ​ကြီး အ​ကဲ​များ​ဖြစ်​ကြ​သ​တည်း။
25 Eleazar, filho de Arão, casou com uma das filhas de Putiel, e ela lhe deu um filho, chamado Fineias. São esses os chefes das famílias e dos grupos de famílias da tribo de Levi.
26 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လော့'' ဟု စေ​ခိုင်း​တော်​မူ​ခြင်း​ခံ​ရ​သူ​တို့​သည်​ကား အာ​ရုန်​နှင့်​မော​ရှေ​တို့​ဖြစ်​သ​တည်း။-
26 Arão e Moisés foram os que receberam do Senhor Deus esta ordem: “Tirem do Egito as tribos de Israel.”
27 ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည် မှ​ထွက်​ခွင့်​ပေး​ရန် အီ​ဂျစ်​ဘု​ရင်​အား​တောင်း ဆို​သူ​တို့​သည်​ကား​အာ​ရုန်​နှင့်​မော​ရှေ​တို့ ပင်​ဖြစ်​သ​တည်း။
27 Foram eles que falaram com Faraó, rei do Egito, a fim de tirar de lá os israelitas.
28 — ausente —
28 Quando o Senhor falou com Moisés, no Egito,
29 — ausente —
29 ele disse: — Eu sou o
30 မော​ရှေ​က``အ​ကျွန်ုပ်​သည် နှုတ်​သတ္တိ​မ​ရှိ​သူ ဖြစ်​ကြောင်း​ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ ဖာ​ရော ဘု​ရင်​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို​နား ထောင်​မည်​မ​ဟုတ်​ပါ'' ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​လေ​၏။
30 Porém Moisés respondeu: — Ó

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.