Êxodo 6
Common Language Bible (MYA) vs BKJ
1 ထိုအခါထာဝရဘုရားက မောရှေအား``ဖာ ရောဘုရင်အားငါမည်သို့ပြုမည်ကိုသင်မြင် ရလိမ့်မည်။ ငါ၏ကြီးမားသောတန်ခိုးတော် အားဖြင့် သူသည်ထိုသူတို့ကိုသွားခွင့်ပေးစေ ရန်ငါစီရင်မည်။ ငါ၏ကြီးမားသောတန်ခိုး တော်အားဖြင့် သူသည်မိမိ၏တိုင်းပြည်မှသူ တို့ကိုနှင်ထုတ်ရသည်အထိငါစီရင်မည်'' ဟုမိန့်တော်မူ၏။
1 Então disse o SENHOR a Moisés: Agora verás o que eu farei a Faraó, porque com forte mão ele os deixará ir, e com forte mão ele os expulsará da sua terra.
2 ဘုရားသခင်က မောရှေအား``ငါသည်ထာဝရ ဘုရားဖြစ်၏။-
2 E Deus falou a Moisés, e lhe disse: Eu sou o SENHOR;
3 အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါသည်အနန္တ တန်ခိုးရှင်ဘုရားသခင်အဖြစ်နှင့်ထင်ရှားခဲ့ သော်လည်း ထာဝရဘုရားဟူသောနာမဖြင့် သူတို့သည်ငါ့ကိုမသိကြ။-
3 e eu apareci a Abraão, a Isaque e a Jacó, pelo nome de Deus Todo-Poderoso; mas pelo meu nome JEOVÁ, não fui conhecido a eles.
4 ထို့အပြင်သူတို့သည်ဧည့်သည်အဖြစ်ဖြင့်နေ ထိုင်ခဲ့ရသောခါနာန်ပြည်ကို သူတို့အားပေး မည်ဟုငါသည်သူတို့နှင့်ပဋိညာဉ်ပြုခဲ့၏။-
4 E também estabeleci o meu pacto com eles, para lhes dar a terra de Canaã, a terra de suas peregrinações, em que eram estrangeiros.
5 ယခုငါသည်အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံရသောဣသရေလအမျိုးသားတို့၏ ညည်းညူသံကို ကြားရသဖြင့်ငါ၏ပဋိညာဉ် ကိုသတိရပြီ။-
5 E eu também tenho ouvido o gemido dos filhos de Israel, que os egípcios mantêm em servidão; e lembrei-me do meu pacto.
6 ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
6 Por isso, dize aos filhos de Israel: Eu sou o SENHOR, e vos tirarei de debaixo das cargas dos egípcios, e vos libertarei da sua servidão, e vos redimirei com braço estendido, e com grandes juízos,
7 ငါသည်သင်တို့အား ငါ၏လူမျိုးတော်အဖြစ် ရွေးကောက်မည်။ ငါသည်သင်တို့၏ဘုရားဖြစ် မည်။ သင်တို့အားကျွန်အဖြစ်စေခိုင်းသော အီဂျစ်အမျိုးသားတို့၏လက်မှ ငါလွတ် မြောက်စေတော်မူသောအခါ၊ ငါသည်သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် ကြောင်းသင်တို့သိရကြလိမ့်မည်။-
7 e eu vos tomarei por meu povo, e serei vosso Deus; e vós sabereis que eu sou o SENHOR, vosso Deus, que vos tira de debaixo das cargas dos egípcios.
8 အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ငါကတိထားသောပြည်သို့သင်တို့အားပို့ ဆောင်မည်။ ငါသည်ထိုပြည်ကိုသင်တို့အား အပိုင်ပေးမည်။ ငါသည်ထာဝရဘုရားဖြစ် ၏' ဟူ၍ပြောကြားရမည်'' ဟုမိန့်တော်မူ၏။-
8 E eu vos trarei para a terra, a qual eu estendi minha mão para dar a Abraão, a Isaque e a Jacó. Eu vo-la darei por herança. Eu sou o SENHOR.
9 မောရှေသည်ထိုအမိန့်တော်ကိုဣသရေလ အမျိုးသားတို့အားပြန်ကြားသော်လည်း သူ တို့သည်ကျွန်ခံရသောဒဏ်ကြောင့်အလွန်ပင် ပန်းနေကြသဖြင့်နားထောင်လက်ခံနိုင်စွမ်း မရှိကြချေ။
9 E assim falou Moisés aos filhos de Israel, mas eles não lhe ouviram, por causa da angústia de espírito, e por causa da cruel servidão.
10 ထိုနောက်ထာဝရဘုရားကမောရှေအား၊-
10 E o SENHOR falou a Moisés, dizendo:
11 ``အီဂျစ်ဘုရင်ထံသို့ဝင်၍သူ၏တိုင်းပြည် မှ ဣသရေလအမျိုးသားတို့အားထွက်ခွင့် ပြုစေရန်ပြောလော့'' ဟုမိန့်တော်မူ၏။
11 Entra, dize a Faraó, rei do Egito, que ele deixe os filhos de Israel sair da sua terra.
12 ထိုအခါမောရှေက``ဣသရေလအမျိုးသား တို့ကပင်လျှင် အကျွန်ုပ်၏စကားကိုနားမ ထောင်ဘဲ စကားထစ်သူအကျွန်ုပ်၏စကား ကိုဘုရင်ကမည်သို့နားထောင်ပါမည်နည်း'' ဟုထာဝရဘုရားအားလျှောက်လေ၏။
12 E falou Moisés diante do SENHOR, dizendo: Eis que os filhos de Israel não me ouviram. Como, então, Faraó me ouvirá, que sou de lábios incircuncisos?
13 ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ အား``ဣသရေလအမျိုးသားတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ရန်သင်တို့အား ငါအမိန့် ပေးတော်မူကြောင်းဣသရေလအမျိုးသား တို့နှင့်အီဂျစ်ဘုရင်အားပြောကြားလော့'' ဟုမိန့်တော်မူ၏။
13 E o SENHOR falou a Moisés e a Arão, e lhes deu ordem para os filhos de Israel, e para Faraó, rei do Egito, para que tirassem os filhos de Israel da terra do Egito.
14 ဣသရေလအမျိုးသား မိသားစုများ၏ အကြီးအကဲတို့ကိုဖော်ပြပေအံ့။ ယာကုပ် ၏သားဦးဖြစ်သူရုဗင်၏သားများမှာဟာ နုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့ဖြစ်ကြ၏။ ဤ သူတို့သည်မိမိတို့၏နာမည်များကိုခံယူ သောအဆက်အနွယ်များ၏ဖခင်များဖြစ် ကြ၏။-
14 Estes são os cabeças das casas de seus pais: Os filhos de Rúben, o primogênito de Israel: Enoque e Palu, Hezrom e Carmi; estas são as famílias de Rúben.
15 ရှိမောင်၏သားခြောက်ယောက်မှာယမွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာနှင့်ခါနာန် အမျိုးသမီးမှဖွားသောရှောလတို့ဖြစ်ကြ ၏။ ဤသူတို့သည်မိမိတို့၏နာမည်များကို ခံယူသောအဆက်အနွယ်များ၏ဖခင်များ ဖြစ်ကြ၏။-
15 E os filhos de Simeão: Jemuel, e Jamim, e Oade, e Jaquim, e Zoar, e Saul, filho de uma mulher cananeia; estas são as famílias de Simeão.
16 လေဝိ၏သားသုံးယောက်မှာဂေရရှုံ၊ ကော ဟတ်၊ မေရာရိတို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့၏နာမည်များကိုခံယူသောအဆက် အနွယ်များ၏ဖခင်များဖြစ်ကြ၏။ လေဝိ သည်တစ်ရာသုံးဆယ့်ခုနစ်နှစ်အထိအသက် ရှည်၏။-
16 E estes são os nomes dos filhos de Levi, segundo as suas gerações: Gérson, e Coate, e Merari; e os anos da vida de Levi foram cento e trinta e sete anos.
17 ဂေရရှုံ၏သားနှစ်ယောက်မှာလိဗနိနှင့်ရှိမိ တို့ဖြစ်ကြ၏။ သူတို့၌သားမြေးများစွာ ရှိကြ၏။-
17 Os filhos de Gérson: Libni, e Simei, segundo as suas famílias.
18 ကောဟတ်၏သားလေးယောက်မှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့ဖြစ်ကြ၏။ ကောဟတ်သည်တစ်ရာသုံးဆယ့်သုံးနှစ် အထိအသက်ရှည်၏။-
18 E os filhos de Coate: Anrão, e Isar, e Hebrom, e Uziel; e os anos da vida de Coate foram cento e trinta e três anos.
19 မေရာရိ၏သားနှစ်ယောက်မှာမဟာလိနှင့် မုရှိတို့ဖြစ်ကြ၏။ အထက်ဖော်ပြပါတို့ သည်လေဝိ၏အဆက်အနွယ်များဖြစ် ကြသတည်း။
19 E os filhos de Merari: Mali e Musi; estas são as famílias de Levi, segundo as suas gerações.
20 အာမရံသည်ဖခင်၏နှမ ယောခေဗက်နှင့် စုံဖက်၍ယောခေဗက်သည် သားအာရုန်နှင့် မောရှေတို့ကိုဖွားမြင်၏။ အာမရံသည်တစ် ရာသုံးဆယ့်ခုနစ်နှစ်အထိအသက်ရှည်၏။-
20 E Anrão tomou por esposa a Joquebede, sua tia, e ela gerou-lhe Arão e Moisés; e os anos da vida de Anrão foram cento e trinta e sete anos.
21 ဣဇဟာ၏သားတို့မှာကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်၏။-
21 E os filhos de Isar: Corá, e Nefegue, e Zicri.
22 သြဇေလ၏သားတို့မှာမိရှေလ၊ ဧလဇာဖန်၊ သိသရိတို့ဖြစ်ကြ၏။
22 E os filhos de Uziel: Misael, e Elzafã, e Sitri.
23 အာရုန်သည်အမိနဒပ်၏သမီး၊ နာရှုန်၏ နှမဧလိရှဘနှင့်စုံဖက်၍ဧလိရှဘသည် သားနာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ ကိုဖွားမြင်၏။-
23 E Arão tomou para si Eliseba, filha de Aminadabe, irmã de Naassom; e ela gerou-lhe Nadabe, e Abiú, e Eleazar, e Itamar.
24 ကောရ၏သားသုံးယောက်တို့မှာအဿိရ၊ ဧလ ကာန၊ အဗျာသပ်တို့ဖြစ်ကြ၏။ ဤသူတို့သည် ကောရမှဆင်းသက်သောအဆက်အနွယ်များ ၏ဖခင်များဖြစ်ကြသည်။-
24 E os filhos de Corá: Assir, e Elcana, e Abiasafe; estas são as famílias dos coraítas.
25 အာရုန်၏သားဧလဇာသည်ပုတျေလ၏ သမီးတစ်ယောက်နှင့်စုံဖက်၍ သူသည်သား ဖိနဟတ်ကိုဖွားမြင်၏။ ဤသူတို့သည်လေဝိ မိသားစုနှင့်အဆက်အနွယ်များ၏အကြီး အကဲများဖြစ်ကြသတည်း။
25 E Eleazar, filho de Arão, tomou por esposa uma das filhas de Putiel, e ela gerou-lhe a Fineias; estes são os cabeças dos pais dos levitas, segundo as suas famílias.
26 ထာဝရဘုရားက``ဣသရေလအမျိုးသား တို့အား အီဂျစ်ပြည်မှထုတ်ဆောင်လော့'' ဟု စေခိုင်းတော်မူခြင်းခံရသူတို့သည်ကား အာရုန်နှင့်မောရှေတို့ဖြစ်သတည်း။-
26 Estes são Arão e Moisés, aos quais o SENHOR disse: Tirai os filhos de Israel da terra do Egito segundo os seus exércitos.
27 ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည် မှထွက်ခွင့်ပေးရန် အီဂျစ်ဘုရင်အားတောင်း ဆိုသူတို့သည်ကားအာရုန်နှင့်မောရှေတို့ ပင်ဖြစ်သတည်း။
27 Estes são aqueles que falaram a Faraó, rei do Egito, para que tirasse os filhos de Israel do Egito. Estes são Arão e Moisés.
28 — ausente —
28 E aconteceu no dia em que o SENHOR falou a Moisés na terra do Egito,
29 — ausente —
29 falou o SENHOR a Moisés, dizendo: Eu sou o SENHOR. Dize a Faraó, rei do Egito, tudo que eu te disser.
30 မောရှေက``အကျွန်ုပ်သည် နှုတ်သတ္တိမရှိသူ ဖြစ်ကြောင်းကိုယ်တော်သိတော်မူပါ၏။ ဖာရော ဘုရင်သည် အကျွန်ုပ်ပြောသောစကားကိုနား ထောင်မည်မဟုတ်ပါ'' ဟု ထာဝရဘုရားအား လျှောက်ထားလေ၏။
30 E Moisés disse diante do SENHOR: Eis que eu sou de lábios incircuncisos, e como Faraó me ouvirá?
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.